Tuesday 30 November 2010

ဖတ်ရင်းပြုံး၊ ပြုံးရင်းဖတ်

အီးမေးလ်ထဲမှာ တခါတခါ စိတ်ဝင်စားစရာကောင်းတာလေးတွေ တွေ့ရတယ်။ ဖတ်ပြီး မေ့မေ့ပျောက်ပျောက် ဖြစ်သွားတတ်လို့ ပို့စ်လေးတခုအဖြစ် သိမ်းထားလိုက်ပါတယ်။ မြန်မာပြန်နဲ့ ကိုယ်ရေးချင်တာလေးတွေပါ ဖြည့်စွက်လိုက်သေးတယ်။ တချို့လည်း ဖတ်ဖူးမှာပါ။


CIGARETTE:
A pinch of tobacco
Rolled in paper
With fire at one end
And a fool at the other!
စီးကရက်ဆိုတာ အစွန်းတဖက်မှာ မီး၊ နောက်အစွန်း တဖက်မှာ သူ့ကိုခဲထားတဲ့ အရူးတယောက်ရှိနေတဲ့ ဆေးရွက်ကြီးစက္ကူလိပ် တခု။ ( ဆေးလိပ်ဖြတ်ချင်သူများ မကြာမကြာဖတ်သင့်တဲ့ ဆောင်ပုဒ်)

MARRIAGE:
It's an agreement
Wherein
A man loses his bachelor degree
And a woman gains her master
လက်ထပ်ခြင်းဆိုတာ ယောက်ျားလေးက bachelor ဘွဲ့ကိုစွန့်ပြီး မိန်းကလေးက master ဘွဲ့ကို ရသွားတဲ့ စာချူပ်မျိုး။ ( ဒီနေရာမှာ bachelor နဲ့ master ကို အဓိပ္မါယ် နှစ်မျိုးနဲ့ ဟာသလုပ်ထားတယ်)

LECTURE:
An art of transmitting Information
From the notes of the lecturer
To the notes of students
Without passing through the minds
Of either
လက်ချာပေးတယ်ဆိုတာ ဆရာ့ဆီက ကျောင်းသင်ခန်းစာမှတ်စုတွေကို ကျောင်းသားတွေရဲ့ ဦးနှောက်ကိုမဖြတ်ဘဲ သူတို့စာအုပ်ထဲ တိုက်ရိုက်သွားတဲ့ အတတ်ပညာတခု။ (ဆရာကျောင်းတွေကို ဆော်ပဟေ့)

CONFERENCE:
The confusion of one man
Multiplied by the
Number present
ညီလာခံဆိုတာ လူတယောက်ရဲ့ စိတ်ရှုပ်ထွေးမှုကို လူအများက ဆပွားပေးတာ။ တက်တဲ့သူများလေလေ ပိုရှုပ်လေလေ။ ( တိုက်ဆိုင်လို့ ပြုံးမိသွားတယ်)

COMPROMISE:
The art of dividing
A cake in such a way that
Everybody believes
He got the biggest piece
ညှိနှိုင်းခြင်းအတတ်ပညာဆိုတာ လူတိုင်းက ကိုယ့်ဖက်ကအသာစီးရသွားတယ်လို့ ထင်သွားအောင် လုပ်တာ။ (ဟင်- တမျိုးကြီးပဲနော်)


TEARS:
The hydraulic force by which
Masculine will power is
Defeated by feminine water-power!
မျက်ရည်ဆိုတာ “မ”တို့ရဲ့ အရည်စွမ်းအင်က “ကျား”တို့ရဲ့ စိတ်စွမ်းအင်ကို အနိုင်တိုက်နိုင်တဲ့ ရေဓါတ်။ (မကြာမကြာ နဲ့ များများသုံးပေးသင့်ပါတယ်)

CLASSIC:
A book
Which people praise,
But never read
ဂန္ထ၀င်စာပေ ဆိုတာ လူတိုင်းတဖွဖွချီးကျူးပြီး ဘယ်တော့မှ ဖတ်ဖို့မကြိုးစားတဲ့ စာအုပ်။


SMILE:
A curve
That can set
A lot of things straight!
လေးကိုင်းသဏ္တန် နှုတ်ခမ်းပေါ်က အပြုံးကလေးတခုက အရာတော်တော်များများကို တည့်မတ်အဆင်ပြေသွားစေတယ်။ (ကြိုက်၏)

YAWN:
The only time
When some married men
Ever get to open
Their mouth
သန်းဝေခြင်းဆိုတာ အိမ်ထောင်ရှင်ယောက်ျားတွေ ပါးစပ်ဖွင့်တဲ့ တခုတည်းသောအချိန်။ ( ဒါ မိန်းမတွေ ပစိပစပ်များတယ်လို့ အပုပ်ချတာ၊ တော်တော်များများတော့ ရှိနိုင်ပါတယ်။ လူတိုင်းတော့ မဟုတ်ဘူးလေ... နော်)

OFFICE:
A place
Where you can relax
After your strenuous
Home life
ရုံးခန်းဆိုတာ အိမ်က ပင်ပန်းဆင်းရဲမှုတွေကို အနားယူတဲ့ နေရာ။  ( ခွင့်ရက်ရှိပါလျက် ခွင့်မယူချင်တဲ့ ၀န်ထမ်းတွေကို ကိုယ်တိုင် မြင်ဖူးပါရဲ့)


ETC:
A sign
To make others believe
That you know
More than
You actually do
စာသားထဲမှာ ETC ETC ဆိုတာတွေ ထည့်ရေးတာက ကိုယ်တကယ်သိတာထက် အများကြီးပိုသိပါတယ်ဆိုတာ တဖက်သားကို ယုံအောင် ကြွားတာ ( သူငယ်ချင်းတို့လည်း စာရေးတိုင်း လုပ်နေကျ မို့လားဟင်၊ တို့ကတော့ အမြဲထည့်တယ်)


EXPERIENCE:
The name
Men give
To their
Mistakes
အတွေ့အကြုံဆိုတာ လူသားတွေက သူတို့အမှားအတွက် ပေးထားတဲ့ အမည်တခု။ (ဆင်ခြေလှလှလေးပေါ့)

PHILOSOPHER:
A fool
Who torments himself
During life,
To be spoken of
When dead
ဖီလော်ဆော်ဖာဆိုတာ အသက်ရှင်တုံးက သူ့ကိုယ်သူ နှိပ်စက်ပြီး၊ ကွယ်လွန်ပြီးချိန်မှာ သူ့အကြောင်းတဖွဖွ ပြောကျန်စေခဲ့တဲ့သူရူး။ ( ဟိ)

DIPLOMAT:
A person
Who tells you
To go to hell
In such a way
That you actually look forward
To the trip
သံတမန်ဆိုတာ ငရဲသွားဖို့တောင် စိတ်ပါလက်ပါဖြစ်လာအောင် သွေးဆောင်နိုင်တဲ့သူ။ ( ဟင်း- ဆိုးပါ့၊  သူတို့ လျှာအရိုးမရှိတိုင်း)

OPPORTUNIST:
A person
Who starts taking bath
If he
Accidentally falls
Into a river
အခွင့်အရေးသမားဆိုတာ မြစ်ထဲမတော်တဆလိမ့်ကျတုံး ရေချိုးတတ်တဲ့သူ။ ( အိုင်တွေ့တုံး ခြေဆေးသူ ကျတော့ကော အတူတူပဲလား)

OPTIMIST:
A person
Who while falling
From EIFFEL TOWER
Says in midway
"SEE I AM NOT INJURED YET!"
အကောင်းမြင်သမားဆိုတာ အီဖယ်မျှော်စင်ပေါ်က ပြုတ်ကျတဲ့အချိန် လမ်းတ၀က်မှာ “ကြည့်စမ်းဟေ့၊ ငါအခုထိ ဘာဒဏ်ရာမှ မရသေးဘူး” လို့ ပြောတတ်တဲ့သူမျိုး။ 


PESSIMIST:
A person
Who says that
O is the last letter
In ZERO,
Instead of the first letter
In OPPORTUNITY
အဆိုးမြင်သမားဆိုတာ O ကိုပြလိုက်တာနဲ့ OPPORTUNITY ရဲ့ ပထမဆုံးအက္ခရာ ဆိုတာထက် ZERO ရဲ့ နောက်ဆုံးအက္ခရာလို့ ပြောတတ်တဲ့သူမျိုး။

MISER:
A person
Who lives poor
So that
He can die RICH!
လူ့ကပ်စေးနဲဆိုတာ အသက်ရှိစဉ် ဆင်းဆင်းရဲရဲနေပြီး သူဌေးဘ၀နဲ့ ကွယ်လွန်သွားတတ်တဲ့သူမျိုး။ (သေရင် ကိုယ့်နောက် မပါဘူး၊ ကပ်စေးမနဲနဲ့နော်)


FATHER:
A banker
Provided by
Nature
အဖေဆိုတာ ကိုယ့်အတွက် သဘာဝက အပ်နှင်းလိုက်တဲ့ ဘဏ်ပိုင်ရှင်ပါ။ ( အဆောင်နေတုန်းကတော့ ဒီ banker ကြီးဆီ “နေကောင်း၊ ကျမ်းမာ၊ ငွေပို့ပါ” ဆိုတဲ့ စာတိုကလေးတွေ မကြာမကြာ ရေးဖုူးခဲ့တာပေါ့)

CRIMINAL:
A guy
No different
From the other,
Unless he gets caught
ရာဇ၀တ်ကောင်ဆိုတာ အဖမ်းမခံရမချင်းကတော့ သူလိုကိုယ်လို လူမျိုးပါဘဲ။ (လူမိုက်မှာ ဂျိုမပါဘူး ဆိုတာမျိုးနဲ့ တူနေမလားဘဲ)

POLITICIAN:
One who
Shakes your hand
Before elections
And your Confidence
Later
နိုင်ငံရေးသမားဆိုတာ ရွေးကောက်ပွဲမတိုင်ခင် သင့်လက်ကိုဆွဲယမ်းနှုတ်ဆက်ပြီး၊ နောက်တော့မှ (အာဏာရတော့မှ) သင့်ကို စိတ်ပျက်လက်ပျက်ဖြစ်စေတဲ့သူ။ ( Shakes hand နဲ့ Shakes Confidence ကို လှလှပပ ထပ်သုံးသွားပါတယ်)

DOCTOR:
A person
Who kills
Your ills
By pills,
And kills you
By his bills!
ဆရာဝန်ဆိုတာ သင့်ဝေဒနာတွေကို ဆေးဝါးတွေနဲ့ ကုသပျောက်ကင်းစေပြီးမှ ဆေးဖိုးဝါးခတွေနဲ့ သေအောင်သတ်တဲ့သူ။ ( အသပြာ ဆရာဝန်တွေအကြောင်း ကို kills, pills,ills, bills ဆိုတဲ့ ကာရံတူလေးတွေနဲ့ ချစ်စဖွယ်ရေးပြထားပါတယ်)

တွေးတွေးပြီး ပြုံးဖို့ ...........

မိုးစက်ပွင့်

3 comments:

  1. မဖတ်ဖူးသေးဘူးဗျာ ..
    ပြုံးစရာ တွေးစရာလေးတွေများတယ်ဗျ ..

    ReplyDelete
  2. ဖတ်ရင်း၊စဉ်းစား၇င်...ပြုံးသွားပါတယ်။

    ReplyDelete
  3. မမိုးရေ..
    ဖတ်ပြီး ပြုံးရုံမကဘူး ရယ်လိုက်မိတယ်။
    အကုန်နီးနီးကြိုက်တယ်။ အမျိုးသားတွေ ပါးစပ်ဖွင့်တဲ့အချိန်ဆိုတဲ့ ဟာသကလွဲရင်း)))

    အကြိုက်ဆုံးကတော့ “စာသားထဲမှာ ETC ETC ဆိုတာတွေ ထည့်ရေးတာက ကိုယ်တကယ်သိတာထက် အများကြီးပိုသိပါတယ်ဆိုတာ တဖက်သားကို ယုံအောင် ကြွားတာ ( စာရေးတိုင်း လုပ်နေကျ မို့လားဟင်၊ တို့ကတော့ အမြဲထည့်တယ်) ” ဆိုတာလေ...။ ဟုတ်လိုက်လေ ဟုတ်လိုက် ဟုတ်လိုက်...လေ။

    ReplyDelete

ပဲ့တင်သံလေးတွေ .......