1077948028_37e83f53ae_tစိတ်တင်းကြပ်မှုတွေ ပြေလျော့ဖို့ အီးမေးထဲက ရောက်လာတဲ့ ဟာသလေးတွေ ဘာသာပြန်ပြီး မျှဝေလိုက်ပါတယ်။
  • ဆိုင်တစ်ဆိုင်တွင်ကြော်ငြာထားပုံမှာ ”ဂစ်တာများလျှော့ဈေးဖြင့် သက်သက်သာသာရောင်းချပေးနေသည်။ ဂစ်တာကြိုးတပ်ဆင်မထား” ဟူလို-
  • ဆေးရုံဧည့်ခန်းမမှကြော်ငြာ - ”ဆေးလိပ်သောက်ခြင်းသည် ခန္ဒာကိုယ်အလေးချိန်လျှော့ရာတွင် အထောက်အကူဖြစ်စေသည်။ အဆုတ်တစ်ဖက်လျော့သွားသောကြောင့်”
  • အရက်သောက်ခြင်း၏ အပြစ်များကို စာထဲတွင်ဖတ်လိုက်ရသောအခါ ….. စာဖတ်ခြင်းကို စွန့်လွှတ်လိုက်တော့သည်။
  • အရက်ဘားတစ်ခု၏ ဆိုင်းဘုတ်တွင် ရေးထားသောစာ – ” မေ့မေ့ပျောက်ပျောက် ဖြစ်စေခြင်းအလို့ငှာ အရက်သောက်ကြကုန်သော ပုဂ္ဂိုလ်တို့သည် အရက်ဖိုးကို အရင်ကြိုရှင်းထားပါရန်”
  • သင်ရယ်မောနေချိန်တွင် တစ်လောကလုံးသင်နှင့်အတူ လိုက်ရယ်ကြလိမ့်မည်။ သင်ဟောက်နေချိန်တွင်မူ တစ်ယောက်ထဲအိပ်ရလိမ့်မည်။
  • ဒက်ထရွိုက်မြို့က ဆံသဆိုင်ကြော်ငြာ – ”ကျွန်ုပ်တို့ စီးပွားရေးအလို့ငှာ သင့်ဦးခေါင်းကိုအလိုရှိသည်”
  • ကားလမ်းပေါ်မှ ဆိုင်းဘုတ်တစ်ခု- ”(အသက်မပြည့်သော)သင့်သားသမီးငယ်များကို ကားမမောင်းပါစေနှင့်။ ဒါမှမဟုတ်ရင် သူတို့ဘယ်တော့မှအသက်ပြည့်ခွင့်ရတော့မှာမဟုတ်”
  • နံမည်ကြီး အလှပြင်ဆိုင်တစ်ခု၏ မှန်ပြူတင်းပေါက်မှစာ - ”ဒီဆိုင်ကထွက်လာတဲ့ မိန်းကလေးတွေကို လေချွန်ပြီး စတာ နောက်တာ တွေမလုပ်ပါနဲ့…. သူက မင်းအိမ်ကအဖွား ဖြစ်ရင်ဖြစ်နေမှာ..”
ဟာသပဲနော်……………..
မမဆူဇီမေ