ညနေခင်းလေးတခုမှာ အပန်းဖြေဖို့ ကျမနဲ့ ညီမလေးများ မကွေးမြို့ရဲ့ ဧရာဝတီကမ်းပါးကို ထွက်လာခဲ့ကြပါတယ်။ အချိန်က နေ၀င်ချိန်တိမ်တောက်တဲ့ (အကျည်းတန်လှချိန်) ရောက်လုနီးကလေး ပေါ့။
နေရောင်ကြောင့် ရွှေရောင်ဝင်းနေတဲ့ မြစ်ပြင်ကို အမိအရ မှတ်တမ်းတင်ကြသည်..။ နှစ်ကျပ်ခွဲတန် ကင်မရာမရှိသေးတော့လည်း ရှိသမျှ သုံးမတ်တန် ကင်မရာကလေးနဲ့ ဖြစ်ဖြစ်မည်အောင် အားထုတ်လို့ ရိုက်ခဲ့သည်။ တနေ့တော့ နှစ်ကျပ်ခွဲဝယ်ပြီး လာရိုက်ဦးမည်လို့ စိတ်ထဲက တေးဖြစ်အောင် တေး ထားလိုက်မိသေးတယ်....။
ရေနည်းချိန်မို့ မြစ်လည်ခေါင်မှာ သောင်ထွန်းနေပြီလေ။ အဲဒီသောင်ပေါ်မှာ အသီးအနှံမျိုးစုံ စိုက်ကြ၊ ပန်းခင်းကလေးတွေ စိုက်ကြ၊ အကြော်တဲကလေးတွေ ထိုးကြနဲ့ပေါ့။
ကမ်းပါးစောက်ရဲ့ အပေါ်တည့်တည်းက လမ်းနဘေးမှာတော့ ပျံကျဈေးသည်တွေက သောင်ပြင်ကထွက်တဲ့ အသီးအနှံတွေကို ဈေးချိုချိုနဲ့ ရောင်းနေတယ်။
ဘူးသီးကလေးတွေကတော့ ဖွံ့ဖွံ့ထွားထွားမရှိဘူး။ အော်ဂဲနစ်မို့ ထင်ပါရဲ့။
ခရမ်းသီးလေးတွေ မီးဖုတ်ပြီးသုပ်စားဖို့ ၀ယ်ခဲ့တယ်။ သုံးလုံးကိုမှ ၂၀၀ ကျပ် ထဲပါ။
ခရမ်းသီးလေးတွေ မီးဖုတ်ပြီးသုပ်စားဖို့ ၀ယ်ခဲ့တယ်။ သုံးလုံးကိုမှ ၂၀၀ ကျပ် ထဲပါ။
ကျမတို့ စိတ်အ၀င်စားဆုံးက ဖရဲသီး။ အလုံးအကြီးကြီးကို ၁၅၀၀ တဲ့။ မှည့်မမှည့် အစမ်း ဖေါက်ခိုင်းပြီး တစ်လုံးဝယ်ခဲ့တယ်။ ဈေးသည်က မဖေါက်ခင် ဖရဲသီးကို လက်နဲ့ ခေါက်ကြည့်တယ်။ “ဘုတ်၊ ဘုတ်” ဆိုပြီး လိုဏ်သံပေါက်နေရင် မှည့်တယ်၊ “ဘတ်၊ဘတ်” ဆိုပြီး အထဲက မာဆတ်ဆတ်တုန့်ပြန်ရင် မမှည့်ဘူး။ ချက်ချင်းခွဲစားလိုက်တော့ ဖရဲသီး အသားက နီရဲပြီး တော်တော်လေးချိုပါတယ်။
အစားငမ်းတာနဲ့ နေက ၀င်လုလုဖြစ်နေပြီ။ မူရင်းရည်ရွယ်ချက်ဖြစ်တဲ့ သောင်ပြင်ပေါ်က ပန်းခင်း ၀ါဝါ ကလေးဆီ အပြေးတပိုင်းနဲ့ လှမ်းကြတယ်။ သောင်စပ်က မခြောက်တခြောက် ရွှံ့မြေတွေကြောင့် ခရီးတွင်သင့်သလောက် မတွင်။ ဒါပေမဲ့လည်း ပန်းခင်းတွေဆီ အချိန်မီ ရောက်ခဲ့ပါတယ်။ကဲ- စိတ်တိုင်းကျ ဓါတ်ပုံရိုက်ကြလေပြီ။ တယောက်တည်းတမျိုး အုပ်စုလိုက်တဖုံ။ မမောနိုင်ကြဘူးပေါ့။ ဓါတ်ပုံရိုက်နေကြတဲ့ ကျမတို့တဖွဲ့လုံးကြည့်ပြီး ဘာမဆိုင်ညာမဆိုင် “ဘီလူသွားကို လဖြဲတည်း” ဆိုတဲ့ ရှေးကဗျာတပုဒ်ကို သတိရမိပြန်သည်။
ပန်းခင်းနဲ့ တံတားကိုလည်း ဒီလို အမှတ်တရ။
ပန်းကလေးတွေရဲ့အမည်ကို သေချာမသိပါ။ “ရွှေဒင်္ဂါး” တော့ ဖြစ်နိုင်ပါသည်။
ဆည်းဆာချိန်ဟာ (လူ့ဘ၀ရဲ့ ဇရာအိုချိန်လိုဘဲ) တိုတောင်းလှသည်။ ညီအကို မသိတသိအချိန် ဖြစ်လာတော့ ပန်းခင်းကလေးဆီက အောင်မြင်စွာ ဆုတ်ခွာပြီး အကြော်တဲတွေဆီ ရွေ့လျားကြသည်။ ဆိုင် သုံးလေးဆိုင် အနက်မှာ အစွန်ဆုံးက လူရှင်းတဲ့တဲမှာဘဲ ထိုင်လိုက်ကြသည်။ စားပွဲလေးချ၊ ဖျာလေးခင်းထားသည်မို့ အဆင်ပြေမှပြေပါဘဲ။ အကြော်ကလည်းဈေးချိုပါသည်။ အခုနှစ်ဆယ် မှ တစ်ထောင်သာ။ ပြောင်းဖူးကြော်၊ ပဲကပ်ကြော်၊ အာလူးကြော်၊ ဘူးသီးကြော်။
အကြော်စားရင်းလေကန်ကြသည်။ မကွေး ဟာ ဘောသောနဲ့ ဘောကျော်ဆိုတဲ့ ဘီလူးနှစ်ကောင်တည်တဲ့ မြို့ တဲ့။ ဖန်ခါးသီးတွေ အရမ်းပေါတဲ့မြို့မို့ ဖန်ခါးသီးနဲ့ မြသလွန်ကို အလဲအလှယ်ပြုခဲ့ကြသည်ဆိုလား။ နောက်ပြီး မြို့နာမည်ကလည်း ဧရာဝတီမြစ်ကြီး ကွေ့ပတ်စီးနေတာကို အစွဲပြုပြီး “မြစ်ကွေ့” မြို့ကနေ ကာလရွေ့လျော “မကွေး” ဖြစ်လာတာလို့ တယောက်က ပြောသည်။ “သိပါဘူး၊ ငါကြားဖူးတာက ......” နောက်တယောက်က ရယ်ကျဲကျဲနဲ့ ဆိုသည်။ အားလုံးက ပွဲတောင်းကြတော့ သူကဆက်ပြောသည်။ “ဟိုလေ...ဘီလူးကြီးနှစ်ကောင် က မင်းဘူးဖက်ကမ်းကနေ ဒီဖက်ကမ်းကို ရေတိမ်တိမ် ဖြတ်ကူးလာကြရော....... သူတို့လဲ ရေစိုမှာစိုးတော့ သူတို့ပုဆိုးကို ခပ်တိုတို “မ” လာကြတာကွာ...ဘာကိုရောပြီး “မ”လာသလဲဆိုတော့ .” အားလုံးက သူ့စကားမဆုံးခင် သဘောပေါက်ပြီး တဝေါဝေါရယ်ကြသည်။
အကြော်ဆိုင်တ၀ိုက်မှာ စည်ကားနေသည်။ ပျိုငယ်ရွယ်သော တက္ကသိုလ်ကျောင်းသား ကျောင်းသူ ကလေးတွေကို တွေ့ရသည်။ ပျော်ပွဲစား ပုံစံမျိုးလာကြတဲ့ မိန်းကလေးအုပ်စု၊ ယောကျာ်းကလေးအုပ်စု၊ နောက်ပြီး ဒွိယံ ဒွိယံ ကလေးတွေ။ ကိုယ်တွေ တက္ကသိုလ်တက်ခဲ့ရတဲ့ အချိန်တွေကို ဖြတ်ကနဲ ပြန်လည် တမ်းတ မိစေခဲ့သည်။ မြသလွန်စေတီတော်ကြီးကိုတော့ အကြော်စားရင်း လှမ်းပြီး ဖူးမြော်ကြရသည်။
“ကြည်ညိုစရာကောင်းလိုက်တာနော်၊ ကြည့်ပါဦး၊ ရွှေတွေကို ၀င်းအိနေတာပဲ” ဟု တယောက်က မချင့်မရဲ ဆိုလေလျှင် “အံမယ်၊ ဒါဆို ဘုရားကိုကြည်ညိုတာလား၊ ရွှေကို ကြည်ညိုတာလား” ဟု တယောက်က နှက်လိုက်ပြန်သည်။ ဘာပဲ ပြောပြော ပျော်နေတော့ စကားအားလုံးက ရယ်စရာ ကောင်းနေသည်။ ကျမတို့အတွက် ပျော်စရာအချိန်ကလေးများပါဘဲ။
“အယ်- အစ်မ သောက်နေတာ မြစ်ရေနဲ့ ကျိုတဲ့ရေနွေးတွေလား”
“ဟမ်”
ရေနွေး လေးခွက်လောက် အားပါးတရ သောက်ပြီးမှ ညီမလေးတယောက်က သတိပေးသဖြင့် ကျမ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ မနေ့ကဘဲ မြစ်ရေမသောက်တော့ဘူး ပြောခဲ့မိသေးသည်။ အကြောင်းကတော့ ဓါတ်ပုံရိုက်ရင်း ရေစပ်မှာ “ပေါလောပေါ်ခြင်း နိယာမ”ကို သက်သေပြနေသော အရာဝတ္တု အစုအပုံ ကလေးများကို တွေ့ခဲ့ရသောကြောင့်ပင်။ အခုတော့ ခြေလွန်လက်လွန်၊ အဲလေ ပါးစပ်လွန် လက်လွန်ဖြစ်ခဲ့ပြီမို့ ရှိစေတော့လေ။
“ ဒါကြောင့် အရသာ လေးလေးပင်ပင် ရှိပါတယ်လို့ ထင်သား”
ရယ်သံမစဲတစဲနဲ့ မှောင်နက်မည်းမည်းမှာ သောင်ပြင်မှ ကမ်းပါးကို စမ်းတ၀ါးဝါး တွားတက်ပြီး ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်...။ ပင်ပန်းနေတဲ့ စိတ်တွေ တော်တော်လေး အညောင်းပြေသွားတာတော့ အမှန်ပါဘဲ..။
မိုးစက်ပွင့်
( ဒီရက်ထဲမှာ မကွေးကို လာလည်ရင် အကြော်လိုက်ကျွေးပါမယ်)
ဟေး..အရင်ဆုံးဖတ်လိုက်ရတယ်။
ReplyDeleteမုန့်ကျွေးမယ့်အကြောင်းရေးထားတဲ့စာလုံးလေးကသေးလိုက်တာ။
ဗမာခရမ်းချဉ်ခေါ်လား အဲလိုသေးသေးလေးတွေကြိုက်တယ်
အသီးအရွက်တွေအားလုံးကြိုက်။
အကျည်းတန်လှချိန်မှ အပြင်ထွက်ကြတာပေါ့နော် :P
(စကြည့်တာ)
စူးနွယ်လေး
တကယ်ကျွေးရမှာစိုးလို့ သေးသေးလေးရေးထားတာလေ စူးနွယ်၊
ReplyDeleteအကျည်းတန် လှချိန်ဆိုမှတော့ကွယ်... ချောပြီးသား သူဆိုရင်တော့လား ..ဟိုသီချင်းထဲကလို (အတိုင်းထက်အလွန်ဘဲ ~~~~~~~~) :D
မကွေးကို လွမ်းလာပြီ..။ ကျောင်းတက်တုန်းက အချိန်တွေ... စာမေးပွဲဖြေချိန်တောင် ညဘက် ဘုရားပေါ်သွားတယ်။ ဘုရားဖူးတာနည်းနည်း.. အတွဲသွားချောင်းတာ များတယ်း))
ReplyDeleteပေါလောပေါခြင်း နိယာမဆိုလို့ ရယ်လိုက်ရတာ...း)))
ဒါပေမယ့် သူငယ်ချင်းတစ်ယောက်က ပြောတယ်.. ပေါလောပေါ်တိုင်း အဲဒါမဟုတ်ဖူးတဲ့ ဒိုက်နဲ့ ရောနေတဲ့ ရေမှော်ဆိုပဲ (သူပြောတာ ..)
မြစ်ရေ ချိုချိုလေး ကောင်းတယ်ဟုတ်??? ((^^))
မကွေးကို ညပဲ ရောက်ဖူးတယ်၊
ReplyDeleteမြသလွန်ဘုရားဖူးတော့ ညကြီးပဲ၊
အသီးတွေ လတ်ဆတ်လိုက်တာ၊ ဖရုံသီးနုနုတွေ၊
ဧပြီလဆန်းမှာ ပုဂံကို လာဖို့ ရှိလား၊
နှမ်းခင်း ထင်နေတာ၊
ReplyDeleteပန်းခင်းလမ်း၊
ဆည်းဆာက လှမှလှ
အလှတရားတွေနဲ့ ပြည့်နှက်နေတဲ့ အချိန်ပဲ
စိတ်က အညောင်းပြေသွားလား
ReplyDeleteမကွေးကို ဖြတ်ပဲဖြတ်ဖူးတာ..။
ReplyDeleteလည်ချင်စရာ..။
အကြော်ဆိုင်လဲ ထိုင်ချင်စရာ..။
လာခဲ့မယ်... အကြော်တင်မက နေရာအနှံ့ လိုက်ပြပေးရမယ်နော်။
ReplyDeleteကြည်နူးစရာ ရှုခင်းလေးပါဘဲ
ReplyDeleteပျော်ဖို့လည်းကောင်းမယ်နော်
ဧရာဝတီမြစ်ရေနဲ့ ကျိုထားတဲ့ ရေနွေးကြမ်းက အားလုံးကို ပြီးပြည့်စုံသွားစေတယ် ထင်တယ်း)
စာတွေလိုက်ဖတ်ရင်း တစ်ခေါက်လောက်တော့ရောက်ဖူးလိုက်ချင်တယ် မမရေ။ခရီးသွားအတွေ့အကြုံလေးတွေ မျှဝေပေးတဲ့အတွက်ကျေးဇူးပါ။ကောင်းသောနေ့လေးဖြစ်ပါစေ။
ReplyDeleteဒီရက်အတွင်း လာမှ ကျွေးမှာပေါ့။
ReplyDeleteရက် နည်းနည်း တိုးပေးပါ။
နေဝင်ချန်ရောက်မှ လှတဲ့သူတွေရဲ့ ပုံလဲ တင်မထားပါလား..
ReplyDeleteဖရဲသီးနဲ့သီးနှံတွေစားချင်စရာကြီးနော် ပုံလေးတွေလှလိုက်တာ
ReplyDeleteသာယာချမ်းမြေ့ပါစေရှင်း
မိုး
လသာညလေး.... တို့လည်း ငယ်ငယ်က အင်းလျားမှာ အတွဲတွေကို လိုက်နောက်ခဲ့ဘူး၏... အခုတော့ အရွယ်ကြောင့် ထိန်းနေရတယ်။ ပေါလောပေါ်ပစ္စည်းက အရောင်နဲ့ခွဲလို့ရတယ်၊ အခုမြင်ခဲ့တာ ရေမှော်လို ညိုပုပ်ပုပ် မဟုတ်ဘူး၊ ၀ါဖန့်ဖန့်လေး ... ရေနွေးကတော့ ချိုမှချို .. PH 11 ထင်တယ်။
ReplyDeleteအပြုံးပန်း ... သင်္ကြန်ရက်ပါတ်လည်ကလွဲရင် ရှိလောက်တယ်။ စာပို့ထားလေ...။ ဆုံချင်ပါတယ်။ စူးနွယ်လို တိတ်တိတ်လေး လာမသွားနဲ့နော် :-)
ပေါက် ...... နွေရာသီတော့ မလည်နဲ့နော်၊ ငိုချင်သွားမယ်။
မမရှင်လေး ... အကောင်းဆုံးအချိန်တွေက နိုဝင်ဘာကနေ ဖေဖေါ်ဝါရီ လကုန်အထိလို့ ထင်တယ်၊ လိုက်ပို့မှာ စိတ်ချ မမ
ချောရေ.... ကွက်တိဘဲ။
May~~~~~~~..... ဆုတောင်းလေးအတွက် ကျေးဇူး :-)
ကိုဇော်.... နောက်ကျလို့ အကြော်မရှိလည်း ၊ တို့ ရှိလို့ကတော့ အာပူလျှာပူ လိုက်ကျွေးမှာပေါ့
ကိုကြီးကျောက်...... သရဲခြောက်တယ် ထင်မှာစိုးလို့။
မိုး .... ဖရဲသီးက တကယ်ကောင်းတာ၊ ခုထိတောင် မကုန်သေးဘူး၊ တူညီစွာ ပြန်ဆုတောင်းပေးလိုက်ပါတယ်..။
ဇွန်လလောက် လာဖို့ရှိတယ်....အကြော်လိုက်ကျွေး....:)
ReplyDeleteဟားဟားဟား ၀ါဖန့်ဖန့်လေးအကြောင်းကို ဖတ်ပြီး ရယ်လိုက်ရတာ..။ ပြောရင်းနဲ့ မြင်ယောင်လာပြီ...ဟုတ်တယ် ဟုတ်တယ် မမိုးပြောတဲ့အတိုင်းပဲ (^^*)//
ReplyDeleteI miss those watermelons. Honey Dew also very good when it is in the season.When we were young....we use to go there with friends after exam.
ReplyDeleteအရမ်းလှတဲ့ သဘာဝပုံလေးတွေကို အသေအချာခံစားသွားပါတယ်။
ReplyDeleteရှုခင်းတွေ အသီးအနှံတွေ ပန်းခင်းတွေ လွမ်းဆွတ်စွာကြည့်ရင်း အကြော်တွေမြင်တော့ သွားရည်တွေကျသွားတယ်...
ReplyDeleteအသီးတွေက လတ်ဆတ်လိုက်တာ ဓါတုဆေးမပါတဲ့ အသီးနှံတွေ မကွေး မြသလွန်ကို ရောက်ဖူးတယ် ဒူးကို နာနေတာဘဲး-)
ReplyDeleteအကြော်တွေ ကြွပ်ကြွနေတဲ့ပုံ.. ငမ်းသွားတယ်။
ဒီမှာတော့ ကမ်းစပ်အနားမပြောနဲ့ ၅မိုင် အကွာတောင် မကပ်ရဲဘူး တော်ကြာ ဆူနာမိက နှတ်ဆက် ရင် အခက်။
လာလည်ချင်လိုက်တာ ...း-)
ဆောင်း