ဟိုတစ်လောကတော့ အင်းဝစာအုပ်တိုက်မှာ ရေဆေးပန်းချီဆွဲနည်း စာအုပ်လေးတွေ တွေ့တာနဲ့ ဗဟုသုတဖြစ်အောင်ဝယ်လိုက်မိပါတယ်။ ကံကောင်းချင်တော့ ဒါကိုတွေ့တဲ့သူငယ်ချင်း မမ K က သူ့မှာရှိတဲ့ အိန္ဒိယ ပန်းချီဆရာ Aditya N. Chari ပြုစုထားတဲ့ ပန်းချီဆွဲနည်းစာအုပ်လေးနဲ့ တခြားပန်းချီ စာအုပ်တွေကို လက်ဆောင် ပေးလာပါတယ်။

မနေ့ကတော့ ကိုယ့်ကိုယ်ကို အသိကြိမ်ဆော်ပြီး စာအုပ်ထဲက ခေါင်းပုံစံ၊ မျက်နှာပုံစံတွေ နည်းနည်းဆွဲကျင့်ပါတယ်။ ဦးခေါင်းဖွဲ့စည်းပုံ၊ ကြွက်သား အရိုး တို့ရဲ့အနေအထား၊ မျက်လုံး နှာခေါင်း ပါးစပ်ပုံစံ မျိုးစုံနဲ့ အခန်း(၁)ကိုစထားပါတယ်။ တစ်ပိုင်းချင်းဆွဲကြည့်နေရင်း ခဏလောက်ကြာတော့ ခဲခြစ်ပုံတူကို စ ကိုင်ပါတယ်။ စိတ်မရှည်တတ်တဲ့ အားနည်းချက်က ပေါ်လာတာလေ။ 2B ခဲတံနဲ့ A4 စက္ကူအဖြူ အချော ကိုပဲသုံးပါတယ်။
- ခဲခြစ် (၁)
(နောက်ဆက်တွဲ) အခုထပ်ဆွဲထားတဲ့ ပုံသုံးပုံက ချစ်စရာကောင်းတဲ့ ကလေးလေးပုံနဲ့ ရွှေလည်တိုင်ကျော့ကျော့ပိုင်ရှင် အမျိုးသမီးကလေးတစ်ယောက်ပုံပါ။ နောက်တစ်ပုံကတော့ ပန်းပွင့်တွေကိုင်ထားတဲ့ မိန်းကလေးငယ်လေး။ သူ့ပုံလေးက ၀မ်းနည်းတဲ့ပုံပေါက်သွားတယ်။ အားလုံးကို အပေါ်က အိန္ဒိယပန်းချီစာအုပ်ထဲကပုံတွေပဲ ကြည့်ဆွဲ မှီငြမ်းပါတယ်။ ကြည့်လေ - ဆွဲသမျှဟာ မိန်းကလေးပုံတွေချည်း ဖြစ်နေပြန်ပါရော............။
- ခဲခြစ် (၂)
- ခဲခြစ် (၃)
- ခဲခြစ် (၄)
အဟမ်း အဟမ်း အခုနောက်ဆုံး ကျြိးစားပမ်းစား ဆွဲထားရတဲ့ ယောက်ျားပုံလေး ကြည့်ပါဦး။ ဆရာဝန်ရုပ်ပေါက်နေသလိုပဲနော် -အလဲ့။
မမဆူဇီမေ
Great Work Done ....a ma u are talented on art . u move many steps already,,,keep on......i'll follow your steps ...now i'm learning Chinese calligrapgy not only writing but also painting :) will share u my art work in the future ...with LOVE lily.
ReplyDeleteThank You Lily :-)
ReplyDelete