Monday 28 September 2009

ကာလာဘလိုင်းစစ်ကြမယ်

မကိကိရဲ့ဘလော့က ကြိုက်လွန်းလို့သယ်လာတာပါ...သယ်ရင်းတို့ ကိုယ့်ကိုယ်ကို စစ်ကြည့် ကြပါဦးနော်- တို့ကတော့ စစ်ပြီးပြီ ...... အိုင်းပါဝါက အမှန်အကန်ပဲ- ခွိ။

အရောင်တွေ ၊အရောင်တွေ မျိုးစုံ ရောနေ ၊ရှုပ်နေကြတဲ့  လောကကြီး ။တချို့ လည်း အရောင်စပ်တတ်တော့ ပိုလှသွားကြတယ် ။ ပိုလို့ ကြည့်ကောင်းသွားကြတယ် ၊မျက်စိ အေးတယ် ။ စိတ်ကြည်သွားတယ် ။မလိုက်ဖက်တဲ့  အရောင်တွေ အတူ စပ်မိတော့လည်း မျက်စိနောက်ကြရတယ်။တချို့ လူတွေမှာ အရောင်စပ်ထားတာကို ကြည့်ရင် အမြင်တွေ ဝါးသွား၊ မှားသွားတတ်ကြတယ် လေ။ဒီတော့ ဒီအရောင်တွေကို မမြင်တဲ့ အကြောင်း ပြောချင်လာတယ်ပေါ့ ။(လာမဲ့  ၂၀၁၀ မေလအတွက် သင့်တော်မဲ့ အရောင်တွေရွေးချယ်တတ်ဖို့  အရေးကြီးနေပြီ ။ကာလာမက်ရှ် မဖြစ်ရင်တော့ ရွှေနိုင်ငံကြီး အမဲရောင်ဖုံးလွှမ်းလို့  ရွှေရောင်လည်း ဆက်မသန်းနိုင် ဖြစ်ရတော့မယ် )

Color blind လို့ လူတွေက ပြောနေသိနေကြတာ မြန်မာလို ပြန်လိုက်ရင် အရောင်ကွဲပြားမမြင်ရခြင်း လို့ ပဲခေါ်ရမလား ၊ တိုက်ရိုက်ဘာသာပြန်တော့ အရောင်ကန်းမှု လို့ ပဲခေါ်ရမလား နဲ့  ရှုပ်နေတာမို့  အလွယ်တကူ ကာလာဘလိုင်း လို့ သာရေးလိုက်ပါတယ် ။ ဘလိုင်း ဆိုတဲ့ စကားလုံး ကို အားလုံး အလွယ်တကူပြောနေ ကြတာဘဲလေ ။ စိုင်းထီးဆိုင် ပြီးတော့ ဘလိုင်းထီးဆိုင် ဆိုတာတောင် နာမယ်ထွက်ခဲ့သေးတာ ။ လူငယ် တွေကြားထဲ မလည်း " ဟာ.မင်းက ဘလိုင်းကြီးပါလား "တို့  ။ "ဘလိုင်းကြီးဝင်ကော သွားတယ်တို့ " ပြောနေကြတာ ။ ဒီတော့ ကာလာဘလိုင်းလည်း ဒီအတိုင်း ခေါ်လိုက်တယ်။

ကာလာဘလိုင်း ဆိုတာ ရောဂါတမျိုးရယ် တော့မဟုတ်ပါဘူး ။ မျိုးရိုးဗီဇ နဲ့ ပတ်သက်တဲ့ genetic nature ချို့ယွင်းချက် တခုကြောင့် မွေးရာပါ ဖြစ်နေခဲ့တဲ့  မျက်စိရဲ့ အရောင် အမြင် ချို့ တဲ့ခြင်း ပါ ။ X-Chromosome mutation ပေါ့။ အမျိုးသားတွေမှာX-chromosome တခု သာ ပါလို့  သူ့X မှာ ချို့ ယွင်း ချက်ရှိတာနဲ့ ကာလာဘလိုင်းဖြစ်တာ ၅-၈ % ရှိတယ် ။ အမျိုးသမီးတွေကျတော့ XX ဆိုပြီး ၂ ခုပါလို့  X တခု ချို့ ယွင်းရုံနဲ့ ကာလာ ဘလိုင်း မဖြစ်သေးပါ ။ ဒါကြောင့် ဖြစ်နိုင်ခြေ က ၁ % ပဲ ရှိတယ် ၊ ဒါပေမဲ့ တချို့ သူတွေ မှာတော့ မွေးရာပါ မဟုတ်ပဲ မျက်စိရောဂါ တမျိုး၊ မျက်ကြည်လွှာ မှာ ရှိတဲ့  ကတော့ပုံပစ္စည်း( cone )၊ အချောင်းပုံ( rod) တို့ မှာ ချို့ ယွင်းမှု ကြောင့် ၊ဒါမှ မဟုတ် ဦးနှောက် အာရုံကြော တခုခု ပျက်စီးမှု ကြောင့် ၊ ဆီးချို ရောဂါ အခံကြောင့်၊ အသက်အရွယ် အိုမင်းမှုကြောင့် ကာလာဘလိုင်း ဖြစ်လာရပါတယ် ၊ တချို့ ကြတော့ ဓါတုဓါတ်ပစ္စည်း တမျိုးမျိုး ကို ကိုင်တွယ်ထိတွေ့ မှုကြာလာလို့  ဖြစ်သွားတတ် ကြတယ် ၊။ တခါတလေမှာလည်း Migraine ခေါ် ပြင်းထန်စွာ ခေါင်းကိုက်ခြင်းရောဂါ တမျိုး မှာ ခဏတဖြုတ် ကာလာဘလိုင်း( transient color blind ) ဖြစ်သွားတတ်ပါတယ် ။

Total color blind ကို ဆေးပညာ အရ Monochromacy လို့ခေါ်တယ် ။သူ့မှာ အရောင် ၂မျိုး မှ ၃ မျိုး ပျောက်နေတတ်ပါတယ်။

နောက်ပိုပြင်းထန်တာ ကတော့ Dicromacy ပါ ။ သူ့ မှာ အရောင် မမြင်ရတာကို လိုက်ပြီး နောက်ထပ် ၃ မျိုး ခွဲထား ပါသေးတယ် ။

-Protanopia(အနီရောင်လက်ခံတဲ့ ကတော့ပုံ ချို့ တဲ့မှုကြောင့် အနီရောင် လုံးဝ မမြင်ရပါ)

-Deuteropnia (အစိမ်း အနီချို့ တဲ့နေလို့  သက်တန့် ရောင်မှာ သူ့အတွက် ဝါ ၊မီးခိုး၊ ညို ၊ ပြာ တို့သာ ရှိပါတယ်)

-Tritanopia(ရှားပါတယ် ၊ အပြာလက်ခံတဲ့  ကတော့ပုံလုံးဝ မပါတဲ့အတွက် အစိမ်းဆိုတာလည်း သူ့ အတွက် မရှိတော့ပါ )

အသေး စိတ်သိလိုပါက ဒီနေရာလေး သို့ သွား၍ ဆက်လက်လေ့လာနိုင်ပါတယ်။

သူ့ ကို ဘာလို့ စစ်ကြတာလည်းဆိုတော့ တချို့  အလုပ်အကိုင်တွေမှာ အနှောက်အယှက် ၊ အန္တရာယ်ဖြစ် စေတတ်လို့ ပါဘဲ ။ နိုင်ငံတော်တော်များများ မှာတော့ ယာဉ်မောင်းလိုင်စင်ဖြေရင် မဖြစ်မနေစစ်ရတယ် ။ လေယာဉ်မောင်းတဲ့ ပိုင်းလော့လုပ်မဲ့ သူ ဟာ ကာလာဘလိုင်း ဖြစ်လို့ မရပါဘူး ။ မီးအစိမ်း၊ အနီ ရောင်တွေ မကွဲပြားသူ ဟာ ပိုင်းလော့ မလုပ်နိုင်ပါဘူး ။ ဒီလိုပါဘဲ ၊ အရောင်တွေကို အခြေခံပြီးလုပ်ရတဲ့ အလုပ်တွေ ( ဥပမာ ဒီဇိုင်းဆွဲသူ ) တွေမှာလည်း ကာလာဘလိုင်းဆိုရင် ဒုက္ခရောက်တာပေါ့လေ ။ မွေးရာပါ ကာလာ ဘလိုင်းမှာ ဘာမှ နာကျင်ခံစားနေရခြင်းမရှိလို့  ထူးထူးထွေထွေ ကုသ စရာလည်း မလိုလှပါဘူး ။




ပုံမှန်လူတဦး သက်တန့် ကို မြင်ရတဲ့ အရောင်များ





rotanopia ဖြစ်နေသူတဦး က သက်တန့် ကို ဒီလိုအရောင်နဲ့  မြင်တယ်





euteranopia့ ဖြစ်နေသူကတော့ ဒီလိုကာလာလေး အနေနဲ့ မြင်ပါတယ်





Tritanopia တဦး ရဲ့ အမြင်မှာတော့ သက်တန့် မှာစိမ်း၊ဝါ၊ အပြာရင့် မရှိပါဘူး

အထက်က အကြောင်းအရာများကို ဒီက ယူ ပါတယ် ။

အောက်က ပုံ တွေကို ဒီနေရာမှ ယူထားပါတယ်။

ကဲ ... ကာလာဘလိုင်း ဖြစ်နေလား သိချင်ရင် စမ်းတဲ့  အလွယ်ဆုံးနည်းလေး အောက်မှာ ပြထားပါတယ်။ စာရွက်တရွက်ပေါ်မှာ ကိုယ်ထင်တဲ့  မြင်တဲ့ ဂဏန်း နံပတ်လေး ချရေး ၊ ဒါမှမဟုတ် ဆိုကြည့်ပါ ။ ကိုယ်ထင်တိုင်းလည်း မှန်ချင်မှ မှန်မှာနော်။ တချို့က တရောင်ချင်းစီ ကွဲနေရင် မြင်နိုင်ပေမဲ့  အရောင်တွေ ရောထားတဲ့ အခါ မမြင်ရတော့တာမျိုးလည်း ဖြစ်တတ်တယ် ။ များသောအားဖြင့် အနီ နဲ့ အစိမ်းရောင်ကို မမြင်ကြတာ များပါတယ် ။

ပုံတွေ အောက်မှာ ဂဏန်းအမှန်ရေးပြထားတယ် ။ တကဲ့  ဂဏန်းနံပတ် ကို ဘာအရောင် ကာလာဘလိုင်း ရှိသူတွေက ဘယ်လို နံပတ် အနေနဲ့  မြင်ရမလည်း ဆိုတာ လည်းဖေါ်ပြထားပါတယ် ။

ပုံ (၁) က ဘာဂဏန်းလည်းဆိုတာ လူတိုင်းတွေ့ မြင်ရမှာပါ ။ပုံမှန်သူရော ၊ ကာလာဘလိုင်းရော အမှန်တွေ့ ရမယ် .. 12 တဲ့ နော် ။ ဒါမှ မှားနေရင်တော့ ကာလာဘလိုင်းကြောင့်မဟုတ်ပဲ သင့် မျက်စိ ချို့ ယွင်းနေတာ ဖြစ်မယ် ။



(၂) ဒါကရော .. ဘာဂဏန်းလည်း ?

အနီစိမ်း အရောင်ချို့ တဲ့သူ က(3) လို့ပြောမယ် ။ ကာလာဘလိုင်းလုံးဝ ဖြစ်နေသူက ဘာဂဏန်းမှ မမြင်ရပါ ။
အမှန်က (8) ပါ



(၃) ဒီအောက်က ဘာနံပတ်လည်း ။

အနီစိမ်း အရောင်ချို့ တဲ့သူ က(70) လို့ပြောမယ် ။ ကာလာဘလိုင်းလုံးဝ ဖြစ်နေသူက ဘာဂဏန်းမှ မမြင်ရပါ ။
အမှန်က (29) ပါ



(၄)ဒါကရော ဘာနံပတ်ပါလည်း

အနီစိမ်း အရောင်ချို့ တဲ့သူ က(3) လို့ပြောမယ် ။ ကာလာဘလိုင်းလုံးဝ ဖြစ်နေသူက ဘာဂဏန်းမှ မမြင်ရပါ ။အမှန်က (5) ပါ



(၅)ဒါကရော ဘယ်လောက်လည်း။
အနီစိမ်း အရောင်ချို့ တဲ့သူ က(5) လို့ပြောမယ် ။ ကာလာဘလိုင်းလုံးဝ ဖြစ်နေသူက ဘာဂဏန်းမှ မမြင်ရပါ ။အမှန်က (3) ပါ



(၆) ဘာဂဏန်းပါလည်း

အနီစိမ်း အရောင်ချို့ တဲ့သူ က(17) လို့မြင်ရမယ် ။ ကာလာဘလိုင်းလုံးဝ ဖြစ်နေသူက ဘာဂဏန်းမှ မမြင်ရပါ ။
အမှန်က (15) ပါ



(၇) ဒါလေးကရော ...

အနီစိမ်း အရောင်ချို့ တဲ့သူ က(21) လို့ပြောမယ် ။ ကာလာဘလိုင်းလုံးဝ ဖြစ်နေသူက ဘာဂဏန်းမှ မမြင်ရပါ ။
အမှန်က (74) ပါ



(၈) ဒီဟာလေးကို မှန်းကြည့်ပါအုံး ။

အနီစိမ်း အရောင်ချို့ တဲ့သူ ရော၊ ကာလာဘလိုင်းလုံးဝ ဖြစ်နေသူ တွေ က မှန်းရခက်လို့  ထင်ရာမြင်ရာ မှန်းပြော ပါလိမ့်မယ် ။ လွဲဖို့ များပါတယ် ။ အမှန်က (6) ပါ



(၉) ဘာနံပတ်လေးပါလိမ့် ။

အနီစိမ်း ရောင် အမြင်ချို့ တဲ့သူ ရော၊ ကာလာဘလိုင်းလုံးဝ ဖြစ်နေသူတွေ က ဘာဂဏန်းမှ မမြင်ရပါ ။ရမ်းပြော ပါလိမ့်မယ်။

အမှန်က (45) ပါ




(၁၀) ပြောကြည့်ပါအုံး ဂဏန်းတလုံး ။

အနီစိမ်း အရောင်ချို့ တဲ့သူ ရော၊ ကာလာဘလိုင်းလုံးဝ ဖြစ်နေသူတွေ မှန်းတုပ်ပါမယ် ။ကံကောင်းရင်တော့ စွတ် မှန်ရင်မှန်နေမှာပေါ့ ။ အမှန်က (5) ပါ



(၁၁)အနီစိမ်း အရောင်ချို့ တဲ့သူ ရော၊ ကာလာဘလိုင်းလုံးဝ ဖြစ်နေသူတွေ မှန်းတုပ်ပါမယ် ။ကံကောင်းရင်တော့ စွတ် မှန်ရင်မှန်နေမှာပေါ့ ။ အမှန်က (7) ပါ



(၁၂) ချဲနံပတ်လေး ရွေးကာပေး ။ (ကြည့်ရတာ ပျင်းနေမစိုးလို့ ... တကယ်ဖြစ်ချင် ဖြစ်နေမှာနော်း)

အနီစိမ်း အရောင်ချို့ တဲ့သူ ရော၊ ကာလာဘလိုင်းလုံးဝ ဖြစ်နေသူတွေ မှန်းတုပ်ပါမယ် ။ကံကောင်းရင်တော့ စွတ် မှန်ရင်မှန်နေမှာပေါ့ ။

အမှန်က (16) ပါ



(၁၃) ဒီနံပတ်လေးလည်း မဆိုးဘူး ။

အနီစိမ်း အရောင်ချို့ တဲ့သူ ရော၊ ကာလာဘလိုင်းလုံးဝ ဖြစ်နေသူတွေ မှန်းတုပ်ပါမယ် ။ကံကောင်းရင်တော့ မှန်ရင်မှန်နေ မယ် ။

အမှန်က (73) ပါ



(၁၄) ကြည့်လိုက်ပါအုံး ။ ဘာနံပတ်လဲ လို့ ။

ဒီတခါတော့ ကြည့်ကျက် ရွှီး နော် ။ ဂဏန်းတွေ့ တိုင်း ကောင်းတာ မဟုတ်ဘူး ။ (5) လို့ မြင်တဲ့သူတွေ ကမှ တကယ့် ပြသနာ .... အနီစိမ်းရောင် အမြင်ချို့ တဲ့နေပြီ ။

တကယ်ဆို ဘာနံပတ်မှ မရေးထားပါ ။( ပုံမှန်လူရော ၊ လုံးဝ ကာလာဘလိုင်းဖြစ်နေသူရော ဘာ နံပတ် မှ မတွေ့ ရ ပါ)



(၁၅) ကြည့် ပြော အုံး ။
အနီစိမ်းအရောင် အမြင်ချို့ တဲ့ သူက (45) လို့ ပြောလိမ့်မယ် ။

တကယ်ဆို ဘာနံပတ်မှ မရှိဘူး ။ အပေါ် တခုက သဘောတရား အတိုင်းပါ ဘဲ။



(၁၆) အနီနဲ့ ပန်းရောင် ၂မျိုးစပ်ထားတယ် ။

တချို့ က (2) ပဲ မြင်တယ် ။ တချို့ ကျတော့ (6) ပဲ မြင်ရတယ် ။

(မြန်မာလို ပြန်ရေးရတာ သိပ်အဆင်မပြေလို့  ဒီအတိုင်းလေးဘဲ ထဲ့ပေးလိုက်တာပါ ။

The normal read this as 26.

In Protanopia and strong Protanomalia only 6 is read, and in cases of mild Protanomalia the numeral is read, but the 6 is clearer than the 2. In Deuteranopia and strong Deuteranomalia only the 2 is read, and in the case of mild Deuteranomalia both numerals are read but the 2 is clearer than the



ဒီလိုရောထားလိုက်ရင်တော့ တချို့ က ( 4 ) ကို သေချာမြင်ရတယ် ။ တချို့ ကျတော့လည်း (2) ကိုသာ သေချာမြင်တယ်။ အပေါ်ပုံက သဘောတရား အတိုင်းပါဘဲ



(၁၈)ကြက်ခြေခတ် အမှတ်တခုမှ စပြီး လိမ္မော်ရောင် လိုင်းတလျှောက် လက်နဲ့ လိုက်ဆွဲ ကြည့်ပါ ။

ပုံမှန်သူရော ။ ကာလာဘလိုင်း အမျိုးစုံ တွေရော မှန်ကန်အောင်ဆွဲနိုင်ကြပါတယ်။



(၁၉) ကြက်ခြေခတ် အမှတ် တခုမှ စပြီး ခရမ်းနဲ့ အနီစက် လမ်းကြောင်းအတိုင်း လက်နဲ့ ထောက် ဆွဲကြည့်ပါ ။



(၂၀) ကြက်ခြေခတ်အမှတ်အသားပြထားတဲ့ လိုင်း အတိုင်း ကန့် လန့် ဖြတ် ပြီး အစိမ်းရောင် အစက်တွေ ပေါ် ထောက်ကြည့်ပါ ။ပုံမှန်သူနဲ့ ကာလာဘလိုင်းလုံးဝ ဖြစ်နေသူတွေ ဟာလိုင်းကို မမြင်ရပေမဲ့  နီစိမ်းအမြင်ချို့ တဲ့ သူတွေက လိုင်းတကြောင်းကို ဖြောင့်အောင် ဆွဲပြ နိုင်ပါတယ်



(၂၁)ကြက်ခြေခတ် အမှတ်အသားတခုမှ စပြီး စိမ်းနု ရင့် အရောင်ရှိတဲ့ လိုင်းအကောက်ကွေးအတိုင်း ဆက်ဆွဲကြည့်ပါ ။ပုံမှန် သူက လမ်းကြောင်းမှန်အလိုက် ဆွဲ ပြနိုင်ပါတယ် ။မျက်စိညောင်းလောက်ပါပြီ ။ အမြင်တွေ ဝါးနေလောက်ပါပြီ ။

အစိမ်း



ကဲ ...ကြည့်ရတာလည်း မျက်စိညောင်းလောက်ပါပြီ ။ အမြင်တွေ ဝါးနေလောက်ပါပြီ ။အစိမ်း ၊အနီ၊ အဝါ ရောင်တွေ ရောနေတဲ့ခေတ်ကြီးမှာ သင့် လျှော်မဲ့ အရောင် ကို သေသေချာချာ မှန်ကန်စွာ ကြည့်မြင်နိုင်ကြပါစေ ။ကြည့် ရတာလည်း မျက်စိညောင်းလောက်ပါပြီ ။ အမြင်တွေ ဝါးနေလောက်ပါပြီ ။အစိမ်း ၊အနီ၊ အဝါ ရောင်တွေ ရောနှော သေသေချာချာ မှန်ကန်စွာ ကြည့်မြင်နိုင်ကြပါစေ။
( http://www.kiki-idiotlove.com/2009/09/blog-post_26.html)

မိုးစက်ပွင့်

1 comment:

  1. လာစစ်သွားပါတယ်။တော်ပါသေးရဲ့ 
    ဖတ်လို့ ရတယ်ကွဲ့ 

    ReplyDelete

ပဲ့တင်သံလေးတွေ .......