ချစ်သူ...
ကိုယ်ဟာ
၂၃ နှစ်ပိုင်းတစ်ပိုင်းတိမ်းစောင်းပြီး
မင်းကို လှည့်ပတ်နေခဲ့...။
မင်းက ကိုယ့်ရဲ့ရှင်သန်ခြင်း
မင်းက ကိုယ့်ရဲ့အလင်းရောင်
မင်းက ကိုယ့်ရဲ့ နေ့နဲ့ည
မင်းက ကိုယ့်ရဲ့ဘဝ
မင်းက ကိုယ့်ရဲ့အနွေးဓါတ်
မင်းက ကိုယ့်ရဲ့ဆွဲငင်ခြင်းဆုံမှတ်..ဖြစ်လေရဲ့။
မင်းရဲ့ နံနက်ခင်း အလင်းရောင်အောက်မှာ
ကိုယ့်ခေါင်းက နေကြာပန်းတွေ လန်းလို့
ကိုယ့်ပါးပြင် နွေးနွေးမှာ
နှင်းဆီသွေးတောင်စို့နေခဲ့..။
ဒါပေမဲ့...ဒါပေမဲ့ ..
ခဏကလေး မှောင်ကျသွား
အို ဘာများဖြစ်သလဲ...ချစ်သူ..
မင်းနဲ့တို့ကြား
လစန္ဒာခြားသတဲ့..။
လစန္ဒာခြားသတဲ့..။
နှစ်ပေါင်းများစွာမှတစ်ခါ
ကြုံလာတယ် ဆိုပေမဲ့
အဲဒီတစ်ခဏပေါ့
ကိုယ့်ရင်မှာနွမ်းသွားခဲ့...။
ဟင့်အင်း......
ချစ်ခြင်းမျက်စေ့နဲ့ မြင်ရဲ့လားချစ်သူ
နှလုံးသားနားနဲ့ ကြားရဲ့လားချစ်သူ
နှလုံးသားနားနဲ့ ကြားရဲ့လားချစ်သူ
ညိုမှိုင်းမှိုင်း မျက်နှာ
တုန်ရီတဲ့ နှုတ်ခမ်းလွှာနဲ့ 
ကမ္ဘာမြေသတို့သမီးရဲ့
ငိုညည်း ရှိုက်သံတွေ..။
မိုးစက်ပွင့်
( နေအပြည့်ကြတ်သော ဇန်န၀ါရီ ၁၅ရက်နေ့ကို ခံစားရေးဖွဲ့ပါသည်..။)
good one.
ReplyDelete