
ကိုယ်ကျင့်နှင်တံ ချို့တဲ့နေတဲ့အောက်ပါလူသုံးမျိုးကိုတော့ အမည်းသုံးပွင့်ဆိုင် (Dark Triad) လို့ အမည်ပေးထားပြန်ပါတယ်။
(၁) အတ္တပေမသမား (Narcissist )
(၂) ပန်းတိုင်အဓိက၀ါဒသမား ( Machiavellians)
(၃) စိတ်ကြမ်းဝေဒနာရှင် (Psychopath )
(၁) အတ္တပေမသမား (Narcissist )

အဲဒီ နာဇိစစ်တွေ ထဲမှာ အောင်မြင်ကျော်ကြားမှူကြောင့် သွေးနထင်ရောက်နေသူတွေ၊ ကိုယ့်ကိုယ်ကိုယ် ပိုတွက်ထားပြီး အဝေဖန်မခံနီုင်သူတွေ၊ အများအတွက်လုပ်နေတယ်လို့ ကိုယ့်ဟာကိုယ် အထင်ရောက် စိတ်ကြီးဝင်နေသူတွေ ပါဝင်ပါတယ်။
Michael Maccoby ဟာ နာဇိစစ် တွေကိုအထူးပြုလေ့လာတဲ့ စိတ်ခွဲပညာရှင်ပါ။ သူ့ရဲ့တွေ့ရှိချက်အရ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တွေကြားမှာ နာဇိစစ်တွေ ပိုများလာပါသတဲ့။ ကောင်းကျိုးပြု နာဇိစစ်တွေဟာ ကိုယ့်ကိုယ်ကိုယ် ပြန်လည်သုံးသပ်ပြီး ပျော်ပျော်ပါးပါး အတိုးအလျော့လုပ်နိုင်ကြတယ်။ ကိုယ့်ရည်မှန်းချက် အပျောက်မခံဘူး။ ပါတ်ဝန်းကျင်ပြောင်းသလို သူလိုက်ပြောင်းပြီး သူ့ရည်ရွယ်ချက်အတွက် အကောင်းဆုံး အသုံးချတတ်ကြပါသတဲ့။ စွန့်စား တာဝန်ယူရတဲ့အလုပ်မျိုးတွေ၊ အကျိုးအမြတ်များပြီး ဂုဏ်ရည်မြင့်တဲ့ အလုပ်တွေကို လုပ်ချင်ကြတယ်။ စီးပွားရေးလုပ်ငန်းခွင်မှာဆိုရင် အရွယ်နဲံမလိုက်တဲ့ တာဝန်ကြီးတွေကို သူတို့ယူတတ်ကြတယ်။
တစ်ဖက်က ကောင်းကျိုးမပြု နာဇိစစ်အမျိုးအစားကတော့ တစ်ဘာသာပါ။ သူတို့က လေးစားတာထက် ချီးကျူးတာကို ပိုကြိုက်တယ်။ စမ်းသပ်လေ့လာချက်တွေအရ သူတို့ဟာ အရေခွံ့ပါးကြတယ်။ အဝေဖန်မခံနိုင်ဘူး။ အထူးတလည်အရေ့းပေးတာကို သိပ်ကြိုက်တယ်။ ပြီးတော့ သူများအပေါ် စာနာစိတ် ( empathy) မထားပါဘူး။ ဆင်ကန်းတောတိုးပြုမူပြီး ပြိုင်ဆိုင်လိုစိတ်ကြီးမားတယ်။ ဘယ်သှူု့ကိုမှ မယုံကြည်သလို သူတို့ဂုဏ်ရောင် (glory dream )အတွက် ဘယ်သူ့ကိုမဆို စတေးရဲပါတယ်။
လူတစ်ယောက်တည်း ဒီရောဂါဖြစ်ရင် အများကထောက်ပြပြီး ကုသနိုင်ပေမဲ့ အုပ်စုလိုက်ဆိုရင်တော့ မလွယ်တော့ပါ။ (တို့ အများကောင်းစားရေး၊ အမျိုးသားရေးလုပ်နေတယ်။ တို့ဘ၀ဟာ အစိပ္မါယ်ရှိတဲ့ ကြီးမြတ်တဲ့ဘ၀ဖြစ်တယ်)လို့ တွေးလာပြီဆိုရင် တခြားသူတွေကို အောက်လက်ငယ်သားလို့ မြင်လာတတ်လို့ပါ။ ဥပမာပေးရရင် ချာနိုဘိုင်း ညူကလီးယားစက်ရုံက ပညာရှင်တွေဟာ အန္တရာယ်ကင်းမကင်းစစ်ဆေးချက်တွေကို တင်ပြဖို့ ကျင့်သုံးဖို့အရေးမှာ သူတို့လောကကို ဂုဏ်ရောင်မှေးမှိန်မှာစို့းလို့ လျစ်လျူပြုခဲ့ကြပါသတဲ့။ နာဇိစစ်တွေဟာ အောင်မြင်မှူကိုပဲ နားဆင်ချင်ပါတယ်။ ရှူံးတယ်ဆိုတာကို နားဝမှာ လေသံတောင်မဟပ်ချင်ကြပါဘူး။
အဲဒီမှာ Sycophant လို့ခေါ်တဲ့ ဖေါ်လံဖားတွေက သစ္စာရှိခြင်းအသွင်ဆောင်တဲ့ အရေခြုံပြီး အရေးကြီးတဲ့သတင်းအချက်အလက်တွေကို မပြောဘဲ ဖုံးထားမယ်။ အခွင့်သင့်တိုင်း မြှောက်မယ်။ ဘော့စ်လုပ်သူကို သူလုပ်သမျှဟုတ်နေ မှန်နေတယ်လို့အထင်ရောက်အောင်လုပ်ပြီး ကိုယ်ကျိုးရှာကြမယ်။ ဒါပေမဲ့ အားလုံးအတွက် အန္တရာယ်ကြီးမားတာကိုတော့ သတိမမူမိကြပါဘူး။
(၂) ပန်းတိုင်အဓိက၀ါဒသမား ( Machiavellians)
ကိုယ်ကျိုးဆိုတာ လူ့ဘ၀မှာ အဓိက မောင်းနှင်အား လို့ မက္ခီယာဗယ်လီ ( အတိုကောက် Mach) က ဆိုပါတယ်။ Niccolo Machiavelli ဟာ Prince ဆိုတဲ့ စာအုပ်မှာ သူ့တပည့်ကို လမ်းညွှန်ချက်ပေးခဲ့ပါသေးတယ်။ ကိုယ်လိုချင်တာအတွက် ဘာပဲလုပ်ရလုပ်ရ၊ ဘယ်နည်းပဲ သုံးရ သုံးရ တဲ့။

Mach တွေဟာ လူမှူစွမ်းဆောင်ရည် မြင့်တတ်ကြပါတယ်။ ဒါပေမဲ့ ဦးနှောက်ကောင်းသလောက်၊ နှလုံးသားကဖွယ်တယ်တယ်ဖြစ်နေလို့ ပါတ်ဝန်းကျင်နဲ့ အစေးမကပ်လှပါဘူး။ သူတို့ဖန်တီးတဲ့အဆိပ်သီးကို သူတို့ပြန်စားရတဲ့ သဘောပဲဖြစ်တယ်။
(၃) စိတ်ကြမ်းဝေဒနာရှင် (Psychopath )

ကဲ - ကိုယ့်ကိုယ်ကိုယ် ပြန်ဝေဖန်လိုက်ကြရအောင်...။ အနာသိရင် ဆေးရှိတယ်မဟုတ်ပါလား...။
မိုးစက်ပွင့်
၂၀၁၀ခုနှစ် မတ်လထုတ် စံပယ်ဖြူမဂ္ဂဇင်းက ဒေါက်တာစိုးအောင်ရဲ့ လူမှူစွမ်းဆောင်ရည်ဆိုသည် (၁၀) ကိုအကျဉ်းချူပ်ပြီး ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။ (မူရင်း- Daniel Goleman's Social Intelligence )
photo credit: fotosearch.com
No comments:
Post a Comment
ပဲ့တင်သံလေးတွေ .......