Wednesday 1 December 2010

ရာသီမဲ့ အချစ်

မိလေပြေ
နွေရဲ့ အလှ
အရိုင်းဆန်တဲ့ အပျိုစင်မ
မေ၀သန်
ငွေမျှားတံ ပိုင်စိုးတဲ့
မိုးမင်းသမီးတိမ်ဇာပုဝါရှင်
မနှင်းဖြူ
ဖွေးလွလွ သရဖူနဲ့
မဟာဆန်တဲ့ ဆောင်းအလှမယ်

ရာသီစက်ဝိုင်း လည်ပတ်တိုင်း
သူတို့အလှပုံရိပ်ဟောင်းကို
အသွင်အမျိုးမျိုးပြောင်းခဲ့ကြတယ်....။

တခါတခါ
မာရ်နတ်ရဲ့ သမီးပျိုသုံးပါးလို
(မင်းကိုများ မေ့မလားလို့)
သူတို့အလှအပတွေနဲ့
ကိုယ့်ကိုလာလာ 
ဖျားယောင်းတတ်ကြလေရဲ့....။

ဒါပေမဲ့
ဒါပေမဲ့ကွယ်
နွေ မိုး ဆောင်း
ရာသီတွေဘယ်လိုဟောင်းဟောင်း
နိမိတ်ပုံတွေ ဘယ်လိုပြောင်းပြောင်း
ကိုယ့်အထီးကျန်ကမ္ဘာလေးထဲ
ဘယ်တော့မှ မပြောင်းမလဲ
အမြဲလိုတမ်းတ
လွမ်းနေရတာ
မင်းကိုပါပဲ
ညီမလေး “.....” ရယ်။
(Sweet December ရဲ့ အမှတ်တရ)
☆ ★SWEET ☆ ★
。☆。 。☆。
★。\|/。 ★
。 DECEMBER。
★。/|\。 ★
。☆。 。☆。

2 comments:

  1. မာန်နတ်ရဲ့ သာမီးတွေ ဖျာလာရောင်းတယ်လား...။ဝယ်ထားလိုက်ပြီးရော...:)။
    စတာနော်....။ကဗျာလေးကကောင်းသား..။

    ReplyDelete
  2. ကဗျာလေးလာခံစားသွားပါတယ်ရှင်းးး

    သာယာချမ်းမြေ့ပါစေရှင်း
    မိုး

    ReplyDelete

ပဲ့တင်သံလေးတွေ .......