တစ်ခါမှ မရောက်ဖူးသေးတော့ မသွားခင်ကတည်းက အတွေးနဲ့ကြိုပြီးပျော်တယ်။ သိပ်အေးတယ်ဆိုလို့ အနွေးထည်၊ လက်အိတ်၊ ခြေအိတ် ကစလို့ထည့်လိုက်တာ တစ်ပါတ်စာခရီးက တစ်လစာနီးနီးလောက် အိတ်ကြီးဖေါင်း နေတော့တယ်။ ကားသယ်တာပဲလေ ကိုယ်ထမ်းရတာမှမဟုတ်ဘဲလို့တွေးမိတယ်။ ကားဆရာအပါအ၀င် လေးယောက်ဆိုတော့ စားစရာတွေလဲ ခြင်းတောင်းတစ်လုံးနဲ့က အပြည့်။ ဟိုမှာ ဘာတွေစားရမယ် မသိနိုင်လို့ပါ။
ဟိုလုပ်လုပ်နဲ့ မနက် ၁၀နာရီမှ ထွက်ဖြစ်တယ်။ ဒီခရီးကို ပျော်ပါတယ်ဆိုမှ ပေါက်မြို့ မရောက်ခင် လမ်းတ၀က်မှာ ကားဝင်ရိုးကျိုးလို့ ၃-၄ နာရီလောက်ကြာသေး။ ဟူး- တောင်ပေါ်လမ်းမှာဖြစ်လို့ကတော့ အရိုးအသားတောင်ရှာလို့ရမှာမဟုတ်၊ တော်သေးရဲ့လို့ အကောင်းဖက်ကမြင်ကြည့်ရတာပေါ့။ အဲတော့လည်း ပျင်းပျင်းနဲ့ ဘတ်စ်ကားမရှောင် ကုန်ကားမရှောင် တွေ့ရာတွေ လျောက် ဓါတ်ပုံရိုက်နေလိုက်တာပေါ.။ ရာသီဥတုက နေလို့ကောင်းရုံလေးပဲဆိုတော့ အနွေးထည်တွေက့ ခရီးဆောင်အိတ်ထဲမှာ အိပ်နေတုန်း။ ဒီလိုနဲ့ ပေါက်မြို့မှာ တစ်ညအိပ်ပြီး နောက်တစ်နေ့ ဂန့်ဂေါကိုဖြတ်ကျော်လို့ ဟားခါးသို့ခရီးဆက်ကြပါတယ်။ ချင်း တောင်အတက်လမ်းကတော့ ကွေ့ကွေ့ကောက်ကောက်နဲ့ အန္တရာယ်များလှပါတယ်။ လမ်းမှာ ကုန်ကားကြီးတစ်စီးမှောက်နေတယ်။
လမ်းခရီးမှာ ကျောက်တစ်ဝက်မြေတစ်ဝက်နံရံမှီပြီးပေါက်နေတဲ့ အမည်မသိ အရိုင်းပန်းလေးတွေက လှလှပပ။ ဗျူးပွိုင့်လေးမို့ ကားရပ်ပြီး အနားယူ၊ ပန်းခူး၊ ဓါတ်ပုံရိုက်ကြတာပေါ့။ လမ်းမှာ ထင်းရူးနဲ့ ချယ်ရီပန်းပင်တွေက ကြည်နူးစရာပါ။ ချယ်ရီရာသီမို့လား။ ချယ်ရီရာသီက တနှစ်မှာ တလလောက်သာမို့ ကိုယ်တို့ ကံကောင်းတယ်လို့ ဆိုရပါမယ်။
နောက်ပြီး တောင်ခါးပန်းကိုမေးတင်ဆောက်ထားပြီး အရောင် တောက်တောက်လွင်လွင် ဆေးရောင်သုတ်ထားတဲ့ ချင်းအိမ်ကလေးတွေက တာရာမင်းဝေရဲ့ အရုပ်မြို့တော်ဆိုတဲ့ ၀တ္တုခေါင်းစဉ် ကလေးကို သတိရစေပါတယ်။ တောင်စောင်းမှာမှေးပြီးဆောက်ထားတဲ့ အိမ်ကလေးတွေမို့ မတော်တဆ ပြုတ်ကျခဲ့ရင်ဆိုတဲ့အတွေးနဲ့ ကျောချမ်းမိပါတယ်။
နောက်ပြီး တောင်ခါးပန်းကိုမေးတင်ဆောက်ထားပြီး အရောင် တောက်တောက်လွင်လွင် ဆေးရောင်သုတ်ထားတဲ့ ချင်းအိမ်ကလေးတွေက တာရာမင်းဝေရဲ့ အရုပ်မြို့တော်ဆိုတဲ့ ၀တ္တုခေါင်းစဉ် ကလေးကို သတိရစေပါတယ်။ တောင်စောင်းမှာမှေးပြီးဆောက်ထားတဲ့ အိမ်ကလေးတွေမို့ မတော်တဆ ပြုတ်ကျခဲ့ရင်ဆိုတဲ့အတွေးနဲ့ ကျောချမ်းမိပါတယ်။
လမ်းမှာ ဒေသခံတွေကိုလည်းမြင်ရတယ်။ မြည်းတွေ၊ လားတွေကတော့ တန်ဖိုးမဖြတ်နိုင်တဲ့ ကုန်တင်ယာဉ်တွေပါပဲ။ အမျိုးသမီးတွေက ကလေးကိုကျောပိုးချီကြတယ်။ အ၀တ်နွမ်းနွမ်း အသားအရေမွဲမွဲလေးတွေနဲ့ပေမယ့် လတ်ဆတ်ရှင်းသန့်တဲ့ အပြုံးလေးတွေ ပိုင်ဆိုင်ထားကြပါတယ်။ ကလေးလေးတွေကဆို သူတို့ကိုဓါတ်ပုံရိုက်ပြီးပြန်ပြတော့ တခစ်ခစ်နဲ့ သဘောတွေကျလို့။
မှောင်တရီမှ ဟားခါးကိုရောက်ပါတယ်။ နာမည်တောင်မပေးရသေးတဲ့ အသစ်စက်စက်ဟိုတယ်မှာ တည်းကြပါတယ်။ ( ဖြည့်စွက်ချက်- အခုတော့ နံမည် ပေးပြီးပါပြီ- 'Grace' တဲ့) ပိုင်ရှင်လင်မယားက ချင်းလူမျိုး လူငယ်တွေပါဘဲ။ တော်တော်လေးဖေါ်ရွေကြပါတယ်။ အပူချိန်က ၁၀ ဒီဂရီနားမှာဝဲနေတာမို့ အပူပိုင်းကလာတဲ့ ကိုယ်တို့အဖွဲ့သားတွေ ဘယ်သူမှ ရေမချိုးနိုင်ကြပါဘူး။ ညစာစားဖို့ အပြင်ထွက်တာတောင် မေးတွေ တဂတ်ဂတ် ရိုက်နေကြတာ။
အဲဒီညမှာ မထူးခြားပေမဲ့ မှတ်မှတ်ရရဖြစ်ခဲ့တာကတော့ ကိုယ့်ရဲ့ မျက်ကပ်မှန်ကလေးဖြုတ်မရတာပါ။ အေးလွန်းတာရယ် တပ်ဆင်ချိန်များသွားတာရယ်ကြောင့်ထင်ပါရဲ့။ ကိုယ်ရွှေမျက်ကပ်က မျက်သားကို အသေတွယ်ကပ်နေတော့တာ။ မျက်သားကို ဒဏ်ရာရမှာစိုးလို့ အကြမ်းပတမ်းလဲမလုပ်ရဲ အသာအယာခွာတော့လည်းမရနဲ့။ လက်နဲ့ထိပါများတော့ မျက်သားက ကြာလေ နာလာလေပါပဲ။ မျက်ရည်တွေရော နှပ်တွေရော ထွက်လာတာပေါ. ။ အခန်းဖေါ်ညီမက အောက်ထပ်ကအိမ်ရှင်တွေဆီ ရေနွေးပြေးတောင်းရင်း ဆေးရုံသွားရမလား တိုင်ပင်နေတယ်။ ကိုယ့်ရဲ့ ထိတ်လန့်စိုးရိမ်မှူက မပြောပြတတ်အောင်ပါပဲ။ တစ်နာရီကျော်လောက်ကြာတော့မှ (မျက်ရည်တွေနဲ့ ချောသွားလို့လားမသိ) ဖြုတ်လို့ရသွားတယ်။ လန့်လန့်နဲ့ ခရီးစဉ်တစ်လျှောက်လုံး ပြန်မတပ်တော့ဘူး။ အဝေးကြည့် မျက်မှန်လေးပဲ တပ်လိုက်ဖြုတ်လိုက်လုပ်တော့တယ်။
နောက်တစ်နေ့တော့ ထန်တလန်ကိုသွားတယ်။ လမ်းတစ်လျောက်ကရှူခင်းတွေက အမိုက်စား။ ကင်မရာတဖျပ်ဖျပ်နဲ့ သူများမျက်စေ့နောက်အောင်ရိုက်မိတယ်။ ပြန်လာတော့ ကိုယ့်ရှုခင်းပုံလေးတွေ ကိုယ်ကြည့်ပြီးသဘောတွေကျလို့။ ကားလမ်းတစ်လျှောက်မှာ ”ဘွေနူး“ ဆိုတဲ့ ကွေ့ကွေ့ကောက်ကောက်မြစ်ကလေးကို အောက်ဖက်မှာ ခဏခဏ လှမ်းမြင်ရတယ်။ ”ဘွေနူး“ ရဲ့ ချင်းလိုအဓိပွါယ်က ”သခင်မ“တဲ့။ ဘွေနူးယာ ရခိုင်မှာ ကုလားတန်မြစ်ခေါ် ကစ္တပနဒီဖြစ်ပြီး အိန္ဒိယနယ်စပ်ရောက်တော့ မဏိပူရလို့ အမည်တွင်သွားကြောင်းသိရပါတယ်။
ကံကောင်းစွာနဲ့ ဟားခါးမှာ ခရစ်စမတ်အကြိုပွဲတော်ကို နွှဲခဲ့ရပါသေးတယ်။ ကလေး လူကြီး ၄-၅၀၀ လောက်ဟာ နေပူတာကိုအမှူမထားပဲ ဟားခါးရဲ့ပွဲတော်ကျင်းပရာ ကွင်းပြင်ထဲမှာ ရိုးရာအဆိုအကတွေကို အားပေးနေကြပါတယ်။ ကွင်းလယ်တနေရာမှာ ခရစ်တော်မွေးဖွားရာ နွားတင်းကုပ်ပုံဆောက်ထားပြီး ရှေးခေတ်က မယ်တော်၊ ခမည်းတော်ပုံစံ ၀တ်စားထားတဲ့ ချင်းအမျိုးသား အမျိုးသမီးနှစ်ယောက်ကို တွေ့ရလို့ ဓါတ်ပုံသွားတွဲရိုက်ခဲ့သေးတယ်။
နောက်တစ်နေ့မှာ ဖလမ်းကို ခရီးဆက်ပါတယ်။ လမ်းတစ်လျောက်ကတော့ ကြည့်ချင်စဖွယ်ရေမြေတောတောင်အလှတွေပါ။ အဲဒီမှာ ချင်းတောင်ရဲ့နာမည်ကျော် ဇာတ်လိုက် နွားနောက်ကိုမြင်ခဲ့ရပါတယ်။ အရိုင်းလား အယဉ်လားတော့ မသိပါဘူး။ ခြဲုပုတ်ထဲကနေ မျက်လုံးဝင်းဝင်းတောက်တောက်နဲ့ကြည့်နေလို့ ကားပေါ်ကနေဓါတ်ပုံရိုက်ခဲ့ပါသေးတယ်။ သူ့ရဲ့ဦးချိုက ကျွဲနဲမတူဘဲ ဘေးကို ဖြောင့်ဖြောင့်ကြီး ကားထွက်နေပါတယ်။ ကြီးမြန်တဲ့အတွက် နွားနောက်ကို ချင်းတောင်မှာ အစိုးရစီမံကိန်းနဲ့ အကောင်ရေတစ်သိန်းမွေးမယ်လို့ သတင်းတစ်ပုဒ် ဖတ်ခဲ့မိတာ သတိရတယ်။ ဒါဆို စီမံကိန်းဝင် သတ္တ၀ါလေးပေါ့း-))))
ရှားရှားပါးပါးတွေ့ခဲ့ရတာက တောင်ဇလပ်ပန်းပါ။အပွင့် နီရဲရဲနဲ့မို့ အဝေးကနေတောင် ထင်းကနဲ မြင်နိုင်ပါတယ်။ ချင်းရဲ့သင်္ကေတ အောက်ချင်းငှက်တွေကတော့ သိပ်ကိုရှားပါးသွားခဲ့ပြီလို့ စိတ်မကောင်းစရာ ကြားရပါတယ်။ ဒီငှက်စုံတွဲတွေက တကောင်နဲ့တကောင်အရမ်းသစ္စာရှိပြီး တကောင်သေရင် နောက်တကောင်လိုက်သေတတ်တယ်လို့ ကြားဖူးလို့ အရမ်းစိတ်ဝင်စားမိတယ်။ ငှက်မုဆိုးတွေက အောက်ချင်းငှက်အသိုက်တွေ့ရင် အသိုက်ကို ရှုပ်ပွအောင်လုပ်ပြီး စောင့်ကြည့်ကြသတဲ့။ အဖိုက အမကို သူအစာရှာတုန်း နောက်တကောင်နဲ့ ဖောက်ပြန်တယ်လို့ အထင်မှားပြီး နှုတ်သီးနဲ့ ဆိတ်ပေါက်သတ်ပါသတဲ့။ နောက် သူကိုယ်တိုင်လဲ အမြင့်ကြီးပျံတက်ပြီး အတောင်နှစ်ဖက်ယှက်ပြီး ပြေပေါ်ပြုတ်ကျအောင်လုပ်ပြီး သတ်သေလေ့ရှိပါသတဲ့ ။ ဆူဆိုက် လုပ်တာပေါ့။ ယုံတမ်းပုံပြင်လားမသိပေမဲ့ တော်တော်များများက လက်ခံယုံကြည်ကြပါတယ်။ အဲဒီ အောက်ချင်းငှက်ကိုတွေ့ဖို့အခွင့်အရေးမရတာမို့ ဂူးဂဲလ် ကနေပဲ ရှာပြီးတင်ပေးလိုက်ပါတယ်။
ရှားရှားပါးပါးတွေ့ခဲ့ရတာက တောင်ဇလပ်ပန်းပါ။အပွင့် နီရဲရဲနဲ့မို့ အဝေးကနေတောင် ထင်းကနဲ မြင်နိုင်ပါတယ်။ ချင်းရဲ့သင်္ကေတ အောက်ချင်းငှက်တွေကတော့ သိပ်ကိုရှားပါးသွားခဲ့ပြီလို့ စိတ်မကောင်းစရာ ကြားရပါတယ်။ ဒီငှက်စုံတွဲတွေက တကောင်နဲ့တကောင်အရမ်းသစ္စာရှိပြီး တကောင်သေရင် နောက်တကောင်လိုက်သေတတ်တယ်လို့ ကြားဖူးလို့ အရမ်းစိတ်ဝင်စားမိတယ်။ ငှက်မုဆိုးတွေက အောက်ချင်းငှက်အသိုက်တွေ့ရင် အသိုက်ကို ရှုပ်ပွအောင်လုပ်ပြီး စောင့်ကြည့်ကြသတဲ့။ အဖိုက အမကို သူအစာရှာတုန်း နောက်တကောင်နဲ့ ဖောက်ပြန်တယ်လို့ အထင်မှားပြီး နှုတ်သီးနဲ့ ဆိတ်ပေါက်သတ်ပါသတဲ့။ နောက် သူကိုယ်တိုင်လဲ အမြင့်ကြီးပျံတက်ပြီး အတောင်နှစ်ဖက်ယှက်ပြီး ပြေပေါ်ပြုတ်ကျအောင်လုပ်ပြီး သတ်သေလေ့ရှိပါသတဲ့ ။ ဆူဆိုက် လုပ်တာပေါ့။ ယုံတမ်းပုံပြင်လားမသိပေမဲ့ တော်တော်များများက လက်ခံယုံကြည်ကြပါတယ်။ အဲဒီ အောက်ချင်းငှက်ကိုတွေ့ဖို့အခွင့်အရေးမရတာမို့ ဂူးဂဲလ် ကနေပဲ ရှာပြီးတင်ပေးလိုက်ပါတယ်။
တီးတိန်ကနေ ကလေးကို ခရီးဆက်တော့ နေစောင်းလာပြီမို့ အအေးဓါတ်က ကဲကဲလာပါတယ်။ လမ်းမှာ ဆိုင်လှလှကလေးတွေ့လို့ ၀င်နားကြရင်း ၀က်စွပ်ပြုတ်၊ ကြက်စွပ်ပြုတ် ပူပူကို အားပေးကြပါတယ်။ ၀ိုင်လဲတော်တော်ကောင်းတယ်။ ဆိုင်ရဲ့အနောက်ဖက်က စားပွဲလေးမှာ ၀ိုင်းဖွဲ့စားရင်း တိမ်ဖြူဖြူတွေကို ငေးလို့ရတယ်။ အိတ်ထဲက သာမိုမီတာကို ထုတ်တိုင်းလိုက်တော့ ၈ ဒီဂရီ စင်တီဂရိတ်တဲ့။ ဆိုင်ကလေးက ထွက်လာတော့ မြူတွေက ပိုပိုပိတ်လာလို့ ရှေ့ကို ဘာမှမမြင်ရတော့ဘူး။ ကားမီးကိုထွန်းမောင်းရတယ်။ လမ်းကကျဉ်းကျဉ်းဆိုတော့ ရှေ့ကားနဲ့ မမြင်မစမ်း ၀င်တိုက်မှာစိုးလို့ ကားဟွန်းခဏခဏတီးရတယ်။ လမ်းတစ်ဖက်ကတောင်၊ တစ်ဖက်က တိမ်ပင်လယ်ကြီး။ ဖွေးဖွေးဖြူလို့။
မိုးချူပ်မှပဲကလေးကိုဝင်တော့တယ်။ လောလောဆယ်မှာ အဆင်ပြေဆုံးလို့ ဆိုရမဲ့ တောင်ဇလပ် ဟိုတယ်မှာ တစ်ထောက်နားကြတယ်။ ကလေးမြို့ကတော့ ရာသီဥတု ပူနွေးပါတယ်။ ချင်းနဲ့ ဗမာလူမျိုးတွေ ရောနှော နေကြတယ်လို့ ဆိုပါတယ်။ ချင်းပြည်နယ်နဲ့ထိစပ်နေတဲ့ နေရာဆိုပေမယ့် မြေပြင်က ပြန့်ပြန့်ပြူးပြူးမို့ နောက်မှာကျန်ခဲ့တဲ့ ချင်းတောင်ရဲ့အလှအပတွေကို စိတ်ထဲက နှူတ်ဆက်လိုက်ပါတယ်။ ပြန်ဆုံချင်ပါသေးတယ် လှတဲ့ချင်းမြေရယ်။
မိုးစက်ပွင့်
(စာကြွင်း - မတ်လမှာ တစ်ခေါက်ထပ်ရောက်တော့ ဒီဇင်ဘာလောက်မလှတော့ပါ :-) )
ချင်းပြည် အလွမ်းပြေပဲ။ မအယ်ကတော့ ကလေးကနေပဲ တက်တယ်။ ကလေး ထိတော့ လေယာဉ်ရတယ်လေ။ ဟီးနိုးနဲ့ဆိုရင်တော့ ဂန့်ဂေါကနေ တက်ရတာ သေလောက်အောင် ပင်ပန်းတယ်။ မန်းလေးသားတွေတော့ ကားနဲ့ တက်တာ များတယ်။ မိုးစက်က ကိုယ့်ကားနဲ့ ကိုယ်မို့သာ။
ReplyDeleteတောင်ဇလပ်ဟိုတယ် မရှိခင်ကဆို ကလေးမှာ တည်းရ ခိုရတာ မသက်သာဘူး။ တောင်ဇလပ်ဟိုတယ်က ကျယ်တယ် သန့်တယ် ဒါပေမယ့်လည်း ည ၁၀ နာရီဆို မီး ဖြတ်လို့ နွေဆို ပူလွန်းလို့ ပြုတ်ထားတဲ့ အတိုင်းပဲ။ ကလေးက နွေဆို တအားပူတယ်လေ။
ချင်းတောင်က ဓါတ်ပုံလေးတွေ တင်ပါအုန်း။ မအယ်မှာ ဘာဓါတ်ပုံမှ ပါမလာဘူး။
မအယ်
မအယ်ရေ.... ဟုတ်တယ် မိုးစက်လဲ ရှမ်းပြည်မှာ အကြာကြီးနေဖူးတာ ...ဓါတ်ပုံတွေ ပါမလာဘူး.... နှမြောလိုက်တာ... အခု ချင်းပုံတွေ ထပ်ဖြည့်ပေးထားပါတယ်..
ReplyDeleteချင်းပြည်ကို ငှက်သုတေသနအတွက် ရယ် တိန်းသိမ်းရေုးအလုပ်အတွက်ရယ် ငါးခေါက် လောက်ရောက်ဘူးတယ်။ သိပ်သဘောကျတယ်။ ခရီးလမ်းခက်ခဲပေမဲ့ စူးစမ်းစရာတွေ တပုံတပင် နဲ့ ငေးမောစရာ အလှတွေ များလွန်းလို့ သိပ်ပျော်တယ်။ ဓါတ်ပုံတွေလည်းမပါလာဘူး။
ReplyDeleteရေးထားတာပီပြင်တယ် ကိုယ်ပြန်သွားနေရသလိုဘဲ။ ကိုယ်ကတော့ တီးတိန် က ကနေဒီတောင်ကို သုတေသနအတွက်ရောက်ခဲ့တယ်။