Tuesday 28 June 2011

ပိုးဖလံတို့ရဲ့ည

ရွှေရောင်ညတည
အပေါင်းအဖေါ်တစုနဲ့ 
အလုအယက် သူ့ထက်ငါ
လင်းလက်တဲ့ အဆင်းရှိရာအရပ်ဆီသို့ .......

အပျော်လွန်ညတညရဲ့
တိုတောင်းတဲ့ တခဏ
စူးရှရှ မီးရောင်အောက် 
အရိုင်းအက နဲ့ မရဏသံစဉ် ချိုချို
တေးသွားတွေ သီဆိုလို့
ပြေးတမ်းလိုက်တမ်း
မမောတမ်းပေါ့

နောက်ဆုံးတော့
တကောင်ခြေရင်း တကောင်ဝပ်စင်းလို့
နုရွတဲ့ တောင်ပံကြွေလေးတွေ ဟိုဒီမှာ ပျံ့ကြဲလို့
ငြိမ်းချမ်းစွာ ထာဝရအိပ်စက်ခြင်းနဲ့
နယ်ခြားမဲ့ ၀ိဥာဉ်ကမ္ဘာ ဟိုးဝေးရာဆီသို့ .....။

မိုးစက်ပွင့်

6 comments:

  1. ကဗျာကောင်းလေး အားပေးခဲ့ပါတယ်ဗျ။။။

    ReplyDelete
  2. လူသားများအားလုံးလည်း ပိုးဖလံတို့ကဲ့သို့ ဘဝနိဂုံးကို အဆုံးသတ်ကြရတယ်နော်။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  3. အဖြူရောင်နတ်သမီး28 June 2011 at 19:44

    ကဗျာလေးဖတ်သွားပါတယ်...

    ReplyDelete
  4. ကဗျာကောင်းလေး ခံစားအားပေးလျှက်ပါလို့..

    ReplyDelete
  5. လှလိုက်တဲ့ ကဗျာလေး မမိုးရာ..
    မမိုးက ကဗျာလေးတွေလည်း စပ်တတ်တာပဲနော်။ လသာညတော့ ကဗျာဆို ဘယ်လိုမှ ပါရမီရှိဘူး..ဒါကြောင့် သူများရေးပေးမှပဲ ခံစားတတ်တော့တယ်း)))

    ReplyDelete
  6. မိုးစက်ပွင့်5 July 2011 at 09:35

    အလင်းသစ်၊ အန်တီတင့်၊ နတ်သမီး၊ လှိုင်၊ လသာညလေး .... အားပေးတဲ့အတွက် ကျေးဇူး :-)))))))

    ReplyDelete

ပဲ့တင်သံလေးတွေ .......