ပြီးခဲ့တဲ့ စနေတနင်္ဂနွေက မိဘနဲ့အဒေါ်တွေကို ပုဂံ၊ ပုပ္မါး အလည်ပို့ဖြစ်ပါတယ်။ နှစ်ညအိပ် ခရီးတိုလေးဘဲ ဖြစ်ပါတယ်။ ဘုရားအစုံ မဖူးနိုင်ပေမဲ့ မဖြစ်မနေ ဖူးရမယ့် အထင်ကရဘုရားတွေတော့ ပို့ခဲ့ပါတယ်။
- အစောဆုံးတည်ခဲ့တဲ့ ငှက်ပစ်တောင်စေတီ
- တန်ခိုးအကြီးဆုံးဆိုတဲ့ ရွှေဆံတော်စေတီ
- ဆုတောင်းပြည့်တယ် ဆိုတဲ့ အလိုတော်ပြည့်စေတီ
- လက်ရာအမြောက်ဆုံး အာန္ဒာ စေတီ
- ဥာဏ်တော်အမြင့်ဆုံး သဗ္ဘညု စေတီ
- ထုထည်အကြီးဆုံး ဓမ္မရံကြီး စေတီ
- ကျောက်စာ နာမည်ကျော်တဲ့ မြစေတီ
- မူရင်းနံရံဆေးရေးပန်းချီတွေကျန်သေးတဲ့ ဂူပြောက်ကြီးပုထိုး
- အံ့သြခြင်း၊ကရုဏာသက်ခြင်း ရသအဖုံဖုံပေးစွမ်းနိုင်တဲ့ မနူဟာစေတီ
- မြစ်ပြင်ရှုခင်းသာယာတဲ့ ဗူးဘုရား နဲ့ လောကနန္ဒာ စေတီ တို့ပါဘဲ။
အဲဒီမှာ သူတို့နဲ့ တွေ့တာပေါ့။
“သမီးရယ်၊ နဂါးမောက်ပန်းတွေ ၀ယ်သွားပါဦး၊ အစေ့ကို သွေးလိမ်းရင် ဒူးနာ ခါးနာ ကောင်းတယ်”
ရွှေစည်းခုံ ဘုရားစောင်းတန်းက အသက်ခြောက်ဆယ်ကျော်လောက်ရှိမဲ့ ဈေးသည် အမေကြီးတယောက်၊ သူမရှေ့က ဒန်လင်ဗန်းထဲမှာ ထူးထူးဆန်းဆန်း အ၀ါဆံ အသီးကလေးနှစ်လုံးကို အပေါ်က နဂါးအမောက်လိုပွင့်ဖတ်စိမ်းကလေးအုပ်ထားတဲ့ ပန်းပွင့် အခက် ကလေးတွေ အများကြီးပါ။ ကျမက တချက်လှည့်ကြည့်ပြီး ထွက်သွားဖို့ကြိုးစားပေမဲ့ သူမက ထပ်ခါတလဲလဲ ခေါ်နေတာနဲ့ အားပေးခဲ့ပါတယ်။ ပစ္စည်းမယူဘဲ ဒီတိုင်း ပိုက်ဆံပေးလိုက်ရင်လည်း မကောင်းဘူးမဟုတ်လား။
နောက်တခါ လောကနန္ဒာမှာ လူကြီးတွေ ဘုရားတက်ဖူးတုန်း ကိုယ်က သူတို့ စလင်းဘက်အိတ်တွေ လေးမှာစိုးလို့ စုသိမ်းပြီး အောက်မှာစောင့်ကျန်ရစ်တယ်။ လှေခါးရင်းက အုတ်ခုံလေးမှာ အေးအေး လူလူထိုင်လို့ ။ ဧရာဝတီမြစ်ပြင်ကို ငေးလိုက်၊ ခရီးသွားလှေတွေကို ဓါတ်ပုံရိုက်ချင်လာတဲ့အခါ ကောက်ရိုက်လိုက်နဲ့ စိမ်ပြေနပြေ ကာလလေးမှာပေါ့။ အနားကို ဈေးရောင်းသမလေး တယောက် လာထိုင်တာ သိလိုက်တယ်။ သူ့ဗန်းထဲက ပစ္စည်းလေးတွေကို တတွတ်တွတ်ရောင်းတော့တာဘဲ။
“၀ယ်သွားပါဦး အမကြီးရယ် မဉ္ဖူသကနတ်ပန်းတွေပါ၊ သွေးတိုး၊ ဆီးချို၊ နှလုံးကောင်းတယ်။ တထုပ်မှ ၃၀၀ နှစ်ထုပ်မှ ၅၀၀ထဲရယ်”
ကျမ သူ့ကို ပြုံးပြခေါင်းခါပြီး မြစ်ပြင်ရှုခင်းကို ဆက်ငေးနေလိုက်တယ်။
“နော် နော် ဈေးဦးမပေါက်သေးလို့ အားပေးပါဦး”
“တို့မှာ ဘာရောဂါမှ မရှိဘူး၊ ညီမလေးရဲ့” လို့ ခပ်အေးအေးပြောတော့ သူက မလျော့သေး။
“ လက်ဆောင်ပေးလို့ရတယ်လေ၊ အမူးအမော်လည်းပြေတယ်၊ ရေနွေးကြမ်းထဲ ခတ်သောက်ရင် ရောဂါကာကွယ်တယ် အစ်မရဲ့”
“နေပါစေတော့ကွယ်”
ဇနက္ကနှင့် နင်လားငါလား အပြိုင်နွှဲမယ့် ထိုသူမကလေးဟာ ကျမအနားမှာ တောက်တဲ့ကပ်ကပ်ကာ နားညည်းအောင်ပြောလှသည်မို့ မယုံပါဘဲ တထုပ်ဝယ်လိုက်တော့သည်။ သူမကို တချက်တော့ “စ”လိုက်သေးသည်။ “မဉ္ဖူသကပန်းတွေက ခရေပန်းခြောက်တွေနဲ့ တူလိုက်တာနော်”
“မဟုတ်ပါဘူး အစ်မရဲ့၊ ခရေပန်းက အသားမရှိပါဘူး၊ ဒီမဉ္ဖူသကပန်းကအသားရှိတယ်” တဲ့။ ဟုတ်တော့ဟုတ်ပါသည်။ ပန်းခြောက်ကလေးတွေက အရောင် ၀ါညိုညို၊ အသားက အိစက်စက်။ အလဲ့-အိတ်က တံဆိပ်နဲ့ ဆေးညွှန်းနဲ့။
ပုပ္မါးတောင်ပေါ်အဆင်းမှာ အမေ့ကို ဈေးသည်မတွေက လမ်းပိတ်ပြီး ”ဆေးမြစ်စုံ” ရောင်းကြပြန်သည်။ အားနာတတ်တဲ့အမေက အဲဒီမှာ ၀ယ်ခဲ့ပြန်ရော။ ကျမက ”အမေ့ သစ်မြစ်စုံတွေ” လို့ နောက်ပြောင် နေမိသေးသည်။ ဒါတောင်မှ လမ်းက ထန်းလျက်ဖိုမှာရောင်းတဲ့ တောရှောက်မြစ်အရက်စိမ် လိမ်းဆေးပုလင်းကို မကြာခဏ ဒူးနာတတ်တဲ့ အမေက လိုချင်ဟန်ပြနေလို့ ၀ယ်ခဲ့ပြန်သေးသည်။
အိမ်ကိုပြန်ရောက်တော့ အထုပ်အပိုးတွေ ဧည့်ခန်းထဲမှာ တပုံတပင်ချထားတုန်း အိမ်မှာစောင့်ကျန်ခဲ့တဲ့ အိမ်ဦးနတ်က တအံ့တသြမေးလာပါတယ်။
“ဒီ မယ်ဇယ်ပွင့်တွေ ဘာလုပ်ဖို့ ယူလာတာလဲ” တဲ့။
“ အဲဒါ မဉ္ဖူသက နတ်ပန်းတဲ့လေ”
“ဒီဟာကရော”
“ နဂါးမောက်ပန်းနဲ့နဂါးမောက်သီးတဲ့”
“အဲဒါက မုန်တိုင်ပွင့် ဆိုတာ မသိဘူးလား”
“ဟားဟား မြင်မှ မမြင်ဖူးပဲ”
ကျမတို့နှစ်ယောက် အားရပါးရ ဟားနေတုန်း အမေကတော့ သူ့ဆေးမြစ်စုံထုပ်ကလေးနဲ့ တောရှောက်မြစ်အရက်စိမ်လိမ်းဆေးပုလင်း ကို လူမမြင်အောင် ရွှေ`့ထားလိုက်ပါတယ်။
ရယ်တုန်းကရယ်ခဲ့ပေမဲ့ ပြန်တွေးတော့ စိတ်မသက်သာလှ။
သမ္မာဇီဝဆိုတာ ဘာလဲလို့ အတွေးနယ်ချဲ့မိသည်။
ငါ့ဝမ်းပူဆာ မနေသာလို့” “အူမတောင့်မှ သီလစောင့်နိုင်မယ်” ဆိုတဲ့ စကားပုံတွေကိုတော့ ကြားဖူးမိသားပင်။
သမ္မာဇီဝဆိုတာ ဘာလဲလို့ အတွေးနယ်ချဲ့မိသည်။
ငါ့ဝမ်းပူဆာ မနေသာလို့” “အူမတောင့်မှ သီလစောင့်နိုင်မယ်” ဆိုတဲ့ စကားပုံတွေကိုတော့ ကြားဖူးမိသားပင်။
တကယ်ဆို ရထားပေါ် ကားပေါ်မှာ ရောင်းတဲ့ ဆေးနဲ့ ပစ္စည်းတော်တော်များများကို ဘယ်သောအခါမှ ကျမ ၀ယ်လေ့မရှိပါ။ သူတို့ ရောင်းချလိုက်သူတွေက များသောအားဖြင့် တခါဘဲတွေ့ရမဲ့သူတွေမို့ လိမ်ရဲညာရဲကြသည်။ အခုတော့ သာသနာ့နယ်မြေမှာပါ လိမ်ညာကုန်ကြပြီလား။
ဘုရားစောင်းတန်းမှာ သူတို့ရွတ်ပြတဲ့ ရောဂါတွေ မပျောက်ဘူးဆိုတာ သိနေပေမဲ့ ပန်းအမည်တွေကတော့ အမှန်ဘဲလို့ထင်ခဲ့တာ။ ပေးလိုက်ရတဲ့ငွေကို အလှူလို့ သဘောထားနိုင်ပေမဲ့ အခုလို ပန်းအမည် လိမ်ညာရောင်းခံ တာကတော့ တော်တော် အောင့်သက်သက် ခံစားမိပါတယ်။ ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ စုံထောက်ဦးရှံစား ကာတွန်းထဲကလို ”မှားတဲ့အခါလည်း မှားပေမပေါ့” လို့ ရွတ်ရတော့လေမလား မသိပါ။
ဘုရားစောင်းတန်းမှာ သူတို့ရွတ်ပြတဲ့ ရောဂါတွေ မပျောက်ဘူးဆိုတာ သိနေပေမဲ့ ပန်းအမည်တွေကတော့ အမှန်ဘဲလို့ထင်ခဲ့တာ။ ပေးလိုက်ရတဲ့ငွေကို အလှူလို့ သဘောထားနိုင်ပေမဲ့ အခုလို ပန်းအမည် လိမ်ညာရောင်းခံ တာကတော့ တော်တော် အောင့်သက်သက် ခံစားမိပါတယ်။ ငယ်ငယ်က ဖတ်ခဲ့ဖူးတဲ့ စုံထောက်ဦးရှံစား ကာတွန်းထဲကလို ”မှားတဲ့အခါလည်း မှားပေမပေါ့” လို့ ရွတ်ရတော့လေမလား မသိပါ။
မိုးစက်ပွင့်
ဖြစ်ရလေ သူတို့ကလည်း အဲဒါကိုတောင် ညာရတယ်လို့း(..
ReplyDeleteအဲလိုပဲ ညာသူတွေကတော့ ညာနေတာပါပဲ..။ သတိထားလည်း မမိုးတို့လသာညတို့ စိတ်က အားနာတတ်တော့ ခက်တယ်နော.။ မှားချင်တဲ့အခါလည်း မှားပေးဦးမှာပေါ့း)))
အေးလေ....မှားတဲ့အခါလည်းမှားပေမပေါ့...:P
ReplyDeleteဟုတ်တယ် အဲဒီလို နားညီးအောင်ပြောရောင်းတဲ့ ဈေးသည်တွေဆို သိပ်မုန်းတာဘဲ။ တကယ်မှန်မှန် ကန်ကန်ရောင်းရင် လူတိုင်းဝယ်ချင်ပါတယ်။
ReplyDeleteမမရေ ခရီးသွား အတွေ့အကြုံလေး ဖတ်သွားတယ်...လို့
ReplyDeleteကောင်းသောနေ့လေး ဖြစ်ပါစေ..
ဝမ်းတစ်ထွာအတွက် 'မုသာဝါဒ' ကံကိုချိုးဖောက်ကြတာပေါ့နော်။ ပေးလိုက်ရတဲ့ငွေကို အလှူလို့ သဘောထားနိုင်တဲ့ မွန်မြတ်သော စိတ်ကူးလေးအတွက် သာဓု သာဓု သာဓု ပါကွယ်။
ReplyDeleteမေတ္တာဖြင့်
အန်တီတင့်
အညာသူမို့  ညာတာတော့ မဟုပ်လောက်ပါဘူး၊ ဈေးသည်တွေ ညာတာတော့ အရပ်တိုင်းမှာ အမျိုးမျိုး ခံနေရတာပဲလေ။
ReplyDelete