Friday 15 April 2011

ဥယျာဉ်ထဲမှ ပန်းကလေးများ

အလည်လာသူ သူငယ်ချင်းများကို မြန်မာနှစ်ကူးလက်ဆောင်အဖြစ်  ကျမရဲ့ ရုံးဥယျာဉ်ကလေးထဲက ပန်းပွင့်ကလေးတွေနဲ့ နှုတ်ဆက်ကြိုဆိုပါရစေနော်....။

ကိုးနာရီပန်းလို့ လူသိများတဲ့  တရုတ်နှင်းဆီ အဖြူနဲ့ပန်းရောင်..... မနက်ရှစ်နာရီလောက် ရိုက်ထားလို့ မပွင့်သေးဘူး ....တကယ်ကို ကိုးနာရီ တိကျပါတဲ့သူ..။
 
My all time favourite စံပယ်ဖြူ ကလေး။ မွှေးမှမွှေး။
 အရောင်အသွေးတောက်ပတဲ့ လေးကျွန်းကြာခိုင်တွေ။   Lily အုပ်စုဝင်ပေါ့။
 
စက္ကူပန်းကလေးတွေကတော့ နေပြင်းလေ အရောင်အသွေးစိုလာလေ။  အမည်က ကဗျာမဆန်၊ ရနံ့က သင်းပျံ့မမွှေးပေမဲ့ ၊ အဆင်းလှပြီး သတ္တိကောင်းတဲ့ ပန်းကလေး။ ရေသိပ်လောင်းရင် အပွင့်မပွင့်တော့ဘဲ အရွက်တွေဘဲ အုံခဲလာတတ်လို့ ၊  အခြောက်ခံထားရတယ်။
ကိုယ့်ကိုမြန်မြန်နမ်းပါ လို့ အမည်ရတဲ့ပန်းကလေး။ အရွက်ကလေးတွေက ဆေးဖက်သိပ်ဝင်ပါသတဲ့။
မြတ်နိုးခြင်းရဲ့ သင်္ကေတ နှင်းဆီဝါလေး ..။ တကယ်ဆို ဒီ့ခြံလေးထဲမှာ နှင်းဆီက အရောင်စုံရှိပေမဲ့ ပူလွန်းလို့လားမသိ..။ ဒီရာသီမှာ သိပ်မပွင့်ကြဘူး။
ပန်းလိုလို သစ်ရွက်လိုလို ရွက်ကျပင်ပေါက်နွယ်ဝင် အပင်ကလေးတွေ။
မေမြို့က မျိုးယူလာတဲ့ ပန်းကလေး။  အမည်တော့ သေချာ မပြောတတ်။ မြစ်ဝကျွန်းပေါ်တ၀ိုက် မှာတော့ ကပ်ကြေးညှပ်ပန်းလို့ ခေါ်တာ မှတ်သားခဲ့ဖူးတယ်။
 
ယဉ်စစ သစ်ခွ ပန်းကလေးတွေ။
ခရာဝါ ဆိုတဲ့ နွယ်ပင် ပန်းကလေးတွေ...။

 
ဒီအပင်ကလေးတွေ အားလုံးကို  ရုံးသူရုံးသား မောင်နှမများအားလုံး ၀ိုင်းဝန်းပြုစုကြတာပါ။  ကျမကိုယ်တိုင်က ပန်းပွင့်ကလေးတွေ မြင်ရင် ပျော်နေပြီး အလုပ်လုပ်ရတာ ပိုပြီး တက်ကြွ ရွှင်လန်း နေတတ်လို့ သူတို့ကိုလည်း စည်းရုံးပြီး အတူတကွ စိုက်ပျိုးထားကြတာပါ။   ဥယျာဉ်လေးက ၀န်ထမ်းတွေကို ပိုမို စည်းလုံး ချစ်ခင်လာစေတယ်လို့ ထင်မိတယ်။ ပန်းကလေးတွေဆိုတာ လူသားတွေရဲ့ ၀ိဥာဉ်အဖေါ်ပါ။ ကျမကတော့ စိတ်ပင်ပန်းလာရင် ဥယျာဉ်လေးထဲ တပါတ်လောက်လျှောက်ပြီး ပန်းပွင့်လေးတွေကို ကြည့်လိုက်တာပဲ....။

သူငယ်ချင်းတို့အားလုံးအတွက် ပျော်ရွှင်ဖွယ် နှစ်သစ်ဖြစ်ပါစေ...။

မိုးစက်ပွင့်

11 comments:

  1. ဒွေးသီးတဲ့ ဟိဟိ ဟုတ်လည်းဟုတ်ပဲနဲ့ :P
    kiss me quick နဲ့သစ်ခွတွေတော့အမေကြိုက်လို့ စိုက်ထားတယ်
    ကိုးနာရီပန်းဆိုတာ မသိဘူးတော့

    စူးနွယ်လေး

    ReplyDelete
  2. ချစ်စရာလေးတွေ..နော်....။
    မင်္ဂလာရှီသောနှစ်သစ်ဖြစ်ပါစေ။
    ဗွမ်းးးးးးးးးး:):):)
    စာလာဖတ်ရင်းရေလောင်းခဲ့တယ်နော်။

    ReplyDelete
  3. အဲဒီ တရုတ်နှင်းဆီ(၉နာရီ) ပန်းကိုတွေ့ရင်စိတ်နာလွန်းလို့...
    ပန်းပင်ရောင်းတဲ့သူတွေရဲ့ဈေးဘန်းထဲမှာ ရောင်စုံပွင့်နေကြတဲ့ ၉နာရီပန်းပင်လေးကို ဝယ်စိုက်မိပါတယ်..
    ကိုယ့်လက်ထဲလည်းရောက်ရော မပွင့်တော့ပဲနဲ့ အပင်ပဲအရှည်ကြီးဖြစ်လာတယ်..း(

    ReplyDelete
  4. ပန်းတွေလိုပဲ လှပတဲ့ မိုးစက်လေး မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေ။
    (ဒွေး)သီးတဲ့.....?*!

    ReplyDelete
  5. လင့်လေးချိတ်ပါရစေနော်. သဘောကျလို့ ပါ။

    ReplyDelete
  6. ကိုးနာရီပန်းလား၊
    စက္ကူပန်းလေးလှပါတယ်၊
    ဒွေးသီး ဖြစ်ရတယ်၊

    ReplyDelete
  7. စူးနွယ်... မီးက ဂျဂါး မပီသေးလို့ပါကွယ် :D

    ညီမအိန်ဂျယ်.... ဟောတော့ ရေ ရေတွေ ရွှဲကုန်ပြီ.. ပြန်ပက်ဦးမယ် ကဲ လာလေ့ ဗွမ်းး)))))

    နတ်သမီးလေး.... ကိုးနားရီပန်းက နွားချေး အရမ်းကြိုက်တာ၊ ထည့်ကြည့်ပါလား...

    မမရှင်လေး... ချစ်လျှင်လှ၏ ဆိုတာ အမှန်ပဲနော်၊ ချစ်သောမျက်စေ့နဲ့ကြည့်တော့ ဘဲရုပ်ဆိုးမလေးလဲ လှသွားတာပေါ့း))) ဒွေးသီးကတော့ (ဒွေးသီး- မင်းသား ဒွေးကို ဂုဏ်ပြုထားသော အမည်သစ်)၊ ညီမတို့ ဂျပ်ဆင်ဘေးမှာ အဲဒီ အသီးသုပ် ပါဆယ်ဆွဲပြီး ၀ယ်စားနေကျလေနော်

    Lora ရေ.... link တာကို ၀မ်းသာစွာ လက်ခံပါတယ်၊ တို့လည်း နောက်လာခဲ့ပါဦးမယ်

    အပြုံးပန်း ..... စက္ကူပန်းက (အပြုံး ရိုက်ထားတဲ့ပုံထဲကလို) အလည်ဝတ်ဆံလေး မပွင့်သေးဘူးနော်။ (ဒွေးသီး) အဲဒီအသီးက ပန်းတွေကြားထဲ ၀င်ရှုပ်နေသလိုပဲ၊ ဒါပေမဲ့ စားရတာ တို့ကြိုက်လို့း))))))

    ReplyDelete
  8. လာလည်သွားပါတယ်ဗျာ ပန်းလေးတွေလှတယ်။ ဒွေးကသေပြီထင်တာ ဒီရုံးမှာ သွားပြီး ဒွေးသီး သီးနေတာကိုး...နောက်တာပါဗျာ....စိတ်ဆိုးရဘူးနော်...:P:P:P ကပ်ကြေးညှပ်ပန်းဆိုတာကိုတော့ ကျွန်တော်တို့ရွာမှ ခုနစ်ထွေပန်းလို့ ခေါ်ကြတယ်...နှစ်သစ်မှာပျော်ရွှင်ပါစေ....

    ReplyDelete
  9. ပန်းလေးတွေလည်း လှ၏ နာမည်လေးကလည်း ဆန်း..၏
    ဒွေးသီးဖြစ်ပါတယ်.. အဲလေ လသာညဖြစ်ပါတယ်း)))

    ReplyDelete
  10. ကျနော့ ချစ်သူ က ပြောဘူးတယ် .. သူတို့ အဲဒီ အသီး ကို ပြည်တော်သာ သီး လို့ ခေါ်တယ် တဲ့

    ReplyDelete
  11. ပန်းဝါလေးကိုအကြိုက်ဆုံးဗျ

    ReplyDelete

ပဲ့တင်သံလေးတွေ .......