flickr.com |
အော်ဂလီဆန်တယ်
လက်ညှိုးထိုးပြီး အန်ပစ်လိုက်တော့
အစာအိမ်ထဲက ဆွေးမြေ့နေတဲ့
အိမ်မက်တွေ
အကုန်လုံး ပါသွားပေါ့..။
“သွားတော့မယ်” တဲ့
ကြွေခါနီးသစ်ရွက်က
ငါ့ကိုနှုတ်ဆက်တယ်
ငါ့ကိုနှုတ်ဆက်တယ်
သယ်ဆောင်သူ လေရူးက
နှုတ်ဆိတ်နေတဲ့ ငါ့ကို
ခနဲ့ပြုံးများ ပြုံးပြသွားခဲ့သေးသလား
ခနဲ့ပြုံးများ ပြုံးပြသွားခဲ့သေးသလား
တကယ်တော့ မသေချာ
ငါ့အမြင်အာရုံတွေ “မှုန်” နေတယ်...။
သောက်နေကျ စီးကရက်တရှိုက်
ဘယ်လိုပဲ ဖွာပစ်လိုက်ပေ့စေ
ဆားမပါတဲ့ ဟင်းလို
အရသာမဲ့ကင်း
ငါ့ရဲ့ ခံတွင်းတွေ “ပျက်”နေတယ်။
ကလောင်ကိုင်ထား
လက်များ တုန်လျက်
စာရွက်ဖြူတထပ်ရဲ့
လှောင်မဲ့မဲ့အပြုံး
အို- မုန်းလိုက်တာ
ငါ့ရဲ့ အကြည်ဓါတ်တွေ “ ကုန်”နေတယ်...။
ဘ၀ဖေါ် သူ့အတွက်
အေးစက်စိမ်းကား
နံရံ၏အခြားတဖက်က ငါ
ရင်ခုန်သံ ကာရံပျက်
ငါ့ရဲ့ နှလုံးသား “ထုံ” နေတယ်...။
အချိန်ကြောင့်လား
ဖြတ်သန်းမှုကြောင့်လား
ရိုက်ခတ်မှုကြောင့်လား
ဝေဒနာကြောင့်လား
------ လား
------- လား
------- လား
ငါ့ရဲ့ ဘယ်ဖက်ရင်ဘတ်တခြမ်းလုံး ”မြုံ” နေတယ်....။
မိုးစက်ပွင့်
ဟုတ်တယ်...
ReplyDeleteခံတွင်းပျက်..၊ အကြည်ဓာတ်ကုန်နေရင် ဘာမှကို လုပ်လို့ အဆင်မပြေတော့ဘူး..။
I love it :)
ReplyDeleteI hard to read and understand Poem ... but I love your one.