
ညနက်နက်တွေထဲ
အိမ်မက်တံခါးလာခေါက်
အမြဲပဲနှောင့်ယှက်တတ်သူ။
စိတ်တေလေညနေခင်းထဲ
လေပွေကိုအဖေါ်ပြု
ရွက်ဝါကြွေလိုဝဲလာတတ်သူ။
လမိုက်ညတွေရဲ့သန်းခေါင်ယံထဲ
ခြေသံရှပ်ရှပ်
ပြူတင်းတံခါးတံခါးချပ်ကနေ
ဖျပ်ကနဲဝင် ပုံရိပ်ဆင်လေသူ။
မိုးစက်ပွင့်တစ်ဖျောက်ဖျောက်မှာ
ချစ်သူမင်းရဲ့ခေါ်သံများ
ကြားနေမိတာ ….. ကိုယ့်အသည်းနှလုံးနားတစ်စုံနဲ့။
နှင်းရည်စက်တဖွဲဖွဲအောက်မှာ
ချစ်သူမင်းရဲ့ရုပ်သွင်
မြင်နေမိတာ……ကိုယ့်စိတ်ဝိဥာဉ်မျက်ဝန်းနဲ့။
ဂိမာန်နွေရဲ့ လေရူးတစ်ခေါက်မှာ
ချစ်သူမင်းရဲ့အတွေ့အထိများ
ခံစားနားလည်မိနေတာ ……ကိုယ့်အတွေးအာရုံစိတ္တဇနဲ့။
ချစ်သူ သိစေချင်ရဲ့
ကိုယ့်အတွေး ကိုယ့်ဘဝ
ကိုယ့်ဝိဥာဉ် ကိုယ့်ကမ္ဘာ
အရာရာအားလုံး
မင်းကသာ ပိုင်စိုးလေသူ။

No comments:
Post a Comment
ပဲ့တင်သံလေးတွေ .......