ပိရမစ်တွေဆီကို ရောက်ခဲ့တဲ့ မှတ်တမ်းကလေးပါ..... ပထမဦးဆုံး သွားခဲ့တာကတော့ ကိုင်ရိုနဲ့ မဝေးလှတဲ့ ဂီဇာအရပ်က ပိရမစ်(Giza's Pyramids )တွေပါ .. ဂီဇာက မြို့ထဲနဲ့ နာရီဝက်သာသာပဲ ကားမောင်းရတာမို့ တိုးရစ်စ်တွေ အသွားများပါတယ်... ပိရမစ် ၃-လုံးကို ဓါးလွယ်ခုတ် တန်းပြီး မြင်နေရပါတယ်.... ၁၅ ဒေါ်လာနဲ့ညီတဲ့ အီဂျစ်ငွေကို ဂိတ်ကြေးပေးပြီး အထဲကိုဝင်ရပါတယ်... ပထမဦးလုပ်တာကတော့ သိတယ်ဟုတ်... ဓါတ်ပုံ ရိုက်တာ ပဲပေါ. ... ပိရမစ်နဲ့ စဖင့် ( Sphinx) ကြီးကို တွဲလျက် ဒီလိုမြင်ရတယ်။ ဒုတိယအစီအစဉ်အနေနဲ့ ကုလားအုတ်စီးကြတယ်။ ကုလားအုတ်က မြင့်မြင့်ကြီးဆိုတော့ သူ့ကျောပေါ်ခွပြီးပြီးချင်း ထရပ်လိုက်တော့ အသည်းထဲမှာ အေးခနဲ။ ကုလားအုပ်ပေါ်ကကျလို့ ခါးကျိုးရရင်လည်း ကျော်မကောင်း ကြားမကောင်းဖြစ်ရဦးမယ်။ မထူးပါဘူးဆိုပြီး ကုန်းနှီးစွန်းကဘုကြီးကို လက်နဲ့ကျစ်ကျစ်ပါအောင်ဆုပ်ပြီး စီးခဲ့တာ... ။ ကုလားအုတ်က မပြေးပါဘူး... တစ်လှမ်းချင်းမှန်မှန်လျောက်တာဆိုတော့ စီးလို့ကောင်းပါတယ်။ ကုလားအုတ်ထိန်းက အမှတ်တရဓါတ်ပုံ ရိုက်ပေးတယ်။ တစ်ယောက်က သူငယ်ချင်း နီပေါသူပါ.... နှစ်ယောက်လုံး ခပ်ဝေးဝေးကကြည့်တော့ ခပ်ဝါးဝါးနဲ့ ချောတယ်ဟုတ်..။