Monday 19 October 2009

ဆည်းဆာ နေညိုချမ်းဝယ်

ဆည်းဆာတော့ မဟုတ်သေးဘူးပေါ့့ မွန်းလွဲ ၃နာရီလောက် တန့်ကြည်တောင်ဘုရား ရင်ပြင်တော်ပေါ်က မြစ်ကြီး ဧရာဝတီကို လှမ်းရိုက်ထားတာ...။
ဒါက မုန်းချောင်းမှာ စီးတဲ့ ရေအလျင်.....
ဒေါင်းနေချောင်းကို အဖြတ် စားကျက်ကပြန်လာတဲ့ နွားတစ်အုပ်နဲ့ သူတို့ရဲ့ နွားကျောင်းသားငယ်..။

အဲ ခုမှ တကယ် နေညိုချိန် ရောက်ပါပြီ........နေ၀င်ချိန် တိမ်တောက်တဲ့အခါ တောသူလုံမေတွေဟာ သိပ်လှကြတယ်လို့ စာတွေက အဆိုရှိတယ်။ မြို့သူတွေ နီယွန်မီးရောင်အောက်မှာ ပိုလှသလို နေမှာပေါ့.။ ကိုယ့်အတွက်တော့ နေညိုချိန်ဟာ သူ့အလိုလိုကို ဆွတ်ပျံ့သာမောဖွယ် ရင်ခုန်ဖွယ် အလှတစ်ပါးပါပဲ....။ ကြည့်လေ.....။


ချောင်းထဲမှာရေခပ်ဆင်းနေတဲ့ မိခင်နှင့် ကလေးတစ်သိုက်
ဒါက အနီးကပ် ဆွဲရိုက်ထားတာ

ရေနံချောင်း တစ်ဖြစ်လဲ ရေနံ့သာမြို့ရဲ့ ညနေချိန်ရှူခင်း

တိမ်တောက်ချိန်ရဲ့ နောက်ဆုံးအလှ

မကြာခင်မှာဘဲ ဆည်းဆာအလှနတ်သမီးက သူမ့ရဲ့ နှင်းဆီခြုံလွှာကို ရစ်သိုင်းပြီး မိုးကုပ်စက်ဝိုင်းအောက်ကို ငုပ်လျိုးကွယ်ပျောက်ခဲ့ပါပြီ....။


မိုးစက်ပွင့်

2 comments:

  1. ဓါတ်ပုံလေးတွေ လှအောင်လည်းရိုက်တတ်တယ်နော်။
    ရောက်ဖူးတာကြာခဲ့ပြီ။

    ReplyDelete
  2. ဟုတ်တယ်.. ဓာတ်ပုံလေးတွေ အသက်ဝင်တယ်ဗျာ။

    yu ya

    ReplyDelete

ပဲ့တင်သံလေးတွေ .......