Tuesday, 13 October 2009

ကမ်းခြေငွေဆောင်

ခုတလော ပျောက်နေတာက ကမ်းခြေကို အလုပ်တစ်ပိုင်းနဲ့သွားနေရလို့ပါ.... အတွေ့အကြုံလေးတွေ သူငယ်ချင်းတို့နဲမျှဝေချင်ပါတယ်... တစ်ခုသော စနေမနက်ခင်းမှာ ကားကြီးနဲ့ ရန်ကုန်မှသည် ငွေဆောင်ဆီ အဖွဲ့သားအားလုံး ချီတက်ခဲ့ကြပါတယ်..လမ်းမှာတော့ တစ်မျှော်တစ်ခေါ် လယ်ကွင်းတွေနဲ့ ရင့်မှည့်စပြုနေတဲ့ ရွှေဝါရောင်စပါးပင်တွေ... ရေစုန်ရေဆန် မမြောနိုင်ရှာတဲ့ ကန်ထဲက သက်ငြိမ်ဗေဒါလေးတွေ......


လေယူရာ ယိမ်းနွဲ့နေကြတဲ့ ကိုင်းပွင့်ဖွေးဖွေးလေးတွေ... ကိုခံစားရင်း...

ဒီလိုနဲ့ ကမ်းခြေဆီ ရောက်ခဲ့ပါတော့တယ်။ လမ်းကကြမ်းသမို့ မနက်၇နာရီကထွက်တာ ညနေ၃နာရီလောက်မှ ငွေဆောင်ရောက်ပါတယ်။ လမ်းမှာ ၄၅မိနစ်လောက်ပဲနားတာလေ.... ကားကြီးမို့ နှေးတာလဲ ပါသပေါ့လေ။ ရောက်ရောက်ချင်း မြင်ရတဲ့ ကမ်းစပ်က လှိုင်းခေါင်းဖြူဖြူလေးတွေက အားလုံးကို ပြေးကြိုနှူတ်ဆက်နေသလိုပါ။


Bay of Bengal ဟိုတယ်မှာ တည်းခဲ့ပါတယ်။ ဟိုတယ်က ဒီဇိုင်းဆန်းဆန်းနဲ့ ဆောက်ထားလို့ လှပပေမယ့် ကမ်းခြေက ကျောက်ဆောင်ထူထပ်တဲ့နေရာမှာမို့ ရေကူးတဲ့သူတွေ သိပ်အဆင်မပြေလှပါဘူး။ ကျွန်မကတော့ ရေကြောက်သူမို့ သုံးရက်လုံးလုံး ကမ်းခြေလမ်းလျှောက်ရုံ စက်ဘီးစီးရုံ နဲ့ ကျေနပ်ခဲ့ရပါတယ်။



ကမ်းခြေမှာလမ်းလျှောက်ရင်း ခရုကောက်ရောင်းတဲ့ အဒေါ်ကြီးတစ်ယောက်နဲ့ မိတ်ဆွေဖြစ်ခဲ့တယ်။ ခ့ရုကောက်ပြီး ဆိုင်တွေသွင်းရင် တစ်နေ့ တစ်ထောင့်လေးငါးရာ ရပါသတဲ့။ သြော် တစ်ချိုံလူတွေအတွက် ကမ်းခြေဟာ အပန်းဖြေစရာ တစ်ချို့အတွက်ကတော့ နွမ်းနယ်စွာ ၀မ်းစာရှာစရာ ပါလားလေ...။


အပြန်မှာ ရွှေမြင်းပျံဆိုင်က ပုသိမ်ထီးနဲ့ ဟာလ၀ါ ၀ယ်ခဲ့သေးတယ်။ အပန်းလဲပြေ ပညာလည်းရ အမှတ်ရစရာ ခရီးစဉ်ကလေး တစ်ခုပါ။

မိုးစက်ပွင့်

1 comment:

  1. ခရုကောက်တဲ့ အဒေါ်ကြီးကို နှုတ်ဆက်ပေးပါ။
    ရုတ်တရက် ရွှေနှင်းဆီလမ်း ကိုတက္ကစီနဲ့  ဖြတ်ဖို့ ကိစ္စလေးကို အမှတ်ရသွား
    တယ်။ ၀မ်းစာရှာရတာ မလွယ်ဘူးနော်။

    ReplyDelete

ပဲ့တင်သံလေးတွေ .......