ည
အမှတ်တရ
ဗန်ဂိုးရဲ့ starry night လို
ကြယ်တွေမစုံတဲ့ည။
အဲဒီည
ကျွန်မနဲ့သူ
လက်ချင်းတူတွဲ
လရောင်ထဲမှာ
စကားချိုမြ
ဆိုခဲ့ကြ..။
အဲဒီည
လေပြေနုအေး
ဆောင်ယူသွေးတော့
ကိုင်းပွင့်ဖွေးဖွေး
ယိမ်းလို့က..။
အဲဒ်ီည
ရင်မှာတမ်းတ
မေ့မရ
ချစ်သူ့အပြုံး
ရွှန်းပပ
ငွေလသာတဲ့ ထိုတစ်ည...။
အောက်တိုဘာည (တန်ဆောင်မုန်းလပြည့်ည) သို့........
လပြည့်ညလးတစ်ညမို့ အေးအေးလူလူ သူနဲ့ လမ်းလျောက်ခဲ့တယ်။ မီးရောင်လဲ့လဲ့ဖြာကျနေတဲ့ လမ်းမကြီးပေါ်မှာ လက်ချင်းတွဲလို့ ....... ဓါတ်ပုံ ၀ါသနာပါတဲ့ကိုယ်က ကင်မရာလေးနဲ့ ညအလှကို မှတ်တမ်းတင်ခဲ့မိတယ်...( လူပုံတွေတော့ မတင်တော့ပါဘူးလေ ...လှမှမလှတား-))
လမင်းကြီးက ပြည့်ပြည့်၀၀ သာနေပါရဲ့...... ဒါပေမယ့် တိမ်မည်းညိုတွေ ပါတ်လည်ဝိုင်းနေတော့ ညှိုးငယ်နေသလိုပါပဲကွယ်...... သူ့အဖေါ် ကြယ်ကလေးတွေလည်း ဘယ်ဆီဘယ်ဝယ်ရောက်နေမှန်းမသိ....... အားငယ်နေတဲ့ လမင်းလေးရယ်....။ အားပေးရင်း၊ နားရင်း တစ်နာရီလောက်လျှောက်တော့ ဒီကို ရောက်လာခဲ့တယ်.......
အပြန်ကျတော့ သဘာဝ တောလမ်းကလေးကနေ ပြန်ကြတယ်။ လရောင်ပြိုးပြက်အောက်မှာ သစ်ရွက်သစ်ကိုင်းတွေက စိမ်းလက်ညိုမှောင်နေတယ်။ လရောင်က ဟိုတစ်ကွက် ဒီတစ်ကွက်။ ကိုင်းပင်ဖြူလေးတွေက လေပြေအသွေးမှာ ခေါင်းတစ်နွဲ့နွဲ့ ယိမ်းကနေကြတယ်...။ လူသူ ကင်းဝေးလှတာမို့ တစ်ယောက်တည်းသာဆို ဒီလမ်းလျှောက်ဖို့ သိပ်ကြောက်မိမှာဘဲရယ်လို့ ပြောခဲ့မိသေးတယ်။ အားတင်း လျှောက်ရင်းနဲ့ တို့လဲ ခြေထောက်အရမ်းညောင်းနေပြီလေ...။ ဒေါက်ဖိနပ်မြင့်မြင့်ကို စီးမိတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ရတော့မယ်...။ အပြန်တစ်လမ်းလုံးမှာ ခြေတရွတ်ဆွဲပြီး ပါလာတဲ့ကျွန်မကို သူက စိတ်ရှည်ရှည် စောင့်ခေါ်ရှာပါတယ်...... ကိုရီးယားလို ကျောပိုး သယ်ခေါ်ဖို့လည်း မဖြစ်နိုင်လေတော့ တွဲရင်း ဆွဲရင်း လှူပ်လီလှူပ်လဲ့နဲ့ပဲ အိမ်ရောက်ခဲ့ပါတယ်။ အိမ်မှာ အသင့်စောင့်နေတဲ့ မဲဇလီဖူးသုပ် ဆိမ့်ဆိမ့်လေးကို စားရင်း ၀ါးရင်း လျှောက်ခဲ့တဲ့ လမ်းကလေးအကြောင်း စားမြုံ့ပြန်ကြတယ်...။ စုစုပေါင်း လမ်းလျှောက်လို့ ကြာချိန်က နှစ်နာရီ...။ ခြေတွေညောင်းနေပေမယ့် စိတ်ထဲမှာတော့ ကြည်နူး ကြေနပ်နေမိတယ်... လက်တွဲဖေါ်ဆိုတဲ့ စကားကိုလည်း ပိုပြီး နားလည်ခံစားမိလာသလိုပဲ...။ အမှတ်တရ ညကလေး ရယ်ပါ..။
မိုးစက်ပွင့်
အင်း.. လွန်ခဲ့တဲ့ အနှစ်၂၀ကျော်တုံးက မိုးစက်ပွင့်လိုမျိုး တန်ဆောင်မုံးလပြည့်ည တညကို ဒေါက်ဖိနပ်စီးပြီး ပျော်ပျော်ရွှင်ရွှင် ကြည်ကြည်နူးနူး နဲ့ ပင်ပင်ပန်းပန်း ၁နာရီကျော်လောက် ကလေးတို့ အဖေနဲ့လျှောက်ခဲ့ဘူးတယ်။
ReplyDeleteမိုးစက်ပွင့်လို သေချာမှတ်တမ်းမတင်နိုင်ခဲ့ပေမဲ့
ရင်ထဲ အမှတ်တယပါပဲ။ မနေ့ကတောင် ပြည့်ဝန်းနေတဲ့ လမင်းကြီးကို ကြည့်ပြီး အဲ့ဒီ အကြောင်းလေး တွေးမိနေသေးတာ။
ခု ဒီပိုစ့်လေးဖတ်ရတော့ ပြုံးမိတယ်။ အချစ်ဆိုတာ တခါတလေ အသက်တွေကိုတောင် မေ့နေစေပါလားနော်......
ဟုတ်တယ်နော် အစ်မပြောတဲ့ အချစ်ဆိုတာ အသက်ကို မေ့စေတယ်ဆိုတာ အမှန်ပဲ.... တကယ်ဆို ကျွန်မအသက်လည်း မငယ်တော့ဘူး ရယ်.... ဒါပေမယ့် လရောင်ရယ်...ချစ်သူရယ် အကြောင်းကို...တစ်ချိန်ချိန်မှာ ပြန်ဖတ်ချင်လို့ ရေးထားမိတာ..... အဖြစ်ချင်းတူလို့ ၀မ်းသာမိပါရဲ့ ။
ReplyDeleteမိုးစက်ရေ... ကျမလည်း လိုက်ပြီး အတူတူ လမ်းလျှောက်ချင်တယ်။
ReplyDeleteလသာညမှာ တခါမှ ...နဲ့ လမ်းမလျှောက်ဖူးဘူး။
တစ်ခါလောက် လျှောက်ကြည့်ပါလား မမ .... သိပ်ကြည်နူးစရာကောင်းတဲ့ ခံစားမှူပါ...
ReplyDelete