Thursday 12 November 2009

ပေးဆပ်ခြင်း


မင်းလွယ်အိတ်ပြာထဲက

ဒိုင်ယာရီအဟောင်းလေး ငါဖြစ်ချင်၏
မင်းရင်ခုန်သံတွေ
အမှတ်တရ သိမ်းထားချင်မိ...။

မင်းတီးနေကျ မင်းလက်ထဲက
ဂစ်တာအိုလေး ငါဖြစ်ချင်မိ
မင်းအတွက် ချိုမြတဲ့ဂီတသံ
ဖန်ဆင်းချင်လှပါဘိ ..။

Tuesday 10 November 2009

တက္ကသီလာ ငွေရတုအလွမ်း

တက္ကသိုလ်နန်း ( တေးရေး ။ ။ တက္ကသိုလ်ဘုန်းနိုင် )
“ တက္ကသိုလ်…နန်း……မြကျွန်းပမာရည် ၊ ဆောင်နန်းမြို့ တည် ။
အောင် ခန်းမျှို့  ဝေေ၀စည် ၊ ပညာတံခွန် အောင်လံလွှင့်လို့  ၊
ကြဌာန်းမြင့် နှုန်းနေခြည် ။
အ၀ိဇ္ဇာမောဟ မြူညစ်ပျောက်မည် ။
အ၀ိဇ္ဇာလောက မူသစ်ဆောက်တည် ။
ဗြဟ္မစာရ လောကပါလ တရားစုံညီ ၊
ငြိမ်းချမ်း ပြည့်ဝ ခိုင်မြဲတည် ။
နွှဲဖက်ရွှင်ကြည် ၊ ရောင်စိုရွှင်လန်းသည် ။
ညောင်ညိုပင်စခန်း ဖြန့်  ၀န်းရိပ်လည်လည် ။
ဆုံကြတွေ့ ကြလို့  မေ့မရတာရှည် ၊
တက္ကသိုလ် သည် မေ့မရတာရှည် ၊
တက္ကသိုလ် သည်ကျွန်း ၊ မြွက်ဆိုရည်ညွှန်း ၊ ဥဒါန်းကမ္ဘာ တည် ။
တို့ ပြည် တို့ အမျိုး တို့ အကျိုးဦးတည် ။
လူ့ ပြည် လူများ လူသားဂုဏ်ရည် ။
ဆောင်ရွယ်မူချ ၊ မောင်မယ်တူပ ၊ လွန်းကြင်ရွှေဌက်မျှ ၊
ကြင်ရေးဖွဲ့ ချီ လွမ်းဖွယ်စည် ၊
ကြည်နူးဖွယ်အပေါင်းနဲ့  တို့ ကျောင်းတက္ကသိုလ်ပြည် …….။

သူငယ်ချင်း

တို့များရဲ့ မေဂျာ စ ဖွင့်တာ အခုဒီဇင်ဘာဆိုရင် ၂၅နှစ်တင်းတင်းပြည့်တော့မယ်။
၂၅ နှစ်ဆိုတာ လူသားဆိုရင် ရင့်ကျက်တည်ငြိမ်တဲ့ သက်လတ်ပိုင်းအစ လို့ဆိုရလိမ့်မယ်။
ဘွဲ့တစ်ဘွဲ့ရပြီး အလုပ်ခွင်ဝင်စ ဖြစ်လိမ့်မယ်။ မင်းတို့ ကိုယ်တို့လို ဟိုင်းကြီးကျွန်းကို တစ်ပါတ်မပါတ်ဘူးဆိုရင် အိမ်ထောင်တောင် ကျကောင်းကျနေမယ့်အရွယ်ပေါ့ကွယ်...။
စိတ်မကောင်းစရာကတော့ သူ့ခမျာ အရွယ်ကောင်းမှာ မဖွံ့ဖြိုးမဝေစည်နိုင်ဘဲ အားအင်ချိနဲ့နေတာပါပဲ...။


သူငယ်ချင်း
မင်းနဲ့ကိုယ်နဲ့ခင်ခဲ့တာ ခုဆို နှစ်၂၀ ကျော်ခဲ့ပြီနော်.........
လှိုင်နယ်မြေရဲ့ စာသင်ခန်းထဲမှာ တွေ့စက ဆံပင်ကုပ်ဝဲပျော့ပျော့လေးနဲ့ အသားဖြူဖြူ ပါးချိုင့်ခွက်ခွက်လေးနဲ့ မင်းကို ချစ်စရာလေးလို့ ကိုယ်သတ်မှတ်ခဲ့တယ်။ တိုင်းရင်းသားသွေးပါတဲ့ မင်းက ရယ်လိုက်တိုင်း မျက်ခွံမို့မို့အောက်က မျက်လုံးလေးတွေ ပိုကျဉ်းသွားတတ်လို့။ အသားလတ်လတ်၊ အရပ်ပုပု၊ ဆံပင်တိုတို၊ ရှပ်အ့ကျီင်္ဖားဖားနဲ့ ကိုယ့်ကိုတော့ မင်းဘယ်လိုသတ်မှတ်မလဲ မသိဘူး။ စတိတ်ကျောင်းမှာ ထဲက ကိုယ်က ရှေ့ဆုံးတန်းကို ထိုင်နေကျ (ကိုယ့်ရှေ့မှာ အရပ်ရှည်တဲ့သူတွေ ထိုင်ရင် သင်ပုန်းက ဆရာရေးထားတဲ့စာတွေ မမြင်ရလို့ပါ) ဆိုတော့ တက္ကသိုလ်ရောက်တော့လည်း ရှေ့ဆုံးခုံကို အူယားဖားလျား ဦးမိတာပါပဲ။ မင်းရယ် ၊ မျက်မှန်ထူထူ စာကြမ်းပိုး သီတာရယ်၊ ပုပု၀၀ညိုညိုလုံးလုံးလေး ယဉ်ပြုံးရယ်က ရန်ကုန်ကနော်။ ကိုယ်နဲ့ တောင်ငူသူလေး မခိုင်က နယ်က ပေါ့။ တို့ငါးယောက် တစ်တွဲတွဲ အတွဲညီခဲ့ကြတယ်နော်...။ အဲဒီခေတ်က ခြေသလုံးပေါ်တဲ့ ထမီတိုတိုရယ်၊ ရှပ်အကျီင်္ပွပွရယ်၊ လွယ်အိတ်အဖုထုံးရယ် အလွန်ခေတ်စားတဲ့ အချိန်ပေါ့ ...။ တို့တွေအားလုံး (တို)ခဲ့ (ပွ)ခဲ့ (ထုံး)ခဲ့ ကြသေးတယ် ....လေ။


Monday 9 November 2009

အိုရိဂါမိ ဂျပန်စက္ကူခေါက်ပညာ


အိုရိဂါမိ ဆိုတာ ဂျပန်ရိုးရာ စက္ကူခေါက်ပညာပါ။ အိုရု ဆိုတဲ့စကားရဲ့ ဂျပန်လို အဓိပ္ဂါယ်က ခေါက်တာ - ကာမိ ဆိုတာက စက္ကူ ပါ..။ ဂျီသြမေတြီဘာသာရပ်ရဲ့ ပုံသဏ္တာန်အမျိုးမျိုးကို စိတ်ကူးဆန်းသစ်တီထွင်ပြီး စ့က္ကူတစ်ရွက်တည်းကိုပဲ ကော်မသုံး ကပ်ကျေးမသုံးဘဲ ရုပ်လုံးအမျိုးမျိုး ဖြစ်အောင် ချိုးခေါက်တဲ့ ပညာရပ်ဖြစ်ပါတယ်။ တစ်ဒေါ်လာငွေစက္ကူကို ချိုးခေါက်ထားတဲ့ အောက်ပါပုံတွေကို သင် အံ့မခန်းတွေ့မြင်ရှူစားနိုင်ပါတယ်။

Thursday 5 November 2009

အငိုက်မိတဲ့အခါ

(၁)
အချစ်ဆိုတာ နှလုံးသားကိုယ်ခံအားနည်းချိန်မှာ အလစ်အငိုက် ၀င်ရောက်တိုက်ခိုက်တတ်တဲ့ ဗိုင်းရပ်စ်တစ်မျိုးလို့ မြလေးငုံထင်ပါတယ်လေ...။

XXXXXXXXXXXXXXXXX
(၂)
ငုံ တို့မေမေ အပျိုတုန်းက ကုန်သွယ်ရေးမှာ အရောင်းစာရေးမ လုပ်ခဲ့ဘူးတယ်တဲ့။ မေမေ တို့ဆိုင်မှာ ရောင်းတဲ့ ဆပ်ပြာ တို့ ယောင်းတိုင်ထုပ်တို့ အရမ်းပျောက်တာပဲတဲ့။ မေမေလဲ မကြာမကြာ စိုက် လျော်ရလို့ လခထဲက တော်တော် ထိနေတာပေါ့နော်..။ ဒါနဲ့ တစ်နေ့တော့ ယုံကြည်ချက်အပြည့်နဲ့ မေမေ့သူခိုးဖမ်းပွဲကြီးစ ပါတယ်။ သူခိုးမိအောင်ဖမ်းမယ်ဆိုပြီး ဆပ်ပြာပိုင်း ၆ပိုင်းလောက် ကောင်တာပေါ်တင်ပြီး လူက အနောက်မှာ ပုန်းစောင့်နေပါသတဲ့။ နာရီတော်တော်ကြာလာလို့ လူကသာ ညောင်းချိလာတယ်...... ဘယ်ကိုရွှေသူခိုး မရွှေသူခိုး အရိပ်မှ မမြင်ရပါဘူး တဲ့..။ ဒါပေမဲ့ သူ ထောင်ဖမ်းထားတဲ့ ဆပ်ပြာပိုင်းတွေကတော့ မရှိတော့ဘူးတဲ့....။ မေမေ ပြောပြော ပြတိုင်း ငုံ တို့ တစ်ခိခိရယ်ကြရတယ်..။ ငုံက မေးလိုက်သေးတယ်..။ မေမေ့ကို သူခိုးက စာရေးမသွားဘူးလား... နည်းတောင်နည်းသေးတယ် ...လို့..။

Tuesday 3 November 2009

အချစ်နှင့် လမ်းလျှောက်ခြင်း






အမှတ်တရ
ဗန်ဂိုးရဲ့ starry night လို
ကြယ်တွေမစုံတဲ့ည။
အဲဒီည
ကျွန်မနဲ့သူ
လက်ချင်းတူတွဲ
လရောင်ထဲမှာ
စကားချိုမြ
ဆိုခဲ့ကြ..။
အဲဒီည
လေပြေနုအေး
ဆောင်ယူသွေးတော့

ကိုင်းပွင့်ဖွေးဖွေး
ယိမ်းလို့က..။
အဲဒ်ီည
ရင်မှာ
တမ်းတ
မေ့မရ
ချစ်သူ့အပြုံး
ရွှန်းပပ
ငွေလသာတဲ့ ထိုတစ်ည...။


အောက်တိုဘာည  (တန်ဆောင်မုန်းလပြည့်ည) သို့........


လပြည့်ညလးတစ်ညမို့ အေးအေးလူလူ သူနဲ့ လမ်းလျောက်ခဲ့တယ်။ မီးရောင်လဲ့လဲ့ဖြာကျနေတဲ့ လမ်းမကြီးပေါ်မှာ လက်ချင်းတွဲလို့ ....... ဓါတ်ပုံ ၀ါသနာပါတဲ့ကိုယ်က ကင်မရာလေးနဲ့ ညအလှကို မှတ်တမ်းတင်ခဲ့မိတယ်...( လူပုံတွေတော့ မတင်တော့ပါဘူးလေ ...လှမှမလှတား-))