Showing posts with label တွေးမိသမျှ. Show all posts
Showing posts with label တွေးမိသမျှ. Show all posts

Wednesday, 6 April 2011

မျှဝေခြင်း အနုပညာ


မြန်မာတွေ မျှဝေခြင်းနဲ့ မစိမ်းပါ။
“အားလုံးကြားကြားသမျှ အမျှ၊ အမျှ၊ အမျှ ယူတော်မူကြပါကုန်”
 ”နောင်ဝေေ၀ဝေေ၀ဝေ.........”
ဘုရားရှိခိုးပြီးတိုင်း၊ အလှုဒါနပြုပြီးတိုင်း ၇ရက်သားသမီးကို ဝေသည် မျှသည်။ နတ်လူသာဓုခေါ်ဖို့ရာ ကုသိုလ်ပွားသည်။ အားရစရာကောင်းလှပါဘိတောင်း။ 
သို့သော် ..... သို့သော်....သို့သော်

ဈေးထဲမှာ ဟင်းရွက်တစည်းငါးဆယ်ဆိုရင် သုံးစည်းနှစ်ရာနှင့် ဆစ်ချင်သည်။ ဈေးဆစ်သူက ရွှေလက်ကောက်ပြူးပြူးနှင့်၊ ဈေးသည်ပုံပန်းက နွမ်းနွမ်းဖတ်ဖတ်။  မရှိဆင်းရဲသူကို အနည်းအကျဉ်း ပေးမြတ် လိုက်ပါတော့လား။ နောက်တခါ သူဌေးအိမ်တွေ ၀င်ထွက်သွားလာဖူးသည်။  တချို့ အလွန်စံနစ်ကျသည်လို့ ပြောရပါမည်။ ထမင်းခြောက်ကလေးတွေ နေပူလှန်း၊ ထမင်းရေထဲက ထမင်းလုံးကလေးတွေ စစ်ခံလို့။  ဒါကို ချွေတာရေးရှုဒေါင့်၊ သာလွန်မင်းတရားကြီး ရှုဒေါင့်ကနေ ချီးကျူးမိပါသည်။ သို့သော် သူများလာကန်တော့တဲ့ ငါးခြောက်ပြားကို မှိုတက်မှ လွှင့်ပစ်ကာ ဆီပုံးတွေကို ဆီချေးနံ့နံခါမှ သွန်ပစ်တာမျိုးကတော့ ဘ၀င်မကျချင်တော့။  ကိုယ့်အိမ်က ဒရိုင်ဘာ၊ ညစောင့်၊ အိမ်ဖေါ် တွေ အရှိသားပေပဲ။ ပေးကမ်းကျွေးမွေးလို့ ရပါလျက်နဲ့  အပုပ်ခံ အသိုးခံရလေသလား။

တခါက အလုပ်အတူလုပ်ပြီး တအိမ်တည်းနေတဲ့သူငယ်ချင်းမကလေးက ပြောဖူးသည်။   “လူတိုင်းဟာ မျှဝေတတ်တဲ့ စိတ်ကလေး မွေးသင့်တယ်” တဲ့။ သူပြောတာ ရိုးရိုးလေးပေမဲ့ ကျမစိတ်ထဲမှာ လင်းကနဲလက်ကနဲ၊ နောင်လည်း အမြဲ သတိရနေတော့သည်။  ကျမတို့ တကယ်ပဲ မျှဝေတတ်ရဲ့လား။


Thursday, 10 February 2011

အိမ်မက်တွေရဲ့ အကြောင်း

(တကယ့် စာလုံးပေါင်းအမှန်က အိပ်မက်လား အိမ်မက်လားတော့မသိ။) ညက ရယ်ချင်စရာ အိမ်မက်လေးတခု နည်းနည်း ထူးထူးဆန်းဆန်းမက်လို့ ဒီအကြောင်းလေး ချရေးမိတာပါ။ အိမ်မက်ထဲမှာ- ကျမက ကိုယ့်ဘယ်လက် လက်ကောက်ဝတ်ကို ကိုယ့်ညာလက်ကဒါးနဲ့ ခုတ်ဖြတ်ပစ်လိုက်တယ်။  ကြောက်လဲမကြောက်ဖူး၊ နာလဲမနာဘူး (အင်းလေ- အိမ်မက်ထဲဘဲ ဘယ် နာကျင် ပါ့မလဲနော့၊ ဒါပေမဲ့ ဆူးစူးတာတောင် ကြောက်တတ်တဲ့ မိုးစက်က အိမ်မက်ထဲမှာ မကြောက်လိုက်ပုံများ။ ဆန်းပါ့။ ) မကြာခင်ပဲ ဘယ်လက်က မူလအတိုင်းပြန်ထွက်လာတယ်၊ ရုပ်ရှင်ထဲမှာ ဆိုရင်တော့ ဒန့်တန်တန် ပေါ့လေ။ အဲဒါကိုပဲ ဘေးနားကလူကို သုံးလေးခါ ဖြတ်ဖြတ်ပြနေတာ ။ ဖြတ်တိုင်းလည်း ပြန်ထွက်လာတာချည်းပဲ။ အဲဒါကြောင့် ဆန်းပါတယ်လို့ ပြောတာပါ။ ညက တရုတ်သိုင်းကားလည်း မကြည့်မိပါဘူး။

ငယ်ငယ်ကတော့ အိမ်မက်ဆန်းဆန်းမက်ပြီဆို  မိုးလင်းတာနဲ့ “အိမ်မက်တိတ္ထုံကျမ်း” ဆိုတာကြီးကို ဖွင့်ဖွင့်ဖတ်တာ။  အခုထိ တချို့တောင် မှတ်မိသေးတယ်။  မြွေမြင်ရင် လာဘ်လာဘ ရမယ်တဲ့၊ မီးကိုမြင်ရင် ဘုန်းကြီးမယ်၊ ရေကြည်ကိုမြင်ရင် စိတ်ချမ်းမြေ့ရမယ်၊ ရေနောက်ကိုမြင်ရင် စိတ်ညစ်ညူးရမယ် တဲ့။  အများကြီးပါပဲ။ မမှတ်မိတော့ဘူး။ အသက်ကြီးလာတော့လည်း အိမ်မက်က အနာဂတ်ကို ဟောတယ်လို့ မယုံတော့တာနဲ့  စာအုပ်ကြီးလဲ ချောင်ထဲရောက်သွားပါပြီ။

”အိမ်မက်ကောင်းစဉ် မိုးမလင်းချင်” ဆိုတဲ့ စာသားလိုဘဲ။ တခါတလေ အိမ်မက်တွေက သိပ်ကောင်းတယ်။ ပျော်ရွှင်ဘွယ်ခရီးတွေ၊ စားကောင်းသောက်ဖွယ်တွေ စားနေတဲ့အချိန်  သူများနှိုးလို့ဘဲဖြစ်ဖြစ်၊ ကိုယ့်ဖာသာ နိုးလာလို့ဘဲဖြစ်ဖြစ် သိတ်စိတ်ဆိုးတယ်။ ငယ်ငယ်က အမေအိပ်ယာလာနှိုးရင်  “ဟင်- သမီးအိမ်မက် ကောင်းကောင်းလေး ပျက်သွားပြီ ” ဆိုပြီး ဂျီကျတတ်ပါသေးတယ်။ တခါတရံ အမေက “ပြန်အိပ်၊ ပြန်အိပ် ” တဲ့။  ကျမလဲ ပြန်အိပ်ပြီး ပြန်ဆက်ဖို့ ကြိုးစားပါတယ်။ ဒါပေမဲ့ မရတော့ပါဘူး။


Monday, 10 January 2011

"Are you international?"



ကျမ ပထမဦးဆုံး အလုပ်ဝင်တဲ့အချိန်မှာ "Are you international?" ဆိုတဲ့ မေးခွန်းကို အမေးခံ ခဲ့ရပါတယ်။ မေးတဲ့သူက အိန္ဒိယနွယ်ဖွား အောက်စ်ဖို့ဒ် ကျောင်းထွက် အမျိုးသမီးဘော့စ် ဖြစ်ပြီး ဒီမေးခွန်းကို အလုပ်ဝင်ဖို့ နယ်စပ်မြို့ကလေး တခုကို သူနဲ့အတူ ခရီးထွက်နေစဉ် မေးခဲ့တာ ဖြစ်ပါတယ်။ အဲဒီတုန်းက ကျမအသက်က အခုထက် အများကြီး ငယ်လည်းငယ်၊ လုပ်ငန်း အတွေ့အကြုံကလည်းမရှိ၊ စိတ်ထက်ပုံရတဲ့ သူ့မကိုလည်း လန့်နေတဲ့အရှိန်နဲ့ ရှည်ရှည်ဝေးဝေး မပြောတော့ဘဲ      "I think so." လို့ ခပ်ဝါးဝါးဖြေခဲ့မိပါတယ်။ သူမကလည်း ဘာမှ ဆက်မပြောတော့ပါဘူး။ ဒီလိုနဲ့ ရည်ရွယ်ရာခရီးကို ရောက်တော့မှ အကျိုးအကြောင်း သိရပါတော့တယ်။ ကျမနေဖို့ ထိုင်ဖို့အတွက် စီစဉ်ထားတာက သူ့လက်ထောက် နိုင်ငံခြားသား အသက်ကြီးကြီးအရာရှိတယောက်နဲ့ အိမ်တလုံးတည်းမှာ အပေါ်ထပ် အောက်ထပ် ဖြစ်နေတာကိုး။ ကျမလဲ မျက်လုံးပြူးမျက်ဆံပြူးနဲ့ အကြံထုတ် ရတော့တာပေါ့။ ချက်ချင်း ကောက် ငြင်းရင် ဘော့စ် စိတ်ကွက် သွားမှာစိုးလို့ ဖုတ်ပူမီးတိုက် သူများကို အခန်းရှာခိုင်းပြီး အဲဒီမှာဘဲ ကျမ နေချင်ပါတယ်ပေါ့။ အဲဒီတော့လည်း သူမက “အိုကေ” တခွန်းဘဲ ပြောပါတယ်။ ( ဒီတော့မှ ဘော့စ်ကို မလွန်ဆန်နိုင်လို့ အောင့်သက်သက် သဘောတူခဲ့ရတဲ့ ဟိုဘိုးတော်လည်း စိတ်သက်သာရာ ရသွားတယ်လို့ ကြားမိပါတယ်။) သူမဟာ မြန်မာ့ဓလေ့ကို မသိတာလား၊ သိပ်ပြီး westernize ဖြစ်လွန်းတာလား မသိတော့ပါ။

တကယ်တော့ ယောက်ျားလေး၊ မိန်းကလေး အဆောင်တခုတည်းမှာ နေကြတာဟာ သိပ်တော့ အဆန်းမဟုတ်ပါဘူး။ ကျမတို့ ၈တန်းစာမေးပွဲဖြေတုန်းကတောင် မိန်းကလေးတွေက အပေါ်ထပ်၊ ယောက်ျားလေးတွေက အောက်ထပ် တလလောက် စခန်းသွင်း စာကျက်ခဲ့ရတာဘဲ။ ရေချိုးခန်းသီးသန့်မရှိတဲ့အတွက် နည်းနည်းတော့ စိတ်ညစ်ခဲ့ကြရပါတယ်။ ဆရာ၊ ဆရာမ တွေက စည်းကမ်း တင်းကျပ်ထားတာမို့ မနှစ်မြို့စရာ ဘာသတင်းမှ မဖြစ်ခဲ့ပါဘူး။ ဒါပေမဲ့ ကျောင်းတုန်းက ယောက်ျားလေး၊ မိန်းကလေး တွဲပြီး စာကျက်ဖို့ နေနေတာနဲ့ အလုပ်ခွင်ထဲမှာ အပေါ်ထပ် အောက်ထပ် နှစ်ဦးထဲနေတာက လုံးဝ မတူညီဘူး ဆိုတာ ကျမ နားလည်ထားပါတယ်။

what is international? ဆိုတာကို ပြန်တွေးကြည့်မိတော့လည်း ကျမကိုယ်တိုင် ခုချိန်ထိ ဂဂနန သေသေချာချာ မသိသေးပါဘူး။ ဒါနဲ့ဆက်စပ်ပြီး နှစ်သက်မှုမိတဲ့ ဆောင်ပုဒ်ကလေး တခုကတော့ “Think globally, act locally ” ဆိုတာပါဘဲ။ တဦးချင်းရဲ့ အတွေးအခေါ်တွေက ကျယ်ပြန့်ရမယ်၊ ခေတ်မီရမယ်၊ အပြုအမူတွေကတော့ ဒေသိယ ယဉ်ကျေးမှု ဘောင်ထဲကပဲ ဖြစ်ရမယ်လို့ ဆိုလိုချင်တာ ထင်ပါရဲ့။

ကြုံခဲ့ဖူးတဲ့ အဖြစ်အပျက်ကလေးတခုနဲ့ ယှဉ်ထိုးပြီး စဉ်းစားမိပြန်သည်။ အီရန်နိုင်ငံရဲ့ ဥပဒေအရ နိုင်ငံကူး လက်မှတ်လျှောက်ထားတဲ့ အမျိုးသမီးတွေဟာ (ဘယ်လူမျိုးဖြစ်ပစေ) ဆံပင်မပေါ်အောင် ဖုံးအုပ်ထားရမတဲ့၊ တိုးရစ်စ်မတွေကလည်း မျက်နှာနဲ့ ခြေချောင်းလက်ချောင်းကလွဲရင် လုံလုံအုပ်ထားရမတဲ့။ အီရန်အစိုးရက Think globally မဖြစ်ဘူးဘဲ ဆိုပါတော့။ သူ့နိုင်ငံထဲကို သွားကြမဲ့ ကျမအပါအ၀င် အမျိုးသမီးတစုကတော့ act locally မဖြစ်မနေ ဖြစ်ကြရပါတယ်။ ပတ်စ်ပို့လျှောက်တော့လည်း ခေါင်းစည်းကလေးနဲ့ အီရန်လေဆိပ်ကို ဆင်းခါနီးတော့လည်း အသီးသီး အသက အသက ပုဝါကလေးတွေ ခြုံစည်းလို့။ ရုရှားမတွေ အီတာလျံမတွေ၊ ဂျာမန်မတွေကလည်း တယောက် မျက်နှာ တယောက်ကြည့်လို့ ပြုံးစေ့စေ့နဲ့ပေါ့။ ရောမကို ရောက်တော့ ရောမလို ကျင့်ကြရပုံလေးပါ။ အဲဒီတုန်းက ကျမ အင်တာနေရှင်နယ်ပါရှင့် ဆိုပြီး အမျိုးသား တယောက်ယောက်နဲ့ လက်ဆွဲနှုတ်ဆက်မိလိုက်လို့ကတော့ မိနစ်ပိုင်းအတွင်း အချူပ်ထဲတန်းရောက်ပြီး “ဂွမ်း” သွားပေလိမ့်မယ်။

globalization နဲ့ ကမ္ဘာ့ရွာကြီး ဖြစ်လာတဲ့အခါမှာ global နဲ့ local ကြားကစည်းလေး ပိုပြီး “ပါး”လာ “၀ါး”လာ ပါတော့တယ်။ ဘယ်နေရာမှာ global, local လုပ်ရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်က အခရာကျပါတယ်။ လွဲသွားခဲ့ရင် ကြည့်မကောင်း မြင်မကောင်း ဖြစ်တော့တာပါဘဲ။ တလောက နိုင်ငံတကာ ညီလာခံကြီးတခုမှာ ပိုးပုဆိုး၊ ခေါင်းပေါင်းကြီးတွေ တကားကားနဲ့ ပုဂ္ဂိုလ်ကြီးတွေကို မြင်တော့ ကျမတို့ ရယ်ချင်စိတ်တွေ တဖွားဖွားပေါ်ခဲ့သလိုပေါ့။ နောက်ပြီး တလောက documentary တခုရိုက်ကြတော့ အယူအဆ နှစ်မျိုးကွဲသွားပြန်သည်။ စီစဉ်သူက နိုင်ငံတကာမှာ မျက်နှာမငယ်ရအောင် အဆင့်မီမီအင်္ဂလိပ် အသံထွက်ရအောင် တပင်တပန်း အထပ်ထပ် အခါခါ ပြောခိုင်းတော့ ပါဝင်တဲ့ မြန်မာလူမျိုးတွေမှာ ပညာတတ်တွေဖြစ်ပါလျက် ချွေးတဒီးဒီးထွက်။ စိတ်ကုန်၊ စိတ်ပျက်ရင်းက ညည်းတွားမိကြ။ တယောက်က ပြောလာသည်။ “ဒေသိယ အသံထွက်ကလေးပါမှ စိတ်ဝင်စားစရာ ကောင်းမှာပေါ့၊ အာဖရိကန် တွေဆိုရင် သူတို့အသံထွက်စတိုင်နဲ့ သူတို့ ဘယ်လောက် လှလိုက်သလဲ” တဲ့။ ကဲ- သူ့ရှုဒေါင့် သူ့အမြင် ကလည်း မှန်နေသလိုဘဲနော်။ ကျမတို့ကိုယ်တိုင် ရှမ်းသံဝဲ၀ဲ၊ မွန်သံဝဲ၀ဲကလေးတွေ ဗမာစကား ပြောကြတာ နားတောင်ရရင် နားဝင်ပီယံဖြစ်သလိုနေမှာပေါ့။



လူမှုဗေဒ ပညာရပ်ဟာ ကျယ်ပြန့်သလို၊ ဆွေးနွေးလို့ မကုန်နိုင်တဲ့ နယ်ပယ်တခု ဖြစ်ပါတယ်။ တွေးမိသလို ချရေးထားတဲ့ ဒီစာပုဒ်ကလေးကလည်း စီကာစဉ်ကာ logic ကျချင်မှ ကျပေလိမ့်မည်။ ခြုံငုံသုံးသပ်ရရင် ဘယ်နေရာကိုဘဲရောက်ရောက် သူ့ဓလေ့ထုံးစံနဲ့ ဖီလာကန့်လန့်မဖြစ်အောင် နေထိုင်တတ်မှသာ international ဖြစ်တယ်လို့ ပြောရင် မှန်မလား။ ဒါ့အပြင် international ဆိုတာ multi-culture ဖြစ်တာမို့ westernization နဲ့ တထပ်တည်း ကျတယ်လို့ မယူဆစေချင်ကြောင်း ကျမက အဆိုပြုခဲ့ရင် စာဖတ်သူတွေ ဘယ်လိုသဘောထားမလဲ သိချင်စမ်းပါဘိတော့တယ်။

မိုးစက်ပွင့်

(photo credit: fotosearch.com)

Friday, 3 December 2010

မျိုးနဲ့ ရိုးနဲ့ အားနာတတ်သူ



“မျိုးနဲ့ရိုးနဲ့ အားနာတဲ့သူ”ဆိုတာ ကျမ ကိုယ့်ကိုယ်ကိုယ် ပြောတာပါ။ ဘာကြောင့် မျိုးရိုးကိုဆွဲထည့်ရတာလဲဆိုတာ ပြောပြပါမယ်။

ကျမအဖေ လူပျိုပေါက်အရွယ်က ပွဲဈေးတန်းမှာ ဗလာဇာတ်ပွဲခေါ်မလား၊ အဲဒါ သွားကြည့်ပါသတဲ့။ ညံ့လိုက်တဲ့ဇာတ်၊ လူပြက်ကလည်းမကောင်း၊ မင်းသမီးကလည်း အဆို အက အလှ ဘာတခုမှ စိတ်ဝင်စားစရာမရှိ၊ ရာသီဥတုကလည်းအေး ဆိုတော့ လူတွေ တဖွဲဖွဲ ထပြန်ကြတာပေါ့။ အဲဒါကို စင်ပေါ်က ဇာတ်အဖွဲ့ကို မျက်နှာပူ၊ အားနာနေတာက ကျမအဖေပါ။ သူပါထပြန်ရင် လူပိုနည်းသွားမှာစိုးလို့ ပေတေပြီး ဇာတ်စင်အောက်မှာ ပုဆိုးခြုံကြည့်ခဲ့ပါသတဲ့။ ဇာတ်က မိုးလင်းတဲ့အထိ ဇွဲမလျော့တမ်း ကသလို အောက်က အံကြိတ်ပြီးအားပေးတဲ့ ပရိသတ်ကတော့ အဖေအပါအ၀င် ဆယ်ယောက် နီးပါးလောက်ပဲ ရှိတော့သတဲ့။

အမေကျတော့ တမျိုးပါ။ ကျမတို့ ခြံစည်းရိုးပါတ်လည်မှာ ကင်ပွန်းချဉ်ပင်တွေ စိုက်ထားပါတယ်။ ကိုယ်လဲစား၊ လာဝယ် လဲရောင်း၊ တောင်းရင်လည်း ပေးပါတယ်။ ဒါတောင်မှ အလစ်မှာ တိတ်တိတ်လေး လာလာခူးတဲ့သူတွေ ရှိသေးသတဲ့။ တနေ့ မနက်စောစော ပြူတင်းပေါက်က လှမ်းကြည့်တော့ လားလား အမျိုးသမီးတယောက်က ကပ်ကြေးတချောင်းနဲ့ ကင်ပွန်း ရွက်နုတွေ အားရပါးရ ညှပ်နေတာကိုး။ မျက်နှာသိတဲ့သူထဲကလည်းဖြစ်၊ ရုတ်တရက်ကြီး ကိုယ့်ကိုမြင်လိုက်ရင် သူရှက်သွားမှာ အမေက အားနာ မိပါတယ်။ ဒါနဲ့ပဲ အိမ်ထဲက ပစ္စည်းတွေကို ဟိုရွှေ့ဒီရွှေ့နဲ့ အသံတော်တော်မည်အောင် လုပ်နေလိုက်ပါသတဲ့။ ဟင်းရွက်ခိုးခူးသူလည်း အချိန်မီ သုတ်ခြေတင်ရောပေါ့။ နောက်ပြီး အမေ မြို့ကပါလာတဲ့ အထည်တွေ ရောင်းရင် ၀ယ်သူတွေက အလကား အလှူပေးနေတယ် ထင်ရအောင် ၀ယ်ကြပါတယ်။ တကယ်လဲ အလကားပေးတာနဲ့ သိပ်မထူးပါ။ ရောင်းသမျှရဲ့ သုံးပုံနှစ်ပုံက အကြွေး၊ အဲဒီအကြွေးရဲ့ တ၀က်ကျော်က ပြန်မဆပ်ကြတော့တာမို့ပါ။

ဒီအဖေအမေက မွေးတဲ့သမီးကျတော့လည်း ဘယ်ခေလိမ့်မတုန်း။ မှတ်မှတ်ရရ တခါတုန်းက ဆွေမျိုးတွေရှိတဲ့ မြစ်ကမ်းနဖူးက မြို့ကလေးတမြို့ကို သူငယ်ချင်းနဲ့ကြုံလို့ အလည်လိုက်သွားပါလေရော။ တည်းတာကတော့ သူငယ်ချင်းအိမ်ပါ။ အဲဒီအချိန်မှာ ဆွေမျိုးအိမ်နှစ်အိမ်က ညစာ ထမင်းစား ဖိတ်ပါတယ်။ အဲဒီ ဆွေမျိုးနှစ်အိမ်က လုံးဝ အစေးမကပ် အခေါ်အပြော မလုပ်ကြ သူတွေပါ။ ကျမ တအိမ်အိမ်ကို ငြင်းလိုက်ရမှာ အလွန်အားနာပါတယ်။ ရက်ခွဲသွားဖို့လည်း အချိန်ကမရှိတော့ နှစ်အိမ် လုံးကို လက်ခံ လိုက်ပါတယ်။ တအိမ်မှာ သွားစားမဲ့အကြောင်းကို နောက်တအိမ်က လုံးဝ မသိစေချင်တာလည်း ပါပါတယ်။ သူငယ်ချင်းက (နင်ဘယ်လိုလုပ်မလဲ) လို့မေးတော့ (တ၀က်စီ စားမယ်ဟာ) လို့ ဖြေလိုက်ပါတယ်။ ဒါနဲ့ပဲ ပထမအိမ်မှာ ခပ်စောစောလေး ထမင်းသွားစားပါတယ်။ ဟင်းတွေ ကတော့ စားချင်စဖွယ်၊ သွားရေယိုစဖွယ်တွေချည်းပါဘဲ။ ဒါပေမဲ့ စိတ်ဆင်ရိုင်းကို ချွန်းနဲ့အုပ်လိုက်ရပါတယ်။ နောက်တပွဲ ကျန်သေးတယ် မဟုတ်လား။ သူငယ်ချင်းကိုလည်း မျက်စပစ်ပြီး သတိပေး လိုက်သေးတယ်။ လျှော့စားမယ်လို့ ဆုံးဖြတ်ထားပေမဲ့ အမျိုးတွေက ထမင်းအုပ်ကိုကိုင်ပြီး ဇွန်းနဲ့ခပ် ထည့်လိုက် ဟင်းခပ်ဇွန်းကြီးနဲ့ ဆီပြန်အသားဟင်းတွေ ထည့်ပေးလိုက်နဲ့ မငြင်းသာ တော့ဘဲ အသားကုန်အုပ်ခဲ့ရပါတော့တယ်။

Thursday, 2 December 2010

အားနာတတ်သလား




အားနာတတ်တဲ့ အကြောင်းလေးတွေးမိရင် ငယ်ငယ်က ရေဒီယိုဇာတ်လမ်း လေးတပုဒ်ကို အမြဲသတိရတယ်။ အဲဒီတုန်းက ရေဒီယိုတွေပဲ အဓိက နားထောင်ကြရတာ ( အမ်- ပြောရင်းနဲ့ အသက်ကို ခန့်မှန်းကြဦးမယ်)။ ဇာတ်လမ်းပမာ နားဆင်စရာ ကဏ္ထမှာ အပြောကောင်းတဲ့ ဦးဇော်ဝင်းက ဒန့်ဒလွန်သီးသည်ကြီးပေါ့။ ခြံထွက် ဒန့်သလွန်သီးကို တအိမ်တက်ဆင်း ရောင်းလာလိုက်တာ။ သုံးတောင့်တဆယ်နဲ့ ရောင်းရာကနေ၊ ၀ယ်သူတွေက မရမက ဆစ်လို့ လေးတောင့်၊ ငါးတောင့်၊ ခြောက်တောင့်၊ ခုနှစ်တောင့်နဲ့ ပေးပေးလာလိုက်တာ နောက်ဆုံး အရင်ဝယ်ထားတဲ့သူတွေက သူ့နောက်လိုက်ပြီး မျက်နှာလိုက်ရပါမို့လားနဲ့ ကက်ကက်လန် ၀ိုင်းရန်တွေ့ကြလို့ မရှူနိုင်မကယ်နိုင်ဖြစ်၊ နောက်ဆုံး “အကုန်လုံး အလကားသာ ယူကြပါဗျာ၊ ပြန်အမ်းပါ့မယ်ဗျာ” ဆိုပြီး ဖြေရှင်းလိုက်ရတဲ့ ဟာသ ဇာတ်လမ်းလေး။ ကျမတို့ အိမ်မှာတောင် တခုခုကို အလျှော့ပေးလွန်းရင် “ဒန့်ဒလွန်သီးသည် ဖြစ်နေမယ်နော်” လို့ အခုထိ သတိပေး တတ်ကြသေးတာ..။

“အားနာတယ်” ဆိုတာ မြန်မာစကားမှာပဲ ရှိတယ်လို့ တော်တော်များများက ပြောတတ်ကြပါတယ်။ ကိုယ့်လူမျိုးကို အမွှန်းတင်ရင်း တခြားလူမျိုးတွေက အားမနာတတ်ဘူး လို့ အပြစ်ပြောချင်တာပေါ့။ အဲဒီမှာ ပြဿနာ နှစ်မျိုး တွေ့ရပါတယ်။ (၁) လူမျိုးတိုင်းမှာ အားနာတာ ရှိသလား၊ မရှိဘူးလားနဲ့ (၂) အားနာတာ ကောင်းသလား၊ မကောင်းဘူးလား ဆိုတာပါ။

ပထမဆုံး အားနာတာ ရှိမရှိနဲ့ပါတ်သက်လို့ကတော့ မြန်မာလူမျိုးမှာပဲ အားနာတဲ့စကားရှိတယ်၊ မြန်မာတွေဘဲ အားနာတတ်တယ် ဆိုတဲ့ အဆိုကို ကျမက ငြင်းပယ်ပါတယ်။ ဘာသာစကား များများမတတ်တဲ့အတွက် သက်သေမပြနိုင်ပေမဲ့ အားနာတယ် အတိအကျ မဟုတ်ရင်တောင် အားနာခြင်းနဲ့ ဆင်တူတဲ့စကားတော့ ရှိမယ်လို့ ယုံကြည်ပါတယ်။ ဒါကလည်း တွေ့ဖူးကြုံဖူးတဲ့ လူမျိုးတချို့ရဲ့ အမူအကျင့်ကို အခြေခံပြီး ပြောရခြင်းဖြစ်ပါတယ်။ ပါတ်ဝန်းကျင် နဲ့ ယဉ်ကျေးမှုကိုလိုက်လို့ အားနာတတ်မှု အနည်းနဲ့အများ ဒီဂရီ တော့ ကွာခြားနိုင်ပါတယ်။

အားနာတာ ကောင်းသလား၊ မကောင်းဘူးလား ဆိုတာကတော့ တော်တော် ယေဘုယျဆန်တဲ့ မေးခွန်းပါ။ အချိန်အခါ နေရာဒေသ နဲ့ အခြေအနေကို လိုက်လို့ အဖြေတွေ ကွဲသွားနိုင်ပါတယ်။ အခုတလော တီဗွီမှာခေတ်စားနေတဲ့ စကားနပမ်း လုပ်ကြည့်ရအောင်။

(အဆို) အားနာတာ ကောင်းတယ်
အားနာတယ် ဆိုတာ လှပတဲ့ စိတ်ကလေးတခု။ သူများကို ကိုယ်ရောစိတ်ပါ ကသိကအောက်ဖြစ်စေမှာ မလိုချင်တဲ့စိတ်။ အနိုင်ယူဖို့ထက်၊ ကြုံလာရင် ကိုယ်သာလျှင်အနစ်နာခံပစ်လိုက်ချင်တဲ့စိတ် ကလေးပါ။ အလွန်အကျွံ မသုံးစွဲသရွေ့ပေါ့ကွယ်။

အားနာတတ်တဲ့သူဟာ ဘယ်တော့မှ သူများ မျက်ခုံးမွေးပေါ် စကြံင်္မလျှောက်ဘူး။ မနီဇူလိုင်က သူ့ကဗျာလေးထဲမှာ (မဟာမြတ်မုနိကို အားနာတယ်၊ မနူဟာကို အားနာတယ်၊ ကမ္ဘောဇဟော်နန်းကို အားနာတယ်) တဲ့။ ကဲ ဘယ်လောက်လှတဲ့ စိတ်ကလေးလဲ။ အဲဒီလိုမျိုးသာ လူတိုင်းက တွေးမိရင် စစ်ပွဲတွေမရှိတဲ့ ငြိမ်းချမ်းရာမြေ ဖြစ်နေမှာပဲနော်။

ရခိုင်လူမျိုးတွေက (အားမနာ) ဆိုတဲ့စကားကို ပိုပြီးတွင်တွင်ကျယ်ကျယ် သုံးတတ်ကြလေရဲ့။ “ဒီကောင်နှယ် အားမနာ” ဆိုရင် အလိုက်မသိသူ၊ ရိုင်းပြသူ၊ မောက်မာသူ စသဖြင့် အဓိပ္မါယ်အများကြီး ထွက်တာ သတိထားမိပါတယ်။

ကျမတို့ လမ်းသွားရင်း မတော်တဆ ကိုယ့်ပခုံးနဲ့ သူများပခုံးဝင်တိုက်မိပြီ ဆိုပါစို့။ သာမာန်စိတ်ထားရှိသူတောင် အားနာသွားမှာ အမှန်ပဲ။ မြန်မာဆန်တဲ့ ကျမအမေက ဘယ်သူ့ကိုပဲ မတော်တဆ ထိမိတိုက်မိပါစေ- “ကန်တော့”“ကန်တော့”လို့ ပြောရမယ်လို့ ငယ်ငယ်က စွဲနေအောင် သင်ထားပေးတယ်။ (ကန်ခိုင်းတာမဟုတ်ပါ၊ ဦးချတောင်းပန်ပါတယ် ဆိုတဲ့ အဓိပ္မါယ်ပေါ့) အခုတော့လည်း ကျမကိုယ်က ကမ္ဘာဆန်လာသလားတော့ ငယ်ငယ်ကလို “ကန်တော့” သိပ်မပြောဖြစ်တော့ပါဘူး။ မတော်တဆ ကြုံလေတိုင်း “အိုး- မတော်လို့” “ဆောရီး” စသဖြင့် ပေါ့လေ။ ကိုယ်က အားနာမှန်းသိတော့လည်း ဘယ်သူမှ ရန်စွယ်ငေါငေါ မတုန့်ပြန်ကြတော့ဘူး။ ကဲ ဘယ်လောက် အေးချမ်းလဲ။

ကျမတို့ လူသားဆန်စွာ အားနာတတ်ကြရအောင်နော်။

(အချေ) အားမနာတာ ကောင်းတယ်
“အားနာလို့လိုက်လျောတာ အ တယ်လို့ထင်”တဲ့။ “အားနာရင် ခါးပါတယ်”တဲ့။ အဲဒါက ယဉ်ယဉ်ကျေးကျေး ပြောထားတဲ့ စကားပုံတွေပါ။ ကျမတို့ ငယ်ငယ်က ခပ်ကြမ်းကြမ်းပြောလေ့ရှိတဲ့အိမ်နီးခြင်း အဒေါ်ကြီးကတော့ သူ့သမီးကို ဆုံးမပုံက “ဟဲ့- နင်ကြပ်ကြပ် အားနာနေ၊ တော်ကြာ ကလေးတွေ ခြင်းတောင်းနဲ့ လိုက်ကောက်နေရမယ်”တဲ့ လေ။ တကယ့်ပြင်ပလောကမှာလည်း အားနာတတ်သူတွေဟာ လူလည်တွေ မျက်စေ့ကျတဲ့ အမဲတမျိုးပါဘဲ။

တခါတလေ အားနာတာက ပြဿနာတခုကို ပိုပြီးကြီးထွားစေတယ်။ ဆိုပါစို့- လူတယောက်ဆီက ငွေတရာချေးထားတယ်။ ပြန်ပေးမယ်ဆိုတဲ့အချိန်မှာ မပေးနိုင်သေးဘူး။ သူ့ကို ရင်ဆိုင်ရမှာ အားနာနေတယ်၊ မရဲဘူး၊ ဒါနဲ့ပဲ မျက်နှာချင်းမဆိုင်မိအောင် ရှောင်နေမယ် ဆိုရင် တဖက်လူက ဘယ်လိုထင်မလဲ။ မိန်းကလေးတယောက်က ကိုယ့်ကို ချစ်ရေးဆိုတဲ့သူကို ငြင်းလိုက်ရမှာ အားနာနေတယ်။ သူပေးတဲ့ ပန်းတို့ ဘာတို့လဲ အားနာနာနဲ့ ယူထားမိတယ် ဆိုပါစို့။ ကြာလာရင် ဘာဖြစ်သွားနိုင်လဲ။ အဲဒီအဖြစ်မျိုးတွေ အားလုံး မြင်ဖူးကြားဖူးကြမယ် ထင်ပါတယ်။

အားနာတာက မပွင့်လင်းတဲ့ သဘောကို ဦးဆောင်သွားတယ်။ တခါတရံ မရိုးသားတဲ့ဘက်ကိုတောင် ရောက်သွား တတ်သေးတယ်။ ကိုယ်ဖက်က တတ်နိုင်တဲ့အတိုင်းအတာကို ပွင့်ပွင့်လင်းလင်း ပြောလိုက်တာက တဖက်သားကိုလည်း သေသေချာချာ စဉ်းစားဖို့ အထောက်အကူ ဖြစ်စေတယ်။ စိတ်မပါဘဲ ကိုယ်မတတ်နိုင်ဘဲ ကူညီမဲ့အစား ပွင့်ပွင့်လင်းလင်း No  လို့ ပြောလိုက်တာ ပိုကောင်းတယ်ဆိုတဲ့အကြောင်းကို မရှင်လေးက ဒီပို့စ် မှာ ရေးခဲ့ဖူးပါတယ်။ အနောက်တိုင်းသား တော်တော်များများက အဲဒီလိုမျိုး ကျင့်သုံးနိုင်ကြတာ အတုယူ အားကျစရာပါ။  အလော့ဂါဇောင်းကလည်း သူ့ရဲ့ ပို့စ်လေးတခုမှာ “အားနာတာဟာ အားနည်းချက်တခုပဲ၊ အားနာတာဟာ အရှူံးတ၀က် ရောက်နေတယ်။ အားနာတဲ့စိတ်ကြောင့် ဘ၀ပါ မွဲပြာကျသွားစေနိုင်တယ်တဲ့”.။ အမှန်တွေ ကိုယ့်ရှေ့မှာရပ်ပြောနေသလိုပါဘဲကွယ်။

မှတ်မှတ်ရရ ငယ်ငယ်တုန်းက အားနာတတ်တဲ့ သူငယ်ချင်းလေးတယောက် ရှိတယ်။  အတန်းဖေါ်တွေက သူ့ဆီက ခဲတံပေတံ ငှားပြီးရင် ဘယ်တော့မှ ပြန်မပေးဘူး။ သူကလည်း အားနာတော့ ပြန်မတောင်းဘူး။ အဖေအမေကို ခဏခဏ ပူဆာနေရတော့ သူ့ ကိုမိဘက စိတ်မရှည်တော့ဘူး။ မကြာမကြာ အဆူခံနေရတယ်။ ဒါနဲ့ပဲ သူဆုံးဖြတ်လိုက်တယ်။  ငါ- နောက်ခါ အားမနာတော့ဘူး။ ပြန်တောင်းမယ်ပေါ့။ ဒါပေမဲ့ အားနာတဲ့အကျင့်က တော်တော် ဖျောက်ရခက်တာမျိုးကလား။ နောက်ဆုံးတော့ သူ့ကိုယ်သူ တွန်းအား တခု ထည့်လိုက်တယ်။ ပစ္စည်းတခုငှားပြီးတိုင်း ဒီတခါ ငါ့ပစ္စည်း ပြန်မတောင်းဖြစ်ရင် ငါစာမေးပွဲကျပါစေ လို့ ကျိန်လိုက်တယ်တဲ့။ အဲ့လိုကျ သူကြောက်တယ်လေ။ (စာမေးပွဲကျမှာကြောက်လို့) သူ့ပစ္စည်းလေးတွေ မဖြစ်မနေ ပြန်တောင်းရတော့တာပဲ။

အားနာတတ်သူကို လူတွေက ပိုပြီး ချစ်ခင်ကြမယ်၊ လေးစားကြမယ် ထင်နေပါသလား။ အဖြေကတော့ No Way ပါ။ ကဲ- ကျမတို့ကိုယ်ထဲမှာ ကပ်ပါးပိုးလို တွယ်နေတဲ့ အားနာမှုတွေကို ဖျောက်ကြပါစို့။

ဒီစာလေးကိုဖတ်ပြီး သူငယ်ချင်းတို့ ဘယ်အဆိုဖက်ကို အလေးသာသလဲဆိုတာ-
- အားနာရင်လည်း တခုခု ရေးသွားလိုက်ပါ
- ဒါမှမဟုတ် အားမနာတမ်း လှည့်ပြန်သွားလို့ရပါတယ် လို့...။   (အဟဲ-နောက်တာပါ)

မိုးစက်ပွင့်

Tuesday, 30 November 2010

“ကျူ” ခြင်း အနုပညာ


“ကျူ” တယ် ဆိုတာ တန်းစီစောင့်ဆိုင်းခြင်း ( Queue ) ကို မြန်မာမှု ပြုထားတာပါ။ ဒီ ပို့စ်တလျှောက်လုံး ငါးပိသံနဲ့ အားရပါးရ ကျူတယ်လို့ ပြောသွားမှာပါ။

ကျမတို့ ရွှေမြန်မာတွေဟာ ကျူခြင်းနဲ့ မစိမ်းပါဘူး။ သမ၀ါယမဆိုင်၊ ဂျီအီးစီ၊ ဓါတ်ဆီဆိုင်၊ ဆေးခန်း တွေမှာ ပုံစံအမျိုးမျိုးနဲ့ ကျူဖူးခဲ့ကြပါတယ်။ ရုပ်ရှင်လက်မှတ်တွေ မှောင်ခိုရောင်းတဲ့ခေတ်တုန်းက “ကျူ“ စားတဲ့ လူတန်းစားတောင် ရှိတယ်။ နောက်ကျမှ လာတဲ့ ရုပ်ရှင်ကြည့်သူတွေကို လက်မှတ်တွေ အမြတ်တင်ပြီး ရောင်းတဲ့အခါ နေ့တွက်ကိုက်သတဲ့။ လက်မှတ်တင် မဟုတ်ဘဲ ကျူထားတဲ့ နေရာကိုတောင် ရောင်းစားလို့ ရခဲ့သေးသတဲ့။ တခါ ပန်းဆိုးတန်းတ၀ိုက်က စတုဒီသာ အလှူပေးနေသလို ကျိတ်ကျိတ်တိုးနေတဲ့ ပတ်စ်ပို့ရုံးကြီးမှာလည်း ကောင်တာအဆင့်ဆင့်မှာ ကျူ ရတာပါဘဲ။ စံနစ်တကျတော့ မဟုတ်ဘူးပေါ့။

ကျမတို့ တက္ကသိုလ်တက်စဉ်က ကျောင်းလခသွင်းရမဲ့ အချိန်ဆိုရင် သိတ်စိတ်ညစ်ခဲ့တာ။ အတန်းလိုက် စံနစ်တကျ ကျူ တာမဟုတ်ဘဲ ရေထဲကျတဲ့ ပေါင်မုန့်ကို ငါးတွေဝိုင်းတွတ်သလို ကောင်တာပေါက်ကျဉ်းကျဉ်းလေးကို ယောက်ျားလေး မိန်းကလေးအားလုံး ၀ိုင်းပြီးစုပြုံ တိုးဝှေ့နေကြတာပါ။ အရပ်ရှည်သူများက တပန်းသာပေမဲ့ ပုတဲ့သူတွေမှာတော့ လူမွန်းတဲ့ ဒဏ်ကိုလည်း ခံရပါသေးတယ်။ အိမ်က ဘယ်လောက်ပဲ သပ်သပ်ယပ်ယပ် ၀တ်စားဆင်ယင်ခဲ့ပါစေ၊ ပိတ်လှောင် အိုက်စပ် နေတာနဲ့ဘဲ ချွေးတွေထွက်၊ ကိုယ့်ချွေး သူ့ချွေးရောပြီး ချဉ်စူးစူးအနံ့တွေထွက်၊ အကျီင်္ လုံချည်တွေ ကြေမွကုန်ကြတာပါဘဲ။ (စကားချပ်- ရည်းစားသနံ ရှိသူများ ကတော့ ကိုယ်တိုင်မတိုးဘဲ ကြွကြွရွရွကလေး ရပ်စောင့်ကြတာကို မနာလိုစရာ တွေ့ရပါတယ်) အလျင်လိုသူများကလည်း သူများအရင်ရအောင် ကိုယ့်ဘောက်ချာလေး နေရာပြောင်း၊ စာရေးမလက်နား တိုးပေး လုပ်ကြလို့ အချင်းချင်း ငြိုငြင်ကြ၊ စာရေးမက မျက်စောင်းခဲလိုက် စူလိုက် ဆောင့်လိုက်။ လူ့ ဂုဏ်သိက္ခာတွေ တအိအိ ကြွေကျ။

နောက်ထပ် စံနစ်တကျ မကျူခဲ့ရတာက ဘတ်စ်ကားဂိတ်မှာ။ ကားလာရင် သူ့ထက်ငါ တက်ရဖို့ကို မာရသွန် ပြိုင်ပွဲပမာ။ အလုအယက် တိုးကြ ဝှေ့ကြ။ လောဘ ဒေါသတွေ ပွားကြ။ လူ့ ဂုဏ်သိက္ခာတွေ ကျပြီးရင်းကျ။ supply နဲ့ demand မမျှတဲ့ ဒုက္ခ။ ကျူတန်းမစီတဲ့ ဒုက္ခ။ ( နှစ်တော်တော်များများ ကြာလာပြီဆိုတော့ အဲဒါမျိုးတွေ နည်းနည်းတော့ လျော့ပါး သွားတယ်လို့ ထင်မိတယ်။ လူကြပ်တဲ့ ရုံးတက် ရုံးဆင်းချိန်က လွဲလို့ပေါ့)ဒါပေမဲ့ အဲဒီအချိန်တုန်းက အဲဒီဒုက္ခတွေ နေ့တဓူဝ ကြုံနေတဲ့အခါကျတော့ စိတ်ထဲမှာ သိပ်မထူးဆန်းသလို ဖြစ်လာပါတယ်။

နိုင်ငံရပ်ခြားကို ပထမဆုံးအကြိမ်ရောက်တော့ လေဆိပ်မှာ စ တွှေုတာပါဘဲ။ လေဆိပ်အထွက်မှာ ခရီးသည်တွေ တန်းစီပြီး ကိုယ်သွားချင်တဲ့နေရာအတိုင်း လက်မှတ်ဖြတ်၊ တက္ကစီခကြိုရှင်းပေး၊ ဘောက်ချာယူ၊ ကိုယ့်ရှေ့ဆိုက်လာတဲ့ တက္ကစီကားကို ဘောက်ချာပြပြီး အဆင်သင့်တက်စီးရုံသာ။ စကားအပို တခွန်းတောင် ပြောစရာမလို။ တချို့ ဘတ်စ်ကားဂိတ်မှာဆိုလည်း လူတွေ ကျူ နေတာ ကြုံဖူးပါတယ်။ ကား ထိုးရပ်တာနဲ့ တန်းစီထားတဲ့ လူတန်းကြီးက တယောက်ပြီးတယောက် တရွေ့ရွေ့ တက်သွားလိုက်တာ၊ လုတက်စရာမလို၊ တတောင်နဲ့ အသာကလေး ကာထားစရာမလို၊ ငဖယ်တိုးကလေးနဲ့ လှိမ့်ဝင်စရာမလို၊ ရွေ- နိပ်လိုက်လေ။

အဲဒီလိုနဲ့ ကျူခြင်းရဲ့အရသာတွေကို ကောင်းကောင်းသိသွားတဲ့ ကျမဟာ ကိုယ့်ဇာတိမြေကို ပြန်ရောက်တော့ အလိုမကျမှုတွေရဲ့ ဖိစီးနှိပ်စက်ခြင်းကို ကောင်းကောင်းကြီး ခံစားရပါတော့တယ်။

ဆိုကြပါစို့ ။ နေမကောင်းလို့ ဆေးခန်းသွားပြတယ် ဆိုရင်ဘဲ တိုကင်ယူ၊ စာအုပ်ထပ်ပြီး ကိုယ့်အလှည့်ကို စောင့်ကြရတာ ထုံးစံပါ။ နေမကောင်းပါတယ်ဆိုမှ ဆေးခန်းမှာ ကြာရှည်လေးမြင့် ဘယ်သူမှ မထိုင်ချင်ပါ။ ဒါပေမဲ့ သားသားနားနား ၀တ်စားထားတဲ့ အမျိုးကောင်းသားသမီးတွေက မကြာခဏဆိုသလို ဆရာဝန်အခန်းထဲ ကြားဖြတ်ဝင်ဝင်သွားကြတာမို့ ကြာသင့်တာထက် ပိုကြာသွားရတဲ့အခါ အလွန်စိတ်တိုရပါတယ်။ တာဝန်ကျ နာ့စ်များကလည်း မပြောရဲပါ။ သူတို့က ဆရာဝန်ကြီးရဲ့ ခင်မင်ရာ ခင်မင်ကြောင်း အထူးဧည့်သည်တွေမို့ပါ တဲ့။

နယ်ကနေ ရန်ကုန်ကို အဝေးပြေးကားစီးပြီး ပြန်လာတယ်ဆိုရင်ဘဲ ဂိတ်မှာ ကားဆိုက်တာနဲ့ လူတောင် ကားပေါ်က မဆင်းရသေးဘူး။ အလုအယက်ခေါ်နေလိုက်ကြတာ။ “ဟို အကျီင်္အဖြူနဲ့ အမကြီး- ကားငှားမလား” “ဟို မျက်မှန်နဲ့ ဦးလေးကြီး ကားငှားမလား” “ဟေ့- ငါခေါ်ထားတာကွ” “ပေး၊ ပေး၊ အထုပ်ပေး” စသဖြင့် အလုအယက် ခေါ်နေကြတာ ဆွဲတော့မလို လွဲတော့မလို လုပ်နေကြတာတွေဟာ ကျမကို အကြီးအကျယ် စိတ်ပျက်စေပါတယ်။ များသောအားဖြင့် သူတို့အားလုံးကို ငြင်းပယ်ပြီး အေးချမ်းတဲ့ တနေရာမှာ အငှားကား ရှာစီးလေ့ရှိပါတယ်။ ၀မ်းရေးအတွက် လုယက် ရှာစားနေရတာကို နားလည်ပေမဲ့ ဒီလိုမျိုးအထိ လိုအပ်သလားဆိုတာ တွေးမိ နေပါတယ်။ ဆိုပါစို့ - ဒီ အဝေးပြေးမှာ အငှားကားစီးမဲ့ခရီးသည် ၁၅ ဦးပါလာရင် သူတို့ဟာ စီးကို စီးမှာပဲ။ အော်ဟစ် ဆွဲလွဲ ခေါ်နေတာဟာ သူတို့အချင်းချင်းရဲ့ ပြိုင်ဆိုင်မှု။ သူ့ထက်ငါ အနိုင်ရလိုမှုပါ။ ဒါကို စံနစ်တကျဖြစ်အောင် ကြီးကြပ်ထိမ်းကွပ်ပေးမဲ့ system တရပ် လိုပါတယ်။ အလှည့်ကျစံနစ်ကို ကောင်းကောင်းမွန်မွန် အကောင်အထည် ဖေါ်နိုင်ပါမှ လှူုဂုဏ်သိက္ခာ တက်လာပါမယ်။

ဒါတင်ဘဲလားဆိုတော့ မဟုတ်သေးပါ။ ခရီးက နာရီပေါင်းများစွာ ကြာတာမို့ လမ်းက စားသောက်ဆိုင်တွေမှာ လေး ငါးနာရီခြားတခါ ကားရပ်ပေးလေ့ရှိပါတယ်။ ဗိုက်ဆာရင် မုန့်စား၊ အပေါ့အလေးသွားချင်ရင် ရေအိမ်တက် ပေါ့။ အဲဒီမှာ ကျမတို့လူမျိုးတွေ မကျူတတ်တာကို ကွက်ကွက်ကွင်းကွင်း တွေ့ရပါတယ်။ အန္တရာယ်ကို မလွယ်နိုင်လို့ လာရပေမဲ့ အနံ့အသက်ရှိတဲ့ ရေအိမ်ကို ဘယ်သူမှ အနီးကပ်ပြီး မရပ်ချင်ကြပါဘူး။ ဒီတော့ တတ်နိုင်သမျှ ခပ်ခွာခွာလေး ရပ်ပြီး တန်းစီရပါတယ်။ တံခါးပိတ်ထားတဲ့ ရေအိမ်တလုံးရှေ့မှာ ရပ်နေတာ မြင်ကတည်းက တန်းစီစောင့်နေသူ တယောက်ဆိုတာ သိသင့်ပါလျက် လူရှေ့ကို အတင်းကျော်ရပ်၊ တံခါးပွင့်လာတာနဲ့ ခပ်သုတ်သုတ် ဖြတ်ကျော်လျောက်တာမျိုးတွေ အကြိမ်ပေါင်းများစွာ ကြုံလာရတဲ့အခါ စိတ်မသက်မသာ ဖြစ်ရပါတယ်။ ဒီလောက်ကိစ္စလေးနဲ့ ပြောလိုက်ရင် အရေပြားပါးရာ၊ သဘောထား သေးသိမ်ရာ ကျ မလား ဆိုပြီး သည်းခံခဲ့တဲ့ အကြိမ်တွေ တော်တော် များသလို၊ လူမှုတာဝန်အရ ပညာပေးလိုက်ဦးမှ ဆိုပြီး ခပ်ဆတ်ဆတ် ကလေး ပြောထည့်လိုက်မိတဲ့ အကြိမ်တွေလည်း ရှိပါတယ်။ (မအောင့်နိုင်လို့ ပါ) လို့ ပြောပြီး ကျော်တက်ရင် နားလည်ပေးမှာ ဖြစ်ပေမဲ့ လူလည်ကျသလိုမျိုး၊ ဂရုမစိုက်သလိုပုံစံမျိုးလုပ်တာကတော့ ခံစားရတာ တော်တော်ကလေး ဆိုးဝါးပါတယ်။ ဒါတွေက လောကနီတိ နဲ့ဆိုင်ပြီး ကျောင်းပညာရေးမှာတောင် ထည့်သင်ပေးသင့်တဲ့ ကိစ္စမျိုးလို့ ကြီးကြီးကျယ်ကျယ် တွေးမိခဲ့ပါသေးတယ်။

ဆေးခန်းမှာ ကားဂိတ်မှာ အိမ်သာရှေ့မှာ ကျူတန်းစီတာဟာ အသေးအဖွဲကလေးတခု ဖြစ်ချင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ကိုယ် ရသင့်ရထိုက်တဲ့အခွင့်အရေးကိုသာယူဖို့၊ သူများရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးကို အသိအမှတ်ပြုပေးဖို့၊ တယောက်ရဲ့ ဂုဏ်သိက္ခာကို တယောက်က လေးစားတတ်ဖို့ ဆိုတဲ့ လောကပါလအခြေခံတရားတွေအတွက် တိုင်းထွာစရာ စံပေတံကလေးတချောင်း ဖြစ်နေမှာပါ။ ဒါတွေကို ကျမတို့ကိုယ်တိုင် စံပြလိုက်နာရမှာ၊ ကလေးလေးတွေကို လေ့ကျင့်သင်ကြားပေးရမှာ ဖြစ်သလို၊ လူ့အဖွဲ့အစည်း နဲ့ အုပ်ချူပ်စီမံခန့်ခွဲသူတွေကလည်း စံနစ်ကောင်းတရပ်နဲ့ ပြုပြင်ထိမ်းမတ်သင့်ပါတယ်လို့ ခံစားမိသလို ပြောချင်ပါတယ်။

မိုးစက်ပွင့်

ပုံတွေကို ဒီက ယူပါတယ်။

Thursday, 30 September 2010

ယဉ်ကျေးမှုရယ်၊ ဓလေ့ထုံးစံရယ်၊ အယူအစွဲရယ်၊ အင်နားရှားရယ်


ကျမ အိမ်နီးချင်း အဒေါ်ကြီးရဲ့အမည်က ဒေါ်သိန်းနုတဲ့။  သူက မုဆိုးမ ပါ။ သူ့သမီးက ပူတူးမ။  အသက် ၂၅ နှစ်လောက် ကိုယ့်ညီမ အထွေးဆုံးလေး အရွယ်။  ပူတူးမ ခင်ပွန်းက အဝေးမှာ အလုပ်ထွက်လုပ်နေတယ်။  ပူတူးမ သမီးအကြီးလေးက ၃ နှစ်။  ပူတူးမှာ ဒုတိယကိုယ်ဝန်ကြီး မပေါ့မပါးနဲ့။  မွေးခါနီးပြီ ထင်ရဲ့။

 မနေ့ကတော့  ဒေါ်သိန်းနုကြီး ပြာယာခပ်နေတာတွေ့လို့   အကျိုးအကြောင်း မေးကြည့်မိတယ်။  “ ပူတူးမ မွေးပြီလေ။  ဆေးရုံမှာ။  ရေမြွှာပေါက်တာ ၂၄နာရီကျော်တဲ့အထိ ဗိုက်မနာလို့   ဆေးထိုးမွေးရတယ်။  ဆရာမတွေက လာတာ နောက်ကျလို့  ဆူသေးတယ်။  ကျမလဲ ရပ်ကွက်ထဲက သားဖွား ဆရာမနဲ့ အပ်ထားတာပဲ။  သူက သုံးရက်အထိ စောင့်လို့ရတယ် ပြောလို့။  ”    “တော်သေးတာပေါ့” လို့  ကျမ သက်ပြင်းချမိပါတယ်။  လက်ရှိ ကလေးလေးနဲ့  ကလေးအမေ ကျမ်းမာရေး မေးတော့  “ ပူတူးကတော့ နေကောင်းပါတယ်၊ ဒါပေမဲ့ နို့ ကောင်းကောင်း မထွက်ဘူး”  ”ကလေးလေးကတော့ အသားဝါဖြစ်လို့    အထူးခန်းမှာ ထားရတယ်၊  တခြားကလေး တွေလဲ အများကြီးပဲ” တဲ့။  ကလေးက အလေးချိန် ငါးပေါင်တောင် မပြည့်ကြောင်း၊  ကိုယ်ဝန်ဆောင် ကာလမှာ မျှစ်နဲ့ ငရုပ်သီး စားတာ များလို့   ခေါင်းမွေး ကျဲပါးကြောင်းလည်း ဆက်ပြောပါတယ်။  “အင်း- ဘဲဥများ စားမိရင် ကတုံးတောင် ပြောင်ချင် ပြောင်နေမှာ” လို့   လွှတ်ကနဲ ပြောမိတော့မလို့။     ကလေးလေးက  အိမ်မက်အရ ကွယ်လွန်ဆုံးပါးခဲ့တာ (၈) နှစ်ကျော်ပြီဖြစ်တဲ့ သူ့ခင်ပွန်း ပြန်ဝင်စားတာ ဖြစ်ကြောင်း လည်း ပြောပြနေပါသေးတယ်။  ဒါကြောင့်လဲ အမေ နို့စို့မှာမဟုတ်ဘူးလို့  ဗေဒင်က ပြောထားကြောင်း ထပ်လောင်း သက်သေထူ နေပါသေးတယ်။  နားထောင်နေရင်း  ခေါင်းထဲမှာ ပေါ်လာတဲ့ အတွေးလေး တွေကတော့.....    ကျမ်းမာရေးအသိနည်းတာနဲ့      အယူသည်းတာက  မျိုးဆက်အလိုက် လက်ဆင့်ကမ်းလာတဲ့  နာတာရှည်ရောဂါတွေဘဲ လို့။  

 တဆက်တည်း သမီးအကြီးလေး ပုံ့ပုံ့အကြောင်း စပ်စုမိတော့ - “ ပုံ့ပုံ့က ခုတလော နေမကောင်းဘူး ရယ်။  လူ ပြုစားတာလေ။  ဗူးသွင်းထားတာလို့   ဆေးဆရာက ပြောတယ်။ ကလေးက  မျက်ကြောကြီး စင်းပြီး၊ မျက်လုံးကြီး တချက်တချက်လှန်ကြည့်နေတာ။  အဲဒါ ပူတူးမ ဆေးရုံဆင်းမှ ဆက်ကုရမယ်” တဲ့။  “ဟုတ်ပါ့မလား အဒေါ်ရယ်၊ ဒီလို ကလေး သေးသေးလေးကို” ကို မရဲတရဲ ကန့်ကွက်မိတော့ သူက အခိုင်အမာ ဆက်ပြောနေပြန်သည်။  အင်း- ဒီကလေးကို မုံ့ကျွေးမိတဲ့အထဲမှာ ကိုယ်လဲ ပါတယ်ဆိုတော့ မတော်တဆ စွပ်စွဲခံရမဲ့ အရေး ကျောတောင် ချမ်းလာ သလိုလိုပဲ။  “ဒါဆို ပယောဂဆရာနဲ့  ပြတာလဲပြ၊   တဖက်ကလည်း ဆရာဝန်နဲ့  ပြပြီး ကု ပေါ့နော်၊ နှစ်ဖက်လုံး ဆိုတော့ စိတ်ချရတာပေါ့”  လို့    ပြောကြည့်တော့ စိတ်မပါတပါနဲ့   ခေါင်းညိတ် ပြသည်။  ကျမ တော်တော်လေးတော့ ရင်လေးမိပါသည်။  ဖြူစင်တဲ့ ပန်းကလေးတပွင့်  နွမ်းကြွေမှာ စိုးမိသည်။ 


++++++++++++++++++++++

ဒေါ်သိန်းနုနဲ့   တွေ့ပြီးမှ နောက်ထပ် ဆင့်ပွား တွေးစရာတွေ ရလာပြန်သည်။  ကျမတို့ ငယ်ငယ်က သင်ခဲ့ရတဲ့ “အင်နားရှား” အကြောင်း။  ရပ်နေတဲ့ အရာတခုခု စရွေ့ဖို့ဘဲ ဖြစ်ဖြစ်၊   ရွေ့နေတဲ့အရာတခု ရုတ်တရက် ရပ်လိုက်ရင်ပဲဖြစ်ဖြစ် ခက်ခဲတဲ့အကြောင်း။  “အင်နားရှား” ကို “နေမြဲ နေလိုမှု၊ သွားမြဲသွားလိုမှု” လို့  ဆရာမက  အဓိပ္မါယ် ဖွင့်ခဲ့သည် ထင်သည်။  ဥပမာကတော့ - ရပ်နေတဲ့ ရထားထွက်ချင်မှာ တုန့်ကနဲ နောက်ပြန်ဆွဲတာ၊   သွားနေတဲ့ကား ရပ်ချိန်မှာ လူတွေ ရှေ့ကို ငိုက်ကနဲ ဖြစ်သွားတာ။  အဲဒီဥပမာနဲ့ စဉ်းစားတော့  “အင်း- တို့လူမျိုးတွေ တော်တော် အင်နားရှား ကြီးတာပဲ” လို့    မှတ်ချက်ချမိပြန်သည်။ 

Monday, 30 August 2010

“အမွှေးတိုင် “ကို မုန်းသည်

တီဗွီခလုတ်ကို ဖွင့်လိုက်တာနဲ့   ဖန်သားပြင်ပေါ်မှာ မကြာမကြာတွေ့ရလေ့ရှိတဲ့  “လိုတရ” “ကံပွင့်”  “အောင်သိဒ္ဒိ” “ရွှေပြည့်ငွေလျှံ“ “၀င်းဝင်း“ ဆိုတဲ့ အမွှေးတိုင်၊ နံ့သာတိုင် ကြော်ငြာတွေ .............. .။ ကြော်ငြာ မင်းသမီး ချောချောလှလှလေးက ဧရာမ စိန်လက်စွပ် ပြူးပြူးကြီးဝတ်ထားတဲ့ သူ့လက်ချောင်း လှလှလေးတွေနဲ့    အခိုးအငွေ့ တလူလူထွက်နေတဲ့  အမွှေးတိုင်ချောင်းတွေကို ဘုရားမှာ ကပ်လှူပူဇော်နေဟန်၊  မစားရ ၀ခမန်း ကြော်ငြာစာသားတွေ၊ လိုအင်ဆန္ဒတွေ ပြည့်ဝလို့ ပြုံးပျော်နေပုံ ဟန်ပါပါ လှုပ်ခါယမ်းပြီး သရုပ်ဆောင်လိုက်တာများ  ကြည့်ရင်းနဲ့  အမွှေးတိုင်ထုပ်တွေ ဒါဇင်လိုက်ဝယ်ပြီး ဆုတောင်းပစ်ချင်စိတ် ပေါက်သွားစေရမယ်။
ဒီ လှပတဲ့ မြင်ကွင်းရဲ့နောက်မှာ မလှပတဲ့ အဖြစ်အပျက်ကလေးတွေ ရှိနေပါတယ်။ 
မြန်မာတပြည်လုံးအတွက် အမွှေးတိုင်တွေကို အဓိက ထုတ်လုပ်နေတာကတော့ ရေစကြိုမြို့နယ် ကပါ။  ရေစကြိုက နံမည်ကြီး ရှင်မတောင်သနပ်ခါးထွက်သလို ပါတ်ဝန်းကျင်ကရွာတွေမှာလည်း သနပ်ခါးခြံတွေ အများအပြားရှိကြပါတယ်။ သဘာဝပေါက်ပင်ဖြစ်တဲ့ သနပ်ခါးဟာ ပူပြင်း ခြောက်သွေ့တဲ့ ရာသီဥတု ကိုမှ အလွန်ပဲ နှစ်သက်ပါတယ်။ ရှင်မတောင်လို ကျောက်သားဆန်တဲ့မြေပေါ်မှာဆို ပိုကျစ်ပြီး ပိုမွှေးတော့တာဘဲ။  ( လွန်ခဲ့တဲ့ နှစ် ၂၀-၃၀ လောက်အထိ တခြားသီးနှံစိုက်ဖို့အတွက် သဘာဝပေါက်ပင်သနပ်ခါးကို တူးတောင်ထုတ်ပစ်ရပါသတဲ့။ အခုတော့ ၀င်ငွေကောင်းတဲ့ အပင်တမျိုးအဖြစ် စီးပွားဖြစ် စိုက်လာကြပါပြီ။)  မူလက အဲဒီ သနပ်ခါး ပင်စည်တွေရဲ့  ကြိတ်ဖတ်တွေကနေ အမွှေးတိုင် ထုတ်လုပ် လာခဲ့ကြတာပါ။  နောက်ပိုင်း တော့ သနပ်ခါးပင်တွေ ရှားပါးခဲ့ပြီမို့  မကျည်းသားကိုကြိတ်၊ အမွှေးနံ့ရောစပ်ပြီး လုပ်ကိုင် လာကြရာကနေ  အခုနောက်ဆုံး ရရာသစ်သားကိုကြိတ်ပြီး ပြုလုပ်လာကြပါပြီ။ အကျိုးဆက် အနေနဲ့   ပူပြင်းတဲ့ ဒီဒေသမှာ အပင်တွေ နည်းသထက်နည်းလာလို့  အပူရှိန်ပိုပြင်းလာ၊ မိုးတွေလည်း ပိုနည်းလာနေပါတယ်။

နောက် အမွှေးတိုင်လိပ်ဖို့အတွက် ၀ါးတွေကို ဂန့်ဂေါဒေသကနေ ၀ယ်ယူပါတယ်။  တပေလောက်ရှည်တဲ့ ဖြတ်ပြီးသား ၀ါးပိုင်းကလေးတွေကို အိတ်ထဲသွတ်ပြီး ရောင်းကြ၀ယ်ကြတာပါ။ အောက်ကလို ပီနံအိတ်တစ်အိတ်မှ တထောင်ပဲရပါတယ်။  ဒါတောင် အစိုအခြောက် စိတ်တိုင်းမကျရင် မ၀ယ်ပါဘူး။ မတန်တဆ ဈေးနှိမ်ထားမှန်းသိသိနဲ့  လည်း ရှောင်လွှဲလို့မရတဲ့ စားဝတ်နေရေးကြောင့်  တနေ့တနေ့   ၀ါးပင်ပေါင်းများစွာ ခုတ်လှဲနေကြပါတယ်။

လက်လုပ်လက်စားတွေက အဲဒီ ၀ါးဆစ်ပိုင်းကလေးတွေကို အမွှေးတိုင်ချောင်းအရွယ် အနေတော် အစိတ်သေးသေးကလေးတွေ ခွဲပြီး ကွန်ကရစ် သို့မဟုတ် ကတ္တရာလမ်းလို မျက်နှာပြင်ခပ်ကြမ်းကြမ်းမှာ ၀ါးစိတ်ရဲ့အနားစောင်းတွေ ချောသွားအောင် လှိမ့်ရပါတယ်။ ပြီးတော့ အစည်းကလေးတွေစည်းပြီး ကုမ္မ္မဏီကို သွင်းရပါတယ်။

အမွှေးတိုင်လက်ခစားလုပ်တဲ့ ကလေးမလေးများကျတော့ အမွှေးတိုင်ကုမ္မ္မဏီကပေးတဲ့  ကြိတ်သားအနှစ်တွေနဲ့   ၀ါးချောင်းစည်းကလေးတွေကို ယူပြီး အမွှေးတိုင် “လှိမ့်”ကြပါတယ်။  လက်ခအနေနဲ့  အချောင်း ၂၀၀ ပြီးရင် ၁၅၀ ကျပ်ရပါတယ်။  လက်မြန်ရင်မြန်သလို တနေ့လုံးကို အချောင်း ၆၀၀ ကနေ ၈၀၀ အထိ ပြီးအောင်လုပ်နိုင်ကြတာမို့  တနေ့ဝင်ငွေက ၅၀၀-၆၀၀ ကျပ်ပါ။ တနေကုန် ခါးချိအောင်လုပ်ရပေမဲ့ ၀င်ငွေက မြို့ပေါ်က ကလေးမုန့်ဖိုးလောက်ပဲ ရကြရှာတာပါ။  ဒါပေမဲ့ အလုပ်မရှိတဲ့ တောသူတောင်သား တွေအတွက် ကောက်ရိုးတမျှင်ပါဘဲ။  ရွာတွေမှာရှိတဲ့ အဲဒီလို အလုပ်မရှိကြတဲ့ ကလေးမလေးတွေအတွက် ဘယ်လိုဝင်ငွေရမဲ့လုပ်ငန်းတွေ ထူထောင်ပေးကြမလဲ ဆိုတာ  လူတိုင်း စဉ်းစားအဖြေရှာသင့်တဲ့ ပုစ္ဆာတပုဒ်ပါ။



ကဲ-  ကုမ္မ္မဏီကြီးများအနေနဲ့ကတော့ လုပ်ပြီးသား အမွှေးတိုင်ချောင်းတွေကို အဆင်သင့် လှလှပပ တံဆိပ်ရိုက်ထားတဲ့ အိတ်တွေထဲကိုသွတ်၊ ကားကြီးကားငယ် အသွယ်သွယ်နဲ့   အရပ်ရပ်ကို ဖြန့်ဖြူးရောင်းချရုံပါဘဲ။  သူတို့က လူကြားကောင်းအောင် သစ်ပင်ပြန်စိုက်တယ် ဆိုပြီး မြေတွေဝယ်၊ သနပ်ခါးခြံတွေ ချကြပါတယ်။  ဒါဟာလဲ သူတို့ကြွယ်ဝဖို့  နှစ်ရှည်ရင်းနှီးမြှုပ်နှံမှုတခုသာပါ။   ဟိုမှာဒီမှာ လှူကြတန်းကြတာတွေလဲ ကြားပါတယ်။  ဒီလောက်နဲ့  ပြည့်စုံပြီလို့  ဆိုနိုင်မလား။ တကယ်ဆို အများပိုင်မြေမှာ တမာ၊ ထနောင်း၊ ဇီး၊ ရှား တွေကိုရော စိုက်ပေးရမှာ မဟုတ်လား။

Saturday, 28 August 2010

“ကွမ်း“ကိုမုန်းသည်

  
ကျမ ငယ်ငယ်ကတော့ ကွမ်းကို အတော်ချစ်ခဲ့ပါတယ်။  အဖိုးအဖွားတွေရဲ့ အိမ်ရှေ့ဧည့်ခန်းမှာ  ရေနွေးဗန်းနဲ့အတူ ကြေးကွမ်းအစ် အရွယ်ခပ်လတ်လတ်တလုံးကို အမြဲချထားတာ မှတ်မိနေတယ်။ ( အလှူအတန်းတွေ ဆိုရင်တော့ ဗုဒ္မ၀င် ဇာတ်တော်ပုံတွေ ရေးခြယ်ထားတဲ့ ကျောက်ကာ ယွန်းကွမ်းအစ်ကို ထုတ်သုံးလေ့ရှိပါတယ်) ကြေးကွမ်းအစ်ကလေးရဲ့ အောက်ဆုံးအဆင့်မှာ ရေဆွတ်ထားတဲ့ ကွမ်းရွက်ကလေး တွေ စီစီရီရီ ရှိပြီး၊ အလယ်ဆင့်မှာ ကွမ်းသီးစိတ်၊ စမုံစပါး၊ ဆေးရွက်ကြီးထည့်ထားတဲ့ အံကလေး၊ အပေါ်ဆုံးမှာတော့ ကြေးထုံးဘူး နဲ့   သံကွမ်းညှပ်ကလေးတင်ထားလေ့ ရှိပါတယ်။ ကွမ်းဓလေ့က အိန္ဒိယကစပြီး မြန်မာပြည်ကို ဘယ်တုန်းက ရောက်ခဲ့မှန်းတော့မသိ။  ဟိုးရှေးရှေးကတည်းက  လာသမျှဧည့်သည်ကို ကွမ်း၊ ဆေး၊ လက်ဖက် တည်ရတယ် ဆိုတာ လူမှုထုံးစံ လိုဖြစ်နေတာ ကလား။ ကျမကတော့ စမုံစပါးကလေးတွေကို တမြုံမြုံ့ဝါးရတာ သိပ်သဘောကျပါတယ်။  အဖွားက ကွမ်းရွက်ကလေးကို အရိုးဆိတ်၊ အရွက်ထိပ်ဖျားတွေဆိတ်၊ ထုံးဘူးထဲ လက်ညှိုးကလေးနဲ့ ကော်တဲ့ပြီး အကြောယှက်တဲ့ ခပ်ကြမ်းကြမ်း ကွမ်းရွက်ရဲ့ ကျောဖက်အခြမ်းကလေးကို အသာအယာသုတ်၊ ကွမ်းသီးစိတ်ထည့်၊ စမုံစပါးကလေးဖြူးပြီး။ သုံးထောင့်ချွန်ကလေးခေါက်လို့  ပါးစပ်ထဲထည့်လိုက်တာကို ကြည့်ကောင်းကောင်းနဲ့  ငေးတတ်ခဲ့ပါတယ်။  “ကွမ်းရွက်ကို ဘာလို့ အဖျားဆိတ်ရတာလဲ အဖွားရဲ့“ လို့ စပ်စပ်စုစုမေးတော့ “ကွမ်းရွက်ဖျားကို ဘီလူးစောင့်တယ်ကွဲ့၊ အဲဒါကြောင့် အန္တရာယ်ကင်းအောင် ဆိတ်တာ”။  ဘယ်ကစခဲ့တဲ့ အယူမှန်းမသိပေမဲ့  ကလေးပီပီ ယုံခဲ့တာပါဘဲ။  

ကွမ်းအစ်ရဲ့ မရှိမဖြစ် အတွဲက ထွေးခံ(ထွေးအင်) ပါ။  “သွေးသောက်ညီနောင်“ လို့တောင် အမည်ပေးလို့ရတယ်။ ကွမ်းတမြုံ့မြုံ့ဝါးပြီးတိုင်း ထွေးခံထဲကို ကွမ်းသွေးနီနီရဲရဲတွေ ထွေးထွေးပစ်ကြရတာကိုး။ လူသိများတဲ့ ရှေးရှေးကဗျာတပုဒ်ကတော့-  “တံတားဦးက ကွမ်းနုဝါ၊ ငမြာကဆေး၊ ကွမ်းသီးတောင်ငူပ၊ စစ်ကိုင်းထုံးဖြူ၊ ပြည်ရှားနှင့် သာဝါးလို့ထွေး” တဲ့။  ကွမ်းစားရတာ နောက်ဆုံးတော့ ဗိုက်ထဲကို ဘာမှမရောက်ပဲ ကုန်တာမို့   “အရည်မရ၊ အဖတ်မရ“ဆိုတာ ကွမ်းစားတာကို ပြောတာ တဲ့ ။  (စကားချပ်- သုမောင်ရဲ့ “ကွမ်းစကား” ကို သတိရသေးတော့သည်။ သူက သူ့ဆောင်းပါးတွေဟာ ကွမ်းဝါးသလို မယ်မယ်ရရ မရှိတဲ့ စာမျိုးမို့လို့ပါလို့ ဆိုသည်။ တကယ်ကတော့ နားထောင်ကောင်းတဲ့လေသံလေးနဲ့  ပြောပြတတ်တဲ့ မှတ်မှတ်ရရ အကြောင်းလေးတွေပါ)  

ဘုန်းတော်ကြီးကျောင်းတွေမှာဆို ကွမ်းက မရှိမဖြစ်။  အလှူအတန်း ဆိုလည်း မပါမဖြစ်။ ကြည့်လေ- အလှူငွေစာရင်းခေါင်းစဉ်ကိုက “ဆွမ်းကွမ်းဝေယျာဝစ္စ”တဲ့။  ဆွမ်းပြီးရင် ကွမ်းက ဒုတိယ အရေးအကြီးဆုံးလို ဖြစ်နေတာ။  လူမှုနယ်ပယ်မှာ ကွမ်းက အဲဒီလောက် မျက်နှာပွင့်ပုံများ။ နောက်ပြီး  ကြည့်လိုက်ဦး  အလှူအတန်းတွေမှာ ရပ်ရွာရဲ့ အချောဆုံးအလှဆုံးမိန်းကလေး ကိုင်ရတာက “ကွမ်းအုပ်”ပါ၊ သူမရဲ့ ဂုဏ်ပုဒ်အမည်က “ကွမ်းတောင်ကိုင်” တဲ့။  ဒီတော့ ခြုံပြောရရင် ကွမ်းဆိုတာ မြန်မာမှုနယ်ပယ်မှာ နှယ်နှယ်ရရ  ပေါ့သေးသေးတော့ မဟုတ်ဘူးပေါ.လေ။

Sunday, 4 July 2010

အရှူံး

(ညက အာဂျင်တီးနားကို အားပေးမိပါတယ်... ဂျာမနီက ကိုယ်ရင်းနှီးတဲ့၊ သံယောဇဉ်ရှိတဲ့ နေရာ၊ ဂျာမန်အသင်းက ကိုယ်အထင်ကြီးတဲ့အသင်း ပေမဲ့ ဘလော့သူငယ်ချင်းတယောက်နဲ့  အသေအချာ သဘောတူထားတဲ့အတိုင်း အာဂျင်တီးနားဖက်ကပဲ ၀င်ခံစားခဲ့ပါတယ်။ သိတဲ့အတိုင်း အရှုံးကြီး ရှုံးတော့တာပါဘဲ၊ သုံးဂိုးဝင်တဲ့အထိ ( တစ်လုံးလောက်....... တို့ အရှက်ပြေအောင်  တစ်လုံးလောက်) လို့ တဖွဖွရွတ်နေသေးတယ်။ ပွဲပြီးလို့ လေးဂိုးပေးလိုက်ရတော့ အသည်းမကွဲပေမဲ့ ရင်မှာဆို့နင့်နင့်ကြီးပေါ့။ တို့ မမကြီး အင်ဂျလာ မာကယ်လ်ကတော့ ပြုံးလို့ပျော်လို့  .......။ အာဂျင်တီးနား နံပါတ်(၂၀)က ငိုကြွေး လို့။  သတိရမိတဲ့ သီချင်းကလေးတပုဒ်က Madonna  ရဲ့  Evita ထဲက “ Don't cry for me, Argentina ” ။ ဒါနဲ့ဘဲ အရှုံးနဲ့ ပါတ်သက်လို့  တွေးဖြစ်တာလေးတွေ ချရေးချင်လာတယ်။)


“အရှုံး” ကို ဘယ်သူမှမကြုံချင်ပါ။  
ဒါပေမဲ့ မရှုံးဘူးတဲ့သူ လောကမှာ ရှိပါသလား။   
လူတိုင်း တချိန်မဟုတ်တချိန် အရှုံးကိုရင်ဆိုင်ဘူးကြမှာပါ။

တချို့ က ကိုယ့်အရှုံးအတွက် တရားခံရှာတယ်။ "Bad carpenter blames on the tools" ဆိုတဲ့ စကားလေးလိုပေါ့။  နောက် ဆရာကြီး အောင်ထွန်းသက်မျှဝေဖူးတဲ့ စကားလေးတခွန်းက( ရှုံးတဲ့အခါ မှန်ကြည့်ပါ၊ အောင်မြင်တဲ့အခါ ပြူတင်းပေါက်ကို ကြည့်ပါ) တဲ့။   တခါတလေကျ လူတွေက ရှုံးတဲ့အခါ ပြူတင်းပေါက်ကို ကြည့်တယ် (သူများကြောင့်ရှုံးတာ)၊ အောင်မြင်ရင် မှန်ကြည့်မြဲ (ငါတော်လို့)။
အရှုံးဖြစ်စေခဲ့တဲ့ ကိုယ့်အမှားကို ကိုယ်မှန်မှန်ကန်ကန် သိမှ နောက်တကြိမ် မမှားတော့မှာပေါ့။
(ဒီနေရာမှာ ရှုံးတိုင်းမမှားသလို၊ နိုင်တိုင်းလည်းမမှန်ဘူး ဆိုတာတော့ ဖြည့်ပြောချင်ပါသေးတယ်...။ မှန်လည်းမှန် နိုင်လည်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ။)

အရှုံးကို ဘယ်လိုရင်ဆိုင်သလဲဆိုတာ အရေးကြီးပါတယ်။ 
လဲကျရာက အကြိမ်ကြိမ်ပြန်ထဖို့။  ငယ်ငယ်က သင်ခဲ့ဖူးတဲ့ (မပုကြွယ် နဲ့ ခရုငယ်) ( စစ်ရှုံးဘုရင်မင်းကြီးနဲ့  ပင့်ကူကလေး) ပုံပြင်တွေထဲမှာ လူက တိရိစ္ဆာန်တွေရဲ့ ဇွဲသတ္တိကို အတုယူခဲ့ရတယ် မဟုတ်လား။

ကိုယ့်ဘ၀ထဲက ကြုံဖူးသမျှ အရှုံးတွေကို ပြန်စဉ်းစားမိခဲ့တယ်။
အသေးစား အရှုံးကလေးတွေမပါရင်တောင် ဘ၀မှာအကြီးအကျယ်ရှုံးခဲ့တာ သုံးကြိမ်။
မျက်ရည်တွေ ပင်လယ်ဝေလို့။  ကမ်းမမြင်လမ်းမမြင် ပင်လယ်ပြင်မှာ လှေကလေးတစင်းနဲ့ မြောနေသလို။
ကူကယ်ရာမဲ့ ခံစားချက်တွေနဲ့။  တွေဝေနေတယ်။ နာကျင်နေတယ်။ ဘ၀ကို အရှုံးပေးရတော့မလား။
ဟင့်အင်း-  ဆက်လှော်မယ်၊ ဆက်လှော်ရမယ်။ ဒါဟာ ယာယီ အရှုံးတွေပါ......။
ကိုယ်ဖတ်ခဲ့ဘူးတဲ့ စာတွေ၊ ဘ၀ သင်ခန်းစာတွေက ”အား”တွေ ဖြစ်လာတယ်။
ကြင်နာဖေးမ တတ်တဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေက ကမ်းခြေကို တွန်းပို့မဲ့  ”လှိုင်း”နဲ့”“လေ” ဖြစ်လာတယ်။
ဒီလိုနဲ့  ပဲ သာယာတဲ့ ကမ်းခြေကို ဘ၀လှေက ပြန်ချဉ်းကပ်နိုင်ခဲ့တယ်...။
ဒီလိုနဲ့  ပဲ အရှုံးရဲ့ ထာဝရသားကောင်ဘ၀က လွတ်မြောက်ခဲ့ရပါတယ်။

ဖန်ခါးသီးလေးတစ်ကိုက်က ပါးစပ်ထဲမှာ ခါးသက်တဲ့အရသာကို ပေးခဲ့ပေမဲ့  စက္ကန့်ပိုင်းအတွင်းမှာပဲ ချိုမြိန်မှုကို ဖန်တီးပေးခဲ့တယ်။  ဒီလိုပဲပေါ့..........
အရှုံးက ဘ၀ကို အသားမာတက်၊ လူကို ရင့်ကျက်စေတယ်။
အရှုံးက နည်းလမ်းကောင်းတွေကို ရှာတွေ့စေတယ်။
အရှုံးက သူငယ်ချင်းကောင်းတွေကို တင်ကျန်စေခဲ့တယ်။
အရှုံးက ခွန်အားသစ်တွေ မွေးထုတ်ပေးတယ်။
အရှုံးက သင်ခန်းစာကောင်းတွေကို ပေးတယ်။
အရှုံးက မွေးထုတ်လိုက်တဲ့ အောင်မြင်မှုကိုရရှိတဲ့အခါ ပိုပြီးချိုမြိန်စေခဲ့တယ်။
အရှုံးက   ...............ကိုယ်မသိသေးတဲ့ အရာပေါင်းများစွာကို သိမြင်လာစေခဲ့တယ်.....

အချိန်ဆိုတာ အကောင်းဆုံး ဆေးသမားပါ..
ဇွဲရှိပါ..သတ္တိရှိပါ...... အကောင်းမြင်ပါ....
အချိန်ကိုက် ဆောင်ရွက်နိုင်ပါစေ.....
အရှုံးနဲ့   အနိုင် ဆိုတာ ဒင်္ဂါးတပြားရဲ့ ခေါင်းနဲ့ ပန်းပါ.........




မိုးစက်ပွင့်

Saturday, 27 March 2010

ကာရံလွဲသော ဆိုင်းဘုတ်များ

ခရီးသွားတိုင်း ပျင်းပျင်းရှိရင် ဆိုင်းဘုတ်တွေကို ငေးမော ဖတ်ရှူမိပါတယ်...။
ဆိုင်နံမည် လှလှလေးတွေ၊ စိတ်ကူး ကောင်းကောင်းလေးတွေ  မြင်ရင်လည်း သြော်- တွေးတတ်လိုက်တာ ဆိုပြီး ချီးကျူးမိပါရဲ့။ တစ်ချို့က ရိုးရိုးလေးနဲ့ယဉ်ပြီး တစ်ချို့က ဆန်းဆန်းလေးနဲ့လှပါရဲ့။ တစ်ချို့က တုံးတိတိကြီးတွေ။  တစ်ချို့က နေရာတိုင်းမှာ မြင်နေကျ ဆီသည်မလက်သုတ် အမည်တွေ။ တချို့ကတော့ ချစ်စရာ ဟာသလေးတွေစွက်လို့။   ဥပမာ- “ဒေါ်ရိတ်ကြီး“ “ဒေါ်ရမ်းချက်” ”နောက်တစ်ပွဲဗျို့” ဆိုတဲ့ စားသောက်ဆိုင် အမည်တွေ။

ကျွန်မကတော့ ဆိုင်းဘုတ်တွေကို ဖတ်ရင်း ဆိုင်ရှင်ရဲ့ စိတ်နေသဘောထား၊  ဗဟုသုတ ရှိမရှိ၊  အသက်ဘယ်လောက်ရှိမလဲ စသဖြင့် ခန့်မှန်းတွေတောရင်း အပျင်းဖြေတတ်ပါတယ်။  ဗေဒင်ဆရာတို့ သူငယ်ချင်းတို့က ပေးထားတာလည်း ဖြစ်နိုင်တာပဲဆိုပေမဲ့  mind game တစ်ခုအနေနဲ့ပါ။  ကျွန်မအမြင်ကတော့ လူမြင်ကွင်းမှာထားမဲ့ ဆိုင်းဘုတ်တစ်ခုဟာ  အမည်လှသည်ဖြစ်စေ မလှသည်ဖြစ်စေ အနိမ့်ဆုံးအနေနဲ့   အဓိပ္ပါယ်၊ သတ်ပုံကာရံ မှန်ကန်တည့်မတ်ဖို့  ဂရုစိုက်သင့်တယ် လို့ ထင်ပါတယ်။

သတ်ပုံလွဲတာကို ပထမဦးဆုံးပြောချင်ပါတယ် ။ မြို့လည်ခေါင်ကြီးမှာတောင် ပြူးပြူးပြဲပြဲ အမှားတွေက တွေ့ရတတ်သေး။  ”အပ်ခြုပ်ဆိုင်” တဲ့။ ကဲ- ခြုပ် တာလား၊ ချုပ်တာလား။  နောက်ပြီး ဘိုဆန်ဆန် ” Tupid"  တဲ့ ("Cupid" ကို ဆိုလိုချင်တာ ထင်ပါရဲ့ )။ ကျွန်မကတော့ "S" တစ်လုံးတိုးပြီး  "Stupid" လို့ ရေးစေချင်တာ :-) သွားလည်းမပြောရဲဘူး။  "ငါ့ဟာငါ တမင်ရေးထားတာ နင်နဲ့ဘာဆိုင်လဲ" ဆိုရင် ပြန်ကောရင် မခက်ပါလား။ (ကျွန်မရဲ့ ဘလော့ပို့စ်တွေမှာ  သတ်ပုံ သိပ်မှန်တယ်လို့  မပြောလိုပါ။  တဖြည်းဖြည်း အမှားနည်းအောင်တော့ ကြိုးစားနေပါတယ်။  ဆိုင်းဘုတ်တစ်ခု တပ်ရတော့မယ်ဆိုရင်တော့ ကျိန်းသေ ပိုဂရုစိုက်မှာပါ - CYA :-) )
တချို့ဆိုင်းဘုတ်တွေကတော့ မှားမှားယွင်းယွင်း ရယ်ချင်စရာလေးတွေ။ ဥပမာ-  တမြန်မနှစ်က “၀”နယ်ဖက်ကို ခရီးသွားတုန်းက ဖတ်ခဲ့ရတဲ့ ဆိုင်းဘုတ်တွေပါ။  သူတို့က ဗမာစာကို လုံးလုံးမသိသူတွေပါ။ အခွန်တစ်ဝက်သက်သာချင်ရင် ဗမာလို ဆိုင်းဘုတ်ထောင်ရမယ်ဆိုလို့   မတတ်တတတ် လူတစ်ယောက်ကို ဘာသာပြန်ခိုင်း ရေးခိုင်းထားပုံပေါ်တယ်။ တရုတ်စာလုံးတွေကို တစ်လုံးချင်း ဘာသာပြန်ပြီး  အပေါ်ကတော့ ကျွန်မ မဖတ်တတ်တဲ့ တရုတ်စာပေါ့။  အောက်က ရေးထားတာကို ကြည့်ပါဦး....။
-  ကား မှတ်တိုင်ကို  ”ကားစောင့်စီး တိုက်ကြီး”
- ငါးအကင်ဆိုင်ကို  ”ငါး ဖုတ် ရောင်း ဆိုင်”
- ထမင်းဆိုင်ကို ” ဆိုင် ထမင်း”
ဝေ ဟင် ယံ လူသား အနှိပ်ခန်း”  ( လူပျံတော် အနှိပ်ခန်း )
အနီ အနီ နှိပ်သည်”  ( နီနီ အနှီပ်ခန်း )
” ရေစုန် ရေဆန် အနှိပ်ခန်းမ” ( မြစ်ဧရာ အနှိပ်ခန်း )
ဘာကိုဆိုလိုသလဲဆိုတာ ဘေးက တရုတ်စာဖတ်မှဘဲ သဘောပေါက်နိုင်မှာပါ။ အနီးစပ်ဆုံး ဖြစ်နိုင်ခြေတွေကို လက်သဲကွင်း ထဲမှာ ပြထားပါတယ်။ ဒီကြားထဲ သတ်ပုံတွေကလည်း ခွက်ခွက်လန်အောင် မှားလိုက်သေးတယ်။  ကြာပြီဆိုတော့ အကုန်မမှတ်မိတော့ဘူး။ မှတ်တမ်းတင် ဓါတ်ပုံရိုက်မထားလိုက်ရတာ နာတာပဲ။  သူငယ်ချင်းတရုတ်မလေးကို နင်ကမှားနေတယ်လို့ပြောပြီး ပြင်ပေးလိုက်ပါလား လို့အကြံပေးမိသေးတယ်။  သူက နေပေလေ့စေ- ဒါ ဒေသဆိုင်ရာ အမှတ်လက္ခဏာတစ်ခုဘဲ  တဲ့။  အင်း- ဒါလဲ ဟုတ်တုတ်တုတ်ပါပဲ။  အပြန်ကျတော့လည်း နှုတ်ဆက်ဆိုင်းဘုတ်ကလေးက  ”ခရီးလမ်းမှာ မောပါစေ” တဲ့။  ချောမောပါစေလို့ ပြောချင်တာထင်ပါရဲ့ ။ ဟူး မောလိုက်တာ :-)

ကာရံလွဲတဲ့အကြောင်းနဲ့ပါတ်သက်လို့   နယ်စပ်တစ်နေရာရဲ့ ဖြစ်ရပ်မှန် ဟာသလေးတစ်ခု ပြောပြချင်ပါတယ်။  ဈေးနားမှာ ဖွင့်ထားတဲ့ NGO အဖွဲ့တစ်ခုထဲကို လူ သုံးလေးယောက် ၀င်လာပြီး “အနှိပ်ခံချင်တယ်” လို့ပြောပါသတဲ့။  ၀န်ထမ်းတွေလည်း မျက်လုံးမျက်ဆံ ပြူးကုန်တာပေါ့နော်။  သေသေချာချာ မေးကြည့်တာ့မှ သူတို့က စာမဖတ်တတ်ပါဘူးတဲ့။ ဈေး အရောင်းအ၀ယ်လာရင်း ရုံးရှေ့ ဆိုင်းဘုတ်က လက်တွေအများကြီးတွဲယှက်ထားတဲ့ Logo ကို ကြည့်ပြီး အနှိပ်ခန်းလို့  ယူဆမိပါသတဲ့။  ဒီဖြစ်ရပ်လေးရဲ့ သင်ခန်းစာကတော့ ဆိုင်းဘုတ်တွေမှာ ဘာပဲရေးထားထား ဖတ်တဲ့သူရဲ့ အခြေအနေနဲ့ ယူဆချက်ပေါ်မှာ အခြေခံပြီး အဓိပ္ပါယ်ကွဲသွားနိုင်တာပါပဲ။  ကာရံလွဲသွားတယ်လို့  ကျွန်မက အမည်ပေးချင်ပါတယ်။

အများကြီးရှိသေးတယ်။  မြို့လည်ခေါင်တွေ၊ လမ်းဘုတ်တွေမှာ ကာရန်လွဲသော ဆိုင်းဘုတ်အကြီးကြီးတွေ။  အရောင်တောက်တောက်တွေနဲ့။  သတ်ပုံမှန်ပေမဲ့ ကာရံလွဲနေတာတော့ အမှန်ဘဲ.....။ အဲဒါတွေအကြောင်းတော့ အသေးစိတ် ဆက်မပြောပါရစေနဲ့တော့။  တော်တော်ကြာမှဖြင့် -------------@@@@-----------။

မိုးစက်ပွင့်
photo credit:  fotosearch.com

Friday, 19 March 2010

ကိုယ်လဲလေ လောကီသားပေမို့

ဖြစ်နိုင်ရင် ဘလော့မှာ ပျော်စရာတွေပဲ ရေးချင်တယ်....ရေးဖို့ကြိုးစားတယ်....
မတော်တဆပဲဖြစ်ဖြစ် တမင်တကာပဲ ဖြစ်ဖြစ် ရောက်လာသူတွေကိုလည်း ပျော်စေချင်တယ်..
အိမ်အပြန်မှာ ပျော်စရာလက်ဆောင်လေးတွေ ပေးလိုက်ချင်တယ်။
ဒါပေမဲ့ ခုတလော ရေးမိတာက အလွမ်းကဗျာ နဲ့ စိတ်အချဉ်ပေါက်စရာလေးတွေ များနေလေရဲ့......
ကိုယ့်ဘ၀ရဲ့ လက်ရှိအနေအထားကို တစ်ခုချင်း စိတ်ဖြာကြည့်မိတယ်.....
ဖတ်ကြည့်လိုက်မှ ပိုပြီး စိတ်ညစ်စရာဖြစ်သွားရင်တောင်းပန်ပါရစေနော်..
ကိုယ်လဲလေ လောကီသားပေမို့.........

အလုပ်အကိုင်

ဆယ်စုနှစ်တစ်ခုလောက် လုပ်ခဲ့တဲ့အလုပ်ကို တစ်ခါတစ်ခါ နောက်ပြန်လှည့်ကြည့်မိတော့  စိတ်ကြေနပ်မှူတွေလည်း တော်တော်များများတွေ့ရရဲ့...။ စိတ်ပျက်အားလျော့ရတာတွေလည်း တင်းကြမ်းပြည့်။  ရက်သတ္တတစ်ပါတ်တာ ကုန်လို့ကုန်မှန်းမသိ၊  အပြေးအလွှား ပြီးဆုံးသွားခဲ့တဲ့ အချိန်တွေရှိသလို ယောင်ချာချာ ဖြစ်နေခဲ့တဲ့ အချိန်တွေလည်းမနည်း.။  ကိုယ့်အလုပ်ကို ကိုယ်နှစ်သက်တာတော့အမှန်။  

ခုတလောကတော့ စိတ်တွေတိုလို့သာနေမိသည်။ လူတွေနှင့် ငြင်းရခုန်ရတာတွေ များလာသည်။   ကိုယ်က ရှေ့အပြေးမှာ နောက်က ကြိုးကွင်းပစ်ဖမ်းနေသလို ခံစားရသည်။  ပြေးလမ်းမှာလည်း ခလုပ်ကန်သင်းတွေကပေါမှပေါ။  ခြေဖ၀ါးမှာ သွေးသံကရဲရဲ။  သက်လုံကလည်း ကျလာချင်သည်။  ပန်းတိုင်ကို သာ မြင်မနေရရင် ထိုင်ချလိုက်ချင်ပြီပေါ့။  နောက်ပြန်မလှည့်နဲ့  ...ဆက်သွား ဆက်သွား.... ရှေ့ရောက်ရင် လမ်းတွေ ကောင်းလာလိမ့်မယ်။    လူတွေဟာ ဘာဖြစ်လို့  ................  (တော်ပြီ...ဆက်မပြောချင်တော့ဘူးကွာ)

တစ်ခါတစ်ခါတော့ ဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးထိုင်ပြီး တွေးနေချင်တယ်။  (ပျင်းရင် ပျင်းတယ် ၀န်မခံဘူး) ကမ်းလင့်မယ့် ဖန်ပြာခွက်နဲ့ ကျောက်စက်ရေလေးကိုတော့ တမ်းတနေမိတယ်....။

ကျမ်းမာရေး

ငယ်ငယ်က ချူချာသလောက် ကြီးတော့ လူတကာ အောချရလောက်အောင် ကျမ်းမာလှပါတယ်။  တစ်နှစ်နေလို့ မှ တစ်ခါမဖျားတာရော၊ ခရီးကြမ်းတွေရော ခရီးဝေးတွေရော မငြီးမညူ ဆက်တိုက် သွားနိုင်လွန်းသတဲ့။  ခုတလော ကတော့ ကျမ်းမာရေးအညံ့ နည်းနည်း ပြောစရာရှိလာပါတယ်။  သူများအိမ်ကအပြန်မှာ သံတံခါးကြားလက်ညပ်၊ အခန့်မသင့်တော့ သွေးများများထွက်၊ သံတံခါးကလည်း သံချေးနည်းနည်းရှိတော့ လိုရမည်ရ  ကာကွယ်ဆေး ထိုးလိုက်ရသေးတယ်။  ဒီအရွယ်မှာတော့ မေးခိုင်ပိုးနဲ့ မသေချင်သေးပါ။ ဘာပဲပြောပြော  ဘော်ဒီဝိတ်ကတော့ ကုန်ဈေးနှုန်းအတိုင်းပဲ။ မှန်မှန်ကြီးတက်နေတော့တာ....။  အကြောင်းပြချက် အမျိုးမျိုးနဲ့  အားကစားရုံမရောက်တာလည်း တစ်နှစ်နီးပါးကို ရှိနေပြီလေ...။

အချစ်ရေး

သူကလေးနှင့် တလောက ကတောက်ကဆဖြစ်၊ ပြန်ခေါ်တော့လည်း ပြီးသွားတာပါပဲ။  သူကလည်း သူ့အလုပ်နဲ့သူ ကိုယ်ကလည်း ကိုယ့်အလုပ်နဲ့ကိုယ်။  ဘယ်လိုမှ မလျှော့နိုင်တဲ့ အတ္တတွေကြားထဲ ရွှေပြည်တော် မျှော်တိုင်းဝေး ပေါ့။  ဒီနှစ်ထဲမှာတော့ တစ်ယောက်ယောက်က ပြောင်းလဲလိမ့်မည် ထင်သည်။  တူနှစ်ကိုယ်တိုင်းပြည်ဆောက်ဖို့တော့ နီးလာပြီထင်ရဲ့။  အခုတော့လည်း မြန်မာ့ဆက်သွယ်ရေးကိုပဲ အားထားနေရတာပဲပေါ့။  အခုတလော ဖုံးပြောရတာ သိပ်မပြေချောပါ။ အလုပ်မှာရတဲ့ stress တွေကို တစ်ဖက်လူအပေါ်မှားယွင်းစွာ ပုံချမိလေသလား မသိ။  အသေးအဖွဲလေးပေမဲ့  သူကတိုလိုက် ကိုယ်က တိုလိုက်။ ကဲ ဗေဒင်ဆရာရေ ကျွန်မတို့ ဇာတာလေးများ အသေအချာ တွက် ကြည့်ပေးပါဦးနော် .......။

Thursday, 11 March 2010

ကတိ နဲ့ တန်ဖိုး

” ဟဲလို........ဖြူဖြူလား ...... နီနီပါ”
” ပြော သူငယ်ချင်း”
” ဟိုလေ ... ဒီနေ့ ချိန်းထားတဲ့ စာကြည့်တိုက်သွားဖို့ကို နီနီမလာနိုင်တော့ဘူးကွာ ... အမေက အရေးကြီးအလုပ်ခိုင်းနေလို့”
”သြော် ....အင်း”
”နောက်တစ်ခါကွာ နော် ....ဘိုင်”

ဘ၀မှာ ဒီလိုမျိုး ကိစ္စတွေကို ဖြူဖြူနေရာ (သို့မဟုတ်) နီနီနေရာမှာ တစ်ကြိမ်ထက်မက ကိုယ်တွေ့ ကြုံဖူးကြမယ်ထင်ပါတယ်။ အပေါ်က ဥပမာပေးထားတဲ့ ကိစ္စက အသေးအဖွဲဖြစ်ရင်ဖြစ်နေပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်မပြောချင်တာက ”ကတိ” နဲ့ သူ့အပေါ်ထားတဲ့ ”တန်ဖိုး” အကြောင်းပါ.။

Monday, 14 September 2009

ရေစီးကောင်း၍ မြစ်ကြောင်းဖြောင့်စေချင်ပါသည်...


ဒီရက်ပိုင်းမှာ အီးမေးလ်မှာရော အင်တာနက်မှာပါ ဆရာ လူထုဦးစိန်ဝင်းရဲ့အတ္တပရဟိတလုပ်ငန်း ဆောင်းပါး တော်တော်လေး ပြန့်နှံ့နေပါတယ် (လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်က ဆရာ့ FMA အင်္ဂလိပ်စကားပြော သင်တန်း တက်ခဲ့ဖူးတာမို့ နှုတ်ကျိုးစွာ ဆရာ လို့ခေါ်မိခြင်းပါ)။ ဆောင်းပါးထဲမှာ ဆရာက NGO လုပ်ငန်းများ အပေါ် လူငယ်များ နားလည်မှူလွဲ ရေလိုက်လွဲပြီး ကိုယ်ကျိုးအတွက် မျောက်ပြဆန်တောင်းသလိုဖြစ်သွားမှာ စိုးရိမ်တဲ့ စေတနာအပြည့်အ၀နဲ့ရေးထားတာကိုလည်း ခံစားရပါတယ်။ အိုးကိုလှစေချင်တဲ့ အိုးထိမ်းသည်က နာနာထုနှက်သလို အလွန်ထိမိတဲ့ ဆရာ့ဝေဖန်ချက်ကြောင့် အနာပေါ်တုတ်ကျဖြစ်သူတွေလည်း အများကြီးရှိမှာပါ။ ဆရာ့ကို ထောက်ခံတာ၊ ဆန့်ကျင်တာ တစ်ခုမှမဟုတ်ဘဲ ဆရာရေးတဲ့ခေါင်းစဉ်နဲ့ ဆက်စပ်ပြီး ကျွန်မ ခေါင်းထဲက ပေါ်လာတာတွေကို ချရေးမှာ ဖြစ်ပါတယ်။

ယူအင်န် တို့ အဲန်ဂျီအို တို့ဆိုတာ ချို့ငဲ့သူတွေရဲ့ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းပေးဖို့၊ အလှူရှင်တွေနဲ့ ကြားခံဆက်သွယ်ပေးတဲ့ ပေါင်းကူးတံတားလေးတွေပါ။ (ဒီနေရာမှာ ဒေါ်လာရိတ်ဖို့ အကြံအဖန်နဲ့ဖွဲ့စည်းထူထောင်ထားတဲ့ အဖွဲ့များကို မဆိုလိုပါ။) ရည်ရွယ်ချက်အားဖြင့် ကောင်းမွန်မြင့်မြတ် လှပါတယ်။ အကျိုးအမြတ်မရည်ရွယ်ဘဲ၊ လူမှူရေးသက်သက် ဆောင်ရွက်ဖို့သာ ဖြစ်ပါတယ်။ အဖွဲ့တိုင်းမှာ (၀န်ထမ်းကျင့်ဝတ် ခေါ်တဲ့ Code of Conduct) ကိုယ်စီရှိကြပြီး အခြေခံအားဖြင့် လူသားချင်းစာနာဖို့၊ ကိုယ်ကျင့်သီလ စင်ကြယ်ဖို့၊ သမာသမတ်ရှိဖို့ ဆိုတာတွေ ပါဝင်ကြပါတယ်။

ရည်ရွယ်ချက် ဘယ်လိုပင်ကောင်းကောင်း ”လူ”နဲ့ဖွဲ့စည်းထားတာမို့ လူသားသဘာဝ အဆိုးအကောင်းတွေ ရောပြွမ်းနေတာပါပဲ။ အတ္တကြီးတဲ့ ၀န်ထမ်းတွေ၊ လောဘကြီးတဲ့ဝန်ထမ်းတွေ၊ စေတနာခေါင်းပါးပြီး ကိုယ်ကျိုးရှာတဲ့ဝန်ထမ်းတွေ များလာလေလေ သက်ဆိုင်ရာ အဖွဲ့အစည်းဟာ နာမည်ဆိုးထွက်လာလေလေ ပါပဲ။

Tuesday, 21 July 2009

မက်ခီယာဗယ်လီ၊ ကံရာဇာငယ် နှင့် သုစရိတစက်ဝန်း

298567405_4a2bb377cc_mpower politics လို့ခေါ်တဲ့ အာဏာပါဝါ နိုင်ငံရေး အတွေးအခေါ်နယ်ပယ်မှာ မသိသူမရှိသလောက် ကျော်ကြားသူကတော့ အီတလီ နိုင်ငံရေးတွေးခေါ်ရှင် မက်ခီယာဗယ်လီ (Niccolo Machiavelli- 1469-1527) ပါပဲ။ ၁၆ရာစုအစောပိုင်းမှာ ကျော်ကြားခဲ့တဲ့ သှူုရဲ့ "The Prince" ဆိုတဲ့ နိုင်ငံရေးကျမ်းစာအုပ်မှာ "The End justifies the Means" လို့ ဖေါ်ပြခဲ့ပါတယ်။ အောင်မြင်ဖို့ ကိုယ်လိုချင်တာရဖို့ ဘယ်နည်းလမ်းမဆို တရားတယ်လို့ အများစုကအနက်ဖွင့်ကြပါတယ်။
အဲဒီအဆိုဟာ ကိုယ်ကျင့်ဆိုင်ရာ ပြဌာန်းချက် ကိုအလေးထားသူတွေအတွက် ရာစုနှစ် အဆက်ဆက် ဝေဖန်စရာ မေးခွန်းထုတ်စရာ ဖြစ်နေခဲ့ပါတယ်။ ဘာပဲပြောပြော အဲဒီ ဆောင်ပုဒ်ကို အင်အားကြီးသူအဆက်ဆက်က ပြိုင်ဖက်အပေါ် နည်းမျိုးစုံနဲ့အနိုင်ယူရာမှာ ကိုယ့်ကိုယ်ကိုယ်အားပေးခဲ့တဲ့ ကြွေးကြော်သံ၊ ဆောင်ပုဒ်တစ်ခု ဖြစ်နေခဲ့ပါတယ်။ 


Machiavelli ရဲ့ အဲဒီအဆိုနဲ့ပါတ်သက်ပြီးတော့ ပညာရှင် ဒေါက်တာ မော်တီမာ အက်ဒလာကတော့ လူတွေက ဖြစ်စဉ်တစ်ခုလုံးကို သေချာမစေ့ငုဘဲ ဒီအဆိုကို လိုရာဆွဲပြောနေတာလို့ဆိုပါတယ်။ (ရလာဒ်ကောင်း) ထွက်တဲ့ ဆိုးဆိုးကောင်းကောင်းလုပ်ရပ်တိုင်းဟာ (မှန်တယ်) လို့ ပြောတဲ့နေရာမှာ (ရလာဒ်ကောင်း)ဆိုတာကို (အောင်မြင်မှူ သို့မဟုတ် အောင်နိုင်မှူ) နဲ့ ထပ်တူပြုပြီးစဉ်းစားနေကြတယ်။ တကယ်တော့ အောင်မြင်မှုဆိုတာ လုပ်ရပ်တစ်ခုရဲ့ (ထိရောက်မှူ)ကိုသာ တိုင်းတာချက်တစ်ရပ်ဖြစ်ပြီး (တော်တည့်မှန်ကန်တဲ့ ရလာဒ်ကောင်း)လို့ မဆိုနိုင်ပါဘူးတဲ့။ ဆိုလိုချင်တာက (ရလာဒ်ကောင်း)တိုင်းဟာ မှန်တယ်။ ဒါပေမဲ့ (အောင်မြင်မှူ)တိုင်းဟာ (ရလာဒ်ကောင်း)မဟုတ်တဲ့အတွက် မှန်ချင်မှမှန်ပေလိမ့်မယ်။ တစ်ချို့ပညာရှင်တွေကလည်း မက်ခီယာဗယ်လီကို လူတွေက အထင်အမြင်လွဲနေကြတာပါလို့ ခုခံချေပကြတယ်။ ထားပါတော့။ လိုရင်းက "The End justifies the Means" ဆိုတဲ့ အကြောင်းကိုပြောချင်တာ။ ရေဘူးပေါက်လို့ လက်ခုပ်နဲ့သယ်သယ်၊ သူများရေပုလင်းထဲကပဲ သွန်ယူယူ၊ ခွက်ထဲမှာ ရေရှိရင်ရပြီ ဆိုတဲ့ အတွေးအခေါ်တစ်ခုအကြောင်းပါ။