ဒီဇိုင်းလေးတွေက မျိုးစုံရှိပါတယ်။ Life ....Life လို့အမည်ပေးထားတဲ့ (မောင်တစ်ထမ်းမယ်တစ်ရွက်)က လူကြိုက်အများဆုံးပါ။ နောက်ပြီး (ဦးရွှေရိုးနဲ့ဒေါ်မိုး) ( ထန်းတက်သမား မိသားစု) (အုန်းသီးသည်၊ ဇီးဖျော်ရည်သည်) ( သီတင်းကျွတ်မီးပုံးလေးတွေ) (ခရစ်စမတ်ဘိုးဘိုး) (ပုဂံဘုရား မြင်ကွင်း) (ဆင်သားအမိ) စသဖြင့် စုံလင်ပါတယ်။ ကိုယ့်စိတ်ကူးနဲ့ကိုယ် စဉ်းစားပြီးမှာလို့လည်းရပါတယ်။ ပုံတူတွေရော မဆွဲဘူးလားလို့ ကျွန်မကမေးတော့နာမည်ကြီးဆရာေ

နှစ်လက်မလောက်အမြင့် ပုလင်းသေးသေးလေးတွေကို နှစ်ထောင်ကျပ်၊ လေးလက်မလောက်မြင့်တဲ့ ပုလင်းပန်းချီတစ်လုံးကို ၅၀၀၀ ကျပ် နဲ့ဝယ်လို့ရပါတယ်။ ပုလင်းကြီးကြီး ရွှေမင်ဆေးတွေနဲ့ဆိုရင် ဒေါ်လာ ၂၀၀ လောက်ထိ ဈေးပေါက်ပါတယ်။ များတယ်ထင်ရပေမဲ့ တစ်လလောက်ဆွဲရတယ်ဆိုတော့လည်း နေ့တွက်စရိတ်၊ အနုပညာကြေးနဲ့ဆိုရင် နည်းတောင်နည်းတယ်လို့ပြောရမှာပါ။ နိုင်ငံခြားသားတွေကတော့ တော်တော် အားပေးကြပါတယ်။ အခုတော့ ညောင်ဦးကို တိုးရစ် အလာနည်းသွားတာနဲ့အမျှ ဆရာယောနသံတို့လို အနုပညာရှင်တွေရဲ့ ဈေးကွက်က ပိုလို့ကျဉ်းလာပါတယ်။ ကျွန်မကတော့ ကြုံတဲ့ သူငယ်ချင်းတိုင်းကို မှာပေးနေတာ ၅၀၀၀ တန် အလုံး ၂၀ ကျော်သွားပါပြီ။ ပန်းချီဆရာကတော့ သိပ်ကို ကျေးဇူးတင်နေလေရဲ့။ ကိုယ်တိုင်မှာယူချင်ရင်တော့ yawnathan.nyo@gmail.com ကို အီးမေးလ်ပို့ပြီး မှာနိုင်ပါတယ်။ တစ်ပါတ်လောက်အော်ဒါကြိုပေးရင် ရပါပြီ။ ကိုယ်တိုင်ဝင်လေ့လာချင်ရင်တော့ ညောင်ဦးမြို့ရဲ့ နံမည်ကျော် တိုးရစ်လမ်းကြားလေးထဲမှာ မကြာခင်ကမှ ကွယ်လွန်သွားတဲ့ ပန်းချီဆရာကျော်ဦးညိုလေးရဲ့တပည့် ဆရာယောနသံရဲ့ ပုလင်းပန်းချီဆိုင်လေးရှိပါတယ်။ ဆိုင်ရှေ့မှာ အငှားစက်ဘီးလေးတွေ ၄-၅ စီးထောင်ထားပါတယ်။ ဆိုင်နံမည် မေ့သွားလို့ပါ။ ဒီပုလင်းပန်းချီလေးတွေက ချစ်သူခင်သူ သူငယ်ချင်းတွေ၊ ကိုယ့်အသိ နိုင်ငံခြားသားတွေကို လက်ဆောင်ပေးလို့ အကောင်းဆုံးထင်ပါတယ်။ ကိုယ့်နိုင်ငံမှာ အဲဒီလို အနုပညာလက်ရာရှင်တွေ ရှိနေတာ ဂုဏ်ယူစရာပါ။ မျိုးဆက်ပြတ်မသွားအောင် တတ်စွမ်းသမျှ ကူညီသင့်တယ် မဟုတ်လားရှင်။
မိုးစက်ပွင့်
No comments:
Post a Comment
ပဲ့တင်သံလေးတွေ .......