Friday 25 December 2009

ပျော်ရွှင်သော ခရစ္စမတ် နှင့် မင်္ဂလာနှစ်သစ်ကူးဖြစ်ပါစေ....

ပျော်ရွှင်သော ခရစ္စမတ်နှင့် နှစ်သစ်ကူး ဖြစ်ပါစေ သူငယ်ချင်းတို့ရေ........

ကိုယ့် အခန်းနံရံက ဆုတောင်းကဒ်လေးနဲ့ decoration လေးကိုပဲ ဓါတ်ပုံရိုက်ပြီး တင်ထားတာပါ ...ခွင့်ယူပြီး အိမ်ပြန်မှာမို့ ဘလော့လေးနဲ့ ဝေးနေဦးမှာပါ......နှစ်သစ်မှာ ပြန်ဆုံကြမယ်လေနော် ......

မိုးစက်ပွင့်


ချယ်ရီ ပြခန်း

ဖလမ်းမြို့နယ်က ရမ်သလိုရွာလေးအ၀င်က တောင်ပြာတန်းနောက်ခံနဲ့..... ရိုးသားတဲ့ ချယ်ရီ........

ဒါလည်း ဖလမ်းချယ်ရီပါပဲ.....ချယ်ရီက အရောင်နှစ်မျိုးနော်.... အရောင်အနုနဲ့အရင့် ရောနေတာ ပန်းချီဆန်လိုက်တာ... ပန်းပွင့်ရိုးတံတွေက မိုးပေါ်ထောင်တက်နေတာလည်း အားမာန်ရှိသလိုပဲလို့ ခံစားရတယ်... မျိုးဆက်သစ်ချယ်ရီ

ဖလမ်းမြို့အနီးတစ်နေရာမှာပေါ့... ချယ်ရီက အဖူးလုံးလုံးလေးတွေပဲဆိုတော့ စိတ်ထဲမှာ နုပျိုလတ်ဆတ်သွားပြန်တယ်...ပွင့်သစ်ချယ်ရီ


Tuesday 1 December 2009

သဲပန်းချီလေးတွေ ချစ်စရာ




သဲပန်းချီ ဆိုတာက ပိတ်ဖြူအ၀တ်ကင်းဗတ်စပေါ်မှာ ကော်နဲ့သဲကိုဖြန့်ခင်းပြီး အဲဒီအပေါ်မှာ ဆေးနဲ့ ပန်းချီဆွဲတာပါ။ ပန်းချီကား မျက်နှာပြင်လေးက ကြမ်းရှရှနေပြီး အရောင်တွေကို ကောင်းကောင်းစုပ်ယူထားတဲ့အတွက် မျက်စေ့ပသာဒရှိလှပါတယ်။ တစ်ချို့ပန်းချီကားတွေက ရောင်းတမ်းဝင်ရုံသာ အမြန်ရေးကြတာမို့ စုတ်ချက်ကြမ်းပေမဲ့ တစ်ချို့ကတော့ အနုစိတ်ရေးဆွဲထားတဲ့အတွက် လှပနေပါတယ်။ သဲပန်းချီတစ်ချို့ကို ဓါတ်ပုံမှတ်တမ်းတင်ခဲ့ပါတယ်။