Thursday 15 October 2009

အဆိပ်လူးတဲ့ ဆူး


ဟေး.....You
မေတ္တာတရားကို နင်းခြေ
အကြင်နာတရားကို ချိုးဖျက်
သစ္စာတရားကို ဖောက်ဖျက်
မင်းဟာလေ တို့အတွက်
အဆိပ်လူးထားတဲ့
အသွားထက်ထက်
မြှားအသွင်နဲ့...
ဆုး တစ်ခက် ...။


||
||
||
:
:
:
v

တစ်ချိန်......... တစ်ခါက
သွေးစက်စက်ကျ ....ခဲ့တဲ့ နှလုံးသား
မျက်ရည်မစဲ ငိုခဲ့ရ......ဲ့ တို့မျက်ဝန်းများ
ပင့်သက် ရှိုက်ခဲ့....... ရှည်လျားတဲ့ညများ
မင်း သိရဲ့လား .......... မင်းဒဏ်ရာကို
ကြင်နာခဲ့မိ တာ တို့ရဲအမှား..
ဖေးကဲူ့ခဲ့တဲ့လက်
အဆိပ်ဆူးမြမြ
စူးရှလို့
သွား။
**
*
*
*
*

အင်း........ခုတော့
အတ္တအဆိပ်လူးထားတဲ့
ဆူးတစ်ချောင်းမှာ
စာနာတတ်တဲ့
အသည်း
ရှိသလား
ရှိခဲ့ဖူးသလား
ရှိနိုင်သေးသလား ဆိုတာ
မဆုံးတဲ့ ကိုယ့်ရင်ထဲကအတွေးများ..။

မိုးစက်ပွင့်

1 comment:

  1. အသည်း
    ရှိသလား
    ရှိခဲ့ဖူးသလား
    ရှိနိုင်သေးသလား ဆိုတာ
    မဆုံးတဲ့ ကိုယ့်ရင်ထဲကအတွေးများ..။

    ကဗျာလေးကောင်းလိုက်တာ....

    သာယာချမ်းမြေ့ပါစေရှင်း
်မိုး

    ReplyDelete

ပဲ့တင်သံလေးတွေ .......