ကျမ ငယ်ငယ်ကတော့ ကွမ်းကို အတော်ချစ်ခဲ့ပါတယ်။ အဖိုးအဖွားတွေရဲ့ အိမ်ရှေ့ဧည့်ခန်းမှာ ရေနွေးဗန်းနဲ့အတူ ကြေးကွမ်းအစ် အရွယ်ခပ်လတ်လတ်တလုံးကို အမြဲချထားတာ မှတ်မိနေတယ်။ ( အလှူအတန်းတွေ ဆိုရင်တော့ ဗုဒ္မ၀င် ဇာတ်တော်ပုံတွေ ရေးခြယ်ထားတဲ့ ကျောက်ကာ ယွန်းကွမ်းအစ်ကို ထုတ်သုံးလေ့ရှိပါတယ်) ကြေးကွမ်းအစ်ကလေးရဲ့ အောက်ဆုံးအဆင့်မှာ ရေဆွတ်ထားတဲ့ ကွမ်းရွက်ကလေး တွေ စီစီရီရီ ရှိပြီး၊ အလယ်ဆင့်မှာ ကွမ်းသီးစိတ်၊ စမုံစပါး၊ ဆေးရွက်ကြီးထည့်ထားတဲ့ အံကလေး၊ အပေါ်ဆုံးမှာတော့ ကြေးထုံးဘူး နဲ့ သံကွမ်းညှပ်ကလေးတင်ထားလေ့ ရှိပါတယ်။ ကွမ်းဓလေ့က အိန္ဒိယကစပြီး မြန်မာပြည်ကို ဘယ်တုန်းက ရောက်ခဲ့မှန်းတော့မသိ။ ဟိုးရှေးရှေးကတည်းက လာသမျှဧည့်သည်ကို ကွမ်း၊ ဆေး၊ လက်ဖက် တည်ရတယ် ဆိုတာ လူမှုထုံးစံ လိုဖြစ်နေတာ ကလား။ ကျမကတော့ စမုံစပါးကလေးတွေကို တမြုံမြုံ့ဝါးရတာ သိပ်သဘောကျပါတယ်။ အဖွားက ကွမ်းရွက်ကလေးကို အရိုးဆိတ်၊ အရွက်ထိပ်ဖျားတွေဆိတ်၊ ထုံးဘူးထဲ လက်ညှိုးကလေးနဲ့ ကော်တဲ့ပြီး အကြောယှက်တဲ့ ခပ်ကြမ်းကြမ်း ကွမ်းရွက်ရဲ့ ကျောဖက်အခြမ်းကလေးကို အသာအယာသုတ်၊ ကွမ်းသီးစိတ်ထည့်၊ စမုံစပါးကလေးဖြူးပြီး။ သုံးထောင့်ချွန်ကလေးခေါက်လို့ ပါးစပ်ထဲထည့်လိုက်တာကို ကြည့်ကောင်းကောင်းနဲ့ ငေးတတ်ခဲ့ပါတယ်။ “ကွမ်းရွက်ကို ဘာလို့ အဖျားဆိတ်ရတာလဲ အဖွားရဲ့“ လို့ စပ်စပ်စုစုမေးတော့ “ကွမ်းရွက်ဖျားကို ဘီလူးစောင့်တယ်ကွဲ့၊ အဲဒါကြောင့် အန္တရာယ်ကင်းအောင် ဆိတ်တာ”။ ဘယ်ကစခဲ့တဲ့ အယူမှန်းမသိပေမဲ့ ကလေးပီပီ ယုံခဲ့တာပါဘဲ။
ကွမ်းအစ်ရဲ့ မရှိမဖြစ် အတွဲက ထွေးခံ(ထွေးအင်) ပါ။ “သွေးသောက်ညီနောင်“ လို့တောင် အမည်ပေးလို့ရတယ်။ ကွမ်းတမြုံ့မြုံ့ဝါးပြီးတိုင်း ထွေးခံထဲကို ကွမ်းသွေးနီနီရဲရဲတွေ ထွေးထွေးပစ်ကြရတာကိုး။ လူသိများတဲ့ ရှေးရှေးကဗျာတပုဒ်ကတော့- “တံတားဦးက ကွမ်းနုဝါ၊ ငမြာကဆေး၊ ကွမ်းသီးတောင်ငူပ၊ စစ်ကိုင်းထုံးဖြူ၊ ပြည်ရှားနှင့် သာဝါးလို့ထွေး” တဲ့။ ကွမ်းစားရတာ နောက်ဆုံးတော့ ဗိုက်ထဲကို ဘာမှမရောက်ပဲ ကုန်တာမို့ “အရည်မရ၊ အဖတ်မရ“ဆိုတာ ကွမ်းစားတာကို ပြောတာ တဲ့ ။ (စကားချပ်- သုမောင်ရဲ့ “ကွမ်းစကား” ကို သတိရသေးတော့သည်။ သူက သူ့ဆောင်းပါးတွေဟာ ကွမ်းဝါးသလို မယ်မယ်ရရ မရှိတဲ့ စာမျိုးမို့လို့ပါလို့ ဆိုသည်။ တကယ်ကတော့ နားထောင်ကောင်းတဲ့လေသံလေးနဲ့ ပြောပြတတ်တဲ့ မှတ်မှတ်ရရ အကြောင်းလေးတွေပါ)
ဘုန်းတော်ကြီးကျောင်းတွေမှာဆို ကွမ်းက မရှိမဖြစ်။ အလှူအတန်း ဆိုလည်း မပါမဖြစ်။ ကြည့်လေ- အလှူငွေစာရင်းခေါင်းစဉ်ကိုက “ဆွမ်းကွမ်းဝေယျာဝစ္စ”တဲ့။ ဆွမ်းပြီးရင် ကွမ်းက ဒုတိယ အရေးအကြီးဆုံးလို ဖြစ်နေတာ။ လူမှုနယ်ပယ်မှာ ကွမ်းက အဲဒီလောက် မျက်နှာပွင့်ပုံများ။ နောက်ပြီး ကြည့်လိုက်ဦး အလှူအတန်းတွေမှာ ရပ်ရွာရဲ့ အချောဆုံးအလှဆုံးမိန်းကလေး ကိုင်ရတာက “ကွမ်းအုပ်”ပါ၊ သူမရဲ့ ဂုဏ်ပုဒ်အမည်က “ကွမ်းတောင်ကိုင်” တဲ့။ ဒီတော့ ခြုံပြောရရင် ကွမ်းဆိုတာ မြန်မာမှုနယ်ပယ်မှာ နှယ်နှယ်ရရ ပေါ့သေးသေးတော့ မဟုတ်ဘူးပေါ.လေ။
ငယ်ငယ်က ကျမတို့နေတဲ့အရပ်မှာ ကွမ်းခြံတွေအများအပြားရှိပါတယ်။ ကွမ်းပင်က ရေအလွန်ကြိုက်တော့ ရေပေါတဲ့အရပ်မှာမှ စိုက်လို့အဆင်ပြေတယ်။ မနက်တခါ ညတခါလောက် ထမ်းပုံးကြီးတွေနဲ့ ရေလောင်းရတယ်ထင်တယ်။ ကွမ်းပင်က အညွန့်ကိုချိုးပြီး စိုက်ရပါတယ်။ နွယ်ပင်လေးလို တိုင်ပေါ်တက်သွားတာ။ သူက နေရောင်ကြောက်လို့ ကွမ်းစင်တွေကို ငှက်ပြောရွက်၊ ကြံရွက်တွေ မိုးမိုးပေးထားရပါတယ်။ ကွမ်းရွက်ကလေးတွေက အောက်ခြေက အစိမ်းရင့်၊ အလယ်လောက်မှာ အစိမ်းနု၊ ဟိုး ထိပ်ဖျားမှာက စိမ်းဝါ၀ါကလေးတွေမို့ အရောင်လေးတွေက ချစ်စရာကောင်းလှပါတယ်။
ကွမ်းစားရင် သွား၊ လျှာ၊ နှုတ်ခမ်းတွေ နီမြန်းလာတတ်တာ အားလုံးအသိပါ။ ကွမ်းရွက်က အနံ့ဆိုးတွေကို စုပ်ယူနိုင်သလို၊ သူ့အထဲက ပူရှိန်းမြမြ အမွှေးအကြိုင်တွေက ခံတွင်းရနံ့ကို ကောင်းမွန်စေတယ် လို့ ယုံကြည်ကြပါတယ်။ ရှေးရှေးက ဘုရင့်နန်းတွင်းမှာ (နှုတ်ခမ်းနီ မပေါ်သေးလို့) နှုတ်ခမ်းအရောင်လှအောင် ကွမ်းစားကြပါသတဲ့။ သို့ပေမဲ့ ကွမ်းစားပါများလို့ ကွမ်းချိုးကပ်နေတဲ့ သွားတွေ ကတော့ နီရုံတင်မကတော့ပဲ ညိုညစ်မည်းတူးနေတာဟာ အလွန် ကြည့်ရရုပ်ဆိုးပါတယ်။ တကယ်တော့ အဲဒီအချက်က ကွမ်းစားသူများကို ဘယ်လိုမှ မဖြောင်းဖျနိုင်ဘူး ဆိုတာ လမ်းဘေးကွမ်းယာဆိုင်တွေ တဆိုင်ပြီးတဆိုင် တိုးလာနေတာက သက်သေပါ။ ကွမ်းယာရောင်းပြီး သုံးထပ်တိုက်တို့၊ အဝေးပြေးကားတို့ ပိုင်ဆိုင်တဲ့အထိ ချမ်းသာသွားကြသူတွေ အများကြီးပါ။ ကွမ်းယာဆိုင် တော်တော်များများမှာ ထုံးကျောက်တောင်လိုဖြစ်နေတဲ့ ထုံးအိုးကြီးကို ဂုဏ်ယူစွာ ပြသထားတတ်ကြပါတယ် ( တချို့ကတော့ လူအထင်ကြီးအောင် တမင်လုပ်ယူထားသလားမသိ :-) ) အခုဆို နှပ်ဆေးမျိုးစုံနဲ့ ၊ စွဲလမ်းအောင် အရက်၊ အမ်ဖက်တာမင်းအပါအ၀င် ဆေးမျိုးစုံနဲ့ ရောစပ်ရောင်းချလာတာတွေ့ရပါတယ်။ တကယ့်အန္တရာယ်ပါ။ ကွမ်းစားခြင်း အကြောင်းကို ကျန်းမာရေးပညာပေး စာတွေထဲမှာ “ခံတွင်းကင်ဆာ“ “လျှာကင်ဆာ” ဖြစ်နိုင်ခြေများတယ် လို့ ရေးကြတယ်။ ဒီလောက်တော့ ကွမ်းသမားများက မဖြုံရေးချ မဖြုံပါ။ ကွမ်းယာဆိုင်များကလည်း မဗေဒါလိုဘဲ ပန်းပန်လျက်ပါ။
ကွမ်းစားရင် သွား၊ လျှာ၊ နှုတ်ခမ်းတွေ နီမြန်းလာတတ်တာ အားလုံးအသိပါ။ ကွမ်းရွက်က အနံ့ဆိုးတွေကို စုပ်ယူနိုင်သလို၊ သူ့အထဲက ပူရှိန်းမြမြ အမွှေးအကြိုင်တွေက ခံတွင်းရနံ့ကို ကောင်းမွန်စေတယ် လို့ ယုံကြည်ကြပါတယ်။ ရှေးရှေးက ဘုရင့်နန်းတွင်းမှာ (နှုတ်ခမ်းနီ မပေါ်သေးလို့) နှုတ်ခမ်းအရောင်လှအောင် ကွမ်းစားကြပါသတဲ့။ သို့ပေမဲ့ ကွမ်းစားပါများလို့ ကွမ်းချိုးကပ်နေတဲ့ သွားတွေ ကတော့ နီရုံတင်မကတော့ပဲ ညိုညစ်မည်းတူးနေတာဟာ အလွန် ကြည့်ရရုပ်ဆိုးပါတယ်။ တကယ်တော့ အဲဒီအချက်က ကွမ်းစားသူများကို ဘယ်လိုမှ မဖြောင်းဖျနိုင်ဘူး ဆိုတာ လမ်းဘေးကွမ်းယာဆိုင်တွေ တဆိုင်ပြီးတဆိုင် တိုးလာနေတာက သက်သေပါ။ ကွမ်းယာရောင်းပြီး သုံးထပ်တိုက်တို့၊ အဝေးပြေးကားတို့ ပိုင်ဆိုင်တဲ့အထိ ချမ်းသာသွားကြသူတွေ အများကြီးပါ။ ကွမ်းယာဆိုင် တော်တော်များများမှာ ထုံးကျောက်တောင်လိုဖြစ်နေတဲ့ ထုံးအိုးကြီးကို ဂုဏ်ယူစွာ ပြသထားတတ်ကြပါတယ် ( တချို့ကတော့ လူအထင်ကြီးအောင် တမင်လုပ်ယူထားသလားမသိ :-) ) အခုဆို နှပ်ဆေးမျိုးစုံနဲ့ ၊ စွဲလမ်းအောင် အရက်၊ အမ်ဖက်တာမင်းအပါအ၀င် ဆေးမျိုးစုံနဲ့ ရောစပ်ရောင်းချလာတာတွေ့ရပါတယ်။ တကယ့်အန္တရာယ်ပါ။ ကွမ်းစားခြင်း အကြောင်းကို ကျန်းမာရေးပညာပေး စာတွေထဲမှာ “ခံတွင်းကင်ဆာ“ “လျှာကင်ဆာ” ဖြစ်နိုင်ခြေများတယ် လို့ ရေးကြတယ်။ ဒီလောက်တော့ ကွမ်းသမားများက မဖြုံရေးချ မဖြုံပါ။ ကွမ်းယာဆိုင်များကလည်း မဗေဒါလိုဘဲ ပန်းပန်လျက်ပါ။
အနှီ ကွမ်းကို ကျမ ဘာကြောင့်မုန်းရတယ်ဆိုတာကို ဆက်ရေးပြပါဦးမယ်။ အဓိက ကတော့ ပါတ်ဝန်းကျင်ကို ညစ်ညမ်းစေလို့ပါဘဲ။ မြို့ထဲ လမ်းထဲမှာ သွားလေတိုင်း ကျမစိတ်ကို အမြဲအနှောင့်အယှက် ဖြစ်စေတာကတော့ ကြွယ်ကြွပ်အိတ်ခွံများအပြင် အဲဒီ ကွမ်းတံတွေး (ကွမ်းသွေး) တွေပါ။ အသေးစိတ် ပြောရရင်-
- တက္ကစီစီးလို့ ကွမ်းသွေးကို လမ်းမအပြင်ဖက် သို့ မဟုတ် ကျွတ်ကျွတ်အိတ် ရေသန့်ဘူးအလွတ်ထဲ ပျစ်ကနဲထွေးလိုက်တဲ့သူတွေ၊ နဲ့ ကြုံရင် တအားစိတ်ညစ်ပါတယ်။ ကွမ်းကိုရေရှည်စွဲစားသူတွေရဲ့ ကွမ်းချိုးနံ့က ကျမကို မူးနောက်ညစ်ညူးစေလို့ပါ။ တချို့က ပိုကောင်းတယ်ဆိုပြီး ကွမ်းသီးကို အပုပ်ခံပြီးမှ စားတတ်ကြသေးတယ်။ ကျမအမြင်ကတော့ အနံ့ပိုပြင်းတယ်။
- တိုက်ခန်းအထပ်တွေတက်ရင် တော်တော်များများတိုက်တွေရဲ့ ဒေါင့်တိုင်းမှာ စည်းမရှိကမ်းမရှိ ကွမ်းထွေးခဲ့သူများရဲ့ အမွေအဖြစ်နဲ့ မည်းညစ်အစွန်းကွက်များ၊ ဆိုးဝါးတဲ့ အနံ့အသက်များကို တွေ့ရပါတယ်။
- ဘူတာရုံ၊ ကားဂိတ်၊ ဆေးရုံ (ဘုရားပုထိုး ပါမကျန်) စတဲ့ လူများစုဝေးတတ်တဲ့ နေရာတွေမှာ တော်တော်လေး ဆိုးဝါးပါတယ်။ ဒါဟာ vandalism ပါ။
- ဒီနေ့ခေတ် ကွမ်းယာဆိုင်တွေက ရယ်ဒီမိတ်ကွမ်းယာတွေကို ပလပ်စတစ်အိတ်ကလေးတွေနဲ့ ထုပ်ထားတတ်တာမို့ လမ်းဘေးမှာ ကွမ်းယာအိတ်ကလေးတွေက ရှုပ်ပွ ပြန့်ကြဲ လဲလျောင်းလို့။
လူတွေ ကွမ်းကို အကြောင်းအမျိုးမျိုးနဲ့ စားကြပါတယ်။
- လူငယ်တချို့က လက်တည့်စမ်းချင်လို့၊ လူကြီးပုံဖမ်းချင်လို့
- ကားဒရိုင်ဘာတွေက အိပ်မငိုက်ဖို့ ( stimulant ) တခုအနေနဲ့....
- တချို့က ငယ်ငယ်ထဲက ကြိုက်လို့ မ၀ါးရ မနေနိုင်အောင် ၊ ခံတွင်းတွေချဉ် နေတတ်လို့
စသဖြင့် စသဖြင့် အကြောင်းအမျိုးမျိုး ရှိမှာပါ။ ကျမကိုယ်တိုင်လည်း ဆယ်ကျော်သက်တုန်းက ဒေါသထွက်စရာတွေ့ကြုံရတိုင်း ( စုစုပေါင်း သုံးလေးခါထဲပါ ) ကွမ်းစားပါတယ်။ ကွမ်းယာထဲက ကွမ်းသီးကို ဒေါသနဲ့ ဖိခြေကြိတ်ဝါးလိုက်တော့ ရင်ထဲက ခံစားရတာတွေ တော်တော်လျော့သွားတာ တွေ့ရပါတယ်။
ကျမ အသက်ကလေးရလာတော့ လူတွေ ကွမ်းစားလို့ ဘာတွေ အကျိုးအမြတ်ရသလဲဆိုတာ တချက်လောက် စဉ်းစားကြရင် ကောင်းမယ်လို့ တွေးမိလာပါတယ်။ အားလုံးသိတဲ့အတိုင်း အကျိုးတခုမှ မတွေ့ရသည့်တိုင် အပြစ်တွေကတော့ တပုံကြီးပါ။ ငွေကုန်၊ လျှာထုံ၊ ကွမ်းသွေးကြောင့် အကျီင်္ပုဆိုးညစ်ပတ်၊ မတော်ရင်ရဲဖမ်းပြီး ဒဏ်ငွေကျ၊ ကင်ဆာ ဖြစ်နိုင်ခြေ၊ အို- အများကြီး အများကြီးပါ။ နောက်ဆုံး ဒါတွေအားလုံးကိုမမှုဘဲ ကိုယ်အရမ်း ကြိုက်လို့ စားတာ စားပါ။ ပါတ်ဝန်းကျင်ကိုတော့ ဒုက္ခမပေးပါနဲ့ ၊ စည်းကမ်းရှိရှိ ကွမ်းတံတွေး ထွေးကြပါလို့ ပြောချင်ပါတယ်။
ကျမနဲ့ လက်လှမ်းမီသလောက်ကို ကွမ်းမစားဖို့ အမြဲပြောတတ်ပါတယ်။ (အခုထိတော့ ကျမကြောင့် တယောက်မှ ကွမ်း မပြတ်ဖူးသေးပါ)။ ကံကောင်းစွာ ကျမအိမ်မှာ ဘယ်သူမှကွမ်းမစားပါ။ ရုံးမှာတော့ ကွမ်းကြိုက်သူများအတွက် ကွမ်းသွေးထွေးမဲ့နေရာ စီစဉ်သတ်မှတ်ပေးထားပါတယ်။ တခြားနေရာမှာ ထွေးရင် ဒဏ်ငွေဆောင်ခိုင်းပါတယ်။ အဲဒီကိုယ့်ရဲ့ပါတ်ဝန်းကျင် ကွက်ကွက် ကလေးမှလွဲလို့ ကျန်လောကကြီး ထဲမှာတော့ အတတ်နိုင်ဆုံး သည်းခံ မျက်နှာလွှဲနိုင်အောင် ကြိုးစားနေရပါတယ်။ (သွားပြောရင်လည်း အဆဲခံရဖို့သာ ရှိပါတယ်)
ကွမ်းနဲ့ပါတ်သက်ပြီး ခံစားမိတာလေးတွေက ဒီလိုပါ။
ဖတ်မိသူအပေါင်းထဲမှ ကွမ်းကြိုက်သူတချို့က ကျမကို မုန်းနိုင်သည်။ ရှိပါစေတော့။
ဖတ်မိသူအပေါင်းထဲမှ ကွမ်းကြိုက်သူတချို့က ကျမကို မုန်းနိုင်သည်။ ရှိပါစေတော့။
ကိုယ့်နိုင်ငံကို နိုင်ငံခြားသားတွေက “ညစ်ပတ်လိုက်တာ” လို့ နှာခေါင်းမရှုံ့စေချင်ပါ။
ကွမ်းစားတာတွေ လျော့နည်းအောင် အသိပညာပေးအစီအစဉ်တွေ၊ သုတေသနတွေ တိုးမြှင့်ချင်ပါတယ်။
ကွမ်းတံတွေး ထွေးမဲ့ ပုံးတွေခွက်တွေကို အလုံအလောက် စီစဉ်ချထားပေးချင်ပါတယ်။
စည်းကမ်းမဲ့ ကွမ်းထွေးခြင်းအတွက် ဒဏ်ငွေ (သို့) သန့်ရှင်းရေးတခုခု ပြန်လုပ်ခိုင်းတဲ့ ( public work) ဒဏ်ပေး စံနစ်ကို တိတိကျကျ ရှိစေချင်ပါတယ်။
လောလောဆယ်တော့ ဒါတွေက ကိုယ့်အိမ်မက်သေးသေးလေးတခုရယ်သာ.......
ရန်ကုန်မှာနေတုန်းက ဘတ်စ်ကားစီးတုန်း အိကျီင်္အဖြူတွေ ခဏခဏ စွန်းကုန်လို့ စိတ်တိုရဖူးတယ်၊
ReplyDeleteပညာတတ်မိတ်ဆွေတွေထဲမှာ ကွမ်းယာစားနေကြလို့ ၊ စကားပြောရင်း ကျွတ်ကျွတ်အိတ်ထဲ ကွမ်းတွေထွေးချနေတာ မကြည့်ပေမယ့်မြင်တယ်၊ ဒါပေမယ့် မပြောသာ၊
ကိုယ့်ဆွေမျိုးထဲမှာ ကွမ်းယာရောင်းပြီး မိသားစုကို လုပ်ကျွေးနေတဲ့သူ ရှိတယ်၊
မကောင်းဘူးဆိုတာ သိပေမယ့် ရေစုန်မျောနေတာ၊
ကွမ်းတံတွေးကို မုန်းပါ။ ကွမ်းကို မမုန်းပါနဲ့။ စည်းနဲ့ ကမ်းနဲ့ ထွေးရင် စားလို့ ကောင်းပါတယ်။ :D
ReplyDeleteကွမ်း တို့ ဆေးလိပ်တို့ စားဘို့ သောက်ဘို့ အတွက် နေရာတစ်ခု သတ်မှတ်ပေးထားရင်ကောင်းမယ်၊ ဥပမာ အိမ်သာလိုပေါ့၊ လူဆိုတာ အိမ်သာတက်ချင်ရင် အိမ်သာထဲ သွားရသလို ကွမ်းတို့ ဆေးလိပ်တို့ သုံးဆောင်ချင်ရင်လဲ အဲဒီသီးသန့်နေရာကို သွားပေါ့၊ ဒါဆို တခြားလူတွေလဲ အနှောက်အယှက် မဖြစ်တော့ဘူး၊ အဲလိုမဟုတ်ဖူးဆိုရင်တော့ တရိစန်တွေလို တွေ့ကရာ ချီးပါး သေးပေါက်သလို ဖြစ်ကော၊
ReplyDeleteကျမ ကတော့..ငယ်ငယ်က.. အိမ်မှာ..တာဝန် ခွဲဝေ ခိုင်းတော့.. ကွမ်း ကို တနေ့..၁၀ သားလောက် စားသော ဖခင် လုပ်သူ ရဲ့..ထွေးခံ ဆေး ခဲ့ ရ ကတည်းက.. ကွမ်း ဆို.. မုန်းပါတယ်။း)
ReplyDeleteဇီဇ၀ါ ဆီက နေ.. ရောက်လာတာ..။ ခင်မင် စွာ နဲ့..နှုတ်ဆက်ပါတယ်..
ကွမ်းရွက်အနံ့လေးကို ချစ်တယ်
ReplyDeleteဘယ်လိုလေးမှန်းမသိဘူး
အဲ.. ကွမ်းရွက်ဝါးရတာကိုလဲ သဘောကျတယ် စပ်ရှိန်းရှိန်လေး
ဒါပေမဲ့ ကွမ်းယာကိုတော့ စားသူကိုရောရောင်းသူကိုပါ ကြည့်မရဘူး
(မုန်းတယ်လို့ မသုံးရဲကြောင်း)
တော်ကြာ ကွမ်းစားသူတွေ၊ ရောင်းသူတွေ မကျေမနပ်ဖြစ်ကုန်လိမ့်မယ်.း)
ကွမ်းယာကမကောင်းပါဘူး
ReplyDeleteကွမ်းရွက်လည်းကောင်းတယ်
ကွမ်းသီလည်းကောင်းတယ်
ကျွန်တော်မောင်ကွမ်းယာလည်း
ကွမ်းကြောင့်နိုင်ငံတော်ရဲ့အလှဟာ ရုပ်ဆိုးသွားပါတယ်
ReplyDeleteရွံတယ် ညစ်ပတ်တယ်။
ReplyDeleteကွမ်းစားတဲ့လူဟာသိသာတယ် သူ့ ရဲ့ အသားအရေက နီပုပ်ပုပ်နဲ့ အနံ့ ကလည်းကွမ်းယာအနံ့ ထွက်နေတယ်။
ရှင်းရှင်းပဲ သမီးပြောချင်ပါတယ် ကွမ်းစားတဲ့သူတွေကိုရွံတယ်။