ဆံရစ်ဝိုင်းဆိုသည်မှာ အားလုံးသိကြသည့်အတိုင်း ရှေးက မြန်မာ လုံမငယ်တို့ ဆင်ယင်ထုံးဖွဲ့လေ့ရှိသော ဆံပင် ပုံစံတမျိုးကို ခေါ်ခြင်းဖြစ်သည်။ နဖူးဆံစ ဦးခေါင်း ပါတ်ပါတ်လည် စက်ဝိုင်းသဏ္ကာန် ရစ်ထားသောဆံပင်များကို အောက်သို့ အတန်းလိုက် ချတာကချ၊ အပေါ်သို့စုထုံးဖို့ လှန်တင်တာက တင်ထားရသည်။ ပန်းကုံးညီမှလှသည်။ ဆံရစ်ဝိုင်းပုံစံမှာ အရိုးရှင်းဆုံးနှင့် အကြော့ရှင်းဆုံးဖြစ်ပြီး ကလေးဆန်ခြင်းကို ပြသည့်သဘောလည်းဖြစ်သည်။ အသက် လေးငါးနှစ်သမီး အရွယ် ဆံပင်စထားပြီ ဆိုကတည်းက ဆံရစ်ဝိုင်းပုံကို စတင်ထားတတ်ကြသည်မှာ ရှေးမြန်မာတို့ဓလေ့ပဲ ဖြစ်သည်။ ဆယ်ကျော်သက် အရွယ်ရောက်လျှင်တော့ ဆံပင်ကို အုပ်လုံးသုံးပြီး ဆံထုံး၊ ဆံတောက် စသဖြင့် အလှအပ အဆင်တန်ဆာတွေ စိတ်ကြိုက်ပြုပြင်ကြတော့သည်။
(ခင်ခင်ထူး - ဆံရစ်ဝိုင်း ၀တ္တုတိုများ မှ)
ဆံရစ်ဝိုင်းလေးတွေက မြန်မာရိုးရာစစ်စစ်ဖြစ်ပြီး ချစ်စရာလည်းကောင်းပါတယ်။ ဒါပေမဲ့ ပြောင်းလဲတိုးတက်လာသော ခေတ်နဲ့အညီ ဆံရစ်ဝိုင်းဟာ ရာဇ၀င်ထဲမှာ ကျန်ခဲ့ပြီမို့ တော်တော်ကို ဝေးလံတဲ့ ကျေးလက်ဒေသများမှာဘဲ တွေ့နိုင်ပါတော့တယ်။ တလောက ရေစကြိုမြို့နယ်က “အညာတော” ဆိုတဲ့ ကျေးရွာလေးကို ရောက်ခဲ့ပါတယ်။ အတူပါလာတဲ့ ညီမလေးက “အစ်မ ဒီရွာမှာ ဆံရစ်ဝိုင်းလေးတွေ အများကြီးပဲ” လို့ ဆိုလာပါတယ်။ ဒီနေ့ခေတ်အခါမှာ မြင်တွေ့ဖို့ ရှားသွားပြီဖြစ်တဲ့ ဒီဆံပင်ပုံစံလေးတွေကို ကျမလည်း တအားစိတ်ဝင်စားသွားပါတယ်။ ဒါကို အရိပ်အကဲ သိတဲ့ ရွာက ဘကြီးတယောက်က သူတို့ကို တစုတဝေးထဲ တွေ့ရမဲ့ စာသင်ကျောင်းကလေး ဆီသို့ ကျမကို ဦးဆောင်ပြီးခေါ်သွားပါတယ်။ ကျောင်းလွှတ်ချိန်မို့ အတော်ပင်။ ဘကြီးက “ဆံရစ်ဝိုင်းလေးတွေ ဒီကိုလာဦးဟေ့” လို့ လူစုပေးတာနဲ့ ချစ်စရာကလေးငယ်ကလေးတွေကို မှတ်တမ်းတင်ခွင့် ရလိုက်ပါတယ်။
ဂျပန်ဆံတောက်လို့ ခေါ်တဲ့ ကုပ်ဝဲဆံပင်လေးတွေ၊ ခပ်တိုတို ဘိုကေလေးတွေနဲ့ ကျောင်းသူ မိန်းကလေး တချို့ရှိပေမဲ့ အများစုက ဆံရစ်ဝိုင်း ကလေးတွေနဲ့ပါ။ ကြည့်ပါဦး ပါးကွက်လေးနဲ့ ချစ်စရာ- ရိုးသားတဲ့ ဖိုးသခွား အဲ အဲ မိသခွားလေး။
နောက်တယောက်....... သူက ယောက်ျားလေးနဲ့ရုပ်နဲ့တူတယ်။ သူငယ်တော် ရုပ်မျိုးလေး။ အံမယ် သင်္ဘောရှားဖြူ ပန်းခရမ်းပြာကလေးတွေ ပန်လို့။
ဒါကတော့ (သူများရိုက်ထားပေးတဲ့) သူတို့လေးတွေ ကြက်ဖခွပ်တမ်း ကစားနေကြပုံလေးပါ။ ငယ်ငယ်တုန်းက ဆိုခဲ့ဖူးတယ်လေ... ( ငါတို့ကြက်ဖနိုင်နိုင်၊ ရွှေဖလားနဲ့ ကြက်သားကိုင်၊ နင်တို့ကြက်ဖ ရှူံး ရှူံး ကြေးဖလားနဲ့ ကြက်ချေးတုံး၊ ဒူးမတိုက်နဲ့ မခိုက်နဲ့ တော်ရေ၊ ငါ့မောင်ကြိုက်မှ ငါ့ယောက်မ) ဆိုလား။
သူတို့လေးတွေကို မြင်ပြီး ကျမ ငယ်ဘ၀ကို ပြန်သတိရသွားပါတယ်။ ကျမကို မြစ်ဝကျွန်းပေါ် မြို့သေးသေးလေးတမြို့မှာ မွေးဖွားခဲ့ပေမဲ့ ကျမမေမေရဲ့ ဇာတိကတော့ မနီးမဝေးက အိမ်ခြေ ၂၀၀ ကျော်သာ ရှိတဲ့ ရွာလေး တရွာဖြစ်ပါတယ်။ ကျောင်းပိတ်ရက် အဖိုးအဖွားတွေဆီ အလည်သွားတိုင်း ဒေါ်လေးက ဆံရစ်ဝိုင်းအကြို၊ ကြက်တောင်စည်း ပုံစံ ဆံပင်လေး အမြဲညှပ်ပေးပါတယ်။ တလ နှစ်လကြာလို့ အိမ်ပြန်ရင် အမေက ဘိုဆံတောက် ပြန်ညှပ်ပေးပါတယ်။
တိုက်တိုက်ဆိုင်ဆိုင် ဆရာမ ခင်ခင်ထူးရဲ့ ဆံရစ်ဝိုင်း ၀တ္တုတိုများ အမှာစာထဲမှာ ဒီလို ရေးထားတာ တွေ့ရလို့ တူလိုက်တာဆရာမရယ်လို့ ရေရွတ်မိတဲ့အထိ ။
“ ............... ကျွန်မငယ်ငယ်က ဆံရစ်ဝိုင်းကလေးနှင့် အတော်ကြာကြာ နေခဲ့ရသေးသည်။ ဆံရစ်ဝိုင်းထားလျှင် ငါ့မြေးကို တလ တကျပ် မုန့်ဖိုးပေးမည်ဆိုသော အဘကြောင့် ဖြစ်သည်။ အဘ (မေမေ့၏ အဖေ) က ကျွန်မကို ရွာမှာ ဆံရစ်ဝိုင်းကလေး ညှပ်ပေးလိုက်တိုင်း မြို့ကျောင်းသို့ ရောက်လျှင် ကျွန်မ ငိုကြွေးရမြဲ ဖြစ်သည်။ မြို့ကျောင်းမှ သူငယ်ချင်းတွေက ကျွန်မကို ပြောင်ကြ လှောင်ကြသဖြင့် ကျွန်မ ရှက်၍ ငိုမိခြင်းပဲ ဖြစ်၏။ ကျွန်မက ငိုလျှင် မေမေက ဆံရစ်ဝိုင်းကလေးကို ဖျက်၍ ဘိုကေပါးကလေး ပြန်ညှပ်ပေးလေ့ရှိသည်။ နွေ ကျောင်းပိတ်ရက် ရွာပြန်လျှင်တော့ အဘက ကျွန်မကို ဆီးပြီး ဆံရစ်ဝိုင်း ပြန်ညှပ်ပေးပြန်သည်။ ........” တဲ့။
ကျမကတော့ ကျောင်းမရောက်ခင် အမေ့လက်ချက်နဲ့ ဘိုကေပြန်ပြန်ဖြစ်သွားတာမို့ မြို့က သူငယ်ချင်းတွေ လှောင်ပြောင်တာ မခံခဲ့ရပါ။ ကျမသုံးတန်းမှာ ကျမအဖေကျန်းမာရေးမကောင်းလို့ အဖိုးအဖွားတွေ အိမ်မှာနေပြီး ရွာကျောင်းကို ပြောင်းတက်တော့မှသာ တောက ကျောင်းသားကြီးတွေက ကျောင်းစိမ်း တက်ထရွန် ဘောင်းဘီရှည်ဝတ်တဲ့ ကျမကို “မျောက်ကြီး၊ မျောက်ကြီး” နဲ့ ၀ိုင်းစကြလို့ ရှက်ပြီး နောက်ကို အမေ၀တ်စေချင်တဲ့ ဘောင်းဘီရှည် လုံးဝမ၀တ်ရဲတော့တာ။ သြော်- တောနဲ့ မြို့ ၊ အသွင်မတူတော့လည်း အမြင်မတူကြဘူးပေါ့။
ဒါကြောင့် ကျမဟာ တောမကျ မြို့မကျ စကောစက ဖြစ်နေတယ် ထင်ပါရဲ့။ ရှေးရိုးဆန်တဲ့စတိုင်တွေ နှစ်သက်တဲ့အခါ နှစ်သက်လိုက်၊ ခေတ်ဆန်တာတွေ ကြိုက်တဲ့အခါ ကြိုက်လိုက်နဲ့၊ အတွေးအခေါ်ဆိုလည်း တယောက်တည်း အမျိုးမျိုး ဖြစ်နေတာမို့ ကျွန်မကိုယ် ကျွန်မတောင် တခါတလေ နားမလည်နိုင်အောင်ဖြစ်လို့။ ဒါကြောင့်လဲ ကျမရဲ့ Profile မှာ " A Myanmar lady who is caught up between traditional thoughts and modern ideas" ရယ်လို့ ရေးထားမိပါတယ်လေ။
ဒါကြောင့် ကျမဟာ တောမကျ မြို့မကျ စကောစက ဖြစ်နေတယ် ထင်ပါရဲ့။ ရှေးရိုးဆန်တဲ့စတိုင်တွေ နှစ်သက်တဲ့အခါ နှစ်သက်လိုက်၊ ခေတ်ဆန်တာတွေ ကြိုက်တဲ့အခါ ကြိုက်လိုက်နဲ့၊ အတွေးအခေါ်ဆိုလည်း တယောက်တည်း အမျိုးမျိုး ဖြစ်နေတာမို့ ကျွန်မကိုယ် ကျွန်မတောင် တခါတလေ နားမလည်နိုင်အောင်ဖြစ်လို့။ ဒါကြောင့်လဲ ကျမရဲ့ Profile မှာ " A Myanmar lady who is caught up between traditional thoughts and modern ideas" ရယ်လို့ ရေးထားမိပါတယ်လေ။
မိုးစက်ပွင့်
ကျမရဲ့  မြန်မာဆံတုံးအကြောင်း post မှာ လင့်လိုက်မယ်နော်။
ReplyDeleteဆံရစ်ဝိုင်းလေးတွေနဲ့
ReplyDeleteနိုင်ငံတကာ အသိပညာတတ်လေးတွေ
ဖြစ်ကြရင် အကောင်းဆုံးနော်။
ချစ်ဖို့ကောင်းလိုက်တာ..
ReplyDeleteကူးကူး စိတ်ကူးထဲမှာ အဲလိုဆံပင်လေးမျိုးအရမ်းထားခဲ့ဖူးချင်တာ..
အဲဒါ ကူးကူး dream ဘဲ...
အပြင်မှာ တစ်ယောက်မှမတွေ့ဖူးသေးဘူး..
မမ ရှင်လေး...လင့်သာလင့်ပါနော်...အခုပဲ မမရဲ့ ဆံထုံးပုံတွေ ငေးကြည့်ပြီး ပြန်လာတာ..
ReplyDeleteပြုံး .... အဟုတ်ပဲကွယ်...။ ဘယ်တော့များမှ...ဟူး
ကူးရေ.... အခုရန်ကုန်ပြန်ရောက်နေတယ်မို့လား... လိုက်ပို့ပေးရမလား ..ပြော :-)))
ReplyDeleteမိုးစက်ရေ..
ReplyDeleteတွေ့ရခဲ့တဲ့ ရှားပါး ပုံတွေ တင်ပေးတာ ကျေးဇူးပါ
ခုခေတ်မှာ အတော်ရှားနေပြီလို့ ပြောရမယ်နော်..
ကိုယ်တွေ ငယ်ငယ်ကတော့ အုန်းဆီရွဲအောင်လိမ်းပြီး ဆံပင် ရှည်ထားခဲ့ရတယ်.. ခုလို ဆံရစ်ဝိုင်းတွေ မထားခဲ့ဖူးဘူး။
တောမှာကြီးလာလို့ထင်တယ်..
တအားခေတ်လွန်တဲ့ ၀တ်စားဆင်ယင်ပုံတွေကို ခုချိန်ထိ မျက်စ်က အသားအကျနိုင်ဘူးး)
သနပ်ခါး ဆံရစ်ဝိုင်း အပြစ်ကင်းတဲ့ မျက်လုံးလေးတွေနဲ့ ချစ်စရာပုံလေးတွေပါ
ReplyDeleteရှားရှားပါးပါး..တို့ဖြင့်ခုခေတ်မှာ အဲဒါမျိုး မရှိတော့ဘူး ထင်နေတာ
ReplyDeleteကိုယ်တိုင်လည်း သေချာမမြင်ဖူးဘူးလေ
ခုမှပဲသေချာတွေ့ရတော့တယ် ကျေးဇူး
ရှားရှားပါးပါးအလွမ်းပြေလေးတွေပေါ့ဗျာ...
ReplyDeleteကျနော်တို့ နယ်ဘက်မှာရှိတယ်ဗျ..
သူတို့ တွေမြို့ ကိုတက်လာပြီးဈေးရောင်းကြတာလေ..ချစ်စရာလေးတွေပါ...
အပြိုင်အဆိုင်မရှိ၊အကြွားအ၀ါမရှိတဲ့ တစ်ကယ့် တောသဘာဝအလှလေးတွေပါ..။
အရမ်းကောင်းတဲ့စိတ်ကူးပဲ..........
ReplyDeleteအရမ်း တော်တယ်လို့ပြောပါရစေနော်