Thursday 3 September 2009

ငယ်ဖေါ် သို့

အပူအပင်ကင်းတဲ့ ကလေးဘ၀က နုပျိုလတ်ဆတ်တဲ့ ရင်ခုန်သံများနဲ့........

အရာရာကို စူးစမ်းလေ့လာ ချင်ခဲ့တာ....

သဘာဝတရားကိုလည်း ချစ်ခင်နှစ်သက်စွာ...


အပူအပင်ဆိုတာ မြူမထင်ခဲ့တဲ့အချိန်တွေပါ....

ငယ်ငယ်က ငါ့ရဲ့ကစားဖေါ် ကောင်ကလေးရေ.....

ငါတို့ရဲ့ပျော်စရာအချိန်တွေကို မှတ်မိသေးလား...
ငါကတော့ သတိရနေ လွမ်းနေဆဲပါ...

ငါတို့ (အဖြူရောင်သံယောဇဉ်နဲ့) ပြန်ဆုံကြမယ်လို့ ယုံကြည်တယ်....

အမြန်ဆုံးပြန်ဆုံနိုင်ပါစေလို့လည်း ဆုတောင်းနေမိပါရဲ့ကွယ်။


( အီးမေးမှ ပုံလှလှလေးများကို ကြည့်ရင်း ခံစားသီဖွဲ့ပါသည်။ တကယ်တော့လည်း ကျွန်မတို့အားလုံးမှာ ငယ်ဘ၀ပုံပြင်လေးတွေ ကိုယ်စီကိုယ်စီရှိကြစမြဲမို့လား။)

No comments:

Post a Comment

ပဲ့တင်သံလေးတွေ .......