Showing posts with label ပန်းချီ. Show all posts
Showing posts with label ပန်းချီ. Show all posts

Tuesday, 1 December 2009

သဲပန်းချီလေးတွေ ချစ်စရာ




သဲပန်းချီ ဆိုတာက ပိတ်ဖြူအ၀တ်ကင်းဗတ်စပေါ်မှာ ကော်နဲ့သဲကိုဖြန့်ခင်းပြီး အဲဒီအပေါ်မှာ ဆေးနဲ့ ပန်းချီဆွဲတာပါ။ ပန်းချီကား မျက်နှာပြင်လေးက ကြမ်းရှရှနေပြီး အရောင်တွေကို ကောင်းကောင်းစုပ်ယူထားတဲ့အတွက် မျက်စေ့ပသာဒရှိလှပါတယ်။ တစ်ချို့ပန်းချီကားတွေက ရောင်းတမ်းဝင်ရုံသာ အမြန်ရေးကြတာမို့ စုတ်ချက်ကြမ်းပေမဲ့ တစ်ချို့ကတော့ အနုစိတ်ရေးဆွဲထားတဲ့အတွက် လှပနေပါတယ်။ သဲပန်းချီတစ်ချို့ကို ဓါတ်ပုံမှတ်တမ်းတင်ခဲ့ပါတယ်။

Tuesday, 18 August 2009

ခဲခြစ်ပန်းချီဆွဲခြင်း

ကျွန်မက ဘာမှမည်မည်ရရမတတ်တဲ့ Jack of all Trade သမား ဆိုတော့ ပန်းချီဆိုလည်း ၀ါသနာက နည်းနည်းပါလိုက်သေးတာ... အွန်လိုင်းပေါ်က ပန်းချီသမားတွေရဲ့ လက်ရာတွေများဆို ကြိုက်လိုက်တာ .... အဖြစ်မရှိတဲ့ ကိုယ့်ကိုယ်ကိုယ်လဲ အားငယ်မိပါရဲ့.....။
ဟိုတစ်လောကတော့ အင်းဝစာအုပ်တိုက်မှာ ရေဆေးပန်းချီဆွဲနည်း စာအုပ်လေးတွေ တွေ့တာနဲ့ ဗဟုသုတဖြစ်အောင်ဝယ်လိုက်မိပါတယ်။ ကံကောင်းချင်တော့ ဒါကိုတွေ့တဲ့သူငယ်ချင်း မမ K က သူ့မှာရှိတဲ့ အိန္ဒိယ ပန်းချီဆရာ Aditya N. Chari ပြုစုထားတဲ့ ပန်းချီဆွဲနည်းစာအုပ်လေးနဲ့ တခြားပန်းချီ စာအုပ်တွေကို လက်ဆောင် ပေးလာပါတယ်။
DSC03028တစ်နေ့တစ်နေ့ ပျင်းနေတာနဲ့ ပန်းချီစာအုပ်လေးကို ဖတ်ရုံသာဖတ်ပြီး တော်တော်နဲ့ အသုံးမချ ဖြစ်ပါဘူး။ ၀န်ခံရမယ်ဆိုရင် ငယ်ငယ်ထဲက ယောက်ျားပုံ မဆွဲတတ်ပါဘူး။ ကြိုးစားပြီး ဆွဲလိုက်ရင်လည်း အခြောက်ပုံပဲထွက်ထွက်လာတာ။ ကျကျနန ဆရာနဲ့သင်ချင်ပေမယ့် ဘ၀ပေးအခြေအနေအရ ဘယ်လိုမှ သင်ယူခွင့်မရခဲ့ပါဘူး။ ဒါပေမယ့် အသက်ကြီးလို့ အနားယူရင် ပန်းချီဆွဲဖို့ဆိုတာ ကိုယ့်အိမ်မက် တစ်ခုဖြစ်နေဆဲ။ လူများကိုမပြရဲရင်တောင် ပန်းချီဆွဲတာက စိတ်ချမ်းမြေ့စေတယ်လို့ ကျွန်မယုံကြည်တယ်။

မနေ့ကတော့ ကိုယ့်ကိုယ်ကို အသိကြိမ်ဆော်ပြီး စာအုပ်ထဲက ခေါင်းပုံစံ၊ မျက်နှာပုံစံတွေ နည်းနည်းဆွဲကျင့်ပါတယ်။ ဦးခေါင်းဖွဲ့စည်းပုံ၊ ကြွက်သား အရိုး တို့ရဲ့အနေအထား၊ မျက်လုံး နှာခေါင်း ပါးစပ်ပုံစံ မျိုးစုံနဲ့ အခန်း(၁)ကိုစထားပါတယ်။ တစ်ပိုင်းချင်းဆွဲကြည့်နေရင်း ခဏလောက်ကြာတော့ ခဲခြစ်ပုံတူကို စ ကိုင်ပါတယ်။ စိတ်မရှည်တတ်တဲ့ အားနည်းချက်က ပေါ်လာတာလေ။ 2B ခဲတံနဲ့ A4 စက္ကူအဖြူ အချော ကိုပဲသုံးပါတယ်။




ခဲခြစ် (၁)
ခဲခြစ် (၁)