Thursday 2 September 2010
စွဲ
ဖြတ်ကနဲ
မှန်ထဲကိုကြည့်လိုက်ချိန်
တစ္ဆေလို             မင်းအရိပ်
ငါထိတ်နဲ ဖြစ်သွားတယ်
“ရော်-ခက်ပြီကွယ်”
//    //   //    //
 \\  \\   \\  \\
//  //  //  //
\\ \\ \\ \\
ထမင်းစားချိန်  မှာလည်း
ငါ့ပန်းကန်ပြားပေါ်ရစ်ဝဲ
အိပ်တဲ့အချိန်မှာလည်း
အိမ်မက်ချိုတွေထဲထိ
အရိပ်လို မခွဲခွာ
သူအမြဲလာ နှောင့်ယှက်တတ်လေရဲ့
ရုန်းကန်လှူပ်ရှား
လုပ်ငန်းခွင် အချိန်များစွာထဲ
မင်းအနားမခွာဘဲ ငါအမြဲ  ရှိနေချင်မိ
စားပွဲပေါ်ပုံနေတဲ့ ငါ့အလုပ်ကြွေး တချို့အတွက်
   အခမဲ့  နာရီပေါင်းများစွာကို  ကြိတ်ဝါး
 ရခဲ့တဲ့ရင်ခုန်မှုများကတော့ ဆုလာဒ်ပေါ့
မင်းကို မေ့ပစ်ဖို့ အလီလီ  ကြိုးစားခဲ့ပေမဲ့လည်း
ဖြတ်တောက်ဖို့ အကြိမ်ကြိမ် ငါကြိုးစားလည်း
ရုန်းထွက်ဖို့ အခါခါ ငါ ကြိုးစားလည်း
မင်းသာပဲ စိုးမိုးလို့နေ၏
သြော်
မမြင်ရတဲ့ 
မှော်အတတ်နဲ့ 
လူတကာကို ဖမ်းစား
မင်းမာယာများလွန်းလှရဲ့
ထွက်ပေါက်မဲ့ ထောင်ခြောက်ထဲ
သမုဒ်ပြင်နက်ရှိုင်း ခရမ်းပြာWeb လှိုင်းတွေထဲ
ရီဝေယစ်မူး ကူးခတ်နေသူထဲက တယောက်သော “ငါ“
။။
။။
။။
။။
ဘာ
ဘာရယ်
မဟုတ်
shopaholic
workaholic
alcoholic
chocoholic
အဲဒါတွေ
ဘာတခုမှ
မဟုတ်တဲ့
"blogoholic"
အခုတော့ 
ငါကိုယ်တိုင်
ဖြစ်နေခဲ့ပြီပေါ့
။။
။။
။။
။။
မိုးစက်ပွင့်
(စာကြွင်း။  ကဗျာဖတ်ရင်း  ဒိုးနတ်၊ ကော်ဖီ၊ ဘာဂါ၊ ဆင်းဒွစ်၊ ဆာတေး  ကြိုက်တာစားသွားနော့- အားမနာနဲ့  )
4 comments:
  1. စွဲ
    စွဲ သီချင်းလေးကိုတောင် စိတ်ထဲက ရေရွတ်မိနေတယ်၊
    ရိုးရိုးလေးရေးတာလေးကို ရင်ထဲ တကယ်စွဲ လို့ ပြောင်းဆိုမယ်။
    ReplyDelete
  2. အပြုံးပန်း၊ မုန့် တခုခုစားသွားပါဆိုတာကို ဘာမှ စားမသွားဘူးလား .....
    ReplyDelete
  3. မေဓာဝီ6 September 2010 at 03:20
    အိုင်ဒီယာလေးမိုက်တယ်။
    အပေါ်ဆုံးမှာ ဒိုးနတ်ပုံဖော်ထားတာကိုတော့ ၀ိုင်းဝိုင်းကလေး ဖြစ်နေတာ သတိထားမိတယ်။ ကျန်တာတွေတော့ အောက်ဆုံးက စာကြွင်းဖတ်မှသိတယ်။
    ဘယ်သူမှ မစားသေးလို့ အကုန်စားသွားတယ်နော်။
    ReplyDelete
  4. မမေဓါဝီ
    စားပါ...စားပါ...အားရ ပါးရ စိတ်တိုင်းကျနော် :-)
    ReplyDelete
ပဲ့တင်သံလေးတွေ .......