Saturday 6 March 2010

MPT ဖုန်းနဲ့ ကိုယ်တို့ဇာတ်လမ်း



ကလင် ကလင်
  
ချိုလွင်သံမြ

သတိတရနဲ့

အချစ်က ဖုန်းခေါ်နေတယ်....

တီးတိုးချိုနွဲ့

ချစ်ခွန်းဖွဲ့သီ

ဆိုလေမည်ထင့်...


ဟဲလို ဟဲလို

ကိုယ်မကြား သူမကြား

စကားသံ အ ထစ်ထစ်

သိတ်စိတ်ညစ်တယ်

MPT ရယ်...

တစ်ခါ

ပြောနေရင်းက

လူကြီးမင်းခေါ်ဆိုသောဖုန်း

အသည်းနှလုံးဧရိယာပြင်ပ

ခေါ်ဆို၍မရနိုင်ပါ - တဲ့...

ဟင်း

သံသယနက်နက်

အတွေးတွေ ခါးသက်ခဲ့

မျက်ကွယ်ရာ ဘယ်တွေလျှောက်သွားလို့

ဆက်သွယ်ရာနယ်မြေပြင်ပ

မင်းကရောက်သွားလေသလဲကွယ်...။

မိုးစက်ပွင့်

(ဖုန်းဆက်တိုင်း မကြားရလို့ ငိုချင်တဲ့ အချိန်လေးများအတွက်....)

7 comments:

  1. မငိုပါနဲ့၊
    အသည်းနှလုံးချင်းက စကားပြောနေမှာပါ၊

    ReplyDelete
  2. ဟုတ်ပါ့။ ဖုန်းမျှော်တဲ့နေ့ ဆို ဖုန်းကပျက်။
    ကြုံဖူးပါ၏။ စိတ်မောခဲ့ရသောနေ့ ရက်များ။

    ReplyDelete
  3. စိတ်ကောက်ပြီး ပြန်ခေါ်တဲ့အခါမှာမှ လူကြီးမင်းနဲ့ တိုးနေရသလား...

းဝ)

    ReplyDelete
  4. “ဧရိယာ” ကို ဒီကနေ ကော်ပီကူးရေးလို့ရပါတယ်

    ReplyDelete
  5. ဖုန်းခတွေကသာ ဈေးတက်သည်.. . ကြားလား ကြားလားအော်နေရတဲ့ ဘ၀တွေ မတက်. . .ကြားလား ဆိုတာဘဲ ကြားပြီး ဘာမှ ပြောလို့မရလို့ စိတ်ပင်ပန်းရတဲ့နေ့တွေ မရေမတွက်နိုင်တော့ပါ. . . .

    ReplyDelete
  6. ခံစားနားလည်ပေးသော သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါသည်။
    စာလုံးပြင်ပေးတဲ့ ကိုလူထွေးကြီးကို အထူး အထူး ကျေးဇူးတင်ကြောင်း .......

    ReplyDelete

ပဲ့တင်သံလေးတွေ .......