ကလင် ကလင်
ချိုလွင်သံမြ
သတိတရနဲ့
အချစ်က ဖုန်းခေါ်နေတယ်....
တီးတိုးချိုနွဲ့
ချစ်ခွန်းဖွဲ့သီ
ဆိုလေမည်ထင့်...
ဟဲလို ဟဲလို
ကိုယ်မကြား သူမကြား
ကိုယ်မကြား သူမကြား
စကားသံ အ ထစ်ထစ်
သိတ်စိတ်ညစ်တယ်
MPT ရယ်...
တစ်ခါ
တစ်ခါ
ပြောနေရင်းက
လူကြီးမင်းခေါ်ဆိုသောဖုန်း
အသည်းနှလုံးဧရိယာပြင်ပ
ခေါ်ဆို၍မရနိုင်ပါ - တဲ့...
ဟင်း
သံသယနက်နက်
အတွေးတွေ ခါးသက်ခဲ့
မျက်ကွယ်ရာ ဘယ်တွေလျှောက်သွားလို့
ဆက်သွယ်ရာနယ်မြေပြင်ပ
မင်းကရောက်သွားလေသလဲကွယ်...။
မိုးစက်ပွင့်
(ဖုန်းဆက်တိုင်း မကြားရလို့ ငိုချင်တဲ့ အချိန်လေးများအတွက်....)
မငိုပါနဲ့၊
ReplyDeleteအသည်းနှလုံးချင်းက စကားပြောနေမှာပါ၊
ဟုတ်ပါ့။ ဖုန်းမျှော်တဲ့နေ့ ဆို ဖုန်းကပျက်။
ReplyDeleteကြုံဖူးပါ၏။ စိတ်မောခဲ့ရသောနေ့ ရက်များ။
စိတ်ကောက်ပြီး ပြန်ခေါ်တဲ့အခါမှာမှ လူကြီးမင်းနဲ့ တိုးနေရသလား...
ReplyDeleteးဝ)
“ဧရိယာ” ကို ဒီကနေ ကော်ပီကူးရေးလို့ရပါတယ်
ReplyDeleteဖုန်းခတွေကသာ ဈေးတက်သည်.. . ကြားလား ကြားလားအော်နေရတဲ့ ဘ၀တွေ မတက်. . .ကြားလား ဆိုတာဘဲ ကြားပြီး ဘာမှ ပြောလို့မရလို့ စိတ်ပင်ပန်းရတဲ့နေ့တွေ မရေမတွက်နိုင်တော့ပါ. . . .
ReplyDeleteခံစားနားလည်ပေးသော သူငယ်ချင်းအားလုံးကို ကျေးဇူးတင်ပါသည်။
ReplyDeleteစာလုံးပြင်ပေးတဲ့ ကိုလူထွေးကြီးကို အထူး အထူး ကျေးဇူးတင်ကြောင်း .......
:cool:
ReplyDelete