Hanna Rosin


Harvard Medical School မှာစာသင်နေတဲ့ Dr.Speck ဟာ 'Blocker' ( Blogger မဟုတ် :-P) လို့ခေါ်တဲ့ ဟော်မုန်းဆေးတစ်မျိုးကို လိင်ပြောင်းလိင်လွှဲအတွက် 1980 ပြည့်လွန်နှစ်များမှာ စတင် အသုံးပြုခဲ့ပါတယ်။ အဲဒီဆေးက ပျိုဘော်ဝင်စမှာ သုံးရတာဖြစ်ပြီး ၁၈လ သောက်ရပါတယ်။ ဆေးပေါ်ကိုလိုက်ပြီး သုံးစွဲသူမှာ ကျားသဘာဝ၊ မသဘာဝတွေ တိုးတက်ဖြစ်ပေါ်လာပါတယ် ( နှုတ်ခမ်းမွေး၊ ရင်သား စသဖြင့်)။ ဒီဆေးကို မိန်းကလေးဆိုရင် ၁၀ နှစ်ကနေ ၁၂ နှစ်အတွင်း၊ ယောက်ျားလေးဆိုရင် ၁၂ နှစ်ကနေ၁၄နှစ်အတွင်း သောက်ဖို့ အသင့်တော်ဆုံးပါ။ ဒါပေမဲ့ အဲဒီအသက်အရွယ်တွေဟာ ငယ်ရွယ်လွန်းလို့ မျိုးဆက်ပွားကိစ္စတွေ ဆွေးနွေးဖို့ရာ အခက်ကြုံရပါတယ်။ ဆေးကြောင့် ပြင်ပလက္ခဏာတွေ ပြောင်းလဲသွားပေမဲ့ အင်္ဂါခွဲစိတ်ပြုပြင်မှုကတော့ လိုအပ်နေဆဲပါပဲ။ နောက်ပြီး ပုံမှန် မျိုးပွားမှုဖြစ်စဉ်မရှိတော့ပါဘူး။ ဒါတွေကို ရှင်းပြတဲ့နောက်မှာတောင်မှာ Beth ဆိုတဲ့ ကလေးမလေးဟာ Matt ဆိုတဲ့ ယောကျာ်းကလေးအဖြစ် ပြောင်းလဲခံယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကလေးမရနိုင်တော့ရင်လည်း “မွေးစားမယ်”လို့ သူက ဆိုပါတယ်။ အခုဆိုရင် ဟော်မုန်းဆေးကြောင့် အရပ်တွေရှည်၊ ခြေသလုံးမွေးတွေထွက်၊ ရင်သားထွက်မလာတော့ဘဲ ရင်အုပ်ကျယ်လာပါတယ်။ သူမဟာ ရင်သားခွဲစိတ်စရာမလိုတဲ့ ပထမဦးဆုံး ယောက်ျားအသွင်ပြောင်းသူ (trans-men ) ဖြစ်လာပါတယ်။
Blocker ဆေးကို မသုံးဘဲ ရပ်လိုက်ရင် မွေးရာပါလိင်အမျိုးအစားအတိုင်း ဆက်လက်ကြီးထွားနိုင်ပါတယ်။ ဒါပေမဲ့ ဒတ်ခ်ျနိုင်ငံမှာ ၂၀၀၀ ခုနှစ်ကစလို့ လိင်ပြောင်းဆေးသုံးသူ ၇၀ လောက်ရှိရာမှာ မွေးရာပါလိင်ကို ပြန်သွားလိုသူ တစ်ဦးတစ်လေမှ မရှိသေးဘူး လို့ ဆိုပါတယ် (စိတ်အားထက်သန်လိုက်ကြတာ)။
ဒီဆေးသုံးစွဲခြင်းဟာ ကိုယ်နဲ့စိတ် ကွဲပြားစွာမွေးဖွားလာသူတွေအတွက် ပါတ်ဝန်းကျင်အသိုင်းအ၀ိုင်းရဲ့ ပယ်ကျဉ်မှုတွေကို “ကာကွယ်ဆေး” ဖြစ်တယ်လို့ ပြောပါတယ်။ လူတစ်ယောက်ရဲ့ ကျားသဘာဝ မသဘာဝဟာ ”ဦးနှောက်”ထဲမှာ ပါလာတာမို့ ”ခန္ဒာကိုယ်”မှာ ပါလာတာထက် ပိုပြီးအဓိကကျပြီး အဲဒီ ဗီဇစိတ်နဲ့ လိုက်လျောညီတွေတဲ့ ခန္ဒာကိုယ်ဖြစ်လာအောင် ကူညီပေးတာဟာ ဖန်ဆင်းရှင်ဘုရားအလိုကို ဆန့်ကျင်ရာရောက်တယ်လို့ မယူဆကြောင်း ဒေါက်တာစပက်က ပြောပါတယ်။ သူ့အဆိုကိုထောက်ခံတဲ့ 'transgender community' ကလည်း ဒီကလေးတွေဟာ ”မှားယွင်းတဲ့ ခန္ဒာကိုယ်”ထဲမှာ မွေးဖွားလာတာလို့ ဆိုပါတယ်။
မိုးစက်ပွင့်
ဆေးကြော်ငြာတာမဟုတ်သလို ဘာကိုမှရည်ရွယ်တာလည်း မဟုတ်ပါ။ the Atlantic မဂ္ဂဇင်းထဲက ကိုယ်စိတ်ဝင်စားတဲ့ ဆောင်းပါးလေးတစ်ခုမို့ မျှဝေခြင်းသာဖြစ်ပါတယ်။ ပြီးတော့ အဲဒီ (အမှား ခန္ဒာကိုယ်ထဲမှာ မွေးဖွားလာရသူတွေ) ကို ရှုံ့ချမဲ့အစား စာနာပေးရင် ကောင်းလေမလားလို့ ........။
(Hanna Rosin's "A Boy's Life" , The Atlantic, November 2008, New York ကို ဆီလျော်အောင် အကျဉ်းချူံးဘာသာပြန်ပါသည်)။
ဟုတ်တယ်...သင့်တော်အောင်ပြောင်းလဲနိုင်ဖို့ ကူညီပေးသင့်ပါတယ်...ငယ်ငယ်ကတည်းက စပြောင်းတော့ လွယ်ကူတယ်...ရုပ်ရည်ကလည်း သဘာဝကျကျ ဖြစ်တယ်...ကြီးမှဆိုတော့ ခက်သွားတာပေါ့
ReplyDeleteYour concept and issue is pretty good. Please visit us back at
ReplyDeletehttp://motors.com.mm/?utm_campaign=mot_mm_lb_blog_gvisoy&utm_source=mot_lb_blog&utm_medium=lb_blog