၁၉၈၀ နှောင်းပိုင်း တ၀ိုက်က“ ငရဲပန်းလော၊ ရွှေပန်းလော” “အဖြူ သို့မဟုတ် သေမင်းတမန်” သဖြင့် တွင်တွင်ကျယ်ကျယ် တင်စားခေါ်ဝေါ်ကြတဲ့ ဘိန်းပန်းကလေးတွေပါ။ မြင်ရုံနဲ့ စွဲလမ်း ယစ်မူးချင်လောက်အောင် အရောင်စုံစုံ ညှို့ချက်ပြင်းပါဘိ။ အောက်ပါပုံကလေးတွေကတော့ ၂၀၀၄၊ ၂၀၀၅ ခုနှစ်တ၀ိုက်က နယ်စပ်ဒေသမှာ ကျမသူငယ်ချင်းမကလေး ရိုက်ခဲ့တာပါ။
“ငရဲပန်း” ဆိုတဲ့စကားလေးကတော့ ရှေးနိပါတ်တော်လာ (မိတ္တ၀ိန္တက) သတို့သားပုံပြင်ကနေ လာပါတယ်။ ( မှတ်မိသလောက် ဖြီးဖြန်းတော့မှာမို့ တတ်သိသိပြီးသားသူတွေ ကျော်ဖတ်နော်-အဟဲ)။ သတို့သားဆိုတာ bridegroom လို့ပြောချင်တာ မဟုတ်ပါဘူးနော်။ man-folk ပေါ့။ အဲဒီ(မိတ္တ၀ိန္တက)ဆိုတဲ့ လူကြီးဟာ တော်တော် အကုသိုလ်ကြီးခဲ့တယ် ဆိုပဲ။ ပင်လယ်အပျော်ခရီးထွက်ဖို့အတွက် ခွင့်တောင်းတာ မိခင်က ခွင့်မပြုလို့ သူမကို ကိုယ်ထိလက်ရောက် တွန်းလှဲပြီး အနာတရဖြစ်စေခဲ့တယ်။ ပြီးတော့မှ ပင်လယ်ခရီးကို ပျော်ပျော်ကြီးထွက်သွားတော့သတဲ့။ (ကြားထဲကဟာတွေ ဖလင်ရစ်သလို ကျော်လိုက်တော့မယ်) ။ နောက်ဆုံး ငရဲရောက်တော့ သူများခေါင်းပေါ်က ငရဲပန်းကြီးကို အမြင်တွေ မှောက်မှားပြီး အလွန်လှပတင့်တယ်တဲ့ ရွှေအတိပြီးတဲ့ပန်းကြီးလို့ ထင်ပြီး သူ့ကိုပေးပါလို့ တစာစာတောင်း သတဲ့။ ငရဲခံနေရတဲ့ပုဂ္ဂ္ဂိုလ်ရဲ့ အော်သံဟစ်သံကိုလည်း သူ့ရဲ့နားထဲမှာ အလွန်ချိုမြသာယာတဲ့ သီချင်းသံလို့ ကြားမိသတဲ့။ တဖက်လူကလည်း သူ့ခေါင်းပေါ်က ရွက်ထားရတဲ့ စက်ဟာ သင်တုန်းဓါးပေါင်းများစွာနဲ့ ဦးခေါင်းကို ထိုးစိုက်မွှေနှောက်နေတာမို့ သူ့မှာ ကယ်ပါယူပါ တစာစာ အော်နေရတာပါလို့ အမှန်အတိုင်းပြောပေမဲ့ သူကမယုံဘဲ အသင်မပေးချင်လို့ လိမ်လည်ပြောတာမို့လားလို့ စွပ်စွဲသတဲ့။ နောက်ဆုံးတော့ လက်ရှိငရဲသားက ငါလည်း ငရဲကျွတ်ချိန်တန်ပြီထင်ပါရဲ့လို့ တွေးမိလာပြီး “ကဲ၊ ရော့ ..... အသင်လက်ခံယူလေလော့” ဆိုပြီး မိတ္တ၀ိန္တကကြီးခေါင်းပေါ် ငရဲပန်းတင်ပေးလိုက်တော့မှ သူ့ခမျာ မချိမဆံ့နာကျင်တဲ့ ဝေဒနာနဲ့ နှစ်ပေါင်းများစွာ ငရဲဆက်ခံ နေရပါလေရော...။ ဒါကြောင့်မို့ (အမြင်မှောက်မှားစွာ၊ အယောင်ဆောင်စွာ) လှပနေတဲ့ ပန်းကို ငရဲပန်းလို့ ခေါ်ကြတာပေါ့ကွယ်။
အောက်က ငရဲပန်းကလေးတွေကတော့ လှလွန်းပေရဲ့။
အောက်က ငရဲပန်းကလေးတွေကတော့ လှလွန်းပေရဲ့။
ဘိန်းသီးသားငယ်ကို ရင်မှာလွယ်ထားတဲ့ ငရဲပန်းမိခင်လောင်း။
အဆင်းကတော့ ထွေးပိုက်ချင်စရာ။
တောင်တန်း စိမ်းပြာပြာနဲ့ ပဏာတင့်ပေရဲ့။ တကယ်လည်း ပေသုံးလေးထောင်အထက် အေးမြတဲ့ရာသီဥတုကိုမှ သူတို့က နှစ်သက်ပါသတဲ့။
မိခင်နှင့်သားငယ်ပမာ..... ဘိန်းပွင့်အလည်က ပေါက်ဖွားလာတဲ့ ဘိန်းသီးအလှ။
လောကအလည် မာန်ထည်လို့တ၀င့်ဝင့်နဲ့ တင့်လှပေဟန်။
အဖေါ်အပေါင်းတစုနဲ့ ပျော်နေတဲ့ ကိုကိုဘိန်းသီးတွေ။
တောင်ပေါ်သူနဲ့ ငရဲပန်း။
တောင်ပေါ်သူဆင်းရဲသမများကတော့ သူ့ရဲ့အစေးကို ဒီလိုခြစ်လို့ ၀င်ငွေရှာရပါသတဲ့။ သူ ခြစ်ထုတ်ယူငင်လိုက်တဲ့ ဘိန်းစေးလေးတွေကနေ ဘိန်းမည်း၊ ဘိန်းဖြူဘ၀ကို ကူးပြောင်းပြီး လူ့အသက်ပေါင်းများစွာကို နုတ်ခြွေပစ်လိမ့်မယ်ဆိုတာ မသိနိုင်တော့ပြီလေ။ ငါ့ဝမ်းပူဆာ မနေသာ လို့ ဆိုသကိုး...။
ဘိန်းပန်းကလေးတပွင့်ရဲ့ရာဇ၀င်ကို ဇာတ်လမ်းကလေးတပုဒ်လို ကျကျနန လှလှပပ ရေးချင်ပေမဲ့ အတွေးစတွေ ယက်ရှယ်ဖို့၊ အကိုးအကားတွေရှာဖို့ အခြေအနေမပေးတာကြောင့် ရှိသမျှသိသမျှနဲ့ဘဲ ကသောကမျော ရေးချလိုက်ရပါတယ် ......။
(အလောတကြီးနဲ့ ပုံတွေတင်ပြီးမှ မြန်မာစာဖောင့်ပျောက်နေလို့ အခုမှ စာတွေ လိုက်ဖြည့်ဖြစ်တယ် ..... စောစောပိုင်းက မပြည့်မစုံဖတ်လိုက်ရတဲ့ သူငယ်ချင်းများကို တောင်းပန်ပါတယ်)
(အလောတကြီးနဲ့ ပုံတွေတင်ပြီးမှ မြန်မာစာဖောင့်ပျောက်နေလို့ အခုမှ စာတွေ လိုက်ဖြည့်ဖြစ်တယ် ..... စောစောပိုင်းက မပြည့်မစုံဖတ်လိုက်ရတဲ့ သူငယ်ချင်းများကို တောင်းပန်ပါတယ်)
မိုးစက်ပွင့်
Photo Credit: Lily and Liu Dageng
ငရဲပန်း တွေကလည်း လှချက်
ReplyDeleteရွှေစင်ဦး
ဒီလောက်လှတဲ့ ပန်းတွေကို ဘာလို့ ငရဲပန်းလို့ အမည်ပေးထားတာလဲ။
ReplyDeleteမမရွှေစင်.... အဟုတ်ပါဘဲ
ReplyDeleteမငယ်..... အပေါ်မှာ ဖြေထားလိုက်ပြီနော်
ငရဲပန်း.. ဒါပေမယ့် နတ်ပန်းလေးလို လှပါတယ်။
ReplyDeleteဖတ်ရင်း ကဗျာဆန်ဆန်တွေးမိတယ်။
ပန်းလေးကတော့ သူ့သဘာဝအတိုင်း သူလှပစွာပွင့်ပြီး သူ့အစေးကို ပေးဝေတာပါပဲ။ သူ့အလှကို ဒီအတိုင်းကြည့်နေရင်တော့ အကောင်းသား။ သုံးစွဲသူတွေက သူ့အစေးကို အသက်ပေးပြီး စွဲမက်သွားတာတော့ သူ့ခမြာ ငရဲ့ပန်းအဖြစ် သတ်မှတ်ခံရရှာတယ်။ သနားစရာ....။ နော မမိုးရာ..