ည၁၂နာရီအထိနှစ်သစ်ကို ကြိုထားတာမို့ အိပ်ယာက မထချင်အောင် ဆွဲထားတဲ့ အပျင်းဓါတ်နဲ့ အအေးဓါတ်ကို အံတုပြီး ဇန်န၀ါရီ၁ရက်ရဲ့ အရုဏ်ဦးနဲ့ တဖြေးဖြေးချင်း ပေါ်ထွက်လာတဲ့ နေလုံးနီကြီးကို စောင့်ကြည့်ဖြစ် ခဲ့ပါတယ်။ တကယ်တော့ နှစ်သစ်ရဲ့ နေ့သစ် ဟာလည်း တခြားတခြားသော ခါတိုင်းနေ့တွေလိုပါဘဲလေ...။
မနက်စာမစားခင် အနီးအနားက တောင်ကုန်းကလေးတွေဆီ အပေါင်းအဖေါ်များနဲ့အတူ လမ်းလျောက်ဖြစ်ခဲ့ကြပါတယ်။ လမ်းကလေးက ကွေ့ကွေ့ကောက်ကောက် နိမ့်ချည်မြင့်ချည်နဲ့ ကဗျာဆန်လှပါတယ်။ လမ်းပေးက ယိမ်းနွဲ့နေတဲ့ ကိုင်းပင်ဖြူဖြူကလေးတွေကလည်း မျက်စေ့ပသာဒ ဖြစ်လို့နေပေရဲ့..။ လတ်ဆတ်တဲ့ မနက်ခင်းလေအေးအေးကို အဆုတ်အပြည့် ရှိုက်သွင်းပြီး လမ်းလျောက်ရတာမို့ လူကလန်းဆန်းလို့နေပါတယ်။ သူငယ်ချင်းက ” ငါတို့ရဲ့ မြို့ပြလေ ညစ်ညမ်းညမ်းကို ရှုနေရတဲ့ အဆုတ်တွေကို ဒီမှာလာပြီး ဆားဗစ်စင်ဝင်တာပေါ့” ဆိုတဲ့စကားကို ခေါင်းတညိတ်ညိတ် ထောက်ခံလိုက်ပါတယ်။
သွားရင်းနဲ့ တောလမ်းကလေးတခုကို မြင်တော့ စပ်စပ်စုစု တိုးဝင်လျောက်ကြည့်မိပါတယ်။ လား လား တွေ့လိုက်ရတဲ့ မြင်ကွင်းက စိတ်မသက်သာစရာပါ။ လှပတဲ့ ချင်းသမီးပျိုရဲ့ နောက်ကျောက ဒဏ်ရာတွေ အမာရွတ်တွေကို မြင်လိုက်ရသလိုပါပဲ။ တော်တော်ကြာကြာက ခုတ်ပြီးတဲ့ ထင်းရူးပင်သစ်ငုတ်တွေ၊ လတ်လတ်ဆတ်ဆတ် ခုတ်လှဲဆဲ သစ်ပင်တွေ၊ ဖရိုဖရဲ ပြန့်ကြဲနေတဲ့ အကိုင်းအခက် တွေကို တွေ့လိုက်ရလို့ပါ။ ရင်ထဲမှာ နှမြောသလိုလိုကြီး ဖြစ်မိပါတယ်။
အတုံးအရုံးလဲနေတဲ့သစ်ပင်တွေကြားမှာ ထီးထီးမားမားရပ်နေတဲ့ သစ်တပင်နဲ့ ဆိုင်းဘုတ်တခုကို တွေ့တော့ အနီးကပ်သွားပြီး စပ်စပ်စုစု ဖတ်ကြည့်မိတယ် “..........” တဲ့။ တော်တော်နောက်တဲ့ သူတွေဘဲ လို့ တွေးမိတယ်။ ဒီသစ်ပင်တွေက ထင်းအတွက်တော့ ဟုတ်ဟန်မတူ။ အဆောက်အဦ တခုခုအတွက် မြေနေရာ ရှင်းလင်းနေတဲ့ ပုံစံပါဘဲ။ သက်ဆိုင်သူတွေ တာဝန်ရှိသူတွေ မသိကြတာလား၊ ကိုယ်တိုင်ဘဲ ပါဝင်လုပ်ဆောင်နေတာလားတော့ သူတို့ကိုယ်တိုင်သာ သိကြမှာပါလေ။
လေးလံတဲ့ ခြေလှမ်းတွေနဲ့ လမ်းမပေါ်ပြန်တက်တော့ တွေ့ရပြီပါပြီ စိတ်ဝင်စားစရာတခု။ သူငယ်ချင်းက လက်ညှိုးတထိုးထိုးနဲ့။ မျက်စေ့မွဲတဲ့ ကျမက တော်တော်နဲ့ မမြင်နိုင်။ သြော်- ရာဘာ ဖိနပ်ကလေး တရံပါလား။ ဖင်နောက်မြီးပြတ်နေတဲ့ ကလေးဖိနပ်ကလေးကို ကြည့်ရင်း သူ့ရဲ့ ပိုင်ရှင်ကို မြင်ယောင်တွေးမိနေပါတယ်။ သူ့ရဲ့ နောက်မြီးပြတ်ဖိနပ်ကလေးကို သဲကြိုးပါပြတ်သွားတော့မှ အပြီးအပိုင် စွန့်ပစ်ခဲ့ပုံရပါတယ်။ နောက်ထပ်ဖိနပ်အသစ်တရံ ဘယ်တော့မှ စီးရမလဲဆိုတာလည်း သူကိုယ်တိုင်တောင် သိမဲ့ပုံ မပေါ်ပါလေ။ ဖိနပ်တွေ ကြိုက်တတ်လို့ အသစ်အဆန်းမြင်တိုင်း တရံပြီးတရံ ၀ယ်စီးမိတတ်တဲ့ ကျမတို့တတွေကို ဒီဖိနပ်ကလေးက (ခဏတာ) ရှက်ရွံ့သိမ်ငယ်စေခဲ့ပါတယ်။
တနာရီကျော်ကျော်လောက် လမ်းလျှောက်ပြီးတော့ ဟိုတယ်ပြန်ပြီး မနက်စာ စားကြပါတယ်။ မနက်ဆယ်နာရီမှာ မြို့ထဲသွားဖို့ ချိန်းလိုက်ကြပါတယ်။
ကန်ပက်လက်မြို့ရဲ့ လေ့လာရေးအစီအစဉ်မှာ ပထမဆုံး သွားကြမှာက နတ်မတောင် အမျိုးသားဥယျာဉ် ရုံးကိုပါ။ ကားပေါ်ကနေ ဆူဆူညံညံ ဆင်းလာတဲ့ အမျိုးသမီးတသိုက်ကိုကြည့်ပြီး ရုံးဝန်ထမ်းတွေက အံ့သြမင်သက်နေကြပါတယ်။ ကိုယ့်ကိုယ်မိတ်ဆက်ပြီး နတ်မတောင်ဥယျာဉ်အကြောင်း မေးကြမြန်းကြ စပ်စုကြပါတော့ တယ်။
သိသလောက်ပြန်ပြိး ဖေါက်သည်ချရမယ်ဆိုရင် အမျိုးသားဥယျာဉ်ဆိုတာ သစ်တောဦးစီးဌာန လက်အောက်မှာရှိပြီး ကြိုးဝိုင်းတော၊ ဘေးမဲ့တော တို့ထက် အဆင့်မြင့်ပါတယ်တဲ့။ နတ်မတောင် အမျိုးသားဥယျာဉ်က ကန်ပက်လက်၊ မင်းတပ်၊ မတူပီ မြို့နယ်၃ခု ဖြန့်ကျက်ခြုံလွှမ်းပြီး အကျယ် ၁၇၆၃၀၀ ဧကတောင် ရှိတယ်ဆိုပဲ။ ရုံးနံရံမှာ ဥယျာဉ်တခုလုံးရဲ့ မြေပုံကိုချိတ်ဆွဲထားပါတယ်။ သစ်တောထဲက မျိုးစိတ် နမူနာ ယူထားတဲ့ သစ်ခွမျိုးပေါင်းရာကျော်ရှိပြီး ငှက်မျိုးတွေလည်း တော်တော်စုံတယ်လို့ သိရပါတယ်။ အတွေ့များတဲ့ တိရိစ္ဆာန်တွေကတော့ ကျားသစ်၊ ဆတ်၊ ပြောင်၊ တောဝက်၊ ဂျီ၊ ၀က်ဝံ တို့ ဖြစ်တယ်လို့ ပြောပြပါတယ်။
စပ်စုလို့ ပြီးတာနဲ့ ဥယျာဉ်ရုံးရဲ့ စိုက်ပျိုးရေးခြံကို လေ့လာကြပါတယ်။ ခြံက ပေအစိတ်၊ ပေလေးဆယ်လောက် ရှိမယ်လို့ မှန်းရပါတယ်။ အထဲမှာ သိပ်မများပေမဲ့ ထူးဆန်းတာလေးတွေကိုတော့ မှတ်သားခဲ့ရပါတယ်။ ဥပမာ တောင်ဇလပ်က အနီတမျိုးထဲမဟုတ်ဘဲ အဖြူနဲ့ အ၀ါ ရှိသေးကြောင်း၊ သူတို့ရဲ့ အပင်ပုံစံအသေးလေးတွေကို မှတ်တမ်းတင်ခဲ့ပါတယ်။ သစ်ခွပင်လေးတွေ၊ သစ်ခွပွင့်လေးတွေကတော့ ဘာလိုအပ်တယ်မသိ၊ သိပ်ပြိး မသန်စွမ်းရှာကြပါဘူး။
အောက်က ပုံကတော့ ကျမ အမည်သာကြားဖူးပြီး အပင်တခါမှမမြင်ဖူးတဲ့ ”နတ်ဆေးဂမုန်း” ပင်ပါ။ ဒီလောက် ရှားပါးပြီး ဆေးဖက်ဝင်တဲ့အပင်ကို စီးပွားဖြစ်စိုက်ပြီး နိုင်ငံခြားဆေးကုမ္မဏီတွေကို အိတ်စပို့လုပ်လိုက်ရောပေါ့ လို့ ဦးနှောက်သေးသေးလေးနဲ့ တွေးမိနေသေးရဲ့ ....။
ကန်ပက်လက် အမျိုးသားဥယျာဉ်ရုံးဟာ အချက်အခြာကျတဲ့ ကုန်းမြင့်တခုမှာ တည်ထားပါတယ်။ အဲဒီကုန်းမြင့်က ၁၅၄၉ မီတာ (၅၁၁၁ပေ) မြင့်တာကြောင့်၊ သူ့ထက်ပေငါးရာကျော်နိမ့်တဲ့ ကန်ပက်လက်မြို့ကို အပေါ်စီးကနေ လှလှပပ မြင်ရပါတယ်။ ဒါနဲ့ပဲ မိုးစက်တို့တတွေ လှလှပပ ကွေးညွှတ်ကျနေတဲ့ ထင်းရူးကိုင်းကြီးအောက်မှာ ကန်ပက်လက်မြို့ကို နောက်ခံထားလို့တမျိုး၊ အုတ်နီနီနဲ့ဆောက်ထားတဲ့ သစ်တောရုံးကို နောက်ခံထားလို့တဖုံ ဓါတ်ပုံ များစွာကို အသည်းအသန် ရိုက်ကြတော့တာပါပဲ။ မြင်ယောင်ကြည့်လိုက်ပါနော်..။ ရုံးဝန်ထမ်းများကို ကျေးဇူးစကားဆိုလို့ ကန်ပက်လက် မြို့ထဲကို ဆက်လက် ထွက်ခွာလာကြတော့တယ်။
မြို့ထဲမှာ အမှတ်မထင်ဆုံရသုကတော့ ပါးရဲထိုးထားတဲ့ ချင်းအဖွားအိုပါ။ သူနဲ့တွဲပြီး အမှတ်တရ ဓါတ်ပုံရိုက်ကြပြီး၊ အဖွားနဲ့အတူ ချင်းအစားအစာ (ဆာဘူဒီး) ကို စားကြပါတယ်။ ဆာဘူဒီး ဆိုတာကတော့ ပြောင်းဆန်ကို ဆန်ပြုတ်လိုပြုတ်ထားပြီး အသားကြိုက်ရင် နွားနောက်ကြော် ထည့်စားလို့ရပါတယ်။ ပဲပြုတ်လို ခပ်ဆိမ့်ဆိမ့်အရသာ ရှိပါတယ်။ အမွှေးအကြိုင်ရွက်နဲ့ ငါးပိထောင်း ထည့်စားကြည့်တော့ ဆိမ့်စပ် မွှေး အရသာ ဖြစ်သွားပါတယ်။ အကြိုက်ကြီးမဟုတ်ပေမဲ့ စားရတာတော့ အဆင်ပြေပါတယ်။
ကျမတို့နဲ့ အဖွားနဲ့ စကားမပေါက်ပေမဲ့ ခြေဟန်လက်ဟန်နဲ့ နားလည်အောင် ပြောကြရပါတယ်။ အဖွားက ကျမတို့အဖွဲ့နဲ့ တွေ့ရတာ ပျော်နေတဲ့ပုံပါဘဲ။
ပြီးတာနဲ့ ကျမတို့ မြို့ထဲကဆိုင်မှာ အဖွားလည်ပင်းက လိုမျိုး ရောင်စုံ ရိုးရာပုတီး လေးတွေ၊ ပုဝါနဲ့ လုံချည်တွေကို အမှတ်တရ ၀ယ်ကြခြမ်းကြပါတယ်။
ဟိုတယ် ပြန်ရောက်တဲ့အချိန်မှာ နေ့လည်စာစားပြီး နားတဲ့သူကနား၊ အပျင်းပြေ ဖဲထုပ်ဖွင့်ပြီး ကစားတဲ့သူတွေက ကစားကြပေမဲ့ ကျမနဲ့ အိမ်ကလူ ကိုသကောင့်သားကတော့ မနားချင်ကြပါဘူး။ ရောက်တုန်းရောက်ခိုက် လျှောက်ကြည့်ရအောင်ဆိုပြီး ဟိုတယ်ရဲ့အထက်ပိုင်း တောလမ်းကလေးဆီကို လမ်းလျောက်ကြပါတယ်။ ဆိုင်ကယ်သာ စီးလို့ရမဲ့ တောလမ်းကလေးက နေရောင်မထိုးတာမို့ စိမ့်စိမ့်လေး အေးနေပါတယ်။ လမ်းမှာ ရေတသွင်သွင်စီးနေတဲ့ ရေထွက်လေးတွေကို တွေ့ရပြီး ပိုက်လုံးသွယ်ထားတာမို့ ဟိုတယ်သို့မဟုတ် ရွာတရွာရွာကို ရေပေးနေတယ်လို့ ထင်ရပါတယ်။ မိနစ် ၂၀လောက်လျှောက်တော့ ရွာကလေးတရွာကို မြင်ရပါတယ်။ ကျမတို့လည်း အဲဒီရွာကလေးဆီ ခပ်သွက်သွက် လျှောက်သွားလိုက်ပါတယ်။ မြင်ရတာကတော့ ခြေတံရှည်ရှည် အိမ်ကလေးတွေ၊ ဆော့ကစားနေတဲ့ ကလေးလေးတွေနဲ့၊ နှုတ်သီးချွန်ချွန် ခါးကော့ဗိုက်ပူ ၀က်သားအုပ်မတွေပါ။
၀၀ ကစ်ကစ် ခွေးပေါက်စကလေးနှစ်ကောင်က ကျမဆီပြေးလာပြီး နှုတ်ဆက်ပါတယ်။ အမွေးဖွားဖွားနဲ့ ချစ်စရာ “ချင်းခွေး” ကလေးတွေပါ။ သူတို့အမွေးလေးတွေ လက်နဲ့သပ်ပေးတော့ နှုတ်သီးလေးတွေနဲ့ ကျမလက်ကို ပြန်ထိုးပြီး ဆော့ပါတယ်။ အနီးအနားက ဆော့နေတဲ့ကလေးလေးတွေကလည်း ကျမတို့နဲ့ လာပြီး ဓါတ်ပုံအရိုက်ခံပါတယ်။ သူတို့ရဲ့ အဖေဖြစ်ဟန်တူတဲ့သူက ဗမာစကားပြောတတ်ပါတယ်။ စုစုပေါင်း အိမ်၈လုံးသာရှိတဲ့ အဲဒီရွာကလေးအကြောင်းကို သူကပဲ ရှင်းပြပါတယ်။
အမွေးဖွားခွေးကလေးကို ချစ်လို့ မွေးဖို့ ၀ယ်သွားချင်လိုက်တာလို့ တိုးတိုးတိုင်ပင်တော့ ကျမရဲ့အဖေါ်က ကန့်ကွက်ပါတယ်။ သူတို့ဟာသူတို့ အေးအေးချမ်းချမ်း နေပါစေလား- တဲ့။ မှန်သင့်သလောက် မှန်တာမို့ ငြိမ်နေလိုက်ရပါတယ်။ သူတို့ကို နှုတ်ဆက်ပြီးပြန်လာချိန်မှာတော့ ပစ္စည်းဥစ္စာ မပြည့်စုံပေမဲ့ အေးချမ်းပျော်ရွှင်နေတဲ့ ဘ၀လေးကို အားကျသလိုလို၊ အဲဒီလို မပြည့်စုံတဲ့ သူတို့အတွက်ဘဲ စိတ်မကောင်းသလိုလို၊ ခံစားမှုတွေက ရောထွေးလို့ ....။
ညစာစားပြီးတော့ မနက်ဖြန်အတွက် အထုပ်အပိုးပြင်ကြရပါတယ်။ မနက်စောစော ထွက်ကြမှာမို့ အဆင်သင့်ဖြစ်နေဖို့ လိုပါတယ်။ တကယ်ပြန်ကြရပြီဆိုတော့ ကျမတို့အဖွဲ့ ဂျီကျသမျှ သည်းညည်းခံကြရှာတဲ့ ဟိုတယ်ဝန်ထမ်း အမကြီးတွေနဲ့ တောင် သံယောဇဉ်ဖြစ်နေမိသလိုလို။ အမှတ်တရအုပ်စုဓါတ်ပုံတွေရိုက်ပြီး အားလုံးဘဲ ပျော်ရွှင်မှုတွေ တပွေ့တပိုက်နဲ့ မြေပြန့်ကို ပြန်လာကြပါတော့တယ်....။ နှုတ်ဆက်ခဲ့ပါတယ် နတ်မတောင် ကြီးရယ်..။ ကံမကုန်ရင်တော့ ပြန်ဆုံချင်ပါသေးတယ်နော်...။
မိုးစက်ပွင့်
Sunday, 13 January 2013
Tuesday, 8 January 2013
နတ်မတောင်သို့ တခေါက် (၂)
ချမ်းချမ်းစီးစီး စောင်ပုံထဲမှာ ကွေးနေချင်ပေမဲ့ မနက်စောစော ထပြီး နေထွက်အလှကိုကြည့်ချင်တာနဲ့ မနက် ငါးနာရီ နှိုးစက်ပေးပြီး ထလိုက်ပါတယ်။ ညကတည်းက တောင်းထားတဲ့ ရေနွေးဓါတ်ဘူးထဲက ရေနွေးကို ရေအေးနဲ့တ၀က်စီ ဖန်ခွက်ထဲမှာစပ်ပြီး မျက်နှာသစ်ပါတယ်။ ပြီးတာနဲ့ ကရင်မ်လိမ်း၊ ခေါင်းစွပ် ခြေစွပ် မာဖလာ အနွေးထည်ထူထူဝတ်ပြီး ငါးနာရီခွဲမှာ ၀ရံတာကို ထွက်ခဲ့ပါတယ်။ ကိုယ်မထွက်ခင်ကတည်းက ၀ရံတာမှာ ရောက်နှင့်နေတဲ့ ညီမငယ်တသိုက်က မနက်ခင်းအလှကို ကြည့်ရင်း ငယ်ရွယ်သူတို့သဘာဝ လွပ်လွပ်လပ်လပ် အော်ဟစ်ခုန်ပေါက်နေကြပြီ။ အရေးထဲမှာအရာပေါ် ဆိုသလို ဒီခရီးသွားခါနီးမှ ကပ်ပြီး ဘက်ထရီပျက်သွားတဲ့ ကင်မရာအဟောင်းကို တမ်းတရင်း ကျန်ရှိတဲ့ ကင်မရာလေး အနွမ်းလေးနဲ့ပဲ မှတ်တမ်းတင်ရပါတော့တယ်။
နေရောင်ခြည် နွေးနွေးအောက်မှာ ဘန်ဂလိုလေးတွေက ချစ်စရာကောင်းလို့နေပါတယ်။
ထင်းရူးတောအုပ်ကြားက နေလုံးတိုးထွက်လာတဲ့အချိန် ခုနစ်နာရီလောက်မှာတော့ ဧည့်ခန်းမှာ မနက်စာ စားကြပါတယ်။ မနက်စာက ထမင်းပူပူနွေးနွေးနဲ့ ဂေါ်ရခါးသီး၊ ပဲကပ်ကြော် အစရှိတဲ့ အကြော်စုံ၊ ပြီးတော့ ကော်ဖီ။ ပေါင်မုန့်နဲ့ ကြက်ဥကြော် စားချင်ရင်လည်း ရပါတယ်။ (ကြုံတုံး သတင်းမျှရရင် ဟိုတယ်က နိုဝင်ဘာလဆန်းကနေ ဧပြီလကုန်အထိ ၆လ ဖွင့်ပါတယ်။ မူရင်းဈေး ဘန်ဂလိုတလုံးကို မနက်စာအပါအ၀င် တရက် လေးသောင်း၊ အခန်းတွဲတွေက နှစ်ယောက်ခန်းတခန်း သုံးသောင်း ဆိုပေမဲ့ ကိုယ့်အဖွဲ့က လူပေါင်း ၂၀ ကျော်တည်းမှာမို့ ဈေးညှိပြီး ဘန်ဂလိုရော အခန်းပါ နှစ်ယောက်နေရင် နှစ်သောင်းနဲ့ သဘောတူထားခဲ့ပါတယ်။ မနက်စာစားပြီးချိန်မှာတော့ သိပ်ကို တန်လွန်းနေသလိုလို အားတုံ့အားနာ ဖြစ်မိပါရဲ့။ တကယ်တော့ ဒီမြို့လေးကို ဧည့်သည် အရောက်အပေါက် နည်းလို့သာ ဈေးလျှော့တာဖြစ်မှာပါ။ လက်ရှိအခြေအနေမှာ ပုဂံညောင်ဦးက ဟိုတယ်တွေကတော့ ဈေးတွေ မိုးထိအောင် မြင့်တက်နေတာ အားလုံးသိကြမှာပါ။ )
ဧည့်ခန်းကျဉ်းကျဉ်းလေးများ ချင်းဓါးနဲ့ ပလိုင်း၊ ကြေးမောင်း၊ တောင်ဆိတ်ချို၊ နွားချို တွေအပြင် အောက်ချင်းငှက် နှုတ်သီး (ပေါလစ်ရှ်တင်ပြီး ကျွန်းပြားမျာ ကပ်ထားလို့ အစစ်မှန်း တော်တော်နဲ့ မသိခဲ့ပါ) ကိုပါ ချိတ်ဆွဲ ပြသ ထားပါတယ်။ ချင်း မြောက်ပိုင်းကို သွားခဲ့ဖူးတော့ အရင်တုန်းက ရပ်ရွာ အကြီးအကဲတွေအိမ်မှာ အကောင်မျိုးစုံရဲ့ ခေါင်းတွေ ချိတ်ဆွဲပြီး သတ္တိနဲ့ စွမ်းဆောင်ရည်ကို ဂုဏ်ယူ ပြသကြတာ သတိရမိတယ်။ ဒါကြောင့်ပဲ အောက်ချင်းငှက်တွေ မျိုးတုန်းမတတ် ရှားသွားတာလားလို့ (သေချာမသိဘဲ) တွေးမိပါတယ်။
--------------------------------
သဘောတူထားတဲ့အတိုင်း မနက် ၈နာရီမှာ ကားနဲ့ စ တက်ကြပါတယ်။ ထင်းရူးပင်တွေက တဖက်တချက် အုပ်လို့ ဆိုင်းလို့ပါ။ လမ်းကလေးက ခပ်ပြေပြေသွားလိုက်၊ ကွေ့လိုက်ကောက်လိုက်နဲ့။ ကတ္တရာလမ်းဆုံးတော့ ကျောက်စရစ်မြေမာလမ်းကလေးပေါ်မှာ မောင်းနှင်ရပါတယ်။ ဟိုတယ်နဲ့ တောင်ထိပ်က ၁၃မိုင် ဝေးပါတယ်။ တကယ်ဆို တောင်ထိပ်အထိ ကားလမ်းပေါက်ပါတယ်။ မိုးစက်တို့အဖွဲ့ကတော့ ၁၀မိုင်အထိ ကားနဲ့သွားပြီး သုံးမိုင်ကို ခြေလျှင်တက်မှာပါ။ ၁၀မိုင် လမ်းဆုံမှာ ဇရပ်လိုလို နားနေဆောင် လေးတခုရှိပြီး ဘယ်ဖက်သွားရင် တောင်တက်လမ်း၊ ညာဖက်သွားရင် မင်းတပ် (လမ်းသစ်) ဖြစ်ပါတယ် တဲ့။ တောင်တက် လမ်းကတော့ တလမ်းထဲသာရှိတဲ့အတွက် လမ်းပြငှားဖို့ မလိုပါဘူး။ လမ်းကလည်း ခြောက်သွေ့ရာသီမှာ စက်နဲ့ညှိထားတော့ ပြေပြေပြစ်ပြစ်ရှိပါတယ်။ ကိုယ့်ပစ္စည်းများရင်တော့ လမ်းပြ၊ အထမ်းသမား ငှားလို့ ရပါတယ်။ မိုးစက်တို့ကတော့ မငှားဖြစ်တဲ့အတွက် ဈေးမစုံစမ်းဖြစ်ခဲ့ဘူး။
စထွက်တည်းက သက်တမ်းရင့် ထင်းရူးပင်ကြိးတွေနဲ့အတူ တောင်ဇလပ်ပင် အုပ်အုပ်လေးတွေကို လမ်းရဲ့ ဘယ်ညာမှာ မကြာခဏ တွေ့ရပါတယ်။ ကားပေါ်မှာ ပါလာသူတွေကတော့ လက်ညှိုးတထိုးထိုး ၊ အာမေဓိတ်သံ တညံညံနဲ့ပေါ့။ သက်တမ်းရင့် ထင်းရူးပင်ကြီးတွေ၊ ဘာပင်မှန်းမသိတဲ့ ကဗျာဆန်ဆန် ကောက်ကောက်ကွေ့ကွေ့ သစ်ပင်လေး တွေကိုလည်း တွေ့ရပါတယ်။ တောင်ကုန်းပြောင်ပြောင် တွေများတဲ့ မြောက်ပိုင်းက ချင်းတောင်ထက် တောင်ပိုင်းက အပင်အများကြီး ပိုကျန်သေးတယ်လို့ ခံစားရပါတယ်။ ကွေ့တကွေ့အရောက်မှာတော့ ထင်းရူးတောအုပ်ရော၊ တောင်ဇလပ်ပင် အစုအဝေးရော၊ တောင်တန်းပြာရော ပဏာရလွန်းလို့ ၀ါသနာရှင်များက ကားကို ရပ်ပြီး ဓါတ်ပုံ အသီးသီးရိုက်ကြပါတယ်။
လှလိုက်တဲ့ပန်းတွေ၊ လှလိုက်တဲ့ ပန်းတွေနဲ့ လူတိုင်းက မမောတန်းပြောရင်း မမောတန်း မှတ်တမ်းတင်ကြတာပေါ့။ တကယ်ဆို နှင်းဆီ၊ စံပယ်တို့လို ရေလောင်းပေါင်းသင်၊ မြေသြဇာမကျွေးပါဘဲ သဘာဝအတိုင်း အရိုင်းဆန်ဆန် အလှကြီးလှနေကြတဲ့ တောပန်းကလေးတွေပါ။ ပန်းတွေကို လူတွေနဲ့ အမြဲတမ်းယှဉ်ပြီး စဉ်းစားကြည့်မိတတ်တဲ့ မိုးစက်က တောင်ဇလပ်ဟာ ကိုယ့်ပါတ်ဝန်းကျင်က ဘယ်သူနဲ့များတူလေမလဲလို့ အတွေးနယ်ချဲ့ကြည့်မိခဲ့သေးတယ်။
အုပ်စုလိုက် တရုန်းရုန်း ဓါတ်ပုံရိုက်နေတုန်းမှာပဲ မျက်နှာချင်းဆိုင်က ဂျစ်ကားတစီးဆင်းလာတယ်။ လူအပြည့်ပါလာသလို ချိုးလာတဲ့ တောင်ဇလပ်ပန်းကိုင်းတွေကလည်း ကားနဲ့အပြည့်ပဲ။ သူတို့ကို အမိအရမှတ်တမ်းတင်ရင်း စိတ်ထဲက နှမြောတသသလို ဖြစ်မိတယ်။ တကယ်ဆို အပင်မြင့်မှာ လှလှပပ အကြာကြီး နေနိုင်ပါရက်နဲ့ လူတစုရဲ့ ခဏတာပျော်ရွှင်မှုအတွက် မကြာခင်နွမ်းသွားရတော့မဲ့ ပန်းကလေးတွေအတွက်ပေါ့။ ဥပဒေအရလည်း တောင်ဇလပ်ပန်းကိုင်းတွေကို ချိုးခွင့်မရှိဘူးလို့ သိရပါတယ်။ အဲဒီအချိန်ကလေးမှာပဲ လူတွေကြားထဲမှာ ပိုမို လိုက်နာသင့်တဲ့ စည်းကမ်း၊ ကျင့်ဝတ်၊ ဥပဒေနဲ့ လောကနီတိအကြောင်းတွေ တွေးမိပြန်ပါရော။ တခါတရံလည်း ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး ဟိုဟာအလိုအကျ ဒီဟာအလိုမကျနဲ့၊ ငါသိပ်ဇီဇာကြောင်နေ တာလားလို့ တွေးမိသေးရဲ့။
အားရပါးရ ဓါတ်ပုံရိုက်ပြီးတဲ့အခါ ခရီးဆက်ကြပါတယ်။ ဆယ်မိုင်လမ်းခွဲကိုရောက်တော့ ကိုးနာရီခွဲနေပါပြီ။ အဲဒီမှာ ငှက်ကြည့်က ပြန်လာပုံရတဲ့ နိုင်ငံခြားသားနဲ့ တိုးရစ်ဂိုက်တဖွဲ့ကို တွေ့ရပါတယ်။ ပလိုင်းတွေ ဓါးတွေနဲ့ ဒေသခံ ချင်းလူမျိုး နှစ်ယောက်သုံးယောက်ကိုလည်း တွေ့ရပါတယ်။ ကဲ- ၀ိတိုရိယရေ ငါတို့လာပြီဟေ့လို့ စိတ်ထဲက ကြွေးကြော်ရင်း စ တက်ခဲ့ကြပါတယ်။
ပထမ နာရီဝက်တော့ မောလို့ မောမှန်းမသိပါဘူး။ နှေးလိုက် မြန်လိုက်၊ တွေ့သမျှ တောင်ဇလပ်ပင်တွေ လက်ညှိုးထိုးလိုက်၊ သူများကို ဓါတ်ပုံရိုက်ပေးလိုက်၊ ကိုယ်တိုင် ဓါတ်ပုံ အရိုက်ခံလိုက်နဲ့။
ကိုယ့်ရဲ့ မူပိုင်ရှင်ကြီးက လမ်းပိုတိုအောင်ဆိုပြီး ဖြတ်လမ်းတွေကနေ တက်ပါတယ်။ သူ လမ်းပြခေါ်ဆောင်ရာကို ယုံယုံကြည်ကြည် လိုက်မိတဲ့ မိုးစက်ကတော့ ကုန်းမြင့်တွေ ရုန်းတက်ရ၊ ဆူးပင်တောတွေငြိရ၊ ခလုပ်ကန်သင်းတွေ တိုက်ရ နဲ့ပေါ့။ ဒါပေမဲ့ အတွင်းပိုင်းမှာက လမ်းဘေးထက် ပန်းပင်တွေ ပိုများ ပိုလှသလိုပဲမို့ တန်ပါတယ်။ အမျိုးအမည်မသိတဲ့ တောပန်းလေးတွေ၊ အသီးလေးတွေ လည်းတွေ့ရပါတယ်။
တနာရီပျော့ပျော့လျှောက်ပြီးတော့ ကျင့်သားမရှိတဲ့ကိုယ်က မောလာပြီပေါ့။ လမ်းပြေပြေမဟုတ်ဘဲ ကုန်းတက်ကုန်းဆင်းတွေက များလှတော့ ခဏခဏ နားရပါတော့တယ်။ ရှေ့ဆုံးက ဦးဆောင်တက်ခဲ့ပေမဲ့ ရေရှည်မှာ သက်လုံကောင်းသူတွေက တသောသော ကျော်တက် သွားကြတော့တယ်။ ကိုယ့်နောက်မှာ လူတွေ အများကြီးကျန်သေးတယ် ဆိုပြီး အားတင်းထားရတာပေါ့။ တယောက်နဲ့ တယောက် ”ဝေး” ” ဝေးးးး” အော်ပြီး ဆက်သွယ်ကြပါတယ်။ ( ငယ်ငယ်က လူကြီးတွေ ပြောဖူးတာ ကြားဖူးတာက တောထဲမှာ နာမည်မခေါ်ရဘူး၊ သင်းခွေချပ် နာနာဘာဝတွေက လိုက်ခေါ်လို့ ပြန်ထူးရင် သေတယ် ဆိုပဲ :-P ) နောက်ကို ပြန်လှည့်ကြည့်တော့လည်း လျှောက်ခဲ့တဲ့လမ်း တမျှော်တခေါ်က တအားတက်စရာပါဘဲ ...။ လမ်းခရီးမှာ ငှက်တို့၊ တခြား တောသတ္တ၀ါတို့ လုံးဝ မတွေ့ခဲ့ရပါဘူး။ ဒေသခံတွေ မေးကြည့်တော့ မနက်စောစောပဲ ငှက်က မြင်ရတာ တဲ့။ တောကောင် တွေကတော့ ပြုန်းသလောက် ဖြစ်နေပြီတဲ့။ အဲ- နွားနောက်တကောင်တော့ လူတွေ ဆွဲသွားတာ တွေ့ရတယ်။ အဲဒီ နွားလိုလို ကျွဲလိုလို အကောင်က အမောမခံနိုင်တဲ့အတွက် အလုပ်ခိုင်းလို့မရဘူး၊ အသားစားဖို့ပဲ မွေးကြတယ် လို့ ဒေသခံက ပြောပြန်ပါတယ်။
မောရင် ခဏထိုင်နားလိုက် မြန်မြန်လျှောက်လိုက်၊ ဖြေးဖြေးလျှောက်လိုက်၊ ကုန်းဆင်းကို အရှိန်နဲ့ ပြေးဆင်းလိုက်၊ နဲ့ပေါ့။ ချွေးတွေ စို့လာတော့ အထပ်ထပ်ဝတ်လာတဲ့ အနွေးထည်တွေ တလွှာပြီး တလွှာချွတ်နေရတာပေါ့။ ရေကိုလည်း တငုံစီ ချွေတာပြီး သောက်ရတယ်။ ဗိုက်လေးပြီး မလျှောက်နိုင်မှာ စိုးတာရယ်၊ ခြုံတိုးနေရမှာ စိုးတာရယ်ကြောင့်ပါ။ လေကွယ်ရပ်ဆို မထောင်းတာပေမဲ့ လေတိုက်တဲ့နေရာဆို စိမ့်နေအောင်ချမ်းပါတယ်။ အဲဒါဆို အနွေးထည် ပြန်ဝတ်ရပြန်ရော ...။
ကိုယ်ကသာ ဒီခရီးလောက်ကို မောနေတာပါ။ လမ်းမှာတွေ့တဲ့ ရွာသူရွာသားသုံးလေးယောက်ကို ဘယ်သွားမလို့လဲဆိုတော့ ကန်ပက်လက် ဈေးကိုတဲ့။ နောက်ထပ် ဆယ်မိုင်ကျော် လျှောက်ရဦးမှာ၊ သူတို့မှာ အထုပ်အပိုးတွေကလည်းပါသေး။ အမျိုးသမီးကဆို အနွေးထည်တောင် ၀တ်မထားဘူး။ အလေ့အကျင့်ပဲ ထင်ပါရဲ့နော်။ သူတို့က အားပေးပါတယ်။ ရောက်ခါနီးပါပြီ။ ဟိုးရှေ့က တောင် တကုန်း နှစ်ကုန်းကျော်ရင် တဲ့...။
တောင်ကုန်းတကုန်းသာဆိုတယ်။ အမောဆို့မတတ် တက်ရပါတယ်။ အနားက ဖြတ်သွားတဲ့ ဆိုင်ကယ်တွေကိုတောင် မနာလို ဖြစ်မိတယ်။ တခါသားတော့ အနားက ဖြတ်သွားတဲ့ ဆိုင်ကယ်ပေါ်မှာ ရုပ်ဖြောင့်ဖြောင့်နဲ့ နိုင်ငံခြားသားတယောက်စီးသွားတာ တွေ့လိုက်ရတယ်။ လပ်ကီးစထရိုက် ကြော်ငြာမင်းသား လိုပဲ လို့ အနားကပါလာတဲ့ ကိုယ့်သူငယ်ချင်းက ရေရွတ်တယ်။
သိပ်မကြာပါဘူး။ မိုးစက်တို့ ကားတွေက နောက်က လိုက်လာတယ်။ ဘေးနားကနေ တက်မလား တက်မလား တဲ့။ ရင်တွေ တဒိန်းဒိန်းခုန်နေတာမို့ ထိုင်နားတော့မဲ့အချိန်ပါဘဲ။ စိတ်မထိန်းနိုင်တာနဲ့ ကားပေါ်တက်လိုက်တယ်။ ကားက ကုန်းတက်တခုကို ဖြတ်ကျော်လိုက်တယ်။ သုံးမိနစ်လောက်ဆိုတော့ ပေတထောင်နီးပါးလောက် ကားစီးဖြစ်ခဲ့တယ် ထင်ပါတယ်။ ခဏနေတော့ အမောပြေပြီမို့ ပြန်ဆင်းပြီး လျှောက်ပါတယ်။
နာရီဝက်နီးပါးလောက် လျှောက်ပြီးတော့ တောင်ထိပ်နဲ့ ဘုရားနဲ့ နားခိုဆောင်ကို လှမ်းမြင်နေရပါပြီ။ ၀မ်းသာလိုက်တဲ့ ဖြစ်ချင်း။ အဲဒီမှာ ရောက်နှင့်နေတဲ့သူ လေးငါးဆယ်ယောက်ကိုလည်း မိန့်မိန့်ကြီး ပြုံးပြီး ကြိုနေတာကို တွေ့လိုက်ရပါတယ်။ ရှေ့ဆုံးက နှစ်ယောက်က နှစ်နာရီ လျှောက်ရပါတယ် တဲ့။ မိုးစက်တို့အဖွဲ့ကတော့ နှစ်နာရီခွဲ လောက် လျှောက်ရပါတယ်။ သုံးနာရီလောက်မှ လူစုံပါတယ်။ အပန်းဖြေဇရပ်မှာ နိုင်ငံခြားသား မိသားစုတစုကိုလည်း တွေ့ရပါတယ်။ ကလေးနှစ်ယောက်က ခြောက်နှစ်နဲ့ ရှစ်နှစ်လောက် ရှိမယ် ထင်ပါရဲ့ ..။ သူတို့ကတော့ ဂိုက်ဒ် ပါလာပါတယ်။ ကလေးတွေကလည်း အထမ်းသမားနဲ့ တက်တာပါ။ စင်္ကာပူမှာ နေတဲ့ အင်္ဂလန် နိုင်ငံသားတွေပါတဲ့။ မြန်မာပြည်ကိုလာတာ ငါးခေါက်ရှိပြီဆိုဘဲ။ We love Myanmar တဲ့။ ကျေးဇူးတင်ပါတယ် လို့ပြောရင်း ပါလာတဲ့ ထောပတ်သီးတွေ ခွဲပြီးမျှဝေလိုက်သေးတယ်။
ဇရပ်တောင်ကုန်းပေါ်က ရှုခင်းက တော်တော် သာယာ ပါတယ်။ လပ်ကီး စထရိုက် မင်းသားကို တောင်ကုန်းပေါ်မှာ မှန်ပြောင်းတလက်နဲ့ အလုပ်များနေတာ တွေ့ရပါတယ်။ တော်တော်ကြာကြာ နားပြီးမှ သိရတာက အခုနားနေတာ အမြင့်ဆုံး တောင်ကုန်း မဟုတ်သေးဘူးတဲ့။ နေရာထိုင်ခင်းသာလို့ ရွေးထားတာဖြစ်ပြီး၊ အမြင့်ဆုံး တောင်ကုန်းက ခပ်လှမ်းလှမ်းက အလံစိုက်ထားတဲ့ တခု ပါတဲ့။ တောင်ကုန်းချင်းက အမြင့်ချင်း ပေ ၁၀၀၊ ၂၀၀ သာ ကွာမှာပါ။ ဒါပေမဲ့ ဒီအထိရောက်ပြီးမှ မထူးတော့ပါဘူး၊ တက်လိုက်ကြစို့ရဲ့ ပေါ့။ အမြင့်ဆုံးတောင်ကုန်းပေါ်က ရှုခင်းကလည်းလှပ ပါတယ်။
ပေ ၁၀၈၀၀ အမြင့်မှာရှိတဲ့ ဒီတောင်ကုန်းပေါ်မှာ အားလုံးက အုပ်စုလိုက်၊ စုံတွဲ၊ တယောက်ချင်း ဓါတ်ပုံတွေရိုက်ကြ ဗီဒီယိုတွေ ရိုက်ကြ နဲ့ပေါ့..။ တောင်ပေါ်မှာ ကိုယ် တခါမှ မမြင်ဖူးတဲ့ ပန်းပွင့် အပြာနုနုလေးတွေလည်း တွေ့ရပါတယ်။
အားလုံးပြီးတော့ ဇရပ်ပေါ်မှာ ထမင်းစုစားကြတယ်။ ကြက်သားနဲ့ မျှစ်ချဉ်ချက်။ ဒါလဲ စားကောင်းတာပါဘဲ။ အရင်ဆုံးရောက်တဲ့ ညီမလေးကို ချောကလက်ဘူး ဆုလက်ဆောင်ပေးတယ်။ အားလုံးက ရယ်ရယ်မောမော လက်ခုပ်ဝိုင်းတီးကြ။ သူက ဘူးဖေါက်ပြီး ချောကလိုက်ကို အားလုံး မျှဝေကျွေးပါတယ်။ အပြန်ခရီးကတော့ ဟိုတယ်အထိ ကားကလေးနဲ့ တငြိမ့်ငြိမ့် ပေါ့..။ ညနေ လေးနာရီလောက် ပြန်ရောက်ခဲ့ပါတယ်။
ဝိတိုရိယခရီးစဉ် ရဲ့ အမှတ်တရ ဘန်နာလေးတွေပါ။ ကိုယ့် FB မှာ တင်ထားတယ်။ အသုံးဝင်ရင် ယူသွားနော် .... new year present ပေါ့..။
တောင်တက်ခရီးစဉ် အနှစ်ချူပ်ရရင် (၁) ပျော်စရာကောင်းပါတယ် (၂) ဒီဇင်ဘာ နောက်ပိုင်းက တောင်ဇလပ်လှိုင်လှိုင်ပွင့်တဲ့အတွက် အလှဆုံး ဖြစ်မယ် ထင်ပါတယ်။ (၃) ဒီဇင်ဘာ အပူချိန်က နေ့အခါ မဆိုးပေမဲ့ ညဖက်ကျရင် ၅-၁၀ လောက်ရှိတာမို့ သေချာ ကြိုတင် ပြင်ဆင်လာဖို့ လိုမယ် (၄) တောင်အတက်လမ်းက ပြေချောပါတယ်။ ပုပ္မါးတောင်တက်ရသလောက်လဲ လမ်းမဆိုးပါ၊ မမတ်စောက်ပါ။ သုံးမိုင်ခရီးကို အသွားနှစ်နာရီ အပြန် နှစ်နာရီ တက်လို့ရတာမို့ ညအိပ်စရာ မလိုပါ။ (၅) ပုဂံ၊ ညောင်ဦးကနေ ကန်ပက်လက်ကို ချောက်- ဆိပ်ဖြူ- ကဇွန်းမ လမ်းကတဆင့် ၆နာရီကျော်ကျော်လောက် မောင်းရင် ရောက်ပါတယ်။ (၆) ဒေသန္တရ ဗဟုသုတအတွက် အချိန်ရရင် သွားသင့်ပါတယ် (၇) အခုလောလောဆယ် ဧည့်သည် နည်းနေတဲ့အတွက် အချိန်မရွေး အခန်းရနိုင်သလို ဈေးလည်း ချိုပါတယ်၊ နောင်ဆိုရင်တော့ အခန်းကိစ္စကို စောစော ကြိုတင် စုံစမ်းစေချင်ပါတယ်လို့ ပြောချင်ပါတယ်။
ညနေစောင်းတော့ မနေ့ကလိုပဲ ထင်းရူးတောမှာ စုဆုံပြီး ညစာချက်ကြ၊ ပြင်ကြပေါ့။ သီးစုံပဲကုလားဟင်း ချက်ပါတယ်။ အသင့်ပါလာတဲ့ ငါးပိထောင်း၊ ကြက်သားကြော် နဲ့ပါ။ လမ်းလျှောက်ထားတော့ ပိုလို့တောင် စားဝင်နေသလိုပါဘဲ။ ဒီခရီးစဉ်ပြီးရင် ဘယ်နှစ်ပေါင် တိုးမလဲမသိ ဆိုပြီး ပူပန်မိပါသေးတယ်။
စားသောက်ပြီးတော့ အားလုံး မပြန်နိုင်ကြသေးပါဘူး။ ၂၀၁၃ နှစ်သစ်ကို ကြိုကြရဦးမယ် မဟုတ်ပါလား။ လက်ဆောင်တွေ မဲနှိုက်ပြီးလဲတဲ့အစီအစဉ်၊ ဂိမ်းအစီအစဉ်တွေ ပြီးတော့ ဂစ်တာတီးပြီး သီချင်းဆိုကြပါတယ်။ ရှမ်းသီချင်း၊ ကရင်၊ ကချင်၊ ချင်း၊ ရခိုင် စတဲ့ တိုင်းရင်းသားပေါင်းစုံ သီချင်းလည်း ပါ ပါတယ်။ အက ဆိုရင်လည်း မြနန္ဒာက စလို့ အိုပါဂန်းနန်းစတိုင်အထိ အစုံပါဘဲ။ ၀ိုင်းစက်တဲ့ လမင်းကြီး ကလည်း ကောင်းကင်းမှာ ရွှန်းရွှန်းပပ သာလို့။ ထင်းရူးပင်းရဲ့ အကိုင်းအခက်တွေကို ထိုးဖေါက်ပြီး မြေပေါ်အထိ ဖြာကျနေတယ်။ ညနက်လာတာနဲ့အမျှ တရိပ်ရိပ်တိုးလာတဲ့ အအေးဓါတ်ကိုလည်း မီးပုံ နှစ်ခုဆီက ထိုးတက်လာတဲ့ မီးလျှံဝါ၀ါတွေက အကာအကွယ်ပေးလို့ နေပါတယ်။
၁၂ နာရီနီးတော့ အားလုံး ငြိမ်ပြီး အက်ဖ်အမ် ရေဒီယိုလေးကနေ count down ကြေငြာတာကို နားထောင်ရင်း လိုက်အော်ကြတယ်။
မိုးစက်ပွင့်
စူးနွယ် Q အားလုံး ဖြေပေးလိုက်ပြီနော်။ phyo ပုံတွေ အများကြီး၊ ထည့်ထားတယ်နော် :-) ထင်းရူးတော့ သိပ်မရိုက်ဖြစ်ခဲ့ဘူး။ တောင်တက်တဲ့အကြောင်းပြီးသွားပေမဲ့ နောင်အချိန်ရရင် အပိုင်း(၃) ဆက်ပါဦးမယ် :-))))

------------------------

-----------------------

-------------------------

” Ten, Nine, Eight, Seven, Six, Five, Four, Three, Two, One ......"
" Happy New Year"
တယောက်နဲ့ တယောက် ပြုံးရွှင်စွာ လက်ဆွဲ နှုတ်ဆက်ကြ၊ ဆုမွန်တွေ ချွေကြ၊ အိပ်ရေးပျက်ခဲ့ပေမဲ့ ပျော်စရာညကလေးတညက ၀ိတိုရိယခရီးစဉ်ကို ပြီးပြည့်စုံစေခဲ့ပါတယ်...။မိုးစက်ပွင့်
စူးနွယ် Q အားလုံး ဖြေပေးလိုက်ပြီနော်။ phyo ပုံတွေ အများကြီး၊ ထည့်ထားတယ်နော် :-) ထင်းရူးတော့ သိပ်မရိုက်ဖြစ်ခဲ့ဘူး။ တောင်တက်တဲ့အကြောင်းပြီးသွားပေမဲ့ နောင်အချိန်ရရင် အပိုင်း(၃) ဆက်ပါဦးမယ် :-))))
Labels:
ခရီးသွားခြင်း,
ဓါတ်ပုံ
Monday, 7 January 2013
နတ်မတောင်သို့ တခေါက် (၁)
မနှစ်က ဒီဇင်ဘာ ၃၁နဲ့ နှစ်သစ်ကူးကို ပုပ္မါးတောင်တက်ရင်း ကျော်ဖြတ်ခဲ့ကြတော့ ဒီတနှစ် နတ်မတောင် လို့ အမည်ရတဲ့ ၀ိတိုရိယတောင်ကို တက်ကြဖို့ လုပ်ဖေါ်ကိုင်ဖက် မောင်နှမများနဲ့အတူ စီစဉ်ခဲ့ပါတယ်။ အခက်အခဲအမျိုးမျိုးကြောင့် မသွားဖြစ်တော့ဘူးလို့ထင်ထားပေမဲ့ နောက်ဆုံးတော့ အနီးကပ် တပါတ်အလိုလောက် ကျမှဘဲ သေချာခဲ့ပါတယ်။ မသွားခင် တပါတ်လောက်အလိုထဲက သွားရေးလာရေး၊ တည်းဖို့ ခိုဖို့၊ နွေးနွေးထွေးထွေး ၀တ်ဖို့ နဲ့ လမ်းခရီးမှာ စားသောက်ဖို့ပါမကျန် အလုပ်ရှုပ်နေခဲ့ပါတယ်။
နာရီဝက်လောက် နားပြီးတာနဲ့ ခရီးဆက်ကြပါတယ်။ လမ်းတလျောက်မှာ ကျောက်ခင်းနေတာ၊ လမ်းပြင်နေတာကို ခဏခဏ တွေ့ရပါတယ်။ ဆိပ်ဖြူ၊ ကန်စွန်းမ လမ်းခွဲကနေ လာခဲ့တော့ နေ့လည် ထမင်းစားချိန်မှာ ယောနယ် ဆောနယ် ဆိုပြီး နံမည်ကြီးတဲ့ ဒေသကို ရောက်ခဲ့ပါတယ်။ ဆောနယ်တ၀ိုက်ကိုရောက်တာနဲ့ မြင်နေကျ အညာရှုခင်းတွေ မဟုတ်တော့ဘဲ တောရိပ် တောင်စွယ်တွေနဲ့ အဆန်းတကျယ် ဖြစ်လာသလိုပါဘဲ။ ဆောချောင်းတံတား ကိုဖြတ်ကျော်ပြီး ဆောမြို့ကို ၀င်တဲ့အခါမှာတော့ အားလုံးက ဗိုက်ဆာနေကြပါပြီ။ လမ်းမှာတွေ့တဲ့ လမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်က အသိကို ဘယ်မှာ ထမင်းစားရင် ကောင်းမလဲ မေးကြည့်တော့ ”ဒေါ်မြရင်” ဆိုင်တဲ့။ မေးရင်းရှာရင်း ဒေါ်မြရင် ဆိုင်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားကြပါတယ်။ ပစ်ကပ်နောက်ခန်းမှာထိုင်တဲ့ သူတွေကတော့ သူတို့မျက်နှာမှာ ဖုန်မိတ်ကပ် အဖွေးသားနဲ့ တော်တော်လှနေကြပါတယ်။
ဟင်းတွေက သာမာန်ဆိုပေမဲ့ ဒီတခါလည်း စားကောင်းကြပြန်ပါတယ်။ ချဉ်ပေါင်ဖူးဟင်းချို ချဉ်ဖြုံ့ဖြုံ့က ပိုလို့ ခံတွင်းမြိန်စေတယ် ထင်ပါရဲ့။ စားလို့ပြီးတော့ သဘောကောင်းတဲ့ ဆိုင်ရှင်က ဂန့်ဂေါလုံချည်ဆိုင် ပြပေးမယ်ဆိုလို့ မစပ်စု မိုးစက်တို့ ရှေ့ဆုံးကပေါ့။ အဲဒီမှာလည်း အစဉ်အလာမပျက် လုံချည်တထည်နဲ့ ပုဆိုးတထည် ၀ယ်ဖြစ်ခဲ့ပါတယ်။
ကားပေါ်တက်ပြီး ကန်ပက်လက်မြို့ကို ခရီးဆက်ကြတော့ အားလုံးက ဗိုက်လေးလေးနဲ့ မျက်လုံးတွေတောင် မှေးစင်းလို့။ ဒါပေမဲ့ မြို့အ၀င် ရှုခင်းသာ ( view point )က လူတဖက်စာမကတဲ့ ထင်းရှူးပင်ကြီးနဲ့ တောင်တန်းပြာပြာ နောက်ခံရှုခင်းကို မြင်လိုက်ရတော့ တိုင်ပင်မထားဘဲ မှေးနေတဲ့ မျက်လုံးတွေ ၀ိုင်းစက် ပြူးကျယ် သွားကြရတယ်။ ကားကလေးကို ငြိမ့်ကနဲထိုးရပ်ပြီး ထင်းရူးပင်ဆီ အလုအယက်ပြေးသွားလိုက်ကြတာများ ဟိုခေတ်က သမဆိုင်ကို ဆပ်ပြာ တန်းစီတိုးဘို့ အရောက်သွားကြသလိုမျိုး။ (စဉ်းစားလို့ရတဲ့ ဥပမာသာ ပေးရတယ် -ခုခေတ်လူငယ်တွေ သိမယ်မထင်) ။ မိန်းကလေး တော်တော်များများရဲ့ သဘာဝကလည်း ဓါတ်ပုံဆို ရူးသွပ်ကြတယ်မို့လား။ ရှုခင်းလှလှသာမြင်လို့ကတော့ ပို့စ်အမျိုးမျိုးပေးရမှာလည်း ရှေ့က ကင်မရာမင်းကို မရှက်တော့ဘူးလေ။ ဓါတ်ပုံရိုက်တာ ထမင်းစားတာထက်တောင် ကြာမယ် ထင်ပါရဲ့..။
မိုးစက်တို့တည်းမဲ့ ဟိုတယ် ( Pinewood Villa)က မြို့အထွက် နှစ်မိုင်လောက်မှာ ရှိတာဆိုတော့ မြို့ထဲမှာ အချိန်မဖြုန်းတော့ဘဲ ဆက်ထွက်လာခဲ့တယ်။ လမ်းတလျှောက်မှာ တောင်ခါးပန်းကို မေးတင်ပြီး ဆောက်ထားတဲ့ အိမ်လှလှ သေးသေးလေးတွေကို တွေ့ရတယ်။ သူတို့ကို တကယ်ချီးကျူးမိပါတယ်- ကိုယ်သာဆို အဲဒီလိုအိမ်မျိုးလေးမှာ နေရဲမှာမဟုတ်ဘူး။ မတော်တဆ ငလျင်လှုပ်ရင် တောင်အောက် ပြုတ်ကျမှာစိုးလို့ :-P
ဝင်ခဲ့ပါပြီ ( Pinewood Villa) ဆီ။ P စာလုံးက ပြုတ်ကျနေသေးရဲ့။
ဟိုတယ်မှာ အခန်း ၂၀ ရှိပြီး တည်းခိုနေတဲ့ နိုင်ငံခြားသားဧည့်သည် နည်းနည်းပဲ ရှိပါတယ်။ အများစုက ငှက်ကြည့်ရအောင် လာကြတာပါ။ ဒီ ဟိုတယ်ရဲ့ အခန်းတွဲတွေက မသစ်လွင်ပေမဲ့ ထင်းရူးတောထဲမှာ ဆောက်ထားတဲ့ ဘန်ဂလိုလေးတွေကတော့ ချစ်စရာကောင်းပါတယ်။ ကံကောင်းစွာနဲ့ ဆောက်ပြီးစ ဘန်ဂလိုအသစ် ကလေးမှာ နေခွင့်ရခဲ့ပါတယ်။ ထင်းရူးနဲ့ကျွန်း ရောဆောက်ထားတဲ့ အဲဒီ ဘန်ဂလိုလေးမှာ မိုးစက်တို့က ပထမဆုံး သို့မဟုတ် ဒုတိယ ဧည့်သည် ဖြစ်လောက်ပါတယ်။ ကပ်လျက်မှာ ဆောက်လုပ်ဆဲ ဘန်ဂလိုတလုံးကိုလည်း တွေ့ရပါတယ်။
ညနေစောင်းလာတာနဲ့အမျှ ပိုပိုပြီး အေးလာပါတယ်။ ရဲ့ တည်နေရာက ကန်ပက်လက်ထက် ပေ ၁၀၀၀ ကျော် ပိုမြင့်တာမို့ အအေးလည်းပိုပါတယ်။ အခန်းထဲမှာလည်း basic facilities ပဲရှိတာမို့ ရေနွေးတောင် မရှိပါဘူး။ အေးပေမဲ့ ကွေးမနေအားပါဘူး။ ငါးနာရီခွဲလောက်မှာတော့ ဆုံရပ်ဖြစ်တဲ့ ဘန်ဂလိုတဲရှေ့က ဆင်ခြေလျှော ထင်းရှုးတောမှာ အားလုံးပြန်ဆုံကြပါတယ်။ မြေပြန့်ပြန့်တနေရာမှာ ပလပ်စတစ်စခင်း၊ အနီးအနားက ထင်းတုံးတွေနဲ့ မီးဖိုပြီး ညစာချက်ကြရပါတယ်။ ညနေစာက ကြက်သားနဲ့ ဗူးသီးဟင်းဖြစ်ပြီး ပါလာတဲ့ ငါးပိထောင်း၊ ဘာလချောင်ကြော်တွေနဲ့ စားရမှာပါ။ လုံးလာတဲ့ ကြက်သားတွေကို ဗူးသီးရောရုံပါပဲ။ ထမင်းကို ဟိုတယ်ရဲ့ မီးဖိုချောင်ဝန်ထမ်းတွေက ချက်ပေးကြမှာပါ။ ရေသယ်သူသယ်၊ ထင်းသယ်သူသယ်၊ ဗူးသီးအခွံနွှာသူနွှာ တယောက်တလက်နဲ့မို့ ပျော်စရာပါ။ ချမ်းလွန်းလို့ မီးဖိုနားမှာပဲဝိုင်းပြီး အလုပ်လုပ်ကြပါတယ်။
တဖြေးဖြေး အမှောင်ရိပ်သန်းလာပါတယ်။ မကြာခင်ဘဲ လပြည့်ကျော်တရက်နေ့မို့ လမင်းကြီးက ထင်းရူးပင်တွေကြားက တိုးထွက်လာတယ်။ “ကျက်ပြီဟေ့” ဆိုတာနဲ့ ပူပူနွေးနွေး ထမင်းတွေ ဟင်းတွေ ခူးခပ်လို့ တူတူထိုင်ကာ စားကြပါတယ်။ လက်ဆုံစားတဲ့ ထမင်းက မခမ်းနားပေမဲ့ မြိန်လွန်းလှပါတယ်။ စားပြီးတော့ ဂစ်တာတီးတဲ့သူကတီး သီချင်းဆိုတဲ့သူကဆို၊ ပွဲတောင်းတဲ့သူကတောင်း၊ လက်ခုပ်တီးတဲ့သူက တီးပေါ့။ ညနက်လေ အအေးဓါတ်က ပိုလာလေဘဲ။ အပူချိန် ၅ ဒီဂရီကနေ ၁၀ ဒီဂရီကြားလောက် ရှိမယ်လို့ မှန်းရပါတယ်။ နေနေကျသူတွေအတွက် မထောင်းတာပေမဲ့ ကိုယ်တို့လို အလေ့အကျင့်မရှိတဲ့သူတွေအတွက် တော်တော် အေးတာပါ။ သောက်တတ်သူတွေက တခွက်တဖလားမော့ပြီး အအေးဒဏ်ကို အံတုကြသလို မသောက်တတ်သူတွေက ထင်းမီးပုံနားကို ပိုပိုတိုးကပ်လို့ပေါ့။ အသင့်ပါလာတဲ့ ထန်းမြစ်တွေကို မီးခဲတွေကြား ထိုးထည့်ပြီး ထန်းမြစ်ဖုတ် ပူပူနွေးနွေး မွှေးမွှေးလေးကို အတူတူ စားကြလို့။ ညီမငယ်လေးတွေ တယောက်တပေါက် ပြောကြတဲ့ ရယ်စရာတွေကလည်း မကုန်နိုင်။ မီးရောင်အောက်မှာ သူတို့ရဲ့ နုနယ်ပျိုမြစ်တဲ့ မျက်နှာလေးတွေက ပိုလို့ လှပ နေတော့တယ်။
ဒီခရီးကို အားလုံးကြေနပ်ပျော်ရွှင်နေကြတယ်။ လပြည့်ပြည့်လေးကို စွန့်ခွာပြီး အခန်းထဲဝင် ညအိပ်ရမှာ နှမြောနေကြတယ်။ နောက်ဆုံးတော့ ၁၀နာရီမီးစက်ပိတ်မှာမို့ အချိန်မီ ကိုယ့်အခန်းကို ကိုယ်ပြန်ခဲ့ကြတော့တယ်။ ဇွဲကောင်းတဲ့ ဂစ်တာအဖွဲ့က နောက်မှာ ချန်ရစ်ခဲ့ကြတယ်။ အိပ်ခန်းထဲရောက်တော့ ခပ်ဝေးဝေးက သူတို့ ဂစ်တာသံချိုချိုနဲ့ သီချင်းသံသဲ့သဲ့ ကြားနေရတုန်း။ အိပ်ယာပေါ်မှာ စောင်ထူထူကို အထပ်ထပ်ခြုံလို့ မနက်ဖြန်သွားမဲ့ ၀ိတိုရိယ တောင်တက်ခရီးစဉ်အတွက် စဉ်းစား ရင်ခုန်နေတုန်း .....။
မိုးစက်ပွင့်
(ရေးချင်တာတွ သိပ်များနေလို့ အပိုင်းခွဲလိုက်ပါတယ်....Iora ရေ ရေးဖြစ်ခဲ့ပြီ... ကြေနပ်တော့နော်)
-------------------------------------
ဝိတိုရိယ ခရီးစဉ် စပါပြီ။ မနက် ၅နာရီ အိမ်က အသီးသီးထွက်ကြပေမဲ့ စုရပ်ကိုရောက်ပြီး အမှန်တကယ် ထွက်ချိန်က ၆နာရီ နီးနီးပါ။ ဆောင်းတွင်းမနက်မို့ အမှောင်ရိပ်မပြယ့်တပြယ် အချိန်ကလေးပဲပေါ့။ လမင်းကြီးက အနောက်ဖက်ကောင်းကင်မှာ မ၀င်ချင်သေး။ ကိုယ်တို့ ကားနဲ့အပြိုင် တရိပ်ရိပ်ပြေးလို့ အတူလိုက်ပါလာသလိုပါဘဲ။ ကားမောင်းသူအပါအ၀င် လူ ၁၈ယောက် ကို ပစ်ကပ်ကားနှစ်စီးမို့ စီးရတာ ကြပ်သလိုလို ရှိပေမဲ့ ဆောင်းရာသီမို့ လူကြပ်တဲ့ကိစ္စက နွေးထွေးပြီး ပိုလို့တောင် အဆင်ပြေပါသေးတယ်။ ဒီလိုနဲ့ မနက် ဂနာရီမှာ ချောက် မြို့ကို ဆိုက်ရောက်ပါတယ်။ လမ်းဘေးက စားသောက်ဆိုင်လေးမှာ ကော်ဖီမှာပြီး အသင့်ပါလာတဲ့ ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်၊ ငါးခြောက်ဖုတ် မနက်စာကို လွေးကြတာပေါ့။ လူအများနဲ့ စုပေါင်းစားရလို့ ထင်ပါရဲ့။ တော်တော် ပျော်ပြီး တော်တော် စားလို့ကောင်းပါတယ်။နာရီဝက်လောက် နားပြီးတာနဲ့ ခရီးဆက်ကြပါတယ်။ လမ်းတလျောက်မှာ ကျောက်ခင်းနေတာ၊ လမ်းပြင်နေတာကို ခဏခဏ တွေ့ရပါတယ်။ ဆိပ်ဖြူ၊ ကန်စွန်းမ လမ်းခွဲကနေ လာခဲ့တော့ နေ့လည် ထမင်းစားချိန်မှာ ယောနယ် ဆောနယ် ဆိုပြီး နံမည်ကြီးတဲ့ ဒေသကို ရောက်ခဲ့ပါတယ်။ ဆောနယ်တ၀ိုက်ကိုရောက်တာနဲ့ မြင်နေကျ အညာရှုခင်းတွေ မဟုတ်တော့ဘဲ တောရိပ် တောင်စွယ်တွေနဲ့ အဆန်းတကျယ် ဖြစ်လာသလိုပါဘဲ။ ဆောချောင်းတံတား ကိုဖြတ်ကျော်ပြီး ဆောမြို့ကို ၀င်တဲ့အခါမှာတော့ အားလုံးက ဗိုက်ဆာနေကြပါပြီ။ လမ်းမှာတွေ့တဲ့ လမ်းဆောက်လုပ်ရေးလုပ်ငန်းခွင်က အသိကို ဘယ်မှာ ထမင်းစားရင် ကောင်းမလဲ မေးကြည့်တော့ ”ဒေါ်မြရင်” ဆိုင်တဲ့။ မေးရင်းရှာရင်း ဒေါ်မြရင် ဆိုင်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားကြပါတယ်။ ပစ်ကပ်နောက်ခန်းမှာထိုင်တဲ့ သူတွေကတော့ သူတို့မျက်နှာမှာ ဖုန်မိတ်ကပ် အဖွေးသားနဲ့ တော်တော်လှနေကြပါတယ်။
ဟင်းတွေက သာမာန်ဆိုပေမဲ့ ဒီတခါလည်း စားကောင်းကြပြန်ပါတယ်။ ချဉ်ပေါင်ဖူးဟင်းချို ချဉ်ဖြုံ့ဖြုံ့က ပိုလို့ ခံတွင်းမြိန်စေတယ် ထင်ပါရဲ့။ စားလို့ပြီးတော့ သဘောကောင်းတဲ့ ဆိုင်ရှင်က ဂန့်ဂေါလုံချည်ဆိုင် ပြပေးမယ်ဆိုလို့ မစပ်စု မိုးစက်တို့ ရှေ့ဆုံးကပေါ့။ အဲဒီမှာလည်း အစဉ်အလာမပျက် လုံချည်တထည်နဲ့ ပုဆိုးတထည် ၀ယ်ဖြစ်ခဲ့ပါတယ်။
ကားပေါ်တက်ပြီး ကန်ပက်လက်မြို့ကို ခရီးဆက်ကြတော့ အားလုံးက ဗိုက်လေးလေးနဲ့ မျက်လုံးတွေတောင် မှေးစင်းလို့။ ဒါပေမဲ့ မြို့အ၀င် ရှုခင်းသာ ( view point )က လူတဖက်စာမကတဲ့ ထင်းရှူးပင်ကြီးနဲ့ တောင်တန်းပြာပြာ နောက်ခံရှုခင်းကို မြင်လိုက်ရတော့ တိုင်ပင်မထားဘဲ မှေးနေတဲ့ မျက်လုံးတွေ ၀ိုင်းစက် ပြူးကျယ် သွားကြရတယ်။ ကားကလေးကို ငြိမ့်ကနဲထိုးရပ်ပြီး ထင်းရူးပင်ဆီ အလုအယက်ပြေးသွားလိုက်ကြတာများ ဟိုခေတ်က သမဆိုင်ကို ဆပ်ပြာ တန်းစီတိုးဘို့ အရောက်သွားကြသလိုမျိုး။ (စဉ်းစားလို့ရတဲ့ ဥပမာသာ ပေးရတယ် -ခုခေတ်လူငယ်တွေ သိမယ်မထင်) ။ မိန်းကလေး တော်တော်များများရဲ့ သဘာဝကလည်း ဓါတ်ပုံဆို ရူးသွပ်ကြတယ်မို့လား။ ရှုခင်းလှလှသာမြင်လို့ကတော့ ပို့စ်အမျိုးမျိုးပေးရမှာလည်း ရှေ့က ကင်မရာမင်းကို မရှက်တော့ဘူးလေ။ ဓါတ်ပုံရိုက်တာ ထမင်းစားတာထက်တောင် ကြာမယ် ထင်ပါရဲ့..။
---------------------------
ကန်ပက်လက်မြို့ကလေးကို ၀င်တော့ ညနေ သုံးနာရီနီးပါး ရှိပါပြီ။ အေးမြမြ အရသာက နေသာထိုင်သာရုံလေးပါဘဲ။ သာမိုမီတာ မပါပေမဲ့ ၁၅-၂၀ စင်တီဂရိတ်လောက် မှန်းရပါတယ်။ ကန်ပက်လက်မြို့က ပင်လယ် ရေမျက်နှာပြင်အထက် ပေပေါင်း ၄၅၆၀ ပေမှာ ရှိပါသတဲ့။ အမြင်အရ မြို့လေးက တော်တော်သေးပါတယ်။ အမှတ်တရအဖြစ် မြို့လည်က ဂရိတ်ဖရုသီး လှလှကြီးတွေကိုလည်း မှတ်တမ်းတင်ခဲ့တယ်။မိုးစက်တို့တည်းမဲ့ ဟိုတယ် ( Pinewood Villa)က မြို့အထွက် နှစ်မိုင်လောက်မှာ ရှိတာဆိုတော့ မြို့ထဲမှာ အချိန်မဖြုန်းတော့ဘဲ ဆက်ထွက်လာခဲ့တယ်။ လမ်းတလျှောက်မှာ တောင်ခါးပန်းကို မေးတင်ပြီး ဆောက်ထားတဲ့ အိမ်လှလှ သေးသေးလေးတွေကို တွေ့ရတယ်။ သူတို့ကို တကယ်ချီးကျူးမိပါတယ်- ကိုယ်သာဆို အဲဒီလိုအိမ်မျိုးလေးမှာ နေရဲမှာမဟုတ်ဘူး။ မတော်တဆ ငလျင်လှုပ်ရင် တောင်အောက် ပြုတ်ကျမှာစိုးလို့ :-P
ဝင်ခဲ့ပါပြီ ( Pinewood Villa) ဆီ။ P စာလုံးက ပြုတ်ကျနေသေးရဲ့။
ဟိုတယ်မှာ အခန်း ၂၀ ရှိပြီး တည်းခိုနေတဲ့ နိုင်ငံခြားသားဧည့်သည် နည်းနည်းပဲ ရှိပါတယ်။ အများစုက ငှက်ကြည့်ရအောင် လာကြတာပါ။ ဒီ ဟိုတယ်ရဲ့ အခန်းတွဲတွေက မသစ်လွင်ပေမဲ့ ထင်းရူးတောထဲမှာ ဆောက်ထားတဲ့ ဘန်ဂလိုလေးတွေကတော့ ချစ်စရာကောင်းပါတယ်။ ကံကောင်းစွာနဲ့ ဆောက်ပြီးစ ဘန်ဂလိုအသစ် ကလေးမှာ နေခွင့်ရခဲ့ပါတယ်။ ထင်းရူးနဲ့ကျွန်း ရောဆောက်ထားတဲ့ အဲဒီ ဘန်ဂလိုလေးမှာ မိုးစက်တို့က ပထမဆုံး သို့မဟုတ် ဒုတိယ ဧည့်သည် ဖြစ်လောက်ပါတယ်။ ကပ်လျက်မှာ ဆောက်လုပ်ဆဲ ဘန်ဂလိုတလုံးကိုလည်း တွေ့ရပါတယ်။
ညနေစောင်းလာတာနဲ့အမျှ ပိုပိုပြီး အေးလာပါတယ်။ ရဲ့ တည်နေရာက ကန်ပက်လက်ထက် ပေ ၁၀၀၀ ကျော် ပိုမြင့်တာမို့ အအေးလည်းပိုပါတယ်။ အခန်းထဲမှာလည်း basic facilities ပဲရှိတာမို့ ရေနွေးတောင် မရှိပါဘူး။ အေးပေမဲ့ ကွေးမနေအားပါဘူး။ ငါးနာရီခွဲလောက်မှာတော့ ဆုံရပ်ဖြစ်တဲ့ ဘန်ဂလိုတဲရှေ့က ဆင်ခြေလျှော ထင်းရှုးတောမှာ အားလုံးပြန်ဆုံကြပါတယ်။ မြေပြန့်ပြန့်တနေရာမှာ ပလပ်စတစ်စခင်း၊ အနီးအနားက ထင်းတုံးတွေနဲ့ မီးဖိုပြီး ညစာချက်ကြရပါတယ်။ ညနေစာက ကြက်သားနဲ့ ဗူးသီးဟင်းဖြစ်ပြီး ပါလာတဲ့ ငါးပိထောင်း၊ ဘာလချောင်ကြော်တွေနဲ့ စားရမှာပါ။ လုံးလာတဲ့ ကြက်သားတွေကို ဗူးသီးရောရုံပါပဲ။ ထမင်းကို ဟိုတယ်ရဲ့ မီးဖိုချောင်ဝန်ထမ်းတွေက ချက်ပေးကြမှာပါ။ ရေသယ်သူသယ်၊ ထင်းသယ်သူသယ်၊ ဗူးသီးအခွံနွှာသူနွှာ တယောက်တလက်နဲ့မို့ ပျော်စရာပါ။ ချမ်းလွန်းလို့ မီးဖိုနားမှာပဲဝိုင်းပြီး အလုပ်လုပ်ကြပါတယ်။
တဖြေးဖြေး အမှောင်ရိပ်သန်းလာပါတယ်။ မကြာခင်ဘဲ လပြည့်ကျော်တရက်နေ့မို့ လမင်းကြီးက ထင်းရူးပင်တွေကြားက တိုးထွက်လာတယ်။ “ကျက်ပြီဟေ့” ဆိုတာနဲ့ ပူပူနွေးနွေး ထမင်းတွေ ဟင်းတွေ ခူးခပ်လို့ တူတူထိုင်ကာ စားကြပါတယ်။ လက်ဆုံစားတဲ့ ထမင်းက မခမ်းနားပေမဲ့ မြိန်လွန်းလှပါတယ်။ စားပြီးတော့ ဂစ်တာတီးတဲ့သူကတီး သီချင်းဆိုတဲ့သူကဆို၊ ပွဲတောင်းတဲ့သူကတောင်း၊ လက်ခုပ်တီးတဲ့သူက တီးပေါ့။ ညနက်လေ အအေးဓါတ်က ပိုလာလေဘဲ။ အပူချိန် ၅ ဒီဂရီကနေ ၁၀ ဒီဂရီကြားလောက် ရှိမယ်လို့ မှန်းရပါတယ်။ နေနေကျသူတွေအတွက် မထောင်းတာပေမဲ့ ကိုယ်တို့လို အလေ့အကျင့်မရှိတဲ့သူတွေအတွက် တော်တော် အေးတာပါ။ သောက်တတ်သူတွေက တခွက်တဖလားမော့ပြီး အအေးဒဏ်ကို အံတုကြသလို မသောက်တတ်သူတွေက ထင်းမီးပုံနားကို ပိုပိုတိုးကပ်လို့ပေါ့။ အသင့်ပါလာတဲ့ ထန်းမြစ်တွေကို မီးခဲတွေကြား ထိုးထည့်ပြီး ထန်းမြစ်ဖုတ် ပူပူနွေးနွေး မွှေးမွှေးလေးကို အတူတူ စားကြလို့။ ညီမငယ်လေးတွေ တယောက်တပေါက် ပြောကြတဲ့ ရယ်စရာတွေကလည်း မကုန်နိုင်။ မီးရောင်အောက်မှာ သူတို့ရဲ့ နုနယ်ပျိုမြစ်တဲ့ မျက်နှာလေးတွေက ပိုလို့ လှပ နေတော့တယ်။
ဒီခရီးကို အားလုံးကြေနပ်ပျော်ရွှင်နေကြတယ်။ လပြည့်ပြည့်လေးကို စွန့်ခွာပြီး အခန်းထဲဝင် ညအိပ်ရမှာ နှမြောနေကြတယ်။ နောက်ဆုံးတော့ ၁၀နာရီမီးစက်ပိတ်မှာမို့ အချိန်မီ ကိုယ့်အခန်းကို ကိုယ်ပြန်ခဲ့ကြတော့တယ်။ ဇွဲကောင်းတဲ့ ဂစ်တာအဖွဲ့က နောက်မှာ ချန်ရစ်ခဲ့ကြတယ်။ အိပ်ခန်းထဲရောက်တော့ ခပ်ဝေးဝေးက သူတို့ ဂစ်တာသံချိုချိုနဲ့ သီချင်းသံသဲ့သဲ့ ကြားနေရတုန်း။ အိပ်ယာပေါ်မှာ စောင်ထူထူကို အထပ်ထပ်ခြုံလို့ မနက်ဖြန်သွားမဲ့ ၀ိတိုရိယ တောင်တက်ခရီးစဉ်အတွက် စဉ်းစား ရင်ခုန်နေတုန်း .....။
မိုးစက်ပွင့်
(ရေးချင်တာတွ သိပ်များနေလို့ အပိုင်းခွဲလိုက်ပါတယ်....Iora ရေ ရေးဖြစ်ခဲ့ပြီ... ကြေနပ်တော့နော်)
Labels:
ခရီးသွားခြင်း,
ဓါတ်ပုံ
Subscribe to:
Posts (Atom)