တက္ကသိုလ်နန်း ( တေးရေး ။ ။ တက္ကသိုလ်ဘုန်းနိုင် )
“ တက္ကသိုလ်…နန်း……မြကျွန်းပမာရည် ၊ ဆောင်နန်းမြို့ တည် ။
အောင် ခန်းမျှို့  ဝေေ၀စည် ၊ ပညာတံခွန် အောင်လံလွှင့်လို့  ၊
ကြဌာန်းမြင့် နှုန်းနေခြည် ။
အ၀ိဇ္ဇာမောဟ မြူညစ်ပျောက်မည် ။
အ၀ိဇ္ဇာလောက မူသစ်ဆောက်တည် ။
ဗြဟ္မစာရ လောကပါလ တရားစုံညီ ၊
ငြိမ်းချမ်း ပြည့်ဝ ခိုင်မြဲတည် ။
နွှဲဖက်ရွှင်ကြည် ၊ ရောင်စိုရွှင်လန်းသည် ။
ညောင်ညိုပင်စခန်း ဖြန့်  ၀န်းရိပ်လည်လည် ။
ဆုံကြတွေ့ ကြလို့  မေ့မရတာရှည် ၊
တက္ကသိုလ် သည် မေ့မရတာရှည် ၊
တက္ကသိုလ် သည်ကျွန်း ၊ မြွက်ဆိုရည်ညွှန်း ၊ ဥဒါန်းကမ္ဘာ တည် ။
တို့ ပြည် တို့ အမျိုး တို့ အကျိုးဦးတည် ။
လူ့ ပြည် လူများ လူသားဂုဏ်ရည် ။
ဆောင်ရွယ်မူချ ၊ မောင်မယ်တူပ ၊ လွန်းကြင်ရွှေဌက်မျှ ၊
ကြင်ရေးဖွဲ့ ချီ လွမ်းဖွယ်စည် ၊
ကြည်နူးဖွယ်အပေါင်းနဲ့  တို့ ကျောင်းတက္ကသိုလ်ပြည် …….။
“ တက္ကသိုလ်…နန်း……မြကျွန်းပမာရည် ၊ ဆောင်နန်းမြို့ တည် ။
အောင် ခန်းမျှို့  ဝေေ၀စည် ၊ ပညာတံခွန် အောင်လံလွှင့်လို့  ၊
ကြဌာန်းမြင့် နှုန်းနေခြည် ။
အ၀ိဇ္ဇာမောဟ မြူညစ်ပျောက်မည် ။
အ၀ိဇ္ဇာလောက မူသစ်ဆောက်တည် ။
ဗြဟ္မစာရ လောကပါလ တရားစုံညီ ၊
ငြိမ်းချမ်း ပြည့်ဝ ခိုင်မြဲတည် ။
နွှဲဖက်ရွှင်ကြည် ၊ ရောင်စိုရွှင်လန်းသည် ။
ညောင်ညိုပင်စခန်း ဖြန့်  ၀န်းရိပ်လည်လည် ။
ဆုံကြတွေ့ ကြလို့  မေ့မရတာရှည် ၊
တက္ကသိုလ် သည် မေ့မရတာရှည် ၊
တက္ကသိုလ် သည်ကျွန်း ၊ မြွက်ဆိုရည်ညွှန်း ၊ ဥဒါန်းကမ္ဘာ တည် ။
တို့ ပြည် တို့ အမျိုး တို့ အကျိုးဦးတည် ။
လူ့ ပြည် လူများ လူသားဂုဏ်ရည် ။
ဆောင်ရွယ်မူချ ၊ မောင်မယ်တူပ ၊ လွန်းကြင်ရွှေဌက်မျှ ၊
ကြင်ရေးဖွဲ့ ချီ လွမ်းဖွယ်စည် ၊
ကြည်နူးဖွယ်အပေါင်းနဲ့  တို့ ကျောင်းတက္ကသိုလ်ပြည် …….။
သူငယ်ချင်း
တို့များရဲ့ မေဂျာ စ ဖွင့်တာ အခုဒီဇင်ဘာဆိုရင် ၂၅နှစ်တင်းတင်းပြည့်တော့မယ်။
၂၅ နှစ်ဆိုတာ လူသားဆိုရင် ရင့်ကျက်တည်ငြိမ်တဲ့ သက်လတ်ပိုင်းအစ လို့ဆိုရလိမ့်မယ်။
ဘွဲ့တစ်ဘွဲ့ရပြီး အလုပ်ခွင်ဝင်စ ဖြစ်လိမ့်မယ်။ မင်းတို့ ကိုယ်တို့လို ဟိုင်းကြီးကျွန်းကို တစ်ပါတ်မပါတ်ဘူးဆိုရင် အိမ်ထောင်တောင် ကျကောင်းကျနေမယ့်အရွယ်ပေါ့ကွယ်...။
စိတ်မကောင်းစရာကတော့ သူ့ခမျာ အရွယ်ကောင်းမှာ မဖွံ့ဖြိုးမဝေစည်နိုင်ဘဲ အားအင်ချိနဲ့နေတာပါပဲ...။
သူငယ်ချင်း
မင်းနဲ့ကိုယ်နဲ့ခင်ခဲ့တာ ခုဆို နှစ်၂၀ ကျော်ခဲ့ပြီနော်.........
လှိုင်နယ်မြေရဲ့ စာသင်ခန်းထဲမှာ တွေ့စက ဆံပင်ကုပ်ဝဲပျော့ပျော့လေးနဲ့ အသားဖြူဖြူ ပါးချိုင့်ခွက်ခွက်လေးနဲ့ မင်းကို ချစ်စရာလေးလို့ ကိုယ်သတ်မှတ်ခဲ့တယ်။ တိုင်းရင်းသားသွေးပါတဲ့ မင်းက ရယ်လိုက်တိုင်း မျက်ခွံမို့မို့အောက်က မျက်လုံးလေးတွေ ပိုကျဉ်းသွားတတ်လို့။ အသားလတ်လတ်၊ အရပ်ပုပု၊ ဆံပင်တိုတို၊ ရှပ်အ့ကျီင်္ဖားဖားနဲ့ ကိုယ့်ကိုတော့ မင်းဘယ်လိုသတ်မှတ်မလဲ မသိဘူး။ စတိတ်ကျောင်းမှာ ထဲက ကိုယ်က ရှေ့ဆုံးတန်းကို ထိုင်နေကျ (ကိုယ့်ရှေ့မှာ အရပ်ရှည်တဲ့သူတွေ ထိုင်ရင် သင်ပုန်းက ဆရာရေးထားတဲ့စာတွေ မမြင်ရလို့ပါ) ဆိုတော့ တက္ကသိုလ်ရောက်တော့လည်း ရှေ့ဆုံးခုံကို အူယားဖားလျား ဦးမိတာပါပဲ။ မင်းရယ် ၊ မျက်မှန်ထူထူ စာကြမ်းပိုး သီတာရယ်၊ ပုပု၀၀ညိုညိုလုံးလုံးလေး ယဉ်ပြုံးရယ်က ရန်ကုန်ကနော်။ ကိုယ်နဲ့ တောင်ငူသူလေး မခိုင်က နယ်က ပေါ့။ တို့ငါးယောက် တစ်တွဲတွဲ အတွဲညီခဲ့ကြတယ်နော်...။ အဲဒီခေတ်က ခြေသလုံးပေါ်တဲ့ ထမီတိုတိုရယ်၊ ရှပ်အကျီင်္ပွပွရယ်၊ လွယ်အိတ်အဖုထုံးရယ် အလွန်ခေတ်စားတဲ့ အချိန်ပေါ့ ...။ တို့တွေအားလုံး (တို)ခဲ့ (ပွ)ခဲ့ (ထုံး)ခဲ့ ကြသေးတယ် ....လေ။
သူငယ်ချင်း
မင်းမှတ်မိသေးလား။
တို့တွေ ကျောင်းခန်းနားက ဗန်ဒါပင်လို့ တို့အရပ်မှာခေါ်တဲ့ ဗာဒံပင်ကြီးအောက်မှာ အုတ်နီခဲကျိုးနဲ့ ဗာဒံသီးထုစားခဲ့ကြတာလေ။ ငတ်တာထက် ပျော်တာက ပိုမှာပါနော်..။ ဆယ်ကျော်သက်ဘ၀ရဲ့ အဖြူရောင် ပျော်ရွှင်မှုလေးတွေရယ်ပါ။ မင်းကို ကျောင်းခန်းဝမှာ လာလာရပ်ကြည့်နေတတ်တဲ့ အသားဖြူဖြူ မျက်နှာပွစိစိနဲ့ကောင်လေးကို (ပေါက်ဆီ) ................. ဗလာစာအုပ်နဲ့၇ည်းစားစာပေးတဲ့ သူကို (ပေါက်တူး)လို့ တို့အဖွဲ့က နာမည်ပေးထားတယ်လေ။ ပေါက်တူးရဲ့ ရည်းစားစာအုပ်ကို ရစရာမရှိအောင် ကိုယ်တို့တစ်ဖွဲ့လုံး မှတ်ချက် ဗရပွရေးပြီး ပြန်ပေးလိုက်တော့ ခရမ်းသီးပုပ်လို ညိုမည်းသွားတဲ့ သူ့မျက်နှာကို မြင်ယောင်မိသေးတယ်။ တကယ်တော့ အဲဒီတုန်းက နောက်ချင်ပြောင်ချင်တာအပြင် ကိုယ်တို့ရဲ့အဖြူရောင်ပျော်ရွှင်မှူကို လာအရောင်ဆိုးတဲ့သူကို သင်ခန်းစာ ပေးချင့်ရုံသက်သက်ပါ။ သူ့ကို နာကျင်ထိခိုက်စေလိုစိတ်နဲ့မဟုတ်တာ သေချာပါတယ်....။
သူငယ်ချင်း
တို့တွေ အင်းလျားကန်ပေါ်လမ်းလျောက်တော့ ထီးမိုးထားတဲ့ အတွဲလေးတွေ ထိုင်နေတာ အများကြီးမြင်ရတယ်နော်.. မင်းက သူတို့ အကာအကွယ်ယူထားတဲ့ ထီးလေးတွေကို လက်နဲ့ ဒေါက်ဒေါက်မည်အောင် လိုက်ခေါက်တတ်တဲ့ လူရှူပ်မ လေးလေ...။ ပြီးတော့ ညနေပိုင်း ဘုတ်ကလပ်က လှော်လာတဲ့ လှေကလေးတွေကို ဘယ်သူပါသလား.... ဘယ်ဝါ ပါသလားဆိုပြီး ပြိုင်တူအော်အော် မေးကြသေးတယ်လေ..။ သူတို့တွေ ကမ်းဖက်လှော်လာရင် တစ်ချိုးတည်းလစ်ပြေးကြရော...။ တကယ်တော့ လှေလှော်သားတစ်ယောက်မှ ကိုယ်တို့မသိပါ။ စချင် နောက်ချင်တာ သက်သက် ရယ်ပါနော်။ ပီအက်စ် (နိုင်ငံရေးသိပ္မံ)ချိန်ဆို ကိုယ်တို့ ကျောင်းပြေးပြီး ရုပ်ရှင်ကြည့်နေကျ ပေါ့....။
သူငယ်ချင်း
တစ်ခါက ကျူတိုရီယယ်ချိန်မှာ ကိုယ်စာကောင်းကောင်းမရလို့ မင်းက ငါခေါ်ပေးမယ်တဲ့ ။ မင်းကတော့ ခေါ်ပေးပါရဲ့။ ကိုယ်က ကြောက်တဲ့စိတ်နဲ့ထူပူပြီး ဘာမှမကြားရဘူးဖြစ်နေတာ...... ငယ်ငယ်ထဲက တစ်ခါမှလည်း စာမကူးချဘူးတာအပြင် လူကလည်း အတီးအတ ဆိုတော့ ကိုယ်ဘယ်လိုမှ မတတ်နိုင်ခဲ့တာ ခုထိ မေ့လို့မရခဲ့ဘူး။ ဆရာဆရာမတွေကလည်း ကိုယ်တို့ကို ချစ်ကြတယ်ထင်တယ်..။ ရှေ့ဆုံးမှာ ထိုင်တာရော (မင်းကလွဲလို့) ပုံစံခပ်တုံးတုံး ကောင်မလေးတွေ၊ အစားပုပ်မလေးတွေ ဖြစ်နေလို့လေ။ အဲဒီနှစ် အတန်းတင်မှာ ကိုယ်တို့အဖွဲ့က စာကြမ်းပိုးလေး သီတာက အတန်းထဲမှာ ပထမရခဲ့တယ်လေ...။ ကိုယ်တိုင်ရသလိုပဲ ပျော်ခဲ့ပါတယ်...။
သူငယ်ချင်း
မင်းမှတ်မိလား။
ကိုယ်တို့အတန်းထဲမှာ ယောက်ျားလေး ၄ယောက်ပဲရှိတယ်လေ... လေးဦးသော ပုရိသခမျာ ၉၀ နီးပါးသော မိန်းမငယ်များရဲ့ ၀ိုင်းရံစောင့်ရှောက်မှူကြောင့် ခြောက်သူခြောက်၊ ဂေါက်သူဂေါက် ဖြစ်ကုန်ကြသလား မသိပါဘူးကွယ်..။ ကိုယ်တို့ဆီကိုလာလာသင်တဲ့ အင်္ဂလိပ်စာဆရာမက Geology က အထီးတန်း၊ နင်တို့က အမတန်း တဲ့။ ကြွားရမယ်ဆိုရင် အဲဒီ အမတန်းက အချောစားလေးတွေ သိပ်များတာကိုပါ။ အကကောင်းပြီး ရုပ်ချောတဲ့ ဆံပင်ရှည်ရှည်နဲ့ မမ တို့၊ ဖြူစင်ဝင်းသန့်နေတဲ့ သနပ်ခါးခြေဆုံးခေါင်းဆုံးနဲ့ မဒီလေးတို့၊ သမင်မတစ်ထောင်မျက်လုံးနဲ့ ညိုပြာညက်လေးတို့ အလွန်များခဲ့တာပါ။ စာသင်ခန်းပါတ်လည်မှာ နေရာယူထားတဲ့ ကိုယ်ရံတော်တပ်မှူးလေးတွေက အမြဲအပြည့်ပါ...။
သူငယ်ချင်း
ဒုတိယနှစ်စာမေးပွဲမှာ ကိုယ်တို့ အားလုံး Honours ပါနိုင်အောင် အသည်းအသန်ကြိုးစားခဲ့ကြတယ်။ ကိုယ်တော့ အဲဒီ စံနစ်ကို မကြိုက်ဘူးကွယ်... တတိယနှစ်ပြန်အတက်မှာ့ ဂုဏ်ထူးတန်း ပါသူနဲ့ မပါသူ နှစ်ပိုင်းကွဲပြီး တစ်ခန်းထဲမှာတက်ရတာ ... စည်းလုံးမှူကို ထိခိုက်စေသလိုပါဘဲ။ ကိုယ်နဲ့ စာကြမ်းပိုးသီတာ နှစ်ယောက်ပဲ Honours ပါခဲ့တယ်လေ...။ အဲဒီနှစ်မှာပဲ မင်းက မိသားစုနဲ့ နိုင်ငံရပ်ခြားကို ထွက်ခွာခဲ့တာပေါ့။ ကျောင်းပိတ်ရက်ရှည်မှာ ထွက်သွားတာမို့ နယ်ပြန်နေတဲ့ကိုယ်က လေဆိပ်တောင် လိုက်ပြီး နှူတ်မဆက်ခဲ့ရတော့ အဲဒီတုန်းက အရမ်းဝမ်းနည်းမိတယ်။ မင်းတို့ မိသားစု ဆစ်ဒနီမှာ နေကြတယ်လို့ သိရပေမယ့် ဆက်သွယ်ဖို့အခြေအနေမပေးခဲ့ဘူး။ သူငယ်ချင်းတွေမစုံတာရော ရန်ကုန်တက္ကသိုယ် ပင်မကို ပြောင်းရတာရောကြောင့် တတိယနှစ်ကို ကိုယ်မပျော်နိုင်ခဲ့ပါဘူး။ လှိုင်နယ်မြေကို အလွမ်းမပြေနိုင်တာနဲ့ သစ်ပုပ်ပင်တို့ ဂျပ်ဆင်တို့ ကိုချစ်တတ်ဘို့ တော်တော်ကြာကြာ အချိန်ယူခဲ့ရတယ် ဆိုပါတော့ကွယ်....။ နောက်တော့လည်း အချစ်ဦး လှိုင်နယ်မြေ ကို မမေ့ပေမယ့် ကံ့ကော်တော ကို အချစ်ဆုံးဖြစ်ခဲ့ရတယ် ဆိုရင် မင်းက အပြစ်တင်မှာလား..။ တကယ်တော့ တက္ကသိုလ်ဆိုတာ ပညာသင်ရုံတင်မကဘူး ... ကိုယ်တို့ရဲ့ အတွေးအမြင် ပေါင်းသင်းဆက်ဆံရေး ဘ၀နေနည်းတွေကိုပါ သင်ကြားပေးလိုက်တဲ့ ကျောင်းကြီး လို့ ကိုယ်ထင်တယ်။ တစ်သက်စာခင်မင်ရမဲ့ အစ်ကိုအစ်မ ညီညီမ အရင်းလိုချစ်ခင်ရမယ့်သူငယ်ချင်းတွေ မိတ်ဆွေတွေကိုလည်း အဲဒီကျောင်းကြီးကပဲ လက်ဆောင်ပေးလိုက်တယ်။ ပညာကိုဆက်လက်သင်ယူရင်း မောင်ညီမလေးတွေကို လက်ဆင့်ကမ်းဖြန့်ဝေရင်း ကံ့ကော်တောရဲ့ရင်ခွင်မှာ ထင်တာထက်ပိုပြီး ကြာကြာနေခဲ့မိပါတယ် .....။ အမိ ကံ့ကော်မြေကို မခွဲချင်ပဲခွဲခဲ့ရတဲ့အခါ ဒုတိယအကြိမ် အသည်းနာခဲ့ရပြန်ပါတယ်...။
သူငယ်ချင်း
မင်းနဲ့တို့ ပြန်တွေ့ရတာက အိမ်မက်ဆန်တယ်နော်....။ တက္ကသိုလ့်ရဲ့တစ်နေရာက လှေခါးထစ်ပေါ်မှာ၊ မင်းကလည်း နီုင်ငံရပ်ခြားက ခဏပြန်အလာ၊ ကိုယ်ကလည်း အလုပ်ခွင်ရှိရာနယ်စပ်အဝေးကနေ ခွင့်နဲ့ခဏပြန်လာပြီး တက္ကသိုလ်မြေကို အလည်တစ်ခေါက်လာချိန်။ အို..... သိပ်တိုက်ဆိုင်တာပဲကွယ်။ ကံ့ကော်ရိပ်က အအေးဆိုင်လေးမှာ အချိန်တော်တော်ကြာ စကားပြောဖြစ်ကြတယ်။ မင်းက လှတုန်းပဲလေ။ ကိုယ်လုံးနည်းနည်းပြည့်ပြီး မျက်နှာလေးရင့်ကျက်တည်ငြိမ်သွားတာပဲရှိတယ်။ မင်းဆံပင်ပေါ်က ဟိုက်လိုက်အစင်း အညိုရောင်လေးတွေကို ကိုယ် တစ်အံ့တသြ ငေးနေမိသေးတယ်...။ ကိုယ်တို့ရဲ့ အိမ်မက်လေးက တိုတောင်းလှစွာ ခွဲခွာခဲ့ကြရပြန်တယ်။ အခုတော့ မင်းဘယ်ရောက်နေမှန်းတောင် ကိုယ်မသိတော့ဘူးကွယ်။
သူငယ်ချင်း
လာမယ့် ဒီဇင်ဘာ ၂၇ရက်နေ့ ဆီဒိုးနားမှာ ကိုယ်တို့ မေဂျာ ၂၅နှစ်ပြည့် ငွေရတုအခမ်းအနား လုပ်တော့မယ်..။ ဆရာ ကန်တော့ပွဲရော မိတ်ဆုံစားပွဲရော ပေါ့နော်..... မေဂျာက အစ်ကို အစ်မများက အဲဒီပွဲကို ကမကထပြုပြီး ဦးဆောင်နေကြပါတယ်ကွယ်။ ကိုယ်တို့ကတော့ လူကိုယ်တိုင် ဦးမဆောင်နိုင်ဘဲ အဝေးကနေ ငွေပဲလှမ်းထည့်ရတော့မှာပါ။ အဲဒီပွဲကို သွားတက်နိုင်အောင်တော့ ကြိုးစားမှာပါ။ မင်းနဲ့အတူ အခြားအခြားသော သူငယ်ချင်းလေးတွေကို အဲဒီနေ့မှာ တွေ့ချင်တယ်ကွယ်.....။ ဒီစာစုလေးကိုသာ မတော်တဆ မင်းဖတ်မိခဲ့ရင် ငွေရတုပွဲကို လာဖြစ်အောင် ကြိုးစားဦးနော်...သူငယ်ချင်း။ မင်းရဲ့ ချစ်တဲ့ M
( သူငယ်ချင်းလေး လဲ့ဝင်း သို့)
နောက်ဆက်တွဲ-
ငွေရတု ဆရာကန်တော့ပွဲလည်း ပြီးသွားပါပြီ..ကိုယ်လဲတက်ဖြစ်ပါတယ်။ သူငယ်ချင်းဟောင်းတွေ၊ ဆရာ ဆရာမဟောင်းတွေနဲ့တွေ့ရတာ ပျော်စရာကောင်းလို့ အချိန်တွေဘယ်လိုကုန်သွားမှန်းတောင် မသိလိုက်ဘူးကွယ်။ အတင်းတွေ သတင်းတွေ ဖလှယ်ကြတာပေါ့..။ လိပ်စာကတ်တွေ ဖုန်းနံပါတ်တွေ ဖလှယ်ကြတာပေါ့..။ မလာဖြစ်တဲ့သူတွေကိုလည်း တစ်တမ်းတတ ဖြစ်နေကြလေရဲ့။ ဓါတ်ပုံတော့ သိပ်မရိုက်ဖြစ်ဖူး။ ကိုယ့်မျက်စေ့ထဲမှာတော့ သူငယ်ချင်းတွေက အရွယ်ရင့်မသွားသလိုပဲ။ တစ်ယောက်ကတော့ ပြောလာပါတယ်။ အိုဘီဟဲ့ အိုဘီ...ရှင်က ချစ်တဲ့စိတ်နဲ့ကြည့်လို့ပါတဲ့။ အင်း- ဟုတ်များဟုတ်နေမလားဘဲ....။
မိုးစက်ပွင့်
မိုးစက်ရေ... အမှတ်ရစရာတွေ... လွမ်းစရာတွေ...
ReplyDeleteပျော်စရာတွေ...စိတ်ညစ်စရာတွေ...ရင်ခုန်စရာတွေနဲ့ ဖြတ်သန်းခဲ့ရတဲ့
ကျမတို့ ၇ဲ့ IR နေ့ ရက်တွေ...ဘယ်တော့မှ မမေ့နိုင်ပါ။
ကျမရဲ့ အမှတ်တရ Post ကိုတော့ နောက်လမှာ တင်ပေးမယ်။
ဖတ်ဖို့ စောင့်နေပါမယ်...မမ။
ReplyDeleteကိုယ်ကျင်လည်ခဲ့တဲ့နေရာတွေမို့ လို့ ဖတ်ရင်းနဲ့ ငယ်ဘ၀ကိုပြန်ရောက်သွား။
ReplyDeleteကျေးဇူးပါ။