သူငယ်ချင်းတို့ရေ....မော်ဒန်ပုံပြင်လေးတပုဒ် ပြောပြမယ်နော်။ ဟိုးရှေးရှေးတုန်းက စိမ်းစိုတဲ့ တောအုပ်နဲ့မနီးမဝေးမှာ “မီးကန်း” ဆိုတဲ့ ရွာကလေးတရွာ ရှိသတဲ့။ မီးကန်း ရွာကလေးဟာ အလွန်ပျော်စရာကောင်းပြီး ရွာသားတွေဟာ အလွန် စည်းလုံး ညီညွတ် ကြပါသတဲ့။
မီကန်းရွာသားတွေဟာ သူတို့ ခေါင်းဆောင်ရဲ့နောက်ကို စံနစ်တကျ လိုက်ကြတယ်။
မီးကန်းခေါင်းဆောင်ကြီးကလည်း ဘာပဲလုပ်လုပ် အတူတကွ တိုင်ပင်ပြီးမှ လုပ်လေ့ရှိတယ်။ မီးကန်းတွေဟာ ဘ၀မှာ ပျော်ပျော်နေတတ်သူတွေ ဖြစ်တယ်။ တယောက်အခက်အခဲကို တယောက် အမြဲ ကူညီတတ်တယ်။
“အားလုံးရဲ့ အကြံဥာဏ်ကို ဖိတ်ခေါ်ပါတယ်” |
ဒါပေမဲ့ ရွာထဲမှာ အများနဲ့မတူ ထူးခြားတဲ့ မီးကန်းထီးလေး တကောင်ရှိတယ်။ သူ့နာမည်က ဇူးဇူး တဲ့။ ဇူးဇူးလေးဟာ လူစုလူဝေး တွေကို အမြဲရှောင်လေ့ရှိပြီး တကိုယ်တည်း နေရတာကို ကြိုက်တယ်။ သူ့မျက်လုံး လေးတွေဟာ အမြဲတမ်း ၀မ်းနည်းကြကွဲမှုနဲ့ မှိုင်းမှုန်ရီဝေ နေတတ်ခဲ့တယ်။
အကျည်းတန်လှတဲ့ အထီးကျန်မောင့်ဘ၀ |
တနေ့တော့ မီးကန်းရွာလူကြီးတွေ စည်းဝေးကြတယ်။ “ကျွန်တော်တို့ရွာထဲက အားငယ်တတ်တဲ့ မီးကန်းပျိုလေး ဇူးဇူးကို ဘယ်လိုကူညီရင်ကောင်းမလဲ” လို့ တဦးက စပြောတယ်။ “သူစားဖို့ ငှက်ပြောသီးတွေ၊ ပန်းသီးတွေ ငါတို့ အမြဲသွားပို့ပေးရင်ကော” နောက်တဦးက အကြံပြုတယ်။ “သူ့ကို မြို့ပေါ်ကို အလည်အပတ်ခေါ်ပြီး ကာရာအိုကေဆိုင်တို့၊ စားသောက်ဆိုင်တို့ လိုက်ပို့ပေးရင်ကော” နောက်တဦးက ပြောပြန်တယ်။ “ တကယ်တော့ ဇူးဇူးလေးဟာ မိဘမဲ့ တကောင်ကြွက်လေးမို့ အားငယ်နေတာပါ။ သူလဲ အရွယ်ရောက်ပြီဆိုတော့ သင့်တော်တဲ့ မီးကန်းပျိုမလေးရှာပြီး အိမ်ထောင်ချ ပေးလိုက်တာ အကောင်းဆုံး ပါဘဲ” လို့ နောက်တယောက်က ၀င်ပြောတော့ “ဟုတ်တယ်၊ ဟုတ်တယ်၊ စီနီယာမီးကန်း ပြောတာ သဘာဝကျတယ်” လို့ အားလုံးက ၀ိုင်းပြီး ထောက်ခံကြတယ်။ ဒါနဲ့ပဲ ရွာထဲက သင့်တော်မဲ့ သတို့သမီးကို တယောက်တပေါက် အကြံပြုကြတယ်။ နောက်ဆုံးတော့ ဇူးဇူးနဲ့ သက်တူရွယ်တူ ကြင်နာတတ်တဲ့ မီးကန်းမလေး “မူးမူး” ကို အားလုံး လက်ခံအတည်ပြုလိုက်တယ်။ “ ဒါပေမဲ့ မူးမူး ရော ဇူးဇူးကိုပါ သေသေချာချာမေးပြီးမှ စီစဉ်ပါ၊ အတင်းအကြပ်တော့ မစီစဉ်ပါနဲ့” လို့ မီးကန်း ခေါင်းဆောင်ကြီးက မှာတယ်။
နောက်တပါတ်ကျတော့ ဇူးဇူးလေးကို ရွာလူကြီးတွေက အစည်းအဝေးကိုဖိတ်လိုက်တယ်။ “လာဟေ့ ဇူးဇူး၊ ကဲ ဒေါ်မီကန်းဝါ၀ါ ဇူးဇူးကို ရှင်းပြလိုက်ပါဦး လို့ မီးကန်း ခေါင်းဆောင်က တာဝန်ပေးလိုက်တယ်။ “အဟမ်း အဟမ်း ဒီလိုကွဲ့ ဇူးဇူးရဲ့” ဒေါ်မီကန်းဝါ၀ါက လည်ချောင်းရှင်းရင်း ဇူးဇူးကို သူတို့အစီအစဉ်ကို ရှင်းပြတယ်။
“အနှစ်ချူပ်ရရင်တော့ ကန့်ကွက်မဲ့သူလည်းမရှိပါဘူး၊ မူးမူးကလည်း ငြင်းစရာမရှိပါဘူးတဲ့..”။
“အနှစ်ချူပ်ရရင်တော့ ကန့်ကွက်မဲ့သူလည်းမရှိပါဘူး၊ မူးမူးကလည်း ငြင်းစရာမရှိပါဘူးတဲ့..”။
“ဖြစ်...ဖြစ်ပါ့မလားခင်မျာ၊ ကျွန်တော်က လူတောတိုးတာမဟုတ်တော့ .....”
“သြော်၊ ပူမနေပါနဲ့ ဇူးဇူးရယ်၊ မင်းဒါမှ ပြောင်းလဲတိုးတက်လာမှာကွ၊ မူးမူးကလည်း တကယ်တော်တဲ့ကလေးနော်”.....ရပ်မိရပ်ဖ ဦးမီးကန်းထိပ်ပြောင်က ၀င်ပြောသည်။
“ဟုတ်ကဲ့၊ ဒါဆိုလည်း သင့်တော်သလို စီမံပေးပါခင်ဗျာ”
“ဒါမှပေါ့ကွဲ့”
ဒါနဲ့ပဲ ဇူးဇူးနဲ့ မူးမူးရဲ့ မင်္ဂလာဆောင်ကို ခြိမ့်ခြိမ့်သဲ ကျင်းပ ပေးလိုက်ကြတယ်။ သူတို့ရဲ့ မင်္ဂလာပွဲကို တရွာလုံးက မီးကန်းပျိုအို တွေ ၀ိုင်းပြီး ချီးကျူးထောပနာ ပြုခဲ့ကြသတဲ့။
“တောက်-ပန်းအိုးကြီးက ကြားကရှုပ်လိုက်တာ” |
မူးမူးလေးဟာ အားငယ်တတ်တဲ့ ဇူးဇူးအပေါ် မိခင်နဲ့မခြား စောင့်ရှောက် ကြင်နာတတ်ခဲ့တယ်။ ဇူးဇူးကလည်း နောက်တော့ မူးမူးအပေါ် တုံ့ပြန်ကြင်နာတတ်လာတယ်။ သူကိုယ်တိုင်လည်း သွက်လက် ဖြတ်လတ်တဲ့ ၊ ရပ်ရေးရွာရေးမှာ တက်တက်ကြွကြွ ရှိတဲ့ မီးကန်းလူငယ်လေးဖြစ်လာတယ်။
ဒါပေမဲ့ .... ဒါပေမဲ့ လို့ ပြောရမှာပဲ။ တနေ့တော့ ဇူးဇူးအိမ်အပြန်မှာ မူးမူးကို သူပြန်လာတာတောင် သတိမထားမိဘဲ ဧည့်ခန်းထဲမှာ တယောက်တည်း တကုန်းကုန်းနဲ့ အလုပ်ရှုပ်နေတာ မြင်လိုက်ရတယ်။
“မူးရေ ဘာတွေများ အလုပ်ရှုပ်နေတာတုန်းကွ”
“သြော် --- နိုင်ငံခြားက မူးမူးရဲ့အမ ပို့လိုက်တာလေ၊ ကွန်ပြူတာ တဲ့၊ အံမယ် သူနဲ့ စာတွေလည်း ရေးလို့ရသတော့၊ ရုပ်ကြည့်ပြီး စကားတွေလည်း ပြောလို့ရသတော့၊ မန်းကီးရွာရဲ့ သတင်း၊ ဟိုဖက်ရွာရဲ့သတင်း အကုန်ဖတ်လို့ရသတော့၊ ကောင်းလိုက်တာ ကိုဇူးရယ်၊ လာကြည့်ပါဦး”
“ကောင်းတာ အသာထားလိုက်ပါဦး ရှင်မရယ်၊ ကျူပ်အခု ဗိုက်ဆာလာတယ်၊ ဘာဟင်းတွေများ ချက်ထားသလဲ”
“ဟင်- အင်တာနက်ကောင်းနေတာနဲ့ ပြောမှ သတိရတော့တယ် ကိုဇူးရယ်၊ အခုလည်း ချက်တင်ဝင်ရင်းတန်းလန်းမို့ ရှင်ဘဲ ချက်လိုက်ပါတော့နော်”
“အေးပါ အေးပါ”
တလ နှစ်လလောက်ကြာတဲ့အခါ ဇူးဇူးရဲ့ သည်းခံနိုင်စွမ်းတွေ လျော့ပါးလာတယ်။ မူးမူးက သူ့ကို ဂရုမစိုက်တော့သလို ခံစားလာရတယ်။ အထူးသဖြင့် မူးမူးက ဘလော့တွေကို ထမင်းမေ့ဟင်းမေ့ ဖတ်နေတဲ့အခါမှာပေါ့။ တယောက်တည်း ရီတဲ့အခါရီ၊ ပြုံးတဲ့အခါပြုံး၊ မဲ့တဲ့အခါမဲ့နဲ့ သူမရဲ့ သီးသန့်ကမ္ဘာထဲကို ရောက်နေသလား ထင်ရတယ်။ ဒါနဲ့ဘဲ မီးကန်းလေးဇူးဇူး ပေါက်ကွဲပါတော့တယ်။
“ဒီမှာ မူးမူး၊ မင်းစိတ်ကြိုက် နေချင်တယ်ဆိုရင်တော့ ငါတို့ ခွဲနေလိုက်တာ အကောင်းဆုံးပဲ”
“ရတယ်လေ အေးဆေးဘဲ၊ စိန်လိုက်ပေါ့”
ဒါနဲ့ပဲ သူတို့နှစ်ယောက် ညောင်ညိုပင်အောက်မှာ စိတ်တူ သဘောတူ လမ်းခွဲလိုက်ကြတယ်။
ကတ္တီပါလမ်းခွဲပေါ့ အချစ်ရယ် |
မူးမူးနဲ့ ခွဲခွာပြီးမှ ဇူးဇူး နေရတာ ဘယ်လိုမှ မပျော်တော့ပါ။ နေ့နေ့ညည မူးမူးကိုသတိရပြီး စိတ်ညစ်ညစ်နဲ့ အရက်တွေ မူးအောင် သောက်လို့သာ နေတော့တယ်။ သူ့မျက်လုံးတွေဟာ အရက်တန်ခိုးကြောင့် ရီဝေနေတော့ အိမ်ပေါ်ကို မူးမူး တက်လာသလိုလို၊ မီးဖိုချောင်ထဲပဲ ၀င်သွားသလိုလို၊ အခန်းထောင့်ကဘဲ ပြုံးပြနေသလိုလို မြင်ယောင်နေတတ်တယ်။ ရက်သတ္တပတ်အနည်းငယ်ကြာလာတော့ သူစဉ်းစားကြည့်တယ်။ “မူးမူးဟာ သူ စိတ်ဝင်စားတဲ့အရာကို သူ တစိုက်မတ်မတ် လုပ်နေတာ ငါမတားသင့်ဘူး၊ သူဟာ အိမ်ထောင်ရေး ဖောက်ပြန်နေတာလဲမဟုတ်ဘူး၊ ငွေတွေ မတရားသုံးဖြုန်း နေတာလဲမဟုတ်ဘူး၊ ငါ အိမ်မှာမရှိတဲ့အချိန် သူလည်း ပျင်းရှာမှာဘဲ၊ ငါက သဘောထား ကြီးကြီးနဲ့ခွင့်လွှတ်ရင် တနေ့ ငါ့ကို နားလည်ပြီး ပြောင်းလဲလာမှာဘဲ” အဲဒီလို တွေးမိလာတယ်။
အသည်းကို အရက်နဲ့စိမ်မယ် |
နောက်တော့ သူ ဆုံးဖြတ်ချက်တခုကို ချလိုက်ပြီး မူးမူး ရှေ့ကိုအရောက်သွားပြီး တောင်းပန်လိုက်တယ်။ “မင်းဝါသနာကို ကိုယ်မတားတော့ပါဘူး မူးမူးရယ်၊ တို့တွေ ငြိမ်းငြိမ်းချမ်းချမ်း အတူပြန်နေရအောင်”။ တကယ်တော့ မူးမူးဖက်ကလည်း တွေးမိပြီးသားပါ “ငါ သိပ်လွန်ခဲ့တယ်၊ တကယ်ဆို ကိုဇူးကိုလည်း အချိန်တချို့ပေးပြီး ဂရုစိုက်သင့်တယ်။ သူသာ ပြန်လာလို့ကတော့ မဆိုင်းမတွ လက်ခံပြီး အရင်က အချိုးတွေကို ပြင်မယ်” လို့လေ .....
အပြစ်ရှိသမျှ ကျေနပ်တော့ ချစ်သူရယ် |
ကဲ အခုဆို မူးမူးနဲ့ ဇူးဇူးလေး ပြန်ပြီး အဆင်ပြေသွားကြပါပြီ။ မူးမူးလေးကလည်း ခွဲခွာရတဲ့အချိန်တွေမှာ သူဘယ်လောက် လွမ်းခဲ့ရတယ်ဆိုတာတွေ ပြောပြနေတယ်။ ဇူးဇူးကလည်း ကြင်နာစွာ နဖူးလေးနမ်းလို့...။
ပုံပြင်အိုင်ဒီယာလေး ကောင်းလိုက်တာ အစ်မရယ်...
ReplyDeleteကောင်းလိုက်တဲ့ ပုံပြင်လေးပါ။
ReplyDeleteမီးကန်းဆိုတာဘာများပါလိမ့်လို့ စဉ်းစားလိုက်ရတာ...နောက်ဆုံးမှ မန်းကီးကိုး..:)))
ReplyDeleteဖတ်ပြီးအပြင်သွားလိုက်ရလို့ ခုမှလာပြန်မန့်တာ
ReplyDeleteမိုးစက်ရေးထားတာလေး ကောင်းလိုက်တာ။
စူးစူးလည်း တူတူပဲလေ အင်တာနက်သရဲ :P
စူးနွယ်လေး
အတွေးလေးက ချစ်စရာကောင်းလိုက်တာ..
ReplyDeleteမီးကန်း ဆိုတာလေးလည်း သူပဲ တွေးတတ်တယ်..
သဘောကျသွားတယ်ကွယ်..
ချစ်စရာ ပုံပြင်လေး လာနားထောင် သွားတယ် ..မမရေ..
ReplyDeleteတွေးတက်ရေးတက်ပ နော်..အားကျပါဘိ..:P:P:P
ကောင်းသောနေ့လေးဖြစ်ပါစေ။
လပြည့်၊မမရှင်လေး၊ကိုမောင်လေး၊စူးစူး၊မလေး၊ညီမအိန်ဂျယ်.....
ReplyDeleteအလည်လာတာ ကျေးဇူးပါ၊ သဘောကျတယ်ဆိုလို့ ဒီမှာ မျက်နှာကြီးပြုံးဖြီးဖြီး ဖြစ်နေပြီ :D
Have a nice day to you all ~~~~~~~~~
အင်း ဖန်တီးမူ အနုပညာပေါ့
ReplyDeleteဒါနဲ့  စကားမဆက် ဘယ်သူ့ ကို ရည်ရွယ်ရေးတာလဲ ?
စော... မြန်မာဝတ္တုတော်တော်များများ ကတော့ (“မည်သူ့ကိုမှ မရည်ရွယ်ပါ၊ တိုက်ဆိုင်မှုရှိရင်ခွင့်လွှတ်ပါ”) လို့ ရေးတတ်ကြတယ်။ စာရေးတယ်ဆိုတာ အတွေ့အကြုံ ၂၅%နဲ့ လုပ်ကြံဖန်တီးမှု ၇၅%လောက် ပါမယ်ထင်တယ်၊ စိတ်ဝင်စားစွာ မေးလာတဲ့အတွက် ကျေးဇူး :-)))
ReplyDeleteကောင်းတယ်ဗျာ..............
ReplyDelete