ကန္တာရနှင်းဆီလေး .....ရေ
ခဏ နေပါဦးလားကွယ်....တခဏဆိုမှ အဲဒီ တခဏ
နွမ်းလျ မွန်းသိပ် လရိပ်ပြာရဲ့ ဟိုးအဝေးဆီ...
မြက်ဖျားမှာသီးတဲ့ နှင်းရည်စက်
မြေရင်ခွင် မကြွေသက်မီ....
အုန်းလက်ဖျားက လမင်းဝါ
ပင်လယ်ပြာထဲ မအိပ်စက်မီ........ ရွက်ဝါငယ်တွဲလောင်း
မြေလွှာထက် မလဲလျောင်းမီ.......
ဓါးသွားရှတ
ချိုမြမြပျားရည်စက်တွေ မခြောက်ခန်းမီ .....ချစ်သူ မျက်ဝန်းက ပုလဲဥ
နုပါးပြင်သွယ်တန်း သူလမ်းမဖေါက်မီ.....
ဆုံမှတ်လမ်းခွဲမှာ
အလွမ်းသက်ရင့်ကျောက်တွေ မအက်ကွဲမီ......
လေပြေငယ်သွေးချစ်သူရနံ့ ဆောင်ယူမပြေးမီ
ယုယပိုက်ထွေး
တခဏလေး မကွယ်ပျောက်မီ.....
ရင်ထဲကသစ္စာစကားချစ်သူကြားအောင်ပြောချင်သည်.....
”.... အမြတ်နိုးဆုံးအချစ်နဲ့
ကိုယ်ချစ်ခဲ့မိသည်.....” ညီမလေး....ရေ
” မင်းဟာ ကိုယ့်အတွက်
ကန္တာရတောက
တစ်ပွင့်တည်းသော
ဆူးနှင်းဆီ.....”.။မိုးစက်ပွင့်
No comments:
Post a Comment
ပဲ့တင်သံလေးတွေ .......