Thursday 12 November 2009

ပေးဆပ်ခြင်း


မင်းလွယ်အိတ်ပြာထဲက

ဒိုင်ယာရီအဟောင်းလေး ငါဖြစ်ချင်၏
မင်းရင်ခုန်သံတွေ
အမှတ်တရ သိမ်းထားချင်မိ...။

မင်းတီးနေကျ မင်းလက်ထဲက
ဂစ်တာအိုလေး ငါဖြစ်ချင်မိ
မင်းအတွက် ချိုမြတဲ့ဂီတသံ
ဖန်ဆင်းချင်လှပါဘိ ..။


မင်းရဲ့ခြေဖ၀ါးအောက်က
ကတ္တီပါဖိနပ်လေးဖြစ်ချင်မိ
မင်းခြေလှမ်းတိုင်းကို
နူးညံ့မှူပေးချင်လှပါဘိ....။

မင်း ပူအိုက်တဲ့အခါ
တိုက်လာတဲ့လေပြေလေး ငါဖြစ်ချင်မိ
အေးမြမှုတို့ကို ဖန်တီးချင်လှပါဘိ...။

ချစ်သူလေး မင်းအတွက်ဆို
......ထီးကလေး......
......အိမ်ကလေး.....
.....စမ်းကလေး...... ဖြစ်ချင်၏..။

နောက်ဆုံးကွယ်
ချစ်သူလေးထိုင်နေကျ
မြက်ခင်းစိမ်းလေးပေါ်က
စကားပန်းလေးဖြစ်ချင်မိ
အမောပြေအနမ်းတစ်ရှိုက်
နွမ်းလျတဲ့အခိုက်တောင်
ပြုံးလို့နေမှာ မင်းလေးအသိ....။

(သိပ်ချစ်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ကိုယ်စား ရေးဖွဲ့ပါသည်။ မိုးစက် အဲ့လောက်မချစ်တတ်ပါ )

မိုးစက်ပွင့်



1 comment:

  1. မိုးစက်ရေ...ချစ်တတ်တဲ့သူတွေကို ကိုယ်ချင်းစာပါတယ်။
    သိပ်ချစ်တတ်ရင်...သိပ်ရင်ပူရတယ်နော်....

    ReplyDelete

ပဲ့တင်သံလေးတွေ .......