ဒီပို့စ်က မမိုးချိုရဲ့ ကျားနဲ့ဆင် ကို အားကျလို့ရေးတယ်ဆိုတာ ၀န်ခံပါတယ်။ ရဲရဲကြီး ၀န်ခံပါတယ်။ ၀န်ခံရင် ပြစ်မှူမမြောက်ဘူးမို့လား -:-)))))) ....။
နေ့တွေထဲမှာ ဘာကြောင့်မှန်းမသိ၊ ဗုဒ္ဒဟူး ကိုကြိုက်နေတာ။ အမေ့ ဗိုက်ထဲထဲမှာ အအိပ်လွန်ပြီး တစ်ရက် အိုဗာစတေး ဖြစ်သွားတယ် ထင်ပါရဲ့။ ကိုယ့်မွေးနေ့ကို ကိုယ်ကိုယ်တိုင် ရွေးချယ်ခွင့်မရှိတော့လည်း ကိုယ့်အဖေါ်ကျရင် ဆင်ကလေး ဖြစ်နိုးနိုးပေါ့နော်။ ဒါလည်း ခက်ခဲတဲ့ တိုက်ဆိုင်မှူတစ်ခု မို့ ဖြစ်မလာခဲ့ပါဘူး။ တကယ်တန်းကျတော့ ကိုယ်က ”ကြွက်” သူက ”ပူး” ဖြစ်နေတယ်လေ...။
ကြွက်ဆိုတဲ့ နံမည် ကြားရုံနဲ့တင် ကျွန်မအပါအ၀င် လူတိုင်း နှာခေါင်းရှူံ့ကြပါတယ်။ မှောင်မိုက် ညစ်ပတ် နံစော် နေတဲ့ ပါတ်ဝန်းကျင်မှာ ပေါက်ပွား ။ မွေးကာစက နီတာရဲ ၊ ကြီးလာတော့ အရောင်က ပြာမွဲမွဲ။ အသံကိုက မုန်းစရာ တကျွီကျွီ။ ပုလိပ်ရောဂါလို ရောဂါဆိုးတွေရော အသေးအမွှားရောဂါတွေရော သယ်ဆောင်သူ။ အိမ်တွင်း မီးဖိုချောင်မှာလည်း အိုးလှန်ခွက်လှန် ပါးဖြဲနားဖြဲ စားတတ်သူ။ အံမယ်မင်း - ဆိုးတာတွေ စာဖွဲ့မကုန်၊ ကိုယ်ပေါင် ကိုယ်လှန်ထောင်းထားတာလေ (သူများထောင်းရင် ပိုနာမှာ ....)

ဒါပေမဲ့ ဘက်လိုက်တယ်ပဲပြောပြော ချစ်စရာကောင်းတဲ့ ကြွက်ကလေးတွေအကြောင်း အယူခံဝင်ပါရစေဦးနော်...။ ဟိုးရှေးရှေးက ပုံပြင်ထဲမှာဆို ကြွက်ကလေးက သူ့မိတ်ဆွေ ခြင်္သေ့ (ထင်ရဲ့) ထောင်ခြောက်မိနေတာကို သွားထက်ထက်နဲ့ တစ်ညလုံး ကိုက်ဖြတ်ကူညီပေးခဲ့တာလေ။ ( ဒါကြောင့် ကြွက်နေ့ဘွားတွေ ကူညီတတ်တာနေမှာ -ဟိ)
ဒစ္စနေကာတွန်းထဲက မစ်ကီမောက်စ်လေးကလည်း ကလေးတို့ အသည်းကျော် မဟုတ်လား။


ကဲ- ကြွက်ဋီကာ (သတ်ပုံ ပြင်ပေးသွားတဲ့ ကိုလူထွေးကို ကျေးဇူးပါ :) ) နားထားပြီး ပူးလေးတွေ အကြောင်းပြောရအောင်။


ပူးကလေးနဲ့ကြွက်ကလေး လက်တွဲခဲ့တာ ရက်ပေါင်း ၉၀၀ကျော်ခဲ့ပြီ....။ ကိုယ့်အသိုက်မှာကိုယ် တာဝန်ကိုယ်စီနဲ့မို့ ရက်ပေါင်း၉၀တောင် မဆုံတွေ့ကြရတဲ့ ဘ၀တွေပါလား။ ပူးကလေးကတော့ ကြွက်ဖြူလေးရဲ့ အသိုက်နားကို ပြောင်းလာဖို့ကြိုးစားနေလေရဲ့။
ပူးကလေးက ဖြည့်ဆည်းပေးရတာမှာ ပျော်ရွှင်မိပါတဲ့။ အဲဒါနဲ့ပဲ သူပျော်အောင်ဆိုပြီး ဟိုဟာစားချင်တယ်၊ ဒီဟာစားချင်တယ်၊ ဟိုပစ္စည်းလေး ရှာပေးပါဦးနဲ့ ကြွက်လေးက အမြဲပဲ ရှာကြံ တောင်းဆိုနေရတော့တာ။ ဒါတွေဟာ ကြာရှည်မြဲပါ့မလား လို့လည်း ကြွက်ကလေးက အမြဲပူပန်မိသေးတာပေါ့။ အမြဲမရှိသော အနိစ္စ သဘောဆောင်တဲ့ လောကကြီးမှာ တကယ်လို့များ ပူးကလေးရဲ့ အလိုလိုက်အကြိုက်ဆောင်မှူတွေ လျော့ပါးပျောက်ဆုံးခဲ့ရင် ကြွက်ကလေး ခံနိုင်ရည်ရှိဖို့ အတော်ကြိုးစားရဦးတော့မှာပါ။
ကြွက်ကလေးက တစ်ခါတစ်လေစိတ်ကောက်တဲ့အခါ ဖုန်းမကိုင်တဲ့ ဖုန်းမဆက်တဲ့နည်းနဲ့ ပူးလေးကို နှိပ်စက်တတ်တယ်။ ဒါပေမဲ့ ကြွက်ကလေးလဲ ထပ်တူခံစားရတာပဲကွယ်။ ကြွက်ကလေးက ကိုယ့်နှလုံးသား ခံစားချက် ကို ပူးကလေးသိအောင် ဘယ်တော့မှ ဖွင့်မပြောတတ်သူမို့ ပူးကလေးက အသည်းမာတယ် လို့ အမြဲသတ်မှတ်တတ်ပါရဲ့။ အဲဒီလိုပဲ ယုံကြည်သတ်မှတ်ထားလိုက်ပါ ပူးကလေးရေ.....။ ဘာတွေပဲဖြစ်ဖြစ် တို့တွေ အေးအတူ ပူအမျှ တွဲလက်ခိုင်မာနေဖို့ပဲ အရေးကြီးတာ မဟုတ်လားကွယ်.....။
မိုးစက်ပွင့်
Photo Credit: fotosearch.com
ဖတ်ရတာ ကောင်းလိုက်တာ ကြွက်ဖြူလေးရေ၊
ReplyDeleteကိုယ်တို့ကတော့ ခြင်္သေ့နဲ့ ဆင်ပါ၊ သူက ဆင်လေ။
နှစ်ယောက်စလုံးအကြီးစားပဲ။
အွန်.. ကယ်ပါ တဲ့...းD
ReplyDeleteကြွက်လို့ဆိုနေမှ ကြောက်စရာကောင်းတဲ့ မြေကြွက်ကြီးတွေ...
စပါးခင်းတွေကို ဖျက်ဆီးတဲ့ လယ်ကြွက်ကြီးတွေ အကြောင်းပါ ထည့်ရေးပါလားဗျ...
ဘာပဲဖြစ်ဖြစ်
ပူးနဲ့ကြွက်ဖြူ
စိတ်တူ ကိုယ်တူလို့
အသိုက်အတူတူမှာ
အပူကင်းသောနေ့ရက်များစွာကို
အတူလျှောက်လှမ်းနိုင်ကြပါစေဗျာ...
းဝ)
(ဋီကာ လို့ရေးပါတယ်)
ReplyDeleteးဝ)
http://heartstations.blogspot.com/2010/02/blog-post.html
ReplyDeleteအပြုံးပန်းရေ .... ခြင်္သေ့နဲ့ဆင်က လိုက်ဖက်ညီပါတယ် :)))
ReplyDeleteကိုလူထွေး ... ဆုတောင်းပေးတဲ့အတွက်ရော သတ်ပုံပြင်ပေးတဲ့အတွက်ရော ကျေးဇူးကုဋေကုဋာပါ :)))
မကွမ် (သူများလို လိုက်ခေါ်ကြည့်တာနော်) ဖတ်လိုက်ပါပြီရှင် :)))