Friday 16 July 2010

ဧည့်ဆိုး”မောင်”

“မောင်”
ပိန်းပိတ်အောင်မှောင်တဲ့
သန်းခေါင်ကျော် အချိန်မျိုး
သူ့ခေါ်သံတိုးတိုးကြောင့်
လန့်ပြီးတော့ နိုးလာခဲ့ .........
အတိတ်ဆိုးတွေ အရိပ်ထိုးနေသလား
မျက်ရည်စီးသံလား ရွက်ကြွေညည်းသံလား
ရင်မှာစိုးထိတ် ဟိုးအမှောင်ရိပ်က
သူ့ခြေသံဖွဖွ ကြားမိရဲ့...။

စံပယ်နံ့သင်းသင်း
သက်ပြင်းတရှိုက်
 အပြစ်မကင်းတဲ့ ချစ်ခြင်းကြောင့်
ရင်မှာမောဟိုက်  
အိုး......ခက်လိုက်တာကွယ် .......
မခေါ်ပဲလာ မနှင်ပဲပျောက်
ကြောက်စရာ ဧည့်ဆိုး
အိမ်မက်တံခါးကိုဖျက်ချိုး
အမှောင်ကိုအားကိုးပြီးမှ လာတတ်တယ်...။

ဒါကြောင့်လေ...
လူခြေတိတ်ဆိတ်
ညမှောင်ရိပ်ဆို
အိပ်ငွေ့မပြယ်တပြယ်
အတိတ်မေ့နေချင်တယ် ”မောင်”..။

2 comments:

  1. တော်တော်ဆိုးတဲ့မောင်
    နောက်တစ်ခေါက်မခေါ်နဲ့တော့
    အိမ်တံခါးပိတ်ထား မ၀င်ခိုင်းနဲ့း)

    ReplyDelete
  2. အလဲ့...

    “အပြစ်မကင်းတဲ့ ခြစ်ခြင်း” ဆိုမှတော့...
    တိမ်တွေတောက်တိုင်း ကြောက်ကြောက်နေရတာ
    ဘာဆန်းမှာလဲလေ...

းဝ)

    ReplyDelete

ပဲ့တင်သံလေးတွေ .......