ပထမဆုံးအံ့သြမိတာက နှင်းပဲ။ ကိုယ့်မွေးရပ်မြေ မြစ်ဝကျွန်းပေါ်မှာက နှင်းဆိုလို့ ဆောင်းတွင်းမှာ မစို့မပို့ ဖွဲဖွဲလေးပဲကျတာလေ။ ရုပ်ရှင်ထဲမှာတော့ မြင်ဖူးတာပေါ့နော့။ နှင်းခဲလွင်ပြင် ဖြူဖြူကြီးကို အပြင်မှာ နဖူးတွေ့ဒူးတွေ့ တွေ့ရတာကတော့ ပထမဆုံးပါပဲ။ မြက်ပင်အဖျားက နှင်းစက်လောက်ပဲ မြင်ဖူးခဲ့တာမို့ ဖွေးဖွေးလှူပ်နေတဲ့ နှင်းခဲလွင်ပြင်ကြီးက ကျွန်မကို တစ်အံ့တစ်သြဖြစ်စေခဲ့တာပါ။ ကြည့်ပါဦး... လမ်းဘေး ၀ဲယာက နှင်းပင်လယ်ကြီး...။
အပူချိန်က ၈ဒီဂရီလောက် ရှိမယ်ထင်တယ်။ လေဆိပ်ကထွက်ကထဲက မျက်နှာကို အအေးဓါတ်က ဖြန်းကနဲလာရိုက်တာ။ တစ်ကိုယ်လုံးကတော့ ထူပိန်းနေအောင်ဝတ်ထားတာမို့ မထောင်းတာဘူးပေါ့။ သင်တန်းက လာကြိုတဲ့ကားကလေးက ကိုယ့်အမည် ဆိုင်းဘုတ်ကိုင်ထားတဲ့ ဂျာမန်ကားဆရာနောက်ကို လိုက်ပါခဲ့ပါတယ်။ လေဆိပ်ကနေ ၄၅မိနစ်လောက် မောင်းရတဲ့ Feldafine ဆိုတဲ့ တောပိုင်းမကျတကျနေရာကလေးမှာ InWEn
သင်တန်းက ဘူဖေး တစ်နေ့သုံးကြိမ်ကျွေးပါတယ်။ ဥရောပ အစားအစာပဲများပါတယ်။ စားဖိုမှူးတွေက ဂျာမနီမှာ ဒုတိယ အများဆုံးဖြစ်တဲ့ တူရကီလူမျိုးတွေ။ သင်တန်းသားတော်တော်များများက အာဖရိကတိုက်သားတွေ။ ကျွန်မတို့နဲ့ရုပ်ချင်းဆင်တဲ့ အရှေ့တောင်အာရှသားတွေတော့ အနည်းအကျဉ်းပါတယ်။
(ဆက်ရန်)
မိုးစက်ပွင့်
ဂျာမန် ပုံစံ ရသွားတာပေါ့
ReplyDeleteကောင်တယ်။ လာလည်တုန်းက အချိန်လေးတွေ လွမ်းမိတယ်။