Monday 19 October 2009

ဆည်းဆာ နေညိုချမ်းဝယ်

ဆည်းဆာတော့ မဟုတ်သေးဘူးပေါ့့ မွန်းလွဲ ၃နာရီလောက် တန့်ကြည်တောင်ဘုရား ရင်ပြင်တော်ပေါ်က မြစ်ကြီး ဧရာဝတီကို လှမ်းရိုက်ထားတာ...။
ဒါက မုန်းချောင်းမှာ စီးတဲ့ ရေအလျင်.....
ဒေါင်းနေချောင်းကို အဖြတ် စားကျက်ကပြန်လာတဲ့ နွားတစ်အုပ်နဲ့ သူတို့ရဲ့ နွားကျောင်းသားငယ်..။

Thursday 15 October 2009

အဆိပ်လူးတဲ့ ဆူး


ဟေး.....You
မေတ္တာတရားကို နင်းခြေ
အကြင်နာတရားကို ချိုးဖျက်
သစ္စာတရားကို ဖောက်ဖျက်
မင်းဟာလေ တို့အတွက်
အဆိပ်လူးထားတဲ့
အသွားထက်ထက်
မြှားအသွင်နဲ့...
ဆုး တစ်ခက် ...။

Tuesday 13 October 2009

ကမ်းခြေငွေဆောင်

ခုတလော ပျောက်နေတာက ကမ်းခြေကို အလုပ်တစ်ပိုင်းနဲ့သွားနေရလို့ပါ.... အတွေ့အကြုံလေးတွေ သူငယ်ချင်းတို့နဲမျှဝေချင်ပါတယ်... တစ်ခုသော စနေမနက်ခင်းမှာ ကားကြီးနဲ့ ရန်ကုန်မှသည် ငွေဆောင်ဆီ အဖွဲ့သားအားလုံး ချီတက်ခဲ့ကြပါတယ်..လမ်းမှာတော့ တစ်မျှော်တစ်ခေါ် လယ်ကွင်းတွေနဲ့ ရင့်မှည့်စပြုနေတဲ့ ရွှေဝါရောင်စပါးပင်တွေ... ရေစုန်ရေဆန် မမြောနိုင်ရှာတဲ့ ကန်ထဲက သက်ငြိမ်ဗေဒါလေးတွေ......


လေယူရာ ယိမ်းနွဲ့နေကြတဲ့ ကိုင်းပွင့်ဖွေးဖွေးလေးတွေ... ကိုခံစားရင်း...

ဒီလိုနဲ့ ကမ်းခြေဆီ ရောက်ခဲ့ပါတော့တယ်။ လမ်းကကြမ်းသမို့ မနက်၇နာရီကထွက်တာ ညနေ၃နာရီလောက်မှ ငွေဆောင်ရောက်ပါတယ်။ လမ်းမှာ ၄၅မိနစ်လောက်ပဲနားတာလေ.... ကားကြီးမို့ နှေးတာလဲ ပါသပေါ့လေ။ ရောက်ရောက်ချင်း မြင်ရတဲ့ ကမ်းစပ်က လှိုင်းခေါင်းဖြူဖြူလေးတွေက အားလုံးကို ပြေးကြိုနှူတ်ဆက်နေသလိုပါ။