Friday 30 April 2010

မှာတမ်း

ချစ်သူရေ .....ဆင်ခြင်ကွဲ့  
တစ်ယောက်နဲ့ တစ်ယောက်
တို့တွေ  ဘယ်လောက်ချစ်စေ
နှစ်တွေပြောင်းလို့  အချစ်တွေဟောင်းတဲ့အခါ
နှစ်တွေကြာလို့   အပြစ်တွေရှာတတ်တဲ့အခါ
ရင်နာစေမဲ့စကားလုံး ဘယ်ခါမှ မင်းမသုံးနဲ့နော် ....။

ချစ်သူရေ ......မထားခဲ့နဲ့...
ကိုယ်က အားငယ်တတ်သူလေးပါ
မြစ်ယံချောင်းပါး ကိုရွှေငါးလို
မင်းကူးချင်ရာကူးသွားတဲ့အခါ
အချစ်ရွာမှာ သွေ့ခြောက် ကိုယ်တစ်ယောက်တည်းမို့
လွမ်းလို့ကျန်ရစ်ခဲ့မှာ မင်းအားနာတယ်ဆိုရင်
အကြင်နာခွန်အားသစ်   ကိုယ့်အတွက်ထာဝရဖြစ်စေသောဝ် .....။

ချစ်သူရေ.......ခေါ်ပါလှည့်
မင်းနဲ့ သာဆို  ကိုယ်လေ..........
အရပ်ရှစ်မျက်နှာ ဘယ်ကိုပဲသွားသွား မကျန်ခဲ့ချင်ဘူး
တစ်လောကလုံးက ဘယ်သူပဲတားတား နားမ၀င်ဘူး
ယုယအနားတိုး အားကိုးယုံကြည် ပခုံးစွန်းနွဲ့မှီလို့
ဆယ်ကမ္ဘာဆီ မငြူစူစတမ်း
ရွယ်ကာအတူတူ လျောက်လှမ်းရအောင်နော် ......။

မိုးစက်ပွင့်

3 comments:

  1. တော်လိုက်တာ မိုးစက်ပွင့် ရယ်...

    စူးနွယ်

    ReplyDelete
  2. Moe Sat
    Thanks for your poem.I like this poem.

    ReplyDelete
  3. ဆက် ရေးမယ့် နေရာမှာ တစ် နေရင် အဲဒါ ဆယ့်တစ်

းဝ)

    (ကဗျာမိုက်တယ်...းP )

    ReplyDelete

ပဲ့တင်သံလေးတွေ .......