အင်နားရှားဘူတာမှာထိုးဆိုက်ထားခဲ့။
အပူရှိန်ပြင်းပြင်း
နေမင်းက ကောင်းကင်ထက်
ခရီးသည်တွေကိုနှိပ်စက်
ချွေးတစ်စက်စက်ယိုစီး
ဤခရီး မနီးဘူးလား...။
ရုံပိုင်ကိုမျက်နှာချိုသွေး သတင်းမေးသူကမေး
ရထားအချိန်မှန်စေဖို့ အဓိဌာန်ပုတီး စိပ်သူစိပ်
အိတ်ထဲက၀ီစီထုတ် မှုတ်တဲ့သူကမှုတ်
ကိုယ့်အထုပ်ကိုယ်ပိုက် ငိုက်တဲ့သူကငိုက်စိတ်အိုက်အကြံခက် ဘေးထွက်ရပ်သူကရပ်
စက်မပါတဲ့ နာရီကိုပတ်ထားပြီး အချိန်လေးစားပါလို့ ပြောတဲ့သူပြော
အိတ်ထဲက လက်ပ်တော့ကိုထုတ် ကီးဘုတ်ကိုနှိပ်
ကမ္ဘာနဲ့ ချိတ်ဆက်လိုက်ဦးမတဲ့
စိတ်ပျက်သွားမလား မိတ်ဆွေ..။
စိတ်ပျက်သွားမလား မိတ်ဆွေ..။
“ရေ...ရေ...ရေမယ်.... ရေရမယ်”
မျှော်လင့်ခြင်းခရီးသည်များရဲ့အိပ်ကပ်ကို
မျှော်လင့်ခြင်းမျက်ဝန်းနဲ့ ကြည့်တတ်တဲ့
ကလေးငယ် ဈေးသည်လေးရဲ့မျှော်လင့်ခြင်းအသံ..။
မျှော်လင့်ခြင်းရထား
စက္ကန့်မိနစ်ပေါင်းများစွာ
နာရီနေ့ရက်ပေါင်းများစွာ
လ နှစ် သက္ကရာဇ် ပေါင်းများစွာ
“ဗျာ”
ခေါင်းတွဲကို သော့ခတ်ထားသတဲ့လား.......။
မိုးစက်ပွင့်
ရထားလိုက်စီတယ်။
ReplyDeleteကဗျာအရမ်းမိုက်တယ်...
ReplyDeleteဖတ်ရင်းနဲ့တောင် ပူလောင်မွန်းကျပ်သွားမိသေး...
းဝ)