Monday 6 December 2010

မိတ်အင်ဘားမား (စကားထာ)

ကလေးဆန်တယ်လို့ ဆိုချင်ဆို။ ငယ်ငယ်ကလို စကားထာ ၀ှက်ကြည့်ရအောင်...
- ကျွန်ုပ်မှာ ခြေနှစ်ဖက် လက်နှစ်ဖက်ရှိတယ်။
- နေ့အခါမှာ ခွေခွေခေါက်ခေါက်အိပ်ပြီး ညအခါမှာ တကိုယ်လုံး ဆန့်အိပ်တတ်တယ်။
- ကျောကတော့ ဖြူဖြူ၊ ကိုယ်လုံးကတော့ ဖြူတဲ့အခါဖြူ၊ အရောင်စုံအသွေးစုံ ရှိတဲ့အခါလဲရှိ။
- လူတွေနဲ့ အနီးကပ် နေတတ်တယ်။ လူကိုလည်း အန္တရာယ်ကနေ ကာကွယ်ပေးလေ့ရှိပါတယ်။
- မြန်မာပြည်ထဲက အိမ်တိုင်းလိုလိုမှာ တွေ့ရတတ်ပါတယ်။
- ကျွန်ုပ် ဘယ်သူလဲ
စဉ်းစားနော်၊ စဉ်းစားနော်၊ စဉ်းစားပြီး ဖြေနော်...... အောက်ကစာတွေ ငုံ့မဖတ်ကြေး.....။
V
ဘယ်လို ဘယ်လို - “ခွေး” ဟုတ်လား။ မှားပါတယ်။ “ကြောင်” ဟုတ်လား ၊ မမှန်သေးဘူး။
တကယ်က “ခြင်ထောင်” ပါ ။ မှန်ရင်တော့ နောင်ကြုံတဲ့အခါ လက်ဖက်ရည်တိုက်မယ်နော် :-)

မိုးစက်ပွင့်

(အိပ်ယာဝင်အတွေးလေးတခုပါ။ ခြင်ထောင် ထောင်အိပ်တဲ့ တခြားနိုင်ငံ ရှိသေးရင် ဗဟုသုတအနေနဲ့ ပြောခဲ့ပါလားရှင်၊ သုတေသန ပြုထားတာလည်း မတွေ့မိလို့ပါ။ လောလောဆယ်တော့ “ခြင်ထောင် အစ မြန်မာက” များ ဖြစ်နေမလားလို့ ဂုဏ်ယူချင်သလိုလို ဖြစ်နေမိပါတယ် )
(ပြင်ဆင်ချက်- “ခွေလုံးပြီးအိပ်”အစား “ခွေခွေခေါက်ခေါက်အိပ်”၊ “ဘယ်သတ္တ၀ါလဲ”အစား “ဘယ်သူလဲ”)

9 comments:

  1. သတ္တဝါဆိုလို့ ခြင်ထောင်လို့ မတွေးမိဖူးးD

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete
  2. အော် ခြင်ထောင်လို့တော့ တကယ်မထင်ခဲ့မိပါကွယ်း)
    ဘာလို့ဆို ခြင်ထောင်ကို လုံးပြီးမှ မထားတာကိုး
    ခြင်ထောင်ကို မဖြုတ်ရင် အမိုးပေါ်ကို လှန်းတင်ချင်တင်
    မတင်ဘူးဆိုရင်တော့ ဖြုတ်ပြီးခေါက်သိမ်းပါတယ်.. ဟိဟိ အဲလိုလုံးထားရင် အမေက ရိုက်မှာပေါ့
    ငယ်ငယ်တုန်းက ပြောပါတယ်

    ReplyDelete
  3. ဟွန့် မိုးနဲ့ မချော
    တို့ကို မေးခွန်းလှည့်တယ်၊ မတရားဘူးလို့ ပြောချင်တာလား :-)))))
    နဲနဲတော့ လှည့်ထားတာပေါ့ ဒါမှ ဒိုင်မလျော်ရဘူးပေါ့
    နို့မို့ဆိုလား၊ အားလုံးမှန်ပြီး လက်ဖက်ရည်မတိုက်နိုင်တော့လို့ ကိုယ်ဖာကိုယ် ဖျော်တိုက်နေရဦးမယ် ( ဒါပေမဲ့ - ခြင်ထောင်က အမိုးပေါ်လှန်တင်ရင် လုံးလုံးလေး ဖြစ်နေတယ်လေ၊ နည်းနည်းတော့ ဖြည့်လိုက်ပါပြီ)

    ReplyDelete
  4.ှဖုန်းဆက်လာလို့ ကိုသကောင့်သားကို ခေါင်းစားပေး လိုက်တယ်.... သူ့အဖြေက (ဒရင်းဘက်) တဲ့ :-)

    ReplyDelete
  5. အော်..ဘယ်လိုမှ စဉ်းစားလို့မရလိုက်ဘူး...ခြင်ထောင်ဖြစ်နေတာကိုး...။

    ReplyDelete
  6. အော် ပြောမလို့ပါဆို ဘာလို့ အဖြေပြောလိုက်တာလဲလို့း)))

    ခြင်ထောင်ကို အခုတော့ မြန်မာတွေ ထောင်အိပ်တာ များပေမယ့် ဂျပန်တွေလည်း အရင်ခေတ်တွေက ခြင်ထောင်နဲ့ အိပ်တာတဲ့။ ခင်မင်တဲ့ ဂျပန်တစ်ယောက်အိမ်မှာ ရှေးရှေးက ခြင်ထောင်တွေကို အခုထိ ရှိသေးတယ်။ ခေတ်ကာလ ကလေးတွေ (မြေးတွေကို) ပြဖို့တဲ့..။

    ReplyDelete
  7. အဟီး ကျော်ဖတ်တာ....
    ခြင်ထောင်ဆိုရင်တော့ မှန်ပါတယ်ခင်များ..
း )p
    (ဒုတိယ)

    ReplyDelete
  8. ဒုတိယလူရေ...ဒါဆိုရင် ကြုံတဲ့အခါ လက်ဖက်ရည်တိုက်မယ်နော်....

    ReplyDelete

ပဲ့တင်သံလေးတွေ .......