အိုရိဂါမိ ဆိုတာ ဂျပန်ရိုးရာ စက္ကူခေါက်ပညာပါ။ အိုရု ဆိုတဲ့စကားရဲ့ ဂျပန်လို အဓိပ္ဂါယ်က ခေါက်တာ - ကာမိ ဆိုတာက စက္ကူ ပါ..။ ဂျီသြမေတြီဘာသာရပ်ရဲ့ ပုံသဏ္တာန်အမျိုးမျိုးကို စိတ်ကူးဆန်းသစ်တီထွင်ပြီး စ့က္ကူတစ်ရွက်တည်းကိုပဲ ကော်မသုံး ကပ်ကျေးမသုံးဘဲ ရုပ်လုံးအမျိုးမျိုး ဖြစ်အောင် ချိုးခေါက်တဲ့ ပညာရပ်ဖြစ်ပါတယ်။ တစ်ဒေါ်လာငွေစက္ကူကို ချိုးခေါက်ထားတဲ့ အောက်ပါပုံတွေကို သင် အံ့မခန်းတွေ့မြင်ရှူစားနိုင်ပါတယ်။

တစ်ဒေါ်လာနှစ်ရွက်နဲ့လုပ်ထားတဲ့ ကဏန်း

ဒီပညာရပ် ဘယ်ကစသလဲဆိုတာတော့ ပြောရခက်ပါတယ်။ ဂျပန်မှာ ထွန်းကား စည်ပင်တဲ့ ပညာရပ်တစ်ခုဆိုတာ မှန်ပေမဲ့ တစ်ချိန်တည်းမှာပဲ ရှေးဟောင်းတရုတ် နဲ့ ဂျာမဏီ၊ စပိန် တို့မှာလည်း တွေ့ရှိရပါတယ်။ ဂျပန်မှာတော့ အဲဒိုခေတ် (၁၆၀၃-၁၈၆၇) မှာထဲက ကျယ်ကျယ်ပြန့်ပြန့် သုံးနေကြတာကို တွေ့ရပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ဒီပညာရပ်ရဲ့ စည်းကမ်းသိပ်မတင်းကျပ်သေးဘဲ စာရွက်တွေကို ဖြတ်လို့ရတယ်ဆိုတာ သိရပါတယ်။ ရှင်တို မင်္ဂလာဆောင်တွေမှာ သတို့သားနဲ့သတို့သမီး ကိုယ်စားပြု အိုရိဂါမိလိပ်ပြာလေးတွေကို ချိတ်ဆွဲထားလေ့ရှိတယ်။ ဂျပန်တွေရဲ့ ကြိုးကြာငှက်ပုံစံ စာရွက်ခေါက်ပညာ တော့ အထင်ရှားဆုံး အကျော်ကြားဆုံးဖြစ်နိုင်ပါတယ်။ အောက်ကလို miniature size သေးသေးကလေးတွေ ခေါက်ရတာ တကယ်မလွယ်တဲ့ အလုပ်ပဲနော်.......
ဟိုတယ်တွေမှာ လက်သုတ်ပုဝါတွေ အိပ်ယာဖုံးအလှတန်ဆာတွေ အိမ်သာသုံးစက္ကူတွေ ခေါက်ပုံကလည်း ဒီပညာရပ်နဲ့ဆက်နွယ်ပါတယ်။ လှပသေသပ်မှူအပြင် လတ်တလောပြင်ဆင်ထားတာ ဘယ်သူမှ မသုံးရသေးတာ ကို ပြချင်တာပါ။
ဒီ ပညာရပ်က Art နဲ့ Science ပေါင်းစပ်ထားတာပါ။ အိုရီဂါမိ ခေါ် ပန်းပုပညာဆန်တဲ့ စက္ကု Installation Art က ခေါက်ချိုးသူရဲ့ စိတ်ကူးစိတ်သန်းကွန့်မြူးမှူ ပေါ်မှာ အများကြီးအခြေခံထားပြီး စက်ရုံထုတ်ကုန်လို အစုလိုက်အပြုံလိုက်ထုတ်လုပ်နိုင်တာမဟုတ်လို့ ရှားပါးတန်ဖိုးရှိလှပါတယ်။ ကျွန်မတို့နိုင်ငံမှာတော့ ဒီပညာရပ်နဲ့ပါတ်သက်လို့ သင်တန်းကျောင်းတွေ ထူးထူးခြားခြားလေ့လာလိုက်စားမှူတွေ မတွေ့ရသလောက်ပါပဲ.....။
(((P.S- ထူးထူးခြားခြား ၂၀၀၉ခုနှစ် စက်တင်ဘာလမှာကျင်းပတဲ့ ဂျပန်စက္ကူtအရုပ်ချိုးလေယာဉ်လွှတ်ပွဲမှာ ထိုင်းနိုင်ငံမှာ ခေတ္တခိုလှုံနေတဲ့ ရှမ်းမိဘနှစ်ပါးရဲ့သား အသက်၁၂နှစ်အရွယ် မြန်မာကလေးငယ် မောင်သောင်းဒီ ဟာ တတိယဆု ဆွတ်ခူးရရှိတဲ့အတွက် ထိုင်းအစိုးရရဲ့ ပညာသင်ဆုကို ရရှိသွားခဲ့ပါတယ်)))

မိုးစက်ပွင့်
No comments:
Post a Comment
ပဲ့တင်သံလေးတွေ .......