အီရန်စာရေးဆရာမ Anita Amirrezvari ရဲ့ The Blood of Flowers အမည်ရှိတဲ့ ပထမဦးဆုံး ၀တ္တုလေးပါ။
၁၇ ရာစုခေတ်က အီရန် ကော်ဇောယက်ကျွမ်းကျင်တဲ့ မိန်းကလေးတစ်ယောက် ရဲ့ ဘ၀ပုံပြင်ကို ရေးပြထားပါတယ်...။
၁၅နှစ်သမီးအရွယ် Azizam ဆိုတဲ့ မိန်းကလေး ဟာ (အီရန်ထုံးစံအရ) လက်ထပ်ဖို့ သင့်တော်တဲ့အချိန်ကို တော်တော်လေး နီးကပ်လာပြီလို့ဆိုနိုင်ပါတယ်။ မိဘတွေက လက်လုပ်လက်စား မရှိမရှားတွေမို့ (ထုံးစံအရ) သတို့သားကြေး Dowry ပေးဖို့အတွက် အလုံအလောက်မရှိလို့ ကော်ဇောယက် ပါရမီပါလာသူကလေးပီပီ ကော်ဇော အကောင်းစားတစ်ထည်ကို သူကိုယ်တိုင်ယက်လုပ်ပါတယ်။ ရွာထဲမှာ အဲဒီနှစ်မှာပဲ မကောင်းဆိုးဝါး နမိတ်ဆောင်တဲ့ ကြယ်တံခွန်တလုံးကို အားလုံးသတိထားမိကြပါတယ်။ အဲဒီကြယ်တံခွန်က ရွာသူရွာသားတွေကို ဘယ်လိုများ ”ခိုက်”မလဲလို့ အားလုံးက ပူပန်နေကြပါတယ်။ မကြာခင်မှာပဲ သူမကို အလွန်ချစ်တဲ့ သူမဖခင်ဟာ အမဲလိုက်ရင်း ဖျားနာပြီးအိမ်ပြန်ရောက်လာပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ သေဆုံးသွားပါတယ်။ ဖခင်သေဆုံးပြီးတော့ စားရေးသောက်ရေး ခက်ခဲလာတာနဲ့အမျှ ပိုင်ဆိုင်မှုတွေကို တစတစ ရောင်းချစားသောက်လာရပါတယ်။ နောက်ဆုံး စားစရာမရှိတော့တဲ့အခါ သူမယက်ထားတဲ့ ကော်ဇောလေးကို ရောင်းချပြီး Isfahan မြို့တော်က တခါမှ သူတို့သားအမိမမြင်ဖူးတဲ့ အဖေတူအမေကွဲ အဖေ့ညီ ဦးလေး မိသားစုကို ရှာဖွေပြီး သွားရောက်ခိုလှုံရပါတော့တယ်။ ဒါက သူမရဲ့ ခရီးကြမ်းအစပါ။

၁၅နှစ်သမီးအရွယ် Azizam ဆိုတဲ့ မိန်းကလေး ဟာ (အီရန်ထုံးစံအရ) လက်ထပ်ဖို့ သင့်တော်တဲ့အချိန်ကို တော်တော်လေး နီးကပ်လာပြီလို့ဆိုနိုင်ပါတယ်။ မိဘတွေက လက်လုပ်လက်စား မရှိမရှားတွေမို့ (ထုံးစံအရ) သတို့သားကြေး Dowry ပေးဖို့အတွက် အလုံအလောက်မရှိလို့ ကော်ဇောယက် ပါရမီပါလာသူကလေးပီပီ ကော်ဇော အကောင်းစားတစ်ထည်ကို သူကိုယ်တိုင်ယက်လုပ်ပါတယ်။ ရွာထဲမှာ အဲဒီနှစ်မှာပဲ မကောင်းဆိုးဝါး နမိတ်ဆောင်တဲ့ ကြယ်တံခွန်တလုံးကို အားလုံးသတိထားမိကြပါတယ်။ အဲဒီကြယ်တံခွန်က ရွာသူရွာသားတွေကို ဘယ်လိုများ ”ခိုက်”မလဲလို့ အားလုံးက ပူပန်နေကြပါတယ်။ မကြာခင်မှာပဲ သူမကို အလွန်ချစ်တဲ့ သူမဖခင်ဟာ အမဲလိုက်ရင်း ဖျားနာပြီးအိမ်ပြန်ရောက်လာပါတယ်။ ရက်ပိုင်းအတွင်းမှာပဲ သေဆုံးသွားပါတယ်။ ဖခင်သေဆုံးပြီးတော့ စားရေးသောက်ရေး ခက်ခဲလာတာနဲ့အမျှ ပိုင်ဆိုင်မှုတွေကို တစတစ ရောင်းချစားသောက်လာရပါတယ်။ နောက်ဆုံး စားစရာမရှိတော့တဲ့အခါ သူမယက်ထားတဲ့ ကော်ဇောလေးကို ရောင်းချပြီး Isfahan မြို့တော်က တခါမှ သူတို့သားအမိမမြင်ဖူးတဲ့ အဖေတူအမေကွဲ အဖေ့ညီ ဦးလေး မိသားစုကို ရှာဖွေပြီး သွားရောက်ခိုလှုံရပါတော့တယ်။ ဒါက သူမရဲ့ ခရီးကြမ်းအစပါ။
ဦးလေးမိသားစုက Isfahan မြို့တော်မှာ အကျော်ကြားဆုံး လူကုံထံ ကော်ဇောကုန်သည်တယောက်ပါ။ ဦးလေးက သူမတို့သားအမိအပေါ် ကြင်နာစိတ်အတော်အတန် ရှိပေမဲ့ ဇနီးဖြစ်သူကတော့ လူပိုလူလျှံ လိုလားပုံမပေါ်ပါ။ သူမတို့သားအမိကအတွက် အိမ်မကြီးထဲက အခန်းကျဉ်းလေးတခုပေးထားပြီး မီးဖိုချောင်အလုပ်တွေကို အိမ်ဖေါ်တွေနဲ့အတူ ၀ိုင်းကူလုပ်ပေးရပါတယ်။ ကံကောင်းတာက Azizam ရဲ့ ကော်ဇောယက်တဲ့အစွမ်းအစကို ဦးလေးက အသိအမှတ်ပြုပြီး သူမတောင်းဆိုလွန်းလို့ သူ့ရဲ့ ကော်ဇောဒီဇိုင်းဆွဲတဲ့ ပညာတချို့ကို သင်ပြပေးပါတယ်။ ဒါနဲ့ Azizamဟာ ဘ၀ကြမ်းကနေ အမှီအခိုကင်းကင်း လွတ်မြောက်ဖို့အတွက် ဦးလေးဆီက သိုးမွေးချည်ဝယ်ဖို့ အရင်းအနှီးငွေစကြေးစ တချို့ချေးငှားပြီး ကိုယ်ပိုင်ကော်ဇောတစ်ထည်ကို စတင်ယက်လုပ်ခဲ့ပါတယ်။ ဒါကို စိတ်ထားဆိုးတဲ့အဒေါ်က မရှုစိမ့်လို့ သူမကော်ဇောယက်လို့ပြီးခါနီးမှာ ဒတ်ခ်ျကုန်သည်တယောက်ကို အဲဒီကော်ဇော လက်ဆောင်ပေးမယ်လို့ ကတိပေးလိုက်ပါတယ်။ ဒါနဲ့ပဲ Azizam ဟာ ၀မ်းနည်းစွာနဲ့ ဒုတိယကော်ဇောတထည်ကို လနဲ့ချီပြီး ထပ်ယက်ရပြန်ပါတယ်။ ကော်ဇောယက်လို့ လ အနည်းငယ်ကြာတဲ့အခါမှာ သူမဦးလေးကို ခေါ်ပြပါတယ်။ ဦးလေးက ကော်ဇောရဲ့ အရောင်စပ်ပုံ အားနည်းချက်၊ ပြစ်ချက်တွေကိ ပွင့်ပွင့်လင်းလင်းထောက်ပြလိုက်တဲ့အခါ Azizam ဟာ သူ့လက်ရာကိုသူ စိတ်တိုင်းမကျတော့တဲ့အတွက် နောက်တထည်ယက်နိုင်ဖို့ရာ ဖျက်ပစ်လိုက်ပါတယ်။ အဲဒီလုပ်ရပ်ကို ဦးလေးရော အဒေါ်ပါ တအားစိတ်ဆိုးကြတဲ့အတွက် သူမတို့သားအမိ ဆက်လက်နေထိုင်ဖို့ တောင် မသေချာတော့တဲ့ အခြေအနေဖြစ်လာပါတယ်။

အဲဒီဖြစ်ရပ်တွေ မပေါ်ခင်မှာဘဲ Azizam ကို အိမ်လာတဲ့ လူကုံထံ မုဆိုးဖို Feredoon က ဦးလေးအိမ်ကို လုပ်ငန်းကိစ္စနဲ့လာရင်း မြင်ပြီး သဘောကျသွားခဲ့ပါတယ်။ ဒါပေမဲ့ Azizam ရဲ့ နိမ့်ပါးတဲ့ ဘ၀အခြေအနေကြောင့် လက်ထပ်မယားမဟုတ်ဘဲ သုံးလစာချူပ်နဲ့ ပေါင်းသင်းဖို့သာ ကမ်းလှမ်းခဲ့ပါတယ်။ Azizam နဲ့ သူမမိခင်တို့ အနေနဲ့ စစချင်းမှာ လုံးဝ လက်မခံနိုင်ပေမဲ့ သိပ်မကြာခင်က ယက်လက်စကော်ဇောကိုဖျက်လိုက်လို့ ဦးလေးက အရမ်းစိတ်ဆိုးပြီး အဒေါ်က အိမ်ပေါ်ကနှင်ချတဲ့အချိန်ဖြစ်နေတာရယ်၊ ကော်ဇောဖောက်သည် ကြေးရတတ်မို့ အဒေါ်က တွန်းတွန်းထိုးထိုး ဖိအားပေးတာရယ်၊ သူမတို့မှာ သင့်တော်မဲ့ သတို့သားအတွက် ပေးစရာ dowry မရှိတာရယ်၊ Azizamလိမ္မာရင် တနေ့ Feredoonက အတည်တကျ လက်ထပ်မှာဘဲလို့ အဒေါ်က နားသွင်းတာရယ်ကြောင့် လက်ခံဖြစ်သွားပါတယ်။ သူမဟာ နေ့ခင်းပိုင်းမှာ ဦးလေးဆီမှာ ကော်ဇောပညာသင်ပြီး၊ Feredoon ဆင့်ခေါ်တဲ့ညမှာ သူ့အိမ်ကို တိတ်တဆိတ်သွားပြီး ပျော်တော်ဆက်ရပါတယ်။ စစချင်းမှာ အဲဒီလူကို သူမအနေနဲ့ ဘယ်လိုမှ နှစ်သက်လို့ မရခဲ့ပါဘူး။ သူမရဲ့ အေးစက်တဲ့ တုံ့ပြန်မှု၊ ဟန်ဆောင်မှုတွေကို ရိပ်မိတဲ့အတွက် Feredoon ကလည်း ခွာစပြုလာပါတယ်။ ဒါပေမဲ့ သုံးလပြည့်ခါနီးတော့ စာချူပ်ရပ်တော့မလားဆိုတာ Azizam ပူပန်လာရပါပြီ။ အင်းအိုင်လက်ဖွဲ့ ပညာရှင်ဆီမှာ အဆောင်တောင်းရင်းနဲ့ သူမရဲ့အားနည်းချက်တွေကို ပြင်ဖို့သိလာခဲ့ရပါတယ်။ နောက်ဆုံးမှာ မာယာအကုန်သုံးပြီး Feredoon ရဲ့ စိတ်ကိုဖမ်းစားနိုင်ခဲ့ပါတယ်။ Feredoon က သူမရဲ့ စာချူပ်ကိုလည်း နောက်ထပ်သုံးလ သက်တမ်းတိုးခဲ့ပါတယ်။ သူမ အောင်မြင်ခဲ့တယ်ဆိုပေမဲ့ သူမကိုယ်တိုင်လည်း Feredoon ကို နက်နက်ရှိုင်းရှိုင်းတွယ်တာ မိသွားပါတော့တယ်။


အခုဆိုရင် Azizam ဟာ (သူတို့ထုံးစံအရ) လက်ထပ်သင့်တဲ့အရွယ်ထက် ကြီးနေပါပြီ။ ဒါပေမဲ့ သူမဟာ အောင်မြင်တဲ့ လုပ်ငန်းရှင်အမျိုးသမီးတဦး လှပတဲ့မိန်းမတဦးဖြစ်နေပါသေးတယ်။ အမှားတခုကြောင့် သူမရဲ့နှလုံးသားမှာ ဒဏ်ရာနက်နက်တခုရှိနေခဲ့ပေမဲ့ အနာဂတ်တချိန်ချိန်မှာ စိတ်တူကိုယ်တူ ချစ်သူတယောက် ရှိလာနိုင်ပါသေးတယ်။ တချိန်မှာတော့ သူမကို တကယ်မြတ်နိုးတဲ့ သူတယောက် ရှိလာနိုင်ကောင်းရဲ့ လို့ သူမကိုယ်တိုင် မှန်းဆရင်းနဲ့ ဇာတ်လမ်းကို အဆုံးသတ်ထားပါတယ်။
လဲကျရာက အကြိမ်ကြိမ်ပြန်ထရတဲ့ မိန်းကလေးတယောက်ရဲ့ ဘ၀ကောက်ကြောင်းလေးကို ပါရှန်းကော်ဇောလုပ်ငန်းနဲ့ လုပ်သားတွေရဲ့ဘ၀ကို ရှားဘုရင်လက်ထက် ၁၇ရာစုနောက်ခံနဲ့ စိတ်ဝင်စားလောက်အောင် တင်ပြထားပါတယ်။ အီရန်က သူတို့ခေတ် အမျိုးသမီးတွေရဲ့ ဘ၀ကိုလည်း ထင်ဟပ်ပြထားပါတယ်။ အီရန်နိုင်ငံရဲ့ ဘုံရေချိုးခန်းဓလေ့ကို တော်တော်အသားပေးဖေါ်ပြထားပါတယ်။ Adultery Scene တော်တော်များများ ပါပေမဲ့မဖတ်ချင်ရင် ကျော်သွားပေါ့နော်။ အခန်းတိုင်းနီးပါးမှာ ရိုးရာပုံပြင်ကလေးတွေ တော်တော်များများပါပြီး ပုံပြင်တိုင်းက လူ့သဘာဝကို အသေးစိတ် ချယ်မှုန်းပြထားတာမို့ အစမှ အဆုံးတိုင်ဖတ်လို့မငြီးတဲ့ စာအုပ်ကလေးတအုပ်ဖြစ်ပါတယ်။
မိုးစက်ပွင့်
Photo credit: "carpets" in http://www. flickr.com
မိုးစက်ရေ
ReplyDeleteဇာတ်လမ်းကလေးကတော်တော်ကို စိတ်ဝင်စားဖို့ကောင်းတယ်
မိုးစက်ပြောပြတာနဲ့တစ်ပုဒ်လုံးကို ခြုံငုံမိပြီး ကိုယ်တိုင်ဖတ်လိုက်ရသလို ခံစားရတယ်...
ဒီလို ကြိုးစားတဲ့မိန်းခလေးတစ်ယောက်ရဲ့ ဘ၀ကိုလဲ လေးစားအားကျမိတယ်..
ရိုးရာဓလေ့နဲ့ နှိုင်းယှဉ်ပြီးရေးထားတဲ့ ၀တ္ထုကောင်းလေးတစ်ပုဒ်ပါ.. မျှဝေပေးတာကျေးဇူးနော်..
စာအုပ်မဖတ်ပဲ အီရန်မိန်းကလေးဘ၀နဲ့ သူတို့ ဓလေ့တွေအကြောင်း သိရတာ ကောင်းလိုက်တာ၊
ReplyDeleteနောက်လည်း ရေးပြပါအုံးနော်။
ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာအကောင်းဆုံး အမျိုးသမီးတွေအကြောင်းလို့ပြောရင် အီရန်သူတွေက ထိပ်ဆုံးနေရာက ပါမယ် ထင်ပါတယ်...
ReplyDeleteစာတွေအများကြီး ဖတ်ဖြစ်နေတယ်ဆိုတော့ ကောင်းတာပေါ့...
းဝ)
If you’re just starting to learn English, Check this FREE site
ReplyDeletewww.speaktomeenglish.com